Pages

Wednesday, October 9, 2013

iPhone 5s, 5c များကို နိုဝင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်

iPhone 5s, 5c များကို နိုဝင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့တဲ့ iPhone 5s, 5c တို့ကို US, UK, Australia, Canada, China, France, Germany, HongKong, Japan, Puerto Rico, Singapore စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး လာမယ့် နိုင်ဝင်ဘာလဆန်းတွင် နိုင်ငံပေါင်း ၅၁ နိုင်ငံရှိ Apple Authorized Reseller တွေမှာ ဝယ်ယူရရှိနိုင်တော့ မှာ ဖြစ်ပါတယ်။ 

အခုလာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ အောက်ဖော်ပြပါ နိုင်ငံတွေမှာ စတင်ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

"Austria, Belgium ,Bulgaria, Croatia, Czech Republic, Denmark, Estonia, Finland, French West Indies, Greece, Hungary, Ireland, Italy, Latvia, Liechtenstein, Lithuania, Luxembourg, Macau, Malta, Netherlands, New Zealand, Norway, Poland, Portugal, Reunion Island, Romania, Russia, Slovakia, Slovenia, South Korea, Spain, Sweden, Switzerland, Taiwan, Thailand"

နိုဝင်ဘာလ ၁ ရက်နေ့ကနေ စပြီးတော့ နောက်ထပ် အောက်ပါ နိုင်ငံများမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Albania, Armenia, Bahrain, Colombia, El Salvador, Guam, Guatemala, India, Macedonia, Malaysia, Mexico, Moldova, Montenegro, Saudi Arabia, Turkey, UAE.

RangonNewsDaily:: October. 9 .2013 ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့တဲ့ iPhone 5s, 5c တို့ကို US, UK, Australia, Canada, China, France, Germany, HongKong, Japan, Puerto Rico, Singapore စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ စတင်ရောင်းချ
ခဲ့ပြီး လာမယ့် နိုင်ဝင်ဘာလဆန်းတွင် နိုင်ငံပေါင်း၅၁ နိုင်ငံရှိApple Authorized Reseller တွေမှာဝယ်ယူရရှိနိုင်
တော့ မှာ ဖြစ်ပါတယ်။

Myanmar Cute Girl 2013 With Star Focus Magazine

myawady tv presenter soe soe han

Soe Soe Han

RangonNewsDaily:: October. 9 .2013
Myanmar Cute Girl 2013 With Star Focus Magazine မှ အလှပဂေးများရဲ့ပုံ၇ိပ်များကိုစုစည်းဖော်ပြပေးလိုက်
ပါတယ်။

မြန်မာအလှမယ် သရဖူရရှိထားသူ မိုးစက်ဝိုင် Moe Sat Y ဟာ တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်နေ

မိုးစက်ဝိုင် Moe Sat Y ဟာ တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 မှာ ပထမရရှိခဲ့သူက လားရှိုးက တရုတ်အမည် Peng Hanzhen ဖြစ်ပြီး၊ ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခဲ့တဲ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။ ဒီ Miss Chinese International 2009 မှာ မိုးစက်ဝိုင် Moe Sat Y ခေါ် Yang Xinrong (杨鑫荣) က အကောင်းဆုံးခန္ဓာကိုယ်အလှပိုင်ရှင်ဆုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထို့ အတူဘဲ Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup ကို ရရှိခဲ့ပြန်ပါတယ်။

杨鑫荣 MOESAT.Y,身高5'8",亚军,最佳身材奖 来自仰光市,学历.

Yang Xinrong MOESAT.Y, height 5'8 ", runner-up, the best body award from Yangon City.


ယခု တရုတ်သတင်းဌာနတွေမှာ ၀မ်းသာအားရနဲ့  ဖေါ်ပြနေတာတွေကတော့ တရုတ်အမျိုးသမီး ခေါ် Yang Xinrong (杨鑫荣) က လာမယ့် နိုဝင်ဘာလ ရုရှမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့  ဂုဏ်ယူဖေါ်ပြနေကြပါတယ်။

10月3日,在缅甸仰光,华裔选手杨鑫荣获得缅甸环球小姐选美冠军。缅甸在仰光国家剧场当日举行2013缅甸环球小姐选美比赛,华裔选手杨鑫荣获得冠军,并将代表缅甸参加11月在俄罗斯举行的2013环球小姐大赛。杨鑫荣2009年曾获得缅甸金凤凰中文报主办的金凤凰杯中华小姐大赛亚军

October 3, in Yangon, Myanmar, Chinese athletes Yang Xinrong get Miss Universe beauty pageant winner. Myanmar in Yangon, Myanmar National Theatre to be held 2013 Miss Universe pageant, Chinese athletes Yang Xinrong won the championship, and will participate on behalf of Burma held in Russia in November 2013 Miss Universe contest. Yang Xinrong 2009 was awarded the Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup sponsored by Miss China contest runner-up.

တရုတ်ပြည်မှာ မိုးစက်ဝိုင်သွားရောက် ယှဉ်ပြိုင်ဆုယူခဲ့စဉ်က ဗီဒီယိုဖိုင် http://www.youtube.com/watch?v=_ARAFh7tba4

News Of Myanmar ၏ ဖော်ပြချက်မှ ကောက်နူတ်ဖော်ပြခြင်းဖြစ်ပါသည်

မူရင်းလင့်>>>https://www.facebook.com/photo.php?fbid=649220561766094&set=a.649220178432799.1073741854.228916213796533&type=1&permPage=1

အေးချမ်းမွန် Credit To >News of Myanmar <Thanks
https://www.facebook.com/excellencemedia

RangonNewsDaily:: October. 9 .2013 ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 မှာ ပထမရရှိခဲ့သူက လားရှိုးက တရုတ်အမည် Peng Hanzhen ဖြစ်ပြီး၊ ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခဲ့တဲ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။

သမိုင်းထဲက ဒရယ်ကူလာ

Photo: သမိုင်းထဲက ဒရယ်ကူလာ 
Wednesday, October 9, 2013

ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။ 

ဥရောပ ဟန်ဂေရီနိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၁၆၁၀ ခုနှစ် ကာလက ဖြစ် ပါတယ်။ မြို့ ဝန် (ခင်ပွန်း) ဖြစ်သူ ကွယ်လွန်ပြီးနောက် မြို့ စား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး သူမရဲ့  လူသတ်တဲ့ အစီအစဉ်ကို စတင်ပါတော့ တယ်။ အပျိုစင်အမျိုးသမီးပေါင်း အယောက် ၆၅၀ သတ်တယ်လို့ လူအများ ယုံကြည်ထားပြီး တရားဝင်ထွက်ဆိုချက်မှာတော့ အယောက် ၈၀ ပဲ ရှိပါ တယ်။ 

သူမအနေနဲ့ ထာဝရ နုပျိုနိုင်ဖို့အတွက် အပျိုစင်တို့ကို သတ်ပြီးရတဲ့သွေး ကို သောက်ခြင်း ဖြစ်ပြီး ယင်းအယူအဆကြောင့် သူမကို ဒရက်ကူလာ လို့လည်း လူသိများလာပါတယ်။ နောက်ပိုင်းကျတော့ အစိုးရမှ သိရှိပြီး ဖမ်းဆီးလို့ ထောင်ချခဲ့ပါတယ်။ သူမကို ယနေ့တိုင် သမိုင်းထဲက ကမ္ဘာ့ လူအများဆုံး သတ်ဖြတ်သော လူသတ်သမား ၊ ဒရက်ကူလာအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။ 

Ref: wiki
Aung Kham ( International news for myanmar )

RangonNewsDaily:: October. 9 .2013
ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။

အဆိုတော် ဝိုင်းစုခိုင်သိန်း၏ `အာ…ဘွား´အမည်ရှိတေးစီး၇ီးထွက်ရှိမည်

Photo: သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း၏ `အာ…ဘွား´ခွေကို အောက်တို ဘာလ၂၇ရက်နေ့ ဖြန်ချိမည်ဟု သူမ facebook page တွင်ရေးသားထားသည်။ ဒီအခွေလေးရဲ့ Promotion ပွှဲတွေကို ရန်ကုန်/မန္တလေး/မြင်းခြံ မြို့တွေမှာ လုပ်မည်ဟုလည်းဖော်ပြထားသည်။

Popular Journal

RangonNewsDaily:: October. 9 .2013
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း၏ `အာ…ဘွား´ခွေကို အောက်တို ဘာလ၂၇ရက်နေ့ ဖြန်ချိမည်ဟု သူမ facebook page တွင်ရေးသားထားသည်။ ဒီအခွေလေးရဲ့ Promotion ပွှဲတွေကို ရန်ကုန်/မန္တလေး/မြင်းခြံ မြို့တွေမှာ လုပ်မည်ဟုလည်းဖော်ပြထားသည်။

မြစ်ဝကျွန်းပေါ်-မွန်-တနင်္သာရီ ကမ်းရိုးတန်းဒေသတွေမှာ Tropical Cyclone 02B ကြောင့် လှိုင်းကြီးနေ

RangonNewsDaily:: October. 9 .2013
မူလခန့်မှန်းထားခဲ့တဲ့အတိုင်း မုန်တိုင်းငယ်ဟာ အနောက်မြောက်ယွန်းယွန်းကို တစ်နာရီရေမိုင်(၈)မိုင်နှုန်းလောက်နဲ့ ရွေ့လျှားလာခဲ့ ရာမှ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအတွင်းကို ရောက်ရှိလာခဲ့ပြီး လေတိုက်နှုန်း 45 knots -55 knots ခန့်ရှိ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။::

ဂျန်နုဇက် အား ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုတော့မည့်မန်ချက်စတာ ယူနိုက်တက်

Photo: ဂျန်နုဇက် အား ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုတော့မည့် ယူနိုက်တက်              
Wednesday, October 9, 2013

မန်ချက်စတာ ယူနိုက်တက် အသင်း သည် ဆန်းဒါးလန်း အသင်း နင့် ပွဲစဉ် တွင် အထူးခြေစွမ်းပြ ကစားခဲ့သည့် ဘယ်လ်ဂျီယံ လူငယ် ကစားသမားလေး အက်ဒ်နန် ဂျန်နုဇက် အား ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ရန် ကမ်းလှမ်း သွားတော့မည် ဖြစ်ကြောင်း သ်ရသည်။

 ဒေးလီမေးလ် ဧ။် အဆိုအရ လက်ရှိချန်ပီယံ ယူနိုက်တက် အသင်းသည် အလင်းရောင် ကွင်း ည ဧ။် အသက် ၁၈ နစ် ရှိ စတားလေး အား ဥရောပ အသင်းကြီး ဖြစ်သည့် ဘာစီလိုနာ အသင်း ဧ။် ရန်မှ ကာကွယ်ရန် တစ်ပတ် ပေါင် ၆၀၀၀၀ ပေးပြီး ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ရန် ကမ်းလှမ်းသွားရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။       

လောလောဆယ်  မည့်သည့် နိုင်ငံ လက်ေ၇ွးစင် ဂျာစီ အား ၀တ်ဆင် ကစားမည် ကို မဆုံးဖြတ်ရသေးသည့် ဘယ်လ်ဂျီယံ လူငယ်လေးသည် မန်ချက်စတာ ယူနိုက်တက် အသင်း ကြီး အတွက် ပထမဆုံး ပွဲထွက် ပါဝင်ကစားခွင့် ရခဲ့သည့် ပရီးမီးယား လိဂ် ပွဲစဉ် တွင် အထူးခြေစွမ်း ပြ ကာ အသင်း အတွက် ချေပ ဂိုးအပြင် အနိုင် ဂိုးပါ ဆက်တိုက် သွင်း ယူခဲ့သည့်အတွက် သရဲနီ တို့ ဧ။် သူရဲကောင်း ဖြစ်ခဲ့ ရသည်။ ထို့ အပြင် ယူခုနစ် ရာသီ တွင် ရာသီ အစမှာပင် ၆ ပွဲ ကစား ၃ ပွဲ ရှုံး ရလဒ် ကြောင့် ဖိအား ဒါဏ် ကို ရောက်ရှိ နေရသည့် ယူနိုက်တက် နည်းပြ ဒေးဗစ်မိုယက်စ် အားလည်း အသက်ရှူ ချောင်စေခဲ့ သဖြင့် ယခုကဲ့ သို့  ထိုက်ထိုက်တန်တန် စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးစားလာခြင်း ဖြစ်ကြောင်း သိရသည် ။

Written by ၀ိုင်း ( ကျိန်းရိပ် )
http://www.football-cafe.com/

RangonNewsDaily:: October. 9 .2013
မန်ချက်စတာ ယူနိုက်တက် အသင်း သည် ဆန်းဒါးလန်း အသင်း နင့် ပွဲစဉ် တွင် အထူးခြေစွမ်းပြ ကစားခဲ့သည့် ဘယ်လ်ဂျီယံ လူငယ် ကစားသမားလေး အက်ဒ်နန် ဂျန်နုဇက် အား ပရိုဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ရန် ကမ်းလှမ်း သွားတော့မည် ဖြစ်ကြောင်း သ်ရသည်။

တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား

Photo: တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား
Wednesday, October 9, 2013

မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

ယင်းတိုက်ယာဉ်၏ အမည်အား မသိရသော်လည်း တရုတ်နိုင်ငံ၏ ၆x၆ အမျိုးအစား WZ523 Type 05 P အား ယာဉ်အတွင်းပိုင်း ပိုမို ကျယ်ဝန်းစေရန်နှင့် ဝန်အလေးချိန် တင်နိုင်စွမ်း ပိုမိုမြင့်မားစေရန်တို့ အတွက် ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် နောက်ထပ် တိုက်ယာဉ်သစ် တစ်စီးဟု ယူဆရသည်။သို့သော် ၄င်းတိုက်ယာဉ်သည် ကုန်း/ရေ နှစ်သွယ် သွားနိုင်စွမ်းတော့ မရှိပေ။

ဂါနာနိုင်ငံသို့ ထုတ်လုပ်ပေးခဲ့သည့် တိုက်ယာဉ် အချို့တွင် နှစ်ဖက် ကျည်ကျွေးစနစ်သုံး ၃ဝ မမ စက်အမြောက်၊ ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်နှင့် ဘေးနှစ်ဘက်တွင် မီးခိုးဗုံးပစ် လောင်ချာများကို တပ်ဆင် ပေးထားသည့် လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်သော ဆုံလည်ကို တပ်ဆင်ပေးထားသည်။

ဆုံလည်အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်အများစုတွင် တပ်ဆင် ထားသကဲ့သို့ ကိုယ်ထည် အနောက်ပိုင်းသို့ အနည်းငယ် နေရာယူ တပ်ဆင် ပေးထားသည်။ထိုသို့ ကိုယ်ထည် အခင်းအကျင်းကြောင့် ဆုံလည်ခြင်း အတွက် နေရာလွတ် ပိုမိုကျယ်ဝန်းစေသည်။ ယင်းတိုက်ယာဉ်၏ ကိုယ်ထည် အခင်းအကျင်းမွှာ WZ523 Type 05 P တိုက်ယာဉ်အတိုင်း ဖြစ်ပြီး တိုက်ယာဉ်မှူးနှင့် ယာဉ်မောင်းရှေ့၊ ကိုယ်ထည်၏ နောက်ညာဘက် ဘေးတွင် ဒီဇယ်အင်ဂျင်နှင့် ကျန်နေရာလွတ်တွင် တိုက်ယာဉ် အဖွဲ့သားများ အခန်းကို တပ်ဆင် ပေးထားသည်။ တိုက်ယာဉ်၏ နောက်ပိုင်းတွင် စစ်သည်များ အဝင်/အထွက် ပြုလုပ်နိုင်ရန် အတွက် တံခါးပေါက် တစ်ခုနှင့် ကိုယ်ထည်၏ အပေါ်ပိုင်းတွင် အမိုးတံခါး တစ်ခုကို တပ်ဆင် ပေးထားသည်။ထို့အပြင် တိုက်ယာဉ် ဘေးနှစ်ဘက်တွင် ကျည်ဒဏ်/ကျည်ကွဲစ ဒဏ်ခံ မှန်ပြတင်းပေါက်များကို တပ်ဆင် ပေးထားသည်။

ဂါနာနိုင်ငံသည် လူနာ ကုတင်များနှင့် သူနာပြု အကူများ လိုက်ပါနိုင်ရန် အတွက် ကိုယ်ထည်နောက်ပိုင်း အမိုးမြှင့်၍ ပိုမိုကျယ်ဝန်းစွာ တည်ဆောက် ထားသည့် လူနာတင်ယာဉ် မျိုးကွဲတစ်ခုကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် နမ်မီဘီးယား တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ဓါတ်ပုံများအရ ၄င်းတို့သည်လည်း အလားတူ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်များကို လက်ခံ ရရှိထားကြောင်း သိရသည်။ ၄င်းတိုက်ယာဉ် အချို့တွင် ရုရှားလုပ် BMP-1 ခြေလျင်တင် တိုက်ယာဉ်၏ ဆုံလည်ကိုလည်း တပ်ဆင် ပေးထားသည်။ ယင်းတိုက်ယာဉ်၏ ဆုံလည်တွင် ၇၃ မမ အမြောက်နှင့် ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်ကိုလည်း တပ်ဆင် ပေးထားသည်။ယင်းဆုံလည်တွင် Malyutka (AT-3 Sagger)တင့်ဖျက် ပဲ့ထိန်းဒုံးကို တပ်ဆင် နိုင်သော်လည်း နမ်မီဘီးယား တို့၏ တိုက်ယာဉ်များတွင်မူ တပ်ဆင်ထားမှုအား မြင်တွေ့ရခြင်း မရှိပေ။

တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အတွက် BMP-1 တိုက်ယာဉ် ပုံစံတူကို တည်ဆောက် ပေးထားပြီး မကြာသေးမီကလည်း တိုက်ယာဉ် ဆုံလည် အမျိုးမျိုးကို ထုတ်လုပ်၍ ဈေးကွက်သို့ တင်သွင်းထားကြောင်း သိရသည်။

နမ်မီဘီယားတို့၏ တရုတ်နိုင်ငံလုပ် ၆x၆ အမျိုးအစား တိုက်ယာဉ်တွင် BMP-1 ဆုံလည်ကို တပ်ဆင်မည် ဆိုပါက စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာတွင် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ အခြားသော ဘီးတပ် သံချပ်ကာ တိုက်ယာဉ်များတွင် စက်သေနတ် များသာ တပ်ဆင် ထားသောကြောင့် ဖြစ်သည်။

မြ၀တီ

RangonNewsDaily:: October. 9 .2013
မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

ဂျပန် နျူအဆိပ်သင့် ရေတွေ လူ ၆ဦး ထိတွေ့မိ

Photo: ဂျပန် နျူအဆိပ်သင့် ရေတွေ လူ ၆ဦး ထိတွေ့မိ
Wednesday, October 9, 2013

ဂျပန် နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား နျူးကလီးယား စွမ်းအင် စက်ရုံက ထွက်တဲ့ ဓာတ်ရောင်ခြည်သင့်နေတဲ့ ရေတွေကို စက်ရုံ အလုပ်သမား ၆ ယောက်က မတော်တဆ ထိတွေ့မိသွားခဲ့ပါတယ်။

သူတို့ထဲက တစ်ယောက်ဟာ ပိုက်လိုင်းကို မှားယွင်းပြီး ဖြုတ်ခဲ့မိတဲ့ အတွက် ဖြစ်ပါတယ်။

အဲဒီ ပိုက်ထဲမှာ စက်ရုံထဲက ပျက်စီးသွားတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုကို အအေးပေးရာမှာ သုံးတဲ့ ဓာတ်ရောင်ခြည်သင့် ရေတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီပြဿနာကို တစ်နာရီနီးပါး ကြာအောင် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။

အခုအကြိမ်ဟာ သီတင်း တစ်ပတ်အတွင်း လူရဲ့ အမှားကြောင့် ဖြစ်ရတဲ့ ၃ ခု မြောက် ပြဿနာ ဖြစ်ပြီး စက်ရုံ လည်ပတ်ရေး တာဝန်ယူရတဲ့ Tokyo Electric Power Company ကို ဝေဖန် ပြောဆိုမှုတွေ ပိုမို ဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က မြေငလျင်ကြောင့် ဆူနာမီ ဒီလှိုင်းကြီး ဖြစ်ခဲ့ရာမှာ ဖူကူရှီးမား နျူကလီးယား စက်ရုံကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် ထိခိုက်မိစဉ်က စပြီး ပြဿနာတွေ ဆက်တိုက် ကြုံနေရ

BBC

RangonNewsDaily:: October. 9 .2013
ဂျပန် နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား နျူးကလီးယား စွမ်းအင် စက်ရုံက ထွက်တဲ့ ဓာတ်ရောင်ခြည်သင့်နေတဲ့ ရေတွေကို စက်ရုံ အလုပ်သမား ၆ ယောက်က မတော်တဆ ထိတွေ့မိသွားခဲ့ပါတယ်။

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား

Photo: ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား
Wednesday, October 9, 2013

ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြားဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းတော့မည် ဆို ပါ က မိမိအနေဖြင့် အလိုလို အနံ့ခံမိလေ့ရှိကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။ ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အတွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နောဝှစ်ခ်ျစီးတီးအား (၃-၁)ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် အော်စကာက ဦးဆောင်ဂိုး သွင်းယူပြီး နောဝှစ်ခ်ျဘက်မှ အန်သိုနီ ပီလ်ကင်တန်က ချေပခဲ့သဖြင့် သရေဖြစ်နေခဲ့သေးသည်။ သို့သော်လည်း မော်ရင်ဟို လူစားလဲခဲ့သည့် ဝီလျံနှင့် အီဒင်ဟာဇက်တို့က ဂိုးများသွင်းယူပြီး ချယ်လ်ဆီးတို့ အောင်ပွဲခံခဲ့သည်။

ကာရိုးရုဒ်တွင် သရေကျနေချိန်၌ မိမိသည် စိုးရိမ်ပူပင်မှု မရှိကြောင်းနှင့် မိမိတို့အသင်း ချေပဂိုး သွင်းခံရမည်ကို ကြိုတင်၍ အနံ့ရခဲ့ကြောင်း မော်ရင် ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ပွဲကစားနေတဲ့ တစ်ချိန်လုံး ကျွန်တော် တုန်လှုပ်နေတာမျိုး လုံးဝ မရှိဘူး။ အရာရာကို ကျွန်တော် အာရုံခံစားကြည့်နေတယ်။ တချို့အရာတွေအတွက် ကျွန်တော့်မှာ အနံ့ခံနိုင်စွမ်း ရှိတယ်။ အပိုင်အခွင့်အလမ်း တစ်ခုကို ဒမ်ဘာဘား လက်လွတ်သွားချိန်မှာ သူတို့ဘက်က ဂိုးပြန်သွင်းတော့မယ် ဆိုတာကို ကျွန်တော် အနံ့ရလာခဲ့တယ်"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "(၁)ဂိုးစီ သရေဖြစ်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင်တာလည်း ဖြစ်နိုင် တယ်၊ ရှုံးတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သရေအတွက် ရည်မှန်းပြီး ကစားခဲ့တာ မဟုတ်ဘူး။ ထိပ်ဆုံးနေရာအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် အနိုင်ရအောင် ပိုပြီးတော့ အားထုတ်သွားခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 9 .2013
ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။

ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံးပိ၍ သုံးဦးသေ

RangonNewsDaily:: October. 9 .2013
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အမှတ်(၁)ထုံးဘို အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်ရေး စခန်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ သုံးရက်အတွင်း ကျောက်တုံးများပိ၍ လူသုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတော်အစိုးရမှ ဆေးကျောင်းသားတစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲဟုဆို

RangonNewsDaily:: October. 9 .2013
မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်ကြီး လေးခု၏ ပညာသင်ကြားရေး တွင် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲနေရကြောင်း နေပြည်တော်ရှိ MICC ခန်းမတွင် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲ၌ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း 02B အိန္ဒိယသို့ ဦးတည်

အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း 02B အိန္ဒိယသို့ ဦးတည်
By mmweather.ygn, on October 9th, 2013
http://blog.mmweather.com/2013/10/09/02b-bay-of-bengal/

ထိုင်းပင်လယ်ကွေ့အတွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် Warning-01 အရ အပူပိုင်းမုန်တိုင်း 02B ဖြစ်လာပါသည်။

မုန်တိုင်း 02B သည် အနေက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၁ဝ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက် – မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း အသီးသီး ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။ (ပုံ-၁)

အပူပိုင်းမုန်တိုင်း(TS)အဆင့်သို့ ရောက်ရှိလာသည့် 02B သည် အန်ဒါမန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပြီးနောက် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် မိုင် ၈ဝ ခန့်သို့ လည်းကောင်း၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်သို့လည်းကောင်း ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။ ဤအချိန်တွင် မုန်တိုင်း ဗဟို၌ လေတိုက်နှုန်း ၄၅ နော်တီကယ်မိုင်မှ ၅၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၅ဝ မှ ၆၃ မိုင်ခန့်)ရှိမည်ဖြစ်ပြီး မုန်တိုင်း ဒီလှိုင်းအမြင့် ၅ မီတာမှ ၆.၅ မီတာအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်းအရှိကြောင့် အောက်တိုဘာလ ၉ ရက် ညနေ ၁၈း၃ဝ နာရီနှင့် အောက်တိုဘာလ ၁ဝ ရက် ဝ၆း၃ဝ နာရီတို့တွင် မြန်မာနိုင်ငံတောင်ပိုင် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများ၌ လေတိုက်မည့် အခြေအနေခန့်မှန်းချက်ပုံအား (ပုံ-၂)(ပုံ-၃) တို့ဖြင့်တင်ပြထားပါသည်။

မုန်တိုင်း 02B သည် လတ်တလော ခန့်မှန်းချက်များအရ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၁၂ ရက် ညပိုင်းတွင် အိန္ဒိယနိုင်ငံ သြရိသပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ် နယ်စပ်အနီးမှ အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်(မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း 85 knots – တစ်နာရီ ၉၇ မိုင်နှုန်းခန့်)ဖြင့် ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ကြိုတင် ခန့်မှန်းထားပါသည်။

RangonNewsDaily:: October. 9 .2013 ထိုင်းပင်လယ်ကွေ့အတွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် Warning-01 အရ အပူပိုင်းမုန်တိုင်း 02B ဖြစ်လာပါသည်။

ဘတ်(စ်) ယာဉ်တင်သွင်းခြင်းကိစ္စ အသိပေးခြင်း

RangonNewsDaily:: October. 9 .2013
ယာဉ်အိုယာဉ်ဟောင်းစီမံချက်အရ ခရီးသည်တင် လိုင်းများတွင် ပြေးဆွဲနေသော ဟိုင်းလတ်၊ ပစ်ကပ်နှင့် လိုက်ထရပ် ယာဉ်များအား ဖျက်သိမ်းအပ်နှံပြီး အစားထိုးတင်သွင်း ရာတွင် ခရီးသည်တင်လိုင်းများ၌ ပြန်လည် ပြေးဆွဲရန်အတွက် ယခင်က
Mini Bus ယာဉ်အား တင်သွင်းခွင့်ပြုခဲ့ပါသည်။

မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေသူကို ရဲကအရေးယူ

RangonNewsDaily:: October. 9 .2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျွန်းတော် အနောက်ကျေးရွာ၌ အောက်တိုဘာလ ၇ ရက်က၊ မိမိကိုယ်ကိုကြိုးဆွဲချ သတ်သေရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့သည်။ ယင်းသို့ ကြိုးပမ်းမှုကို မြင်တွေ့သည့် ကြိုးဆွဲချရန် ကြိုးပမ်းသူ၏ ဇနီးက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည့်အတွက် အချိန်မီ တားဆီးနိုင်ခဲ့သည်။

နိုင်ငံပေါင်း၂၁ဝကျော်တွင်အသုံးပြုနိုင် သည့် Master Card ပထမဆုံးရောင်းချ ====================== ဖြူသင်းခိုင် ရန်ကုန် အောက်တိုဘာ ၈ ................................. CB ဘဏ်က ပထမဆုံးထုတ်လုပ်ရောင်းချ နေသော ပြည်တွင်းမှပြည်ပသို့ ခရီးထွက်ခွာ သည့်အခါ နိုင်ငံပေါင်း ၂၁ဝ ကျော်တွင် အသုံးပြု နိုင်သည့်Easi Travel Master Card ကို စတင်ရောင်းချပြီဖြစ်ကြောင်း CB ဘဏ်က ယနေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် အတည်ပြုသည်။ ပြည်ပနိုင်ငံများသို့သွားရောက်သည့်အခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၁ဝ ကျော်ရှိ Master Card အမှတ်တံဆိပ်ပါသော ATM တွင် ငွေသား များထုတ်ယူနိုင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ Shopping Center ၊ ဆေးရုံ အစရှိသောနေရာများ တွင် Easi Travel Master Card ဖြင့်အသုံးပြု နိုင်သည့်အပြင် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ် နိုင်မည်ဖြစ်သည်။ '' Easi Travel Master Card က နိုင်ငံခြား ရောက်မြန်မာတွေကို လုံခြုံစိတ်ချရတဲ့ငွေပေးချေ မှုစနစ်အသုံးပြုနိုင်အောင် ကူညီပေးသွာမှာပါ'' ဟု Master Card ၏အရှေ့တောင်အာရှဥက္ကဋ္ဌ Mr.Matthew Driver ကပြောသည်။ Easi Travel Master Card အားသုံးစွဲလို လျှင် ရန်ကုန်မြို့ရှိ CB ဘဏ်ရုံးချုပ်နှင့် ရုံးခန်း ခွဲများတွင် မြန်မာကျပ်ငွေရှစ်ထောင်ဖြင့် လျှောက်လွှာကြေးပေးဆောင်၍ ကတ်အတွင်းသို့ စာရင်းစဖွင့်ငွေ အမေရိကန်ဒေါ်လာ ၅ဝ ဖြင့် စတင်စာရင်းဖွင့်နိုင်ပြီး ကတ်အတွင်း သို့အများဆုံး ပေးသွင်းနိုင်သည့်ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၅ဝဝဝ ပေးသွင်းနိုင်ကြောင်း၊ Easi Travel Master Card အတွင်းသို့ ကြိုတင်ငွေ ဖြည့်သွင်းရာတွင် ပေးသွင်းလိုသည့်အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ကြိုတင်ဖြည့်သွင်းရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

RangonNewsDaily:: October. 9 .2013
CB ဘဏ်က ပထမဆုံးထုတ်လုပ်ရောင်းချ နေသော ပြည်တွင်းမှပြည်ပသို့ ခရီးထွက်ခွာ သည့်အခါ နိုင်ငံပေါင်း ၂၁ဝ ကျော်တွင် အသုံးပြု နိုင်သည့်Easi Travel Master Card ကို စတင်ရောင်းချပြီဖြစ်ကြောင်း CB ဘဏ်က ယနေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် အတည်ပြုသည်။