Pages
Sunday, March 31, 2013
"အထူးသတင်း" (ရန်ကုန်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းပြေးဆွဲနေသော ရှပ်ပြေးယဉ်တစ်စီး ယနေ့ ည၈း၀၀ ခန့်က နစ်မြုပ်
ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်း ဒေသကြီးဘက်ကို ထွက်ခွာသွားတဲ့ ရန်ကုန်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းကို ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ်တစ်စီးသည် ဒီကနေ့ ည ၈ နာရီခွဲအချိန်လောက်တွင် ရန်ကုန်မြစ်ဝအထွက် တွံ့တေးဘက်တွင် ဆန်တင်သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်သွားကြောင်း သတင်းရရှိပါသည်။
မိတ္ထီလာမြို.နှင်.မိတ္ထီလာခရိုင်အတွင်း ဒုက္ခသည်များအတွက်ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့လှုဒါန်းနိုင်
အစ္စလာမ်ဘာသာရေးအဖွဲ.ကြီး၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို.နှင်.မိတ္ထီလာခရိုင်အတွင်း
ဒုက္ခသည်များအတွက်ကယ်ဆယ်ရေးနှင်.ကူညီပံ့ပိုးရေးကော်မတီသို.ဆက်သွယ်ရန်ဖုန်းနံပါတ်များ
အစ္စလာမ်ဘာသာရေးအဖွဲ.ကြီး၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို.နှင်.မိတ္ထီလာခရိုင်အတွင်း ဒုက္ခသည်များ
အတွက်ကယ်ဆယ်ရေးနှင်.ကူညီပံ့ပိုးရေးကော်မတီသို.ဆက်သွယ်ရန်ဖုန်းနံပါတ်များကိုဖော်ပြပေးလိုက်ပါ
သည်။
ဇီးကုန်း ၉၆၉ ဂိုဏ်း အကြမ်းဖက်မှုမှတ်တမ်းယူသူအား ရဲများက ၀ိုင်းရိုက်
SK မတ် ၃၁
ဇီးကုန်းမြို့ရှိအစ္စလာမ်ဘာသာဝင်
များအား ၉၆၉ ဂိုဏ်းသားများ ကအကြမ်းဖက်တိုက်ခိုက်မှုကို ဓါတ်ပုံမှတ်တမ်းယူနေသည့် ဇီးကုန်း အမှတ်(၃) ရပ်ကွက် NLD ဥက္ကဌ ဦးဇော်မင်းအား အကြမ်းဖက်မှုဖြစ်ပွားရာနေရာတွင်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သဖြင့် မျက်နှာနှင့် ခန္ဒာကိုယ်နေရာ အနှံ့ အပြားတွင်ဖူးရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါမြို့မှ NLD အလုပ်အမှုဆောင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။
လွတ်လပ်စွာ ပြောဆိုခွင့်က မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းဆီသို့ ဦးတည်နေ
လွတ်လပ်စွာ ပြောဆိုခွင့်က မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းဆီသို့ ဦးတည်နေ
    မြန်မာနိုင်ငံတွင် ၆ လနီးပါး ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများက နိုင်ငံ၏ အဓိကမြို့ကြီးများသို့ တဖြည်းဖြည်းချင်း ရွေးလျားလာ လျက်ရှိကာ နိုင်ငံရပ်ခြားမှ အထူးသဖြင့် မွတ်စလင်နိုင်ငံများမှ ပိုမို သတိပြုမိလာလေသည်။
    အရေးပေါ်အခြေအနေ ကြေညာမှု၊ အဓိကရုဏ်းတိုင်းတွင် စစ်တပ်၏ အကူအညီကို ရယူမူ အပါအ၀င် ဆိုးရွားသော လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရမှာ ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
    အဓိကရုဏ်များတွင် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများက ဦးသိန်းစိန်အစိုးရအား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ ထိလွယ်ရှလွယ်သောကြိုးပမ်းမူဖြစ်သော  မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ပြုပြင်ပြောင်းလဲရန် အန္တရာယ်နှင့် ရင်ဆိုင်လာခဲ့ရသည်။
    ဒီမိုကရေစီတွင် လွတ်လပ်စွာ ပြောဆိုမှု လိုအပ်ပင်လိုအပ်သော်ငြား ယခုအချိန်တွင် ထိုလွတ်လပ်စွာ ပြောဆိုမှုက မြန်မာနိုင်ငံအား အန္တရာယ် သင့်နေစေသည်။ အထူးသဖြင့် အစွန်းရောက်များ၊ မွတ်စလင် ဆန့်ကျင်ရေးဆောင်ရွက်သူများက ထိုလွတ်လပ်စွာပြောဆိုမှုများ ချယ်လှယ်ထားပြီး နိုင်ငံသားများ၏ သတင်းစာပုံရိပ်ကို ထိန်းချုပ်ထားလေသည်။ ထိုအခြေအနေကို အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အချိန်မီ တုံ့ပြန်ဟန့်တားမှု မပြုလျှင် နိုင်ငံမှာ အကျဘက်ကို ဦးတည်စေနိုင်ပြီး ခန့်မှန်းရခက်သည့် ရှုပ်ထွေးပွေလီသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အကျိုးဆက်များမှာလည်း ဆိုးရွားပေလိမ့်မည်။
    ထိုကဲ့သို့ လွတ်လပ်စွာပြောဆိုမှုအားတလွဲသုံးမှုအတွက် သင့်လျော်သော အဖြေမှာ ပိုမို၍ လွတ်လပ်စွာပြောဆိုခွင့် (အမှန်အတိုင်းပြော ဆိုခွင့်) ဖြစ်လေသည်။ သို့ရာတွင် အဆိုပါ ကိစ္စမှာ အချို့သော အကြောင်းများကြောင့် အာဏာရှင်အလွန် မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင်မည်မဟုတ်ပေ။
    အရေးအကြီးဆုံးပြဿနာမှာ အစိုးရအဖွဲ့၊ အတိုက်အခံအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက အစွန်းရောက်များနှင် စေ့စပ်ဆွေးနွေးရာတွင် မအောင်မြင်မှုပင်ဖြစ်သည်။
    သမ္မတဦးသိန်းစိန်မှာ သူ၏ ပြုပြင်ပြောင်းလဲရေးကျွေးကြော်မှုကြောင့် ချီးကျူးခြင်းခံခဲ့ရလေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ၏ လူနည်းစုများအပေါ် သတ်ဖြတ်မှုများ၊ သုတ်သင်ရှင်းလင်းမှုများကို လူသိရှင်ကြား ရှုတ်ချရန် သူက ငြင်းဆိုခဲ့သည်။
    နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်မှာလည်း လူနည်းစုများအား ကာကွယ်နိုင်မည်ဟု သူမမျှော်လင့်သည့် ဥပဒေသစ်ကို ပြဌာန်းရန် တိုက်တွန်းရုံမျှသာ ရှိခဲ့သည်။
    တစ်ချိန်က အစွန်းရောက်များကို ထောင်သွင်းအကျဉ်းချ၍ လူမဆန်စွာ နှိပ်စက်၊ ညှင်းပန်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော စစ်တပ်မှာလည်း ယခုအခါ ထိုလုပ်ရပ်များကို လုံးဝ စွန်းလွှတ်ခဲ့ပြီးဖြစ်လေသည်။ ယခုအချိန်တွင် စစ်တပ်မှာ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် သမ္မတ၏ တိုက်ရိုက် အမိန့်ပေးလာသော အခါ ကြားဝင်ဆောင်ရွက်ပေးပြီး တရားဥပေဒကို အကောင်ထည်ဖော်သည့် အဖွဲ့အစည်းအဖြစ် ဆောက်ရွက်ခြင်း မရှိတော့ချေ။
    ထို့ကြောင့်ပင် ဆူပူအကြမ်းဖက်သူများ အစွန်းရောက် အုပ်စုများမှာ သတင်းလောကကို ထိန်းချုပ်နိုင်ရုံသာမက လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချ၍ ၎င်းတို့ ပေးချင်သောသတင်းပုံစံကို အတားအဆီးမရှိ ဖြန့်ချီလျက်ရှိလေသည်။
    မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့် ကျရှုံးမှု၏ အဓိကကျသောအချက်မှာ ယခုလက်ရှိ အင်တာနက်စာမျက်နှာနှင့် သတင်းလောကကို လွှမ်းမိုးထားသော  အစွန်းရောက်များအား ပြန်လည် တုံ့ပြန်ရန် မစွမ်းနိုင်ခြင်းပင်ဖြစ်သည်။
    မြန်မာနိုင်ငံဆိုင်ရာ သတင်းပေးပို့သူဖြစ်သည့် James Hookway မှ ပြီးခဲ့သည့် အင်္ဂါနေ့က ဝေါစထရိ ဂျာနယ်သို့ပေးပို့သော သတင်းတစ်ခုတွင် မျှတစွာ ရေးသားဖော်ပြထားသော သတင်းများကို ကျော်လွန်၍  အခြားအယူဝါဒများကိုပုတ်ခတ်ကာ မြန်မာ အင်တာနက် လောကကို ခြယ်လှယ်နေသည့် ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုကဲ့သို့ အကြမ်းဖက် လုပ်ငန်းများကို အစပျိုးနေသည့် အဖွဲ့များနှင့်ပက်သက်၍ ပုံဖေါ်ရေးသားထားလေသည်။
    ၉၆၉ ကဲ့သို့ အဖွဲ့များက အလွှမ်းမိုးနေနေသော အင်တာနက် ပေါ်တွင် အမှန်တရားလွှမ်းမိုးစွမ်းမရှိပေ။
    မြန်မာလူမျိုးများ၏ အမုန်းတရားများနှင့် လူမျိုးခြားကြောက်ရွံ့ခြင်းရောဂါတို့ကို အဆိုပါ အစွန်းရောက် အမျိုသားရေးဝါဒီများ၏ သတင်းများက ထိန်းချုပ်ခြင်းမရှိဘဲ ထိုရောဂါများကို ပျံ့နှံ့စေရန်သာ မီးထိုးပေးလျက်ရှိသည်။
    မြန်မာ နိုင်ငံ ဆက်သွယ်ရေး နည်းလမ်းများကို  တိတိကျကျကောက်ယူထားသော စစ်တမ်းများအရ အမုန်းတရား ဖြန့်ဝေနေမှုများကို အမှန်တရားများဖြင့် ပြန်လည်တုန့်ပြန်ရန် နည်းလမ်းများအလွန်နည်းပါးသည်ဟု အံသြစွာတွေ့ရှိရသည်။
    သတင်းစာများနှင့် မဂ္ဂဇင်းများမှာလည်း အားကိုးလောက်စရာမရှိဘဲ၊ တီဗွီနှင့် ရေဒီယိုများတွင် ဖော်ပြသည့် သတင်းများမှာလည်း ယုံကြည် စိတ်ချရခြင်းမရှိပေ။
    သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) မှာလည်း ထိုနည်း လည်းကောင်းပင်ဖြစ်ရာ မျှတသည့် သတင်း ဌာနများမှာ မြန်မာနိုင်ငံတွင် အခွင့်အရေး မရရှိပေ။
    နိုင်ငံလူဦးရေ သန်း၆၀ တွင်၊ သုံးသန်းမှာ မိုဘိုင်းဖုန်းများကို အသုံးပြုနေကြသည်။ လူ လေးသန်းမှာ အင်တာနက်အသုံးပြုမှု လုံးဝမရှိချေ။ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်းနှုန်း မရှိတရှိ ပမာဏကပင် အင်တာနက်သုံးစွဲမှုရှိလေသည်။ နိုင်ငံရှိ မိုဘိုင်းဖုန်းအော်ပရေတာ သုံးခုစလုံးကို အစိုးရမှ ထိထိရောက်ရောက် ထိန်းချုပ်ထားလေသည်။
    အကျဉ်းချုံးပြောရမည်ဆိုလျှင်  အစွန်းရောက်များ၏ လှုံ့ဆော်မှုများမှာ အသံထွက်နိုင်ကြပြိး  ၉၆၉ အဖွဲ့ဝင် ဆရာတော် ၀ီရသူကဲ့သို့ အစွန်းရောက် ဘုန်းကြီးများကို အင်တာနက်အပါအ၀င် မီဒီယာများ၊ လူမှုဖွဲ့အစည်းများနှင့် အစိုးရတို့က ထိထိရောက်ရောက် တုံ့ပြန်ခြင်းမရှိသေးပေ။
    ဤအခြေအနေများမှာ မြန်မာနိုင်ငံရှိ လွတ်လပ်စွာပြောဆိုမှုအတွက် အချိုးအကွေ့ကာလပင်ဖြစ်သည်။ အစွန်းရောက်ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများ၏  လွတ်လပ်စွာပြောဆိုမှုက အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားမည်လားဆိုသည်ကို နိုင်ငံသားများနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ရပေမည်။
    အစိုးရထိပ်တန်းအရာရှိများက ထိုအမုန်းတရားဖြန့်ဝေနေမှုများကို ထုတ်ဖော်လိုက်လျှင်၊ ထိရောက်သော အင်တာနက်အခြေပြု မီဒီယာမှ လူထူအမြင်ကို ပြောင်းလဲပေးနိုင်လျှင်၊ အစိုးရမှ ထိုအမုန်းတရားဖြန့်ချီမှုကို ထိန်းချုပ်ရန် စစ်တပ်မှ အသုံးပြုခဲ့သည့် နည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုကောင်း ပြုပေလိမ့်မည်။ ထိုနည်းလမ်းဟောင်းကို အသုံးချမှုသည် ရွှေမှုံကြဲဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုကို ထိခိုက်မည်ဖြစ်သော်လည်း လူနည်းစုများ အထူးသဖြင့် မွတ်စလင်များအပေါ်သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်သွားပေလိမ့်မည်။ ထိုအချင်းအရာမှာ မိမိကိုယ်ပိုင် ပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သူ တစ်ဦးအတွက် ခက်ခဲသည့် စိန်ခေါ်မှုမျိုးဖြစ်လေသည်။ သို့ရာတွင် လူမျိုးရေးအဓိကရုဏ်များ မဆိုးရွာမီ ဦးသိန်းစိန်မှာ ခက်ခဲသော ရွေးချယ်မှုတစ်ခုကို မကြာမီ ရင်ဆိုင်ရပေလိမ့်မည်။
BangkokPost မှ Free speech runs riot as anti-Muslim radicals fill vacuum   ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
မြန်မာနိုင်ငံတွင် ၆ လနီးပါး ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများက နိုင်ငံ၏ အဓိကမြို့ကြီးများသို့ တဖြည်းဖြည်းချင်း ရွေးလျားလာ လျက်ရှိကာ နိုင်ငံရပ်ခြားမှ အထူးသဖြင့် မွတ်စလင်နိုင်ငံများမှ ပိုမို သတိပြုမိလာလေသည်။ အရေးပေါ်အခြေအနေ ကြေညာမှု၊ အဓိကရုဏ်းတိုင်းတွင် စစ်တပ်၏ အကူအညီကို ရယူမူ အပါအ၀င် ဆိုးရွားသော လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရမှာ ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား
"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲ ကိုယနေ့ည ၇နာရီတွင်စတင်ကျင်းပ
မိုက်ကယ်လန်းတူရော့ခ်ဖျော်ဖြေပွဲတွင် အိမ်ရှင်တီးဝိုင်းအဖြစ် လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေနေစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် Lazy Club တီးဝိုင်း၏ နိုင်ငံတော်သီချင်း တီးလုံးတီးခတ်မှုနှင့် စတင်ခဲ့ပါသည်။ ဖျော်ဖြေပွဲတွင် အစီအစဉ်တင်ဆက်
သူများ အဖြစ် တင်မိုးလွင်နှင့် အိမ့်ချစ်တို့က ဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ
ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ
( The Hot News )
မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး  သော သံဃာတော် ၁၀ ပါးနှင့် နိုင်ငံရေးအကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင် ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်ယာဉ်နှစ်စီးဖြင့်  ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ်  အချို့သို့လူသားချင်းစာနာမူခရီး ထွက်ခွာခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စစ်ကွင်း၊  မင်းလှ၊ မိုးညို၊ အုတ်ဖိုကြို့ပင် ကောက်၊ နတ္တလင်းဇီကုန်း၊ သဲကုန်း၊  ပုတီးကုန်းမြို့နယ်များတွင် အိုးအိမ်  အဖျက်ဆီးခံရသော ဒုက္ခလသည် များကို ထောက်ပံလှူဒါန်းရန်  ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထောက်ပံရန်ကားတစ်စီးတိုက်ပစ္စည်း   များမှာ သောက်ရေသန့်များ၊ စောင်များ၊ အ၀တ်အထည်များ၊ ဆေးဝါများစားသောက်ဖွယ်ကုန် ခြောက်ရိက္ခာများ စုစုပေါင်းကျပ် သိန်း ၅၀ ဖိုးခန့်ရှိသည်။
အဆိုပါသံဃာတော်နှင့် နိုင်/  ချုပ်တို့ စီးနင်းလိုက်ပါလာသော  မော်တော်ယာဉ်နှစ်စီးကို သာယာ ၀တီမြို့နယ်မှ ကြိုတင်စောင့်ဆိုင်း နေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်နှင့် အဖွဲ့သည် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီးနောက် ရှေ့ဆက် မည့်ခရီးအတွက် သံဃာတော်များ  ဆက်လက်မသွားသင့်သော အခြေအနေဖြစ်နေပါ၍ အလှူ ပစ္စည်းများကိုလည်း ကိုယ်စား ဆောင်ရွက်ပေးမည့်တာဝန်ရှိအဖွဲ့ အစည်းထံသို့သာလွှဲပြောင်းပေး ကြပြီး သာယာဝတီမြို့မှ နောက်ကြောင်းပြန်စေလိုပါကြောင်း  လျှောက်ထားတားမြစ်ခဲ့ကြသည်။  ရဲမှူးဦးသိန်နိုင်မှ ဆက်လက်ပြော ကြားရာတွင် နောက်၃/၄ ရက် အကြာဒေသတည်ငြိမ်အေးချမ်း သည့်အချိန်အခါတွင် ပြန်လည် လာရောက်နိုင်ပါကြောင်းနှင့် ၎င်းမှ အကူအညီပေးမည်ဖြစ်ကြောင်း  လျှောက်ထားတောင်းပန်းခဲ့မှုကြောင့်  သံဃာတော်ဦးပြည်ကျော်နှင့် နိုင်/ချုပ် အဖွဲ့မှ လှူဒါန်းထောက် ပံ့မည်ပစ်္စည်းများကို သာယာဝတီ  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုဦးစီးမှူးထံသို့ စာရင်းဇယားနှင့်  တကွလွှဲပြောင်းပေးအပ်ခဲ့ပါသည်။       ယခုပေးအပ်ထောက်ပံ့သော လှူဒါန်းမှူးများကိုCAMELINTERNRTIONAL,TOE မော်တော်ယာဉ်ရောင်း/၀ယ်ရေးး စိုးစံမော်တော်ယာဉ်ရောင်း/၀ယ် ရေးတို့နှင့်Hot News Jouryတို့မှ ၀ိုင်းဝန်းကူညီထည့်ဝင်လှူဒါန်း  ပေးခဲ့ကြောင်းလည်း သိရသည်။
ဥယျာဉ်မှူး
http://www.hotnewsweekly.com/archives/19086
မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး သော သံဃာတော် ၁၀ ပါးနှင့် နိုင်ငံရေးအ
ကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင် ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်
ယာဉ်နှစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ် အချို့သို့လူသားချင်းစာနာမူခရီး ထွက်ခွာခဲ့ကြသည်။
လျှပ်စစ်မီးရရှိရေးကော်မတီ ဥက္ကဋ္ဌ နှင့် ရွာသားများ အပြန်အလှန် တရားဆွဲ
ပြည်၊ မတ် ၃၁။
ပြည်ခရိုင်၊ ၀က်ထီးကန်မြို့နယ်၊ လွှစင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် လွန်ခဲ့သော (၆)နှစ်ခန့် က ငွေကျပ်သိန်း(၄၆၀) ကောက်ခံခဲ့ပြီး မီးတိုင်(၅၀) နှင့် ထရန်စဖော်မာ တစ်လုံးသာ တပ်ဆင်ပြီးစီးခဲ့မှုအပေါ် မကျေနပ်၍ တာဝန်ရှိသူများသို့ အဆင့်ဆင့်တိုင်ကြားရာမှ အပြန်အလှန်တရား ဆွဲမှုပေါ်ပေါက်ခဲ့ကြောင်း ကျေးရွာသူကျေးရွာသားများက ပြောကြားသည်။
ရန်ကုန်တိုင်း၊ ဒလမြို့ ကိုမတည်မငြိမ်ဖြစ်စေရန် ၉၆၉ အကြမ်းဖက် ဂိုဏ်းသားများ စည်းရုံးလှုံ့ ဆော်နေ
ရန်ကုန်တိုင်း၊ ဒလမြို့ ကိုမတည်မငြိမ်ဖြစ်စေရန် စည်းရုံးလှုံ့ ဆော်နေသော ၉၆၉ အကြမ်းဖက် ဂိုဏ်းသားများ ၂၉-၃-၂၀၁၃ ညနေပိုင်းက အောင်မင်္ဂလာရပ်ကွက်တွင်းလှည့် ပတ်နေပုံ
၎င်း၉၆၉ အကြမ်းဖက် ဂိုဏ်းသားများအား ရပ်ကွက်တာဝန်ရှိသူများမှ ရဲစခန်း၊ မယကသို့ ချက်ချင်းဖုန်းဆက် အကြောင်းကြားသော်လည်း မြို့ နယ်တာဝန်ခံများ လာရောက်အရေးယူခြင်း(လုံးဝ) မရှိပါ။
ရန်ကုန်တိုင်း၊ ဒလမြို့ ကိုမတည်မငြိမ်ဖြစ်စေရန် စည်းရုံးလှုံ့ ဆော်နေသော ၉၆၉ အကြမ်းဖက် ဂိုဏ်းသားများ ၂၉-၃-၂၀၁၃ ညနေပိုင်းက အောင်မင်္ဂလာရပ်ကွက်တွင်းလှည့် ပတ်နေပုံ ၄င်း၉၆၉ အကြမ်းဖက် ဂိုဏ်းသား
များအား ရပ်ကွက်တာဝန်ရှိသူများမှ ရဲစခန်း၊ မယကသို့ ချက်ချင်းဖုန်းဆက် အကြောင်းကြားသော်လည်း မြို
Michael Learns To Rock ဖျော်ဖြေပွဲ 5 PLUS Channel တွင်ပြန်လည်ထုတ်လွှင့်ပေးမည်
Michael Learns To Rock ဖျော်ဖြေပွဲ 5 PLUS Channel တွင်ပြန်လည်ထုတ်လွှင့်ပေးမည် 
ယနေ့ မတ်လ ၃၁ ရက်နေ့ ပြည့်သူရင်ပြင်တွင် ကျင်းပမည့် Michael Learns To Rock ဖျော်ဖြေပွဲကို ပြည်တွင်းရှိ 5 PLUS Channel တွင် ဧပြီလ ၁ ရက်နေ့ ည ၇:၁၅ မိနစ်တွင် ပြန်လည်ထုတ်လွှင့်သွားမည်ဟု ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဧပြီလ ၂ ရက်၊ ၅ ရက်၊ ၇ ရက်နေ့များတွင်လည်း ထုတ်လွှင့်ပြသ
သွားမည်ဟု သိရသည်။
Popular Myanmar News Journal
ယနေ့ မတ်လ၃၁ ရက်နေ့ ပြည့်သူရင်ပြင်တွင်ကျင်းပမည့် Michael Learns To Rock ဖျော်ဖြေပွဲကို ပြည်တွင်း
ရှိ 5 PLUS Channel တွင် ဧပြီလ ၁ ရက်နေ့ ည ၇:၁၅ မိနစ်တွင် ပြန်လည်ထုတ်လွှင့်သွားမည်ဟု ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား
Sunday, March 31, 2013
မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်
အရ သိရသည်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး ယင်းတော်နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ တည်ငြိမ် အေးချမ်းမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲတွင် သာစည်မြို့ မြို့နယ် စည်ပင်သာယာရေး ရုံးခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက သာစည်မြို့ပေါ်ရှိ ရပ်ကွက်များ လုံခြုံရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်း တင်ပြရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယနေ့အချိန် အခါတွင် မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်မြို့နယ်များ၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိနေပြီး ဒေသခံပြည်သူများ အသွားအလာမပျက် ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း၊ နေ့စဉ် လုပ်ငန်းခွင် မပျက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြကြောင်းနှင့် တည်ငြိမ် အေးချမ်းလျက် ရှိခြင်း အပေါ် မလိုလား အပ်သော ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့အတွက် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပျက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး ယင်းတော်နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ တည်ငြိမ် အေးချမ်းမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ရထားတွဲပေါ်ကအလှူခံစာအိတ်တွေဘာသာရေးကိုထိပါးနိုင်