Pages

Monday, September 30, 2013

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်
=====================
စက်တင်ဘာ ၃၀၊ ၂၀၁၃
M-Media

အော်ရီဒူးဖုန်း ကုမ္ပဏီနှင့် Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာ မိုဘိုင်းနည်းပညာ၏ အကျိုးကျေးဇူးများကို အောက်ခြေ လူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ စီးပွားရေးဆောင်ရွက်လိုစိတ်ကို 

ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။ ထိုအစီအစဉ်အား နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်နေကြ ဖြစ်သည့် Clinton Global Initiative (CGI)  အစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံလူဦးရေ၏ ၂၅-ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်တွင် အသက်ရှင်နေရပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်အတွက် စွဲဆောင်မှုများ 

အလျင်အမြန်လိုအပ်နေသည်။ အမျိုးသမီးများ၏ လူနေမှုဘ၀ကြွယ်ဝလာ စေရန်နှင့် လူသားရင်းမြစ် တိုးတက်လာစေရန် လှုံ့ဆော်ခြင်းများမှာ အော်ရီဒူးမှ လုပ်ဆောင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း၎င်းတို့အတွက် အလားအလာများ မည်ကဲ့သို့ရှိသည်ကို သိရှိနားလည်လာစေရန် အကူအပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟု အော်ရီဒူးက ခံယူခဲ့သည်။

အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ဘ၀များ၊ ၎င်းတို့အားမှီခိုနေသူများ၏ ဘ၀များမြင့်တက်စေရန် မိုဘိုင်းနည်းပညာများကို တန်းတူညီစွာ အသုံးပြုခွင့် ရှိသင့်သည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ 

မိုဘိုင်းနည်းပညာများကို အဆင့်မြှင်တင်ပေးကာ ဖြစ်ပေါ်လာမည့် ဈေးကွက်များ အတွင်း အမျိုးသမီးများအား ထည့်သွင်းခန့်ထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသောအကျိုးသက်ရောက်မှုတစ်ခုကို လုပ်ဆောင်နိုင်မည်ဟု အော်ရီဒူးကယုံကြည်နေသည်။ 

ကမ္ဘာပေါ်တွင်မိုဘိုင်းဖုန်းအသုံးပြုမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၀-ရာခိုင်နှုန်းအောက်သာ မိုဘိုင်းဖုန်းအသုံးပြုနိုင်ကြသည်။ 

မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ နိုင်ငံအတွင်း မိုဘိုင်းကွန်ရက် တည်ဆောက်ရန် လိုင်စင်ရရှိထားသည့် အောရီဒူး အတွက် အခွင့်အရေး ကောင်းဖြစ်နေပြီး မြန်မာနိုင်ငံ၏လူဦးရေ သန်း-၆၀ အတွက် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ဖြန့်ဝေပေးရမည်ဖြစ်သည်။ 
thepeninsulaqatar

RangonNewsDaily:: September 30, 2013 အော်ရီဒူးဖုန်းကုမ္ပဏီနှင့်Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာမိုဘိုင်းနည်းပညာ၏အကျိုး
ကျေးဇူးများကို အောက်ခြေလူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိအမျိုးသမီးများစီးပွားရေးဆောင်
ရွက်လိုစိတ်ကို ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။

Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး

Photo: Call Center ၏ Hot Line နံပါတ်တစ်ခု ထပ်တိုး
Monday, September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  
1877 Hot Line ဝန်ဆောင်မှု ထပ်တိုးလိုက်ခြင်းဖြစ်ပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများကို အဆိုပါ Hot Line သို့ ဆက်သွယ်နိုင်မည်ဟုဆိုသည်။ “1877 Hot Line နံပါတ်မှာ အိမ်ခြံမြေအထွေထွေလုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသက်အာမခံနဲ့ အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုတွေပါရှိမှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ 1876 Call Center မှ သတ်မှတ်နံပါတ်များအလိုက် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု၊ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှုများကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပြီး ယခုဝန်ဆောင်မှုမှာ အိမ်၊ ခြံ၊ မြေနှင့် အာမခံဆိုင်ရာကို အဓိကထား မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
1877 Hot Line ၏ လိုင်းခွဲနံပါတ် 1-1 တွင် အသင့်နေတိုက်ခန်းများ၊ တိုက်ခန်းအလွတ်များ၊ ကွန်ဒိုများ၊ အသင့်နေလုံးချင်းအိမ်ရာများ၊ မြေကွက်များနှင့်ပတ်သက်၍ ရောင်းလို ဝယ်လိုသည်များကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။ ရောင်းချရန် ဆက်သွယ်ထားသူများအတွက် စာတိုပို့စနစ်ကြော်ငြာကို အသုံးပြု၍ Marketing ပြုလုပ်ခြင်း၊ Call Center Facebook နှင့် Website များကို အသုံးပြု၍ ရောင်းချနိုင်ရန်ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု သိရသည်။ 1877 Hot Line ၏ လိုင်းခွဲနံပါတ်1-2 တွင် အသက်အာမခံနှင့် အာမခံလုပ်ငန်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများကို ခေါ်ဆိုမေးမြန်းနိုင်မည်ဟု ဆိုသည်။
 
ယခုလတတိယပတ်မှ စတင်ကာ တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 1877 Hot Line သို့ခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်ဖြစ်၍ Call Center သို့ ခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် စုစုပေါင်း ၈၀ ကျပ် ကျသင့်မည် ဖြစ်သည်။ အဆိုပါ Call Center အနေဖြင့် 1876, 1875 စသည့် Hot Line များကိုလည်း ခေါ်ဆိုကာ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အိမ်တိုင်ရာရောက် ကားလက်မှတ် ပို့ဆောင်ပေးသည့်စနစ်၊ ဗေဒင်ဆိုင်ရာဝန်ဆောင်မှုများ အစရှိသည်တို့ကို သတ်မှတ်လိုင်းခွဲနံပါတ်များအတိုင်း ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်သည်။
 
ထွန်းထွန်း
Popular Journal

RangonNewsDaily:: September 30, 2013

1876 Call Center မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော Hot Line နံပါတ်ဝန်ဆောင်မှုအချို့ ထပ်တိုးလိုက်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သေဘာတူညီမှု ရရှိ

Photo: ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သေဘာတူညီမှု ရရှိ
Monday, September 30, 2013

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ
အတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သေဘာတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က
ပြောပါတယ်။

လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို လွှတ်တော်မှာ တင်သွင်းနေစဉ်
ကာလအတွင်း လုံးဝမဖျက်ဆီးရန်၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်မှာ လူ ၅ ယောက်ထက်မပိုဘဲ ဖူးမြော်ခွင့် ပေးရမယ်၊ ချီတက်
လမ်းလျှောက် ဆန္ဒြပသူတွေကို လုံးဝအေရးမယူရေး စတဲ့အချက် ၃ ချက်ကို
သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အရင်က လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်တော်ကို ပုဒ်မ ၁၄၄ ချမှတ်ထား
တဲ့အတွက် လုံး ၀ သွားရောက်ခွင့်မြပုဘဲ အခု လူ ၅ယောက်ထက်မပိုဘဲ သွားရောက်ဖူးမြော်ခွင့် ရရှိခဲ့တယ်လို့ ကိုလှိုင်က ပြောပါတယ်။

သွားရောက် ဖူးမြော်ရင်လည်း တာဝန်ရှိသူတွေကို အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

DVB

RangonNewsDaily:: September 30, 2013

စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ
အတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သေဘာတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်ကပြောပါတယ်။

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ

Photo: ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
Monday, September 30, 2013

စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက်(၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်
ကို တွေ့ရှိရ

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။ စနေနေ့က ဆစ်ဒနီတွင် ဂျိုလီသည် သူမနှင့် ဘရတ်ပစ်တ်တို့၏ ကလေး(၆)ဦးအနက် (၃)ဦးကို ခေါ်ယူကာ ဈေးဝယ်ထွက်နေခဲ့သည်ကို တွေ့ရှိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးနှင့်အတူ (၉)နှစ်အရွယ် ပက်စ်၊ (၈)နှစ်အရွယ် ဇာဟာရာနှင့် (၇)နှစ်အရွယ် ရှာလိုတို့က ပျော်ရွှင်စွာ လိုက်ပါလာကြသည်။ 

ဂျိုလီတို့ သားအမိ (၄)ဦးသည် Bondi Junction ဈေးဝယ်စင်တာတွင် ကလေးများနှင့်အတူ လည်ပတ်ခဲ့သလို နေ့လယ်ပိုင်းတွင် Great Moscow ဆက်ကပ်ပွဲသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဂျိုလီသည် In the Land of Blood and Honey ဇာတ်ကားအပြီး ဒုတိယမြောက် ဇာတ်ကားတစ်ခုကို ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ဆစ်ဒနီတွင် ရုပ်ရှင်ရိုက်နေခြင်း ဖြစ်သည်။ Unbroken ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ပစိဖိတ်တွင် လေယာဉ်ပျက်ကျပြီး အသက်ရှင်ခဲ့သည့် အိုလံပစ် အားကစားသမား တစ်ဦး၏ ရုန်းကန်ဖြတ်သန်းရမှုကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ 

ဂျိုလီနှင့် ကလေးများမှာ ဩစတြေးလျသို့ ရောက်ရှိနေချိန်တွင် သူမ၏ချစ်သူ ပစ်တ်မှာမူ ဗြိတိန်တွင် အလုပ်များလျှက် ရှိသည်။ ပစ်တ်သည်လည်း ဒုတိယကမ္ဘာစစ် နောက်ခံ ဇာတ်ကားတစ်ခုဖြစ်သော Furyတွင် ပါဝင်သရုပ်ဆောင်လျှက် ရှိသည်။ ယင်းဇာတ်ကားသည် စစ်ကြီး ပြီးဆုံးခါနီး နောက်ဆုံးနေ့ရက်များတွင် အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တစ်စင်းအတွင်းမှ စစ်မှုထမ်းများ၏ အတွေ့အကြုံကို ရိုက်ကူးထားခြင်းဟု သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: September 30, 2013

ရိုက်ကွင်းနားစဉ် ကလေးများအတွက် အချိန်ပေးနေသည့် ဂျိုလီ
အန်ဂျလီနာ ဂျိုလီအနေဖြင့် ဒါရိုက်တာအဖြစ် သူမတာဝန်ယူထားသော Unbroken ဇာတ်ကား ရိုက်ကွင်းများကို ခေတ္တကျောခိုင်းကာ ကလေးများနှင့်အတူ ဩစတြေးလျတွင် အေးအေးလူလူ အချိန်ပေး အနားယူနေခဲ့ကြောင်း သိရသည်။

ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို

Photo: ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို
Monday, September 30, 2013

ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပသော အဆင့်မီ မြို့ပတ်ရထား စတင်ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရထားတွဲတွေ အဆင့်မြှင့်တင် ပြေးဆွဲရေးကတော့ အခုချက်ချင်းလက်ငင်း ဖြစ်လာနိုင်ရန် မလွယ်သေးဘူး။ နောက်ရလာတဲ့ ချေးငွေကလည်း ရထားတွဲတွေပါ အဆင့်မြင့်ဖို့၊ ဘူတာတွေ အဆင့်မြင့်ဖို့လောက်အထိ မရဘူး။ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ယခင်ဝန်ကြီးများ လက်ထက်က အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ရရှိခဲ့သည့် ချေးငွေများနှင့် စက်ခေါင်းသစ်၊ လူစီးတွဲ၊ ကုန်တွဲများ ဝယ်ခြင်း၊ စက်ခေါင်း ထုတ်လုပ်သည့် စက်ရုံတည်ခြင်း၊ သင်တန်းကျောင်းများ အဆင့်မြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယခုရရှိမည့် ဂျပန်ချေးငွေကိုမူ လမ်းပိုင်း အဓိကထားကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန် မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်ရေးအတွက် ၁. ၇ ဘီလီယံ သုံးရန် စီစဉ်ထားကြောင်း၊ ကျန်ရှိငွေများကို မြို့ပတ်လမ်းပိုင်း အဆင့်မြင့်ရေး အတွက် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ချေးငွေသုံးစွဲမှုနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ခဲ့သည်။

ထို့အပြင် မြေအောက်ရထား၊ မိုးပျံရထား ပြေးဆွဲရေး၊ ဘူတာများ အဆင့်မြှင့်ရေး အတွက် နိုင်ငံတကာမှ အကူအညီ ရယူရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြပေးရန် နိုင်ငံ ၅ ခုကို ပြောကြားထားပြီး ဖြစ်ကြောင်း၊ အကောင်းဆုံး တင်ပြနိုင်သည့် နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဘူတာတွေမှာ အိမ်တွေပါ ပါမယ့် အလွှာလိုက် နေနိုင်မယ့် အဆောက်အဦးတွေ ဆောက်ဖို့ စီစဉ်ထားတယ်။ ဘယ်သူနဲ့ လုပ်မလဲ ကတော့ ရွေးတုန်းပဲမို့ မပြောတတ်သေးဘူးပေါ့။ ဒါလိုတွေလုပ်မှ ရထားစီးသူ များလာမယ်။ ဒီအတွက် လုပ်မှာပါ။ ပထမဆုံး ကတော့ လမ်းပိုင်း ပြင်ပါမယ်” ဟု ဦးသန်းဌေးက ဆက်ပြောသည်။

ရထားသံလမ်းပိုင်း အဆင့်မြှင့်တင်ရေးတွင် ပြေးလမ်းသစ် ထပ်မံရှာဖွေ သွားရန် အတွက်လည်း စီစဉ်ထားကြောင်း၊ လက်တွေ့တွင် ရထားလမ်းပိုင်း၌ အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ဖြတ်လမ်းပိုင်းများနှင့် အောက် ခံပိုင်းများအား အမြန် ပြေးဆွဲနိုင်ရေးအတွက် လဲလှယ်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ သံလမ်းအနီးနားတွင် လူနေအိမ်များရှိခြင်း၊ ဈေးရောင်းချ နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

“ပထမအဆင့်ကတော့ ရထားသံလမ်းပိုင်းနားက လူတွေကို သူတို့ဟာ ကျူးကျော်တွေ ဆိုတာ အကြောင်း ကြားထားပါတယ်။ ဘယ်တုန်းက စနစ်ကြောင့် ဘယ်လိုတွေ ရောက်လာလဲဆိုတာ ပြန်စစ်ရမယ်။ ခက်တော့ ခက်တယ်။ ကျူးကျော်သူတွေက ကျူးကျော်နေတာကို မသိဘဲ ဆန္ဒပြမယ်ဆိုတော့ ဥပဒေ စိုးမိုးမှုက ပြောရခက်တယ်။ တခုကတော့ အခုသံလမ်းနားက အိမ်ယာ ဘယ်လောက် ကျူးကျော်နေတယ် ဆိုတာကို စာရင်း လိုက်ကောက်နေတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောရ စောသေးတယ်။ သေချာတာကတော့ စာရင်း စကောက်နေပါပြီ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် သံလမ်းတလျှောက် ဈေးရောင်းချခြင်း၊ အမှိုက်ပစ်ခြင်း တို့ကြောင့် လမ်းပိုင်း အဆင့်မြှင့်ရေးမှာ အခက်အခဲ များစွာရှိ နေကြောင်း သိရသည်။

“လူပေါက်စေ့တော့ ဝန်ထမ်းတွေက လိုက်မကြည့်နိုင်ဘူး။ အဆင့်မြင့်မြင့် စီးချင်ရင် တယောက်ချင်းစီက စည်းကမ်းရှိဖို့ လိုတယ်။ အကောင်းအတိုင်း စီးစေချင်လို့ ချပေးရင်တောင် ဖျက်ဆီးသွားတာတွေ၊ အမှိုက်မပစ်ရဆို ပစ်တယ်။ ဥုံဖွ မန်းပြီး လုပ်လို့မှ မရတာ။ ရှေ့ကလုပ်၊ နောက်က ဖျက်ဆီးဆိုလည်း မခံနိုင်ဘူး။ အခုက ရထားက မလုပ်လို့လို့ ပြောကြတယ်။

အကုန်လုံးကို နေ့စဉ်အလုပ် လိုက်ကြည့်စေချင်တယ်၊ မနိုင်တာ။ အမှိုက်ကောက် မနိုင်ဘူး၊ ရထားလမ်းပေါ် ဈေးရောင်း၊ရထားလာရင် ခါးလေးကော့ရှောင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာ တော်တော် ခေါင်းခြောက်ရပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုမှ အဆင့်မမြင့်နိုင်ဘူး” ဟု ဦးသန်းဌေးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကြုံတွေ့နေရသော ယာဉ်ကျောပိတ်ဆို့မှုကို ကုစားနိုင်ရန်အတွက် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ စမ်းသပ်အနေဖြင့် တွဲဆိုင်း ၅ ဆိုင်းပါ ရထားတစီးဖြင့်သာ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ နောက်ပိုင်းတွင် ထပ်တိုးကာ ပြေးဆွဲသွားရန် စီစဉ်ထာေးကြာင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် စတင်ပြောင်းလဲ ပြေးဆွဲမည့် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို လူတဦးလျှင် ၄၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား တဦး လျှင် ၂ ဒေါ်လာ နှုန်းဖြင့် လာမည့် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင် ပစ္စည်း ဝန်စည်စလယ်များ တင်ဆောင်ခွင့်မပေးဘဲ လူစီး သီးသန့်သာ လက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

“ပြေးဆွဲမှုတခေါက်ကို ငွေကျပ် ၁ သိန်းကျော် ရှုံးပါတယ်။ ရထားဝန်ကြီးဌာနရဲ့ လုပ်ငန်းပိုင်းအရ ပထမဆုံး အနေနဲ့ စတင်လုပ် ဆောင်တာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ နည်းပညာနဲ့ ငွေကြေးပိုင်းကို ဝန်ကြီးဌာနကနေ တာဝန်ယူပြီး လုပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေက မပါဝင်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ တွဲတွေ ရေရှည်ခံဖို့ ပြည်သူတွေက ဝိုင်းထိန်း ပေးစေချင်တယ်” ဟု ဦးသန်းဌေးက ပြောသည်။

အဆိုပါ ရထားတွဲမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ချက်ချင်းရပ်တန့်နိုင်သည့် တစီးတည်းသော ရထားဖြစ်ပြီး သန့်စင်ခန်းမှာ လည်း ယခင်စနစ်များကဲ့သို့ မဟုတ်သည့် လေယာဉ်ပျံများတွင် သုံးသော ပြန်သိမ်းစနစ်ကို သုံးစွဲထားကြောင်း သိရသည်။

“ဘူတာက ၁၃ ဘူတာပဲ ရပ်မယ်။ မြို့တပတ်ကို အရင်က ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ ဒီရထားက အရင် ရထားတွေ ပြေးချိန်ထက် ၃၅ မိနစ် ပိုသက်သာတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိ ပြေးဆွဲနေသည့် မြို့ပတ်ရထားများတွင် ကုန်စည် တင်နိုင်ရန်အတွက် ကုန်စည်တွဲများကို ချိတ်သွားရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင်သာ ကုန်စည်များ တင်ရမည်ဖြစ်ပြီး တခြား တွဲများတွင် ကုန်စည်တင်ခွင့်ကို အောက်တိုဘာလမှ စ၍ ခွင့်မပေးတော့ကြောင်း၊ ကုန်စည်တွဲများကို ရုံးချိန်တွင်း ဆွဲသည့် မနက် ၈ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီ စသည့် ရထား နှစ်စင်းမှ လွဲ၍ ကျန်အချိန် ပြေးဆွဲသည့် မြို့ပတ်ရထားတိုင်းတွင် ချိတ်ဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ရှင်းပြသည်။

စတင်ပြေးဆွဲမည့် အဆင့်မီ မြို့ပတ်ရထားများကို အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန်မြို့ပတ် အဖြစ် အောက်တိုဘာ ၆ ရက်နေ့မှ ၈ ခေါက်စီ စတင် ပြေးဆွဲမည် ဖြစ်ကာ ဘုရားလမ်းဘူတာ၊ ကြည့်မြင်တိုင် ဘူတာ၊ ကမာရွတ် ဘူတာ၊ သမိုင်း ဘူတာ၊ အင်းစိန် ဘူတာ၊ ဒညင်းကုန်း ဘူတာ၊ မင်္ဂလာဒုံ ဘူတာ၊ ပုရွက်ဆိတ်ကုန်း ဘူတာ၊ ရထားကလေး ဘူတာ၊ ကံဘဲ့ဘူတာ၊ မလွှကုန်း ဘူတာ၊ ပုစွန်တောင် ဘူတာနှင့် ရန်ကုန်ဘူတာကြီး တို့တွင်သာ ရပ်သွားမည်ဖြစ်ပြီး လပေး စီးနင်းမှုများကိုလည်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေပြီဖြစ်သည့် အဆင့်မီ မြို့ပတ်ရထားသစ် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)
ရန်ကုန်မြို့တွင်း ပြေးဆွဲနေပြီဖြစ်သည့် အဆင့်မီ မြို့ပတ်ရထားသစ် (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)
RangonNewsDaily:: September 30, 2013

ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1

Photo: အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1
Monday, September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။

McLaren M838T twin-turbo ကို ၃.၈ လီတာ၊ဆလင်ဒါ ၈ လုံး၊V အင်ဂျင်
ပုံစံတည်ဆောက်ထားပါတယ်။ ဂီယာ-၇ ချက်အော်တို၊လက်ထိုးနှစ်မျိုးအသုံး
ပြုထားပေမယ့် F-1 နည်းပညာကို အခြေခံထားတဲ့ အတွက် စတီယာရင်
မှာ ဂီယာအတင်၊အချကို လက်မနဲ့ ထိန်းချုပ်လွယ်ကူ အောင်တပ်ဆင်ပေး
ထားပါတယ်။

Plug-in Hybrid အမျိုးအစားဖြစ်ပြီး စုစုပေါင်းမြင်းကောင်ရေ 903 bhp အထိ
ထုတ်လုပ်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ ၃ စက္ကန့် အတွင်းကို ကီလိုမီတာ ၁၀၀(၆၂ မိုင်နှုန်း)၊ ၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၂၀၀(၁၂၄ မိုင်နှုန်း)၊ ၁၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၃၀၀(၁၈၆ မိုင်နှုန်း) အထိအရှိန်မြင့်တင်နိုင်ပါတယ်။အမြန်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ
ကီလိုမီတာ ၃၄၉(မိုင် ၂၁၇)အထိ အရှိန်မြင့်မောင်းနှင်လို့ရပါတယ်။

၂၀၁၃ မော်ဒယ်လ်ဆိုပြီး Paris Motor Show မှာမိတ်ဆက်ပြသခဲ့သလို စုစု
ပေါင်းအစီးရေ ၃၇၅ စီးသာထုတ်လုပ်တဲ့ဒီကားဟာ ကြေငြာချက်အရ အစီးရေ ၂၅၀ ရောင်းချပြီးဖြစ်ကြောင်းဆိုထားပါတယ်။

တံခါးနှစ်ပေါက် Two-Door အမျိုးအစားနဲ့ မြင်တွေ့ရတဲ့ ဒီကားကို အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ကြေးရှိ ဈေးကြီးကားဖြစ်ကြောင်း သိရပါတယ်။

Ref:wiki
Stuff Myanmar Magazine

RangonNewsDaily:: September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။

မိုဘိုင်းဖုန်း Software ၀န်ဆောင်မှုများ အတွက် SOC Corner များဖွင့်လှစ်မည်

RangonNewsDaily:: September 30, 2013

မိုဘိုင်းဖုန်းများအတွင်းမြန်မာစာ စနစ် နှင့် ဂိမ်း App များကို ဈေးနှုန်း သက်သာစွာဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း SOC Mobile Service Corner မှ သိရသည်။ အဆိုပါ Corner များကို လက်ရှိတွင် စမ်းချောင်း ၊ သင်္ဃန်းကျွန်း နှင့် တာမွေ ABC ဆိုင်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး Mobile Software ၀န်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

သံတွဲမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု နိုင်ငံတကာမီဒီယာ အများစုကဖော်ပြနေ



RangonNewsDaily:: September 30, 2013
သံတွဲအကြမ်းဖက်ခံရမှုသတင်း နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့Bangkokpost, Tribune,
ABC, FoxNews, Reuters တို့ မှာ တက်ပါပြီ။ အရင်ကလို သတင်းအမှောင်ချထားပြီး ကမ္ဘာကိုလိမ်ချင်တိုင်းလိမ်လို့ မရတော့ဘူး ဆိုတာ စစ်အရည်ခွံလဲ အစိုးရ သိထားပါ။

သံတွဲအကြမ်းဖက်ခံရမှုနှင့် နောက်ဆုံးရသတင်းအချက်အလက်များ

RangonNewsDaily:: September 30, 2013
နောက်ဆုံး ရသတင်းအဖြစ် တနိုင်ငံလုံး သိစေရန် အလို့ငှာတင်ပြ ပေးလိုက်ပါသည်။အချေအတင် စ
ကားများပြောဆိုမိသူဟာဂျီ ဦးကျော်ဇံလှကို အာမခံဖြင့် လွှတ်ပေးထား သည်ကို မကျေနပ်သော ရခိုင်
အကြမ်းဖက်သမားများသည်၎င်းတို့ အလိုကျ ထောင်ချအပြစ်မပေးလျှင် ဖျက်ဆီးမှုများဟထပ်မံပြု
လုပ်မည်ဟု ခြိမ်းခြောက်နေသည် ဟု သတင်းရသည်။

အကြမ်းဖက်မှုခံခဲ့ရတဲ့ သံတွဲမြို့ နောက်ဆက်တွဲ ယနေ့ အခြေအနေ

RangonNewsDaily:: September 30, 2013
သံတွဲ ။ ။ မနေ့ညနေပိုင်းမှစတင်၍ အကြမ်းဖက်မီးရှို့ခံရသော သံတွဲမြို့တွင် ထပ်မံ၍ အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေများ ဖန်တီးနေပြီး အကြမ်းဖက်မှုများအား ညနေပိုင်းတွင် ပြန်လည် စတင်လာနိုင်မည်ဟု သံတွဲ မြို့ခံများမှ စိုးရိမ်နေကြောင်း သိရပါတယ်။

လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်

RangonNewsDaily:: September 30, 2013
လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အ
ထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆ တက်မည် ဖြစ်
ကြောင်းပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်
Monday, September 30, 2013

ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။

ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်းကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခုလည်း ဖြစ်ပါတယ်။


အိမ့်သံစဉ် ~ 
ဧရာဝတီ

http://www.myanmaronlinenews.net/2013/09/blog-post_7207.html

RangonNewsDaily:: September 30, 2013 ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ကအိန္ဒိယနိုင်ငံ မွန်ဘိုင်(ဘုံဘေ
) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။

လက်ပန်တောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီ တော် ရှိရာသို့ လမ်းလျောက်ချီတက်သူတွေကို အနှောက်အယှက်ပေးပါက လူထုနဲ့အတူချီတက်မယ်လို့ လွှတ်တော်အမတ် ဒေါက်တာမြင့်နိုင် ပြော

RangonNewsDaily:: September 30, 2013
မနက်၁၀ နာရီ ၁၀ မိနစ် ၃၀-၉-၂၀၁၃ ၊ Ko Han Win Aung
လက်ပန်တောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီ တော်ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည် မနေ့ကမန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီးစစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက်ဓမ္မာရုံ တွင်၂၉-၉- ၂၀၁၃ ရက်နေ့၌ တညအိပ်နားခဲ့ပါသည်၊

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် အရောင်းအ၀ယ် အေးလာ

RangonNewsDaily:: September 29, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက်တွင် အရောင်းအ၀ယ် အေးလာကြောင်း အိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်း အတွင်းတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ စက်တင်ဘာလ အတွင်းက သတ်မှတ်ခဲ့ပြီးနောက် ယခုလက်ရှိတွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်တွင် အရောင်းအ၀ယ် အေးလျက်ရှိကြောင်း သိရသည်။

Miss ရွှေပိုးနန်းတော် 2013 ရွေးချယ်ပွဲ အခမ်းအနား ပြုလုပ်

Miss ရွှေပိုးနန်းတော် 2013 ရွေးချယ်ပွဲ အခမ်းအနား ပြုလုပ်

တေးသံရှင် သားစိုး တည်ထောင်ဖွင့်လှစ်ထားသော ရွှေပိုးနန်းတော် ပိုးထည်ပစ္စည်းများ အရောင်းမှ ကျင်းပသည့် Miss ရွှေပိုးနန်းတော် 2013 ရွေးချယ်ပွဲ အခမ်းအနားကို
ရန်ကုန်မြို့၊ Park Royal Hotel တွင် စက်တင်ဘာလ ၂၉ရက်နေ့က ပြုလုပ်ခဲ့ပြီး
ယင်းအခမ်းအနားတွင် တေးသံရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊
Five Star လူရွှင်တော်အဖွဲ့မှ ဟာသများဖြင့် ဖျော်ဖြေခြင်း၊ နာမည်ကြီး မော်ဒယ်လ်များ သရုပ်ဆောင်များက ရွှေပိုးနန်းတော်မှ ပိုးထည်စများဖြင့် ချုပ်ထားသော အဝတ်အထည်
များအား ဆင်ယင်ပြသခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ပါဝင်ယှဉ်ပြိုင်ကြသူများအား မဲပေးဆုံးဖြတ်ကြပြီး Miss ရွှေပိုးနန်းတော်ဆု၊ မမ ရွှေပိုးနန်းတော်ဆု၊ Miss Internet ဆုနှင့် နှစ်သိမ့်ဆုများ ရွေးချယ်ချီးမြှင့်ပေးခဲ့သည်။

ဓါတ်ပုံ - သီဟသစ်


အေးချမ်းမွန် Credit To >The Myanma Age < Thanks
Re-posted By ACM 30-9-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: September 29, 2013 တေးသံရှင် သားစိုး တည်ထောင်ဖွင့်လှစ်ထားသော ရွှေပိုးနန်းတော် ပိုးထည်ပစ္စည်းများ အရောင်းမှ ကျင်းပ
သည့် Miss ရွှေပိုးနန်းတော် 2013 ရွေးချယ်ပွဲ အခမ်းအနားကိုရန်ကုန်မြို့၊ Park Royal Hotel တွင် စက်တင်
ဘာလ၂၉ရက်နေ့က ပြုလုပ်ခဲ့သည်။

Sunday, September 29, 2013

သံတွဲမီး အံတော်ကို ကူးပြီ (ည ၁၀း၀၀ နာရီ)

RangonNewsDaily:: September 29, 2013

စက်တင်ဘာ ၂၉ ည ၁၀း၀၀ နာရီ အံတော်ဒွါရာဝတီ ကွက်သစ်ဘက်မှာ နေရပ်စွန့်ခွာ သွားသော မွတ်စ်လမ် အိမ်များအား မီးစတင်ရှို့နေပြီလို့ ဒေသခံတွေက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ပါတယ်။
"အံတော်ဘက်မှာက လွန်ခဲ့တဲ့လက ပြသနာဖြစ်ပြီး မွတ်စ်လင်မ်တွေ မနေတော့ဘူး အဲဒီက အိမ်အလွတ်တွေကို ရခိုင်တွေ မီးရှို့နေတယ် လောလောဆယ် တစ်လုံးပါသွားပြီ သံတွဲ၊ တောင်ကုတ် လမ်းပေါ်က ဓါတ်ဆီဆိုင်ကိုလဲ မီးရှို့ဖို့ ကြိုးစားနေတယ်" လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာကို သတင်းပေးပို့ ထားပါသည်။

ဆီးဂိမ်းအကြို ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲစတင် ဆင်နွဲ

Photo: ဆီးဂိမ်းအကြို ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲစတင် ဆင်နွဲ
Sunday, September 29, 2013

ဆီးဂိမ်းစ် ပြိုင်ပွဲအကြို Pre Sea Games Futsal Championship
(Men & Women) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို 
ယနေ့ နံနက် ၈ နာရီတွင်နေပြည်တော်ရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပသည်။ 
အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် မြန်မာ(က)၊ မြန်မာ(ခ)၊ ထိုင်းနှင့် မလေးရှား စုစုပေါင်း(၄)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး 
အမျိုးသမီးဖူဆယ် ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား စုစုပေါင်း(၄)သင်းပါဝင်ယှဥပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ပြိုင်ပွဲကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ရက်နေ့ ထိကျင်းပမည်ဖြစ်သည်။ 

ဓါတ်ပုံ-Myanmar National League
Popular Myanmar News Journal
ဓါတ်ပုံ-Myanmar National League
RangonNewsDaily:: September 29, 2013

ဆီးဂိမ်းစ် ပြိုင်ပွဲအကြို Pre Sea Games Futsal Championship (Men & Women) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက် ၈ နာရီတွင်နေပြည်တော်ရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပသည်။

Ford မော်တော်ယာဉ် အရောင်းပြခန်း အောက်တိုဘာ ၄ ရက်နေ့ ဖွင့်မည်

Photo: Ford မော်တော်ယာဉ် အရောင်းပြခန်း အောက်တိုဘာ ၄ ရက်နေ့ ဖွင့်မည်
Sunday, September 29, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် Ford မော်တော်ယာဉ် အရောင်းပြခန်းကို အောက်တိုဘာ ၄ ရက်နေ့တွင် တရားဝင် စဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ Ford Motor Company ကုမ္ပဏီထံမှ သိရှိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန် လမ်းပေါ်တွင် ဖွင့်လှစ်ထားသော အဆိုပါ Ford မော်တော်ယာဉ် အရောင်းပြခန်းတွင် မော်တော်ယာဉ် ရောင်းချခြင်း သာမက စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့်
မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Ford ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသော ပြည်တွင်းရှိ Capital Automotive ကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်မည့် အဆိုပါ အရောင်းပြခန်းတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချနေသော Ford ကုမ္ပဏီထုတ် မော်တော်ယာဉ် အမျိုးအစားများကို ရောင်းချပေးသွားမည် ဖြစ်ပြီး ပြည်တွင်းရှိ Ford မော်တော်ယာဉ်များကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ဆောင် ရွက်နိုင်ရန် ထိုင်းနိုင်ငံရှိ RMA Academy တွင် မြန်မာဝန်ထမ်း ၁၀ ဦးကို သြဂုတ်လ အတွင်းက တစ်လခန့် လေ့ကျင့်သင်တန်း ပေးခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် Suzuki၊ Nissan၊ Tata အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများက တရားဝင် အရောင်းပြခန်းများ ဖွင့်လှစ်၍ မော်တော်ယာဉ် ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု များပေးနေပြီး Mazda၊ Macedes၊ BMW အစရှိသော နာမည်ကျော် မော်တော်ယာဉ် အရောင်းပြခန်းများလည်း မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 29, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် Ford မော်တော်ယာဉ် အရောင်းပြခန်းကို အောက်တိုဘာ ၄ ရက်နေ့တွင် တရားဝင် စဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ Ford Motor Company ကုမ္ပဏီထံမှ သိရှိရသည်။

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Photo: Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း
Sunday, September 29, 2013

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။ 

AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။ 

Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။ 

AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။ 

Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။ 

AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ 

Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။ 

AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။

"အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..."

Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။ 

AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။ 

Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။ 

AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။ 

Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။ 

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။ 

Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။ 

AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။ 

Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။ 

AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။ 

Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။ 

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။ 

Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။ 

AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။ 

Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။ 

AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။ 

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ 

AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။ 

Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။ 

AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။ 

Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။ 

AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့ လည်း ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: September 29, 2013

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး

Photo: အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး
Sunday, September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲလာခြင်းကြောင့် ယခုကဲ့သို့သော တိုက်ရိုက် ဖုန်းခေါ်စကားပြောမှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ် မရှိသည်မှာ ၁၉၇၉ ခုနစ် အီရန်တော်လှန်ရေးအပြီး ကတည်းက ဖြစ်သည်။

အမေရိကန် သမ္မတအိုဘားမားက အီရန်နှင့် တိုက်ရိုက်ထိတွေ့ဆက်သွယ် လိုကြောင်း အစဉ်တစိုက် ပြောကြားခဲ့ပြီး အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းနိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းများ အပြင် စစ်ရေးအရအရေး ယူတိုက်ခိုက်ရေး နည်းလမ်းများကိုလည်း ပစ်ပယ်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း အသိပေးထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ပြီး အီရန်နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့ ဦးတည် ထွက်ခွာလာချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ ကြောင်း သမ္မတရိုဟာနီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူစာချုပ် ချုပ်ဆိုင် နိုင်ရေး လျင်မြန်စွာအကောင်အထည် ဖော်ရန် သမ္မတရိုဟာနီက ၎င်းင်း၏အဖွဲ့ ကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ရှေ့ဆက်တိုးနိုင်ရေးမှာ အခက်အခဲတွေ ရှိနေမှာ သေချာနေပါတယ်။ အောင်မြင်မှု ရရှိဖို့အတွက် အာမခံချက် မရှိပေမယ့်လည်း သဘောတူညီချက်တွေ ရရှိနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

အမေရိကန်နှင့် အီရန် ခေါင်းဆောင်နှစ်ဦး လူချင်းတွေ့ရန် သမ္မတအိုဘားမားက မျှော်လင့်ခဲ့သော်လည်း တိုက်ရိုက် တွေ့ဆုံခြင်းဖြင့် အီရန်နိုင်ငံတွင်းရှိ သဘောထား တင်းမာသူများ၏ ဖိအားပေးမှုများ ရင်ဆိုင်နိုင်ခြင်းကြောင့် လူချင်းတိုက်ရိုက် မတွေ့ရန် အီရန်အစိုးရ အရာရှိများက ဆုံးဖြတ်ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးလုံးက နျူကလီးယားအရေး တင်းမာမှုများကို လျင်မြန်စွာ ဖြေရှင်း လိုနေကြကြောင်း သမ္မတရိုဟာနီက တယ်လီဖုန်း ပြောကြားပြီးနောက် ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့သော သမိုင်းဝင်တိုက်ရိုက် ဆက်သွယ်ပြောကြားမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အီရန်နှင့် အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုများ လျော့ပါးလာပြီး ကမ္ဘာ့ရေနံ ဈေးနှုန်းများ သောကြာ နေ့မှစ၍ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့သော သမိုင်းဝင် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုကို အီရန်ရှိ သဘောထား တင်းမာသူများ၏ Rajanews ကဲ့သို့သော ဝက်ဘ်ဆိုက်များက ထူးဆန်းပြီး အသုံးမဝင်သည့် လုပ်ရပ်များ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ထို့အပြင် အီရန်သမ္မတ ရိုဟာနီမှာ အာဏာအနည်းငယ်သာရှိသည့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ပြီး အီရန် ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများကို ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သော်လည်း နျူကလီးယားအရေး စေ့စပ်ဆွေးနွေးရာတွင်မှု သမ္မတရိုဟာနီကို အာဏာ အပြည့်အဝ ပေးထားကြောင်း အီရန်ခေါင်း ဆောင်ခါမေနီက ပြောကြားထားသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်းကြောင့် နိုင်ငံတွင်း စီးပွားရေး ကျပ်တည်းမှုများ ဖြစ်ပေါ်ပြီး ပြည်သူများကြား မကျေနပ်ချက်များ တိုးပွားလျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အီရန်သမ္မတ ရိုဟာနီက နှစ်လိုဖွယ်ကောင်းသော သံတမန်ရေးရာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အနောက်နိုင်ငံများနှင့် ပုံမုန်ဆက်ဆံရေး ထူထောင်လိုကြောင်း၊ နျူကလီးယား လက်နက်များကို အလိုမရှိကြောင်း ရှင်းလင်းပြောကြားပြီး အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးပါဟု တိုက်တွန်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

HUNGER GAMES ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်

Photo: HUNGER GAMES ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်
Sunday, September 29, 2013

Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ် Universalက ဂျွန်စတိန်း ဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့

ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။ ယခုအခါ Universalက ဂျွန်စတိန်းဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့သည်။ အသက်(၂၃)နှစ်ရှိ အော်စကာဆုရှင် မင်းသမီးကလည်း ဆရာဟောင်းနှင့် ပြန်လည်ပေါင်းစည်းရန် လိုလိုလားလား လက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂျနီဖာသည် အဆိုပါ ဇာတ်ကားတွင် သီယိုဂျိမ်းစ်နှင့် တွဲဖက်သရုပ်ဆောင်ရဖွယ် ရှိနေသည်။ East of Edenသည် (၁၉၅၅)ခုနှစ်က ဒါရိုက်တာ အီလီရာကာဇန် တာဝန်ယူပြီး ရုပ်ရှင်အဖြစ် တစ်ကြိမ်ရိုက်ကူးခဲ့ဖူးသည်။ ထိုစဉ်က နာမည်ကျော်မင်းသား ဂျိမ်းစ်ဒင်းက ဦးဆောင် ပါဝင်ခဲ့သည်။ လတ်တလောတွင် ဂျနီဖာသည် Hunger Games ဇာတ်ကား၏ နောက်ဆက်တွဲ Catching Fireအတွက် အလုပ်များနေဆဲ ဖြစ်သည်။ ဂယ်ရီသည် Burial Rites ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားပြီး ယင်းအတွက်လည်း ဂျနီဖာကို ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: September 29, 2013
ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။

မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား

Photo: မိမိအသင်းသည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း မန်စီးတီးမန်နေဂျာ ပြောကြား
Sunday, September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အဆိုပါပွဲတွင် မန်ချက်စတာစီးတီးသည် အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့သော်လည်း ဘာကူနာ၊ အယ်လ်အာမဒီနှင့် ၀ီမန်တို့၏ သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော်လည်း မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်းနှင့် အဲဗာတန်နှင့် ပွဲမှစတင်ကာ နိုင်ပွဲများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာက ဖွင့်ဟခဲ့သည်။

“အခုအချိန်မှာ ချန်ပီယံဆုဖလားထက် ပွဲစဉ်တိုင်း နိုင်ပွဲတွေ ရရှိနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။ အသင်းရဲ့ခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ရှိမှာ အသေအချာပါပဲ” ဟု ပယ်လီဂရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက“ကျွန်တော်တို့ဟာ အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဟာ ရရှိတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ နှစ်ကြိမ်တိတိ ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်တိတိ စိတ်ပျက်ခဲ့ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: September 29, 2013

အက်စ်တွန်ဗီလာကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်းနှင့် မိမိ၏ အသင်းသည် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

ကမ္ဘာ့ အလေးချိန်အများဆုံးမပြနိုင်ခဲ့တဲ့ ချန်ပီယံ

Photo: ကမ္ဘာ့ အလေးချိန်အများဆုံးမပြနိုင်ခဲ့တဲ့ ချန်ပီယံ
 Sunday, September 29, 2013

သူ့ နာမည်ကတော့ Paul Anderson ဖြစ်ပြီး 
အမေရိကန်နိုင်ငံ Georgiaပြည်နယ် Toccoaမြို့  မှာ 1957ခုနှစ်က
2,840ကီလိုဂရမ် (6270 ပေါင်)ရှိတဲ့လေးကိုမပြနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့်ကမ္ဘာ့ အလေးချိန်အများဆုံးမနိုင်တဲ့သူအဖြစ်
အမြဲတမ်းစံချိန်တင်ခံထားရ သူဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

RangonNewsDaily:: September 29, 2013

သူ့ နာမည်ကတော့ Paul Anderson ဖြစ်ပြီး အမေရိကန်နိုင်ငံ Georgiaပြည်နယ် Toccoaမြို့  မှာ 1957ခုနှစ်က
2,840ကီလိုဂရမ် (6270 ပေါင်)ရှိတဲ့လေးကိုမပြနိုင်ခဲ့ပါတယ်။

Breaking News Thandwe

Breaking News Thandwe

kolatt(PBDN): September. 29. 2013

Zay Wa Masjid in Thandwe is fire now in Myanmar . 

According to the reliable news from Thandwe , Rakhine Buddhist terrorist set fire that masjid . 

Report: Wite Jack Marson ::--

RangonNewsDaily:: September 29, 2013

Zay Wa Masjid in Thandwe is fire now in Myanmar .

သံတွဲသတင်း (ည ၈း၄၅)

RangonNewsDaily:: September 29, 2013

ခုသံတွဲ အာမီဆပ်ဆီကဖုန်းလာပါတယ် အာမီဆပ်ကြီး အိမ်နဲ့ ဘေးအိမ် မီးထဲပါသွားပါပြီ ။ ဦးကျော်ဇံလှ အိမ်နဲ့ တလမ်းကျော် မှာရှိတဲ့ သံတွဲအကြီးဆုံးဗလီဖြစ်တဲ့ သံတွဲဂျာမေဗလီ ကြီး ကိုရန်ပြုမယ်ဆိုတဲ့သတင်းကြောင့် မိုစမာန် ညီနောင်တွေအားလုံး သံတွဲဂျာမေဗလီကြီးထဲမှာ စုထားပါတယ် အဲ့ဒါ စစ်တပ်က အပြင်ကနေ ၀ိုင်းပြီးပိတ်ထားလိုက်ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတဲ့ သံတွဲမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု

RangonNewsDaily:: September 29, 2013

သံတွဲမြို့ အမှတ် ၃ ရပ်ကွက် ဂန္ဓမာလမ်း နှင့် တာဝတီံသာလမ်း နေ ဦးလှမြင့် ရဲ့ အိမ်ကို မီးရှိုးလိုက်တာ ၂ နာရီလောက်ရှိသွားပါပြီ။သံတွဲမြို့မှ ဂုဏ်သရေရှိ မြို့မိမြို့ဖ ဝင်တစ်ဦးဖြစ်တဲ့ ဆရာဦးခင်မောင် နေအိမ်ကိုလည်း ခဲနှင့်ပစ်လို့ မှန်တွေကွဲသွားပါတယ်။

သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအားမီးရှိုဖျက်ဆီး

RangonNewsDaily:: September 29, 2013

မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတယ်။

ဘ၀အတွက် တန်ဖိုးရှိတာလေးတွေ (၂)

RangonNewsDaily:: September 29, 2013

စကားပြောတတ်အောင် ၂ နှစ်အချိန်ယူ ကျွန်တော်သင်ခဲ့ပြီး
ဆိတ်ဆိတ်နေတတ်အောင် နှစ်၆ဝအသုံးပြုပြီး ကျွန်တော်သင်ယူခဲ့ရတယ် ----

Ernest Hemingway

မွန်တိုင်းရင်းသားတွေရဲ့ ပထမဆုံး စုံညီညီလာခံ မော်လမြိုင်မြို့မှာ စတင်ကျင်းပ

မွန်တိုင်းရင်းသားတွေရဲ့ ပထမဆုံး စုံညီညီလာခံ မော်လမြိုင်မြို့မှာ စတင်ကျင်းပ


kolatt(PBDN): September. 29. 2013

ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသား အဖွဲ့တွေအားလုံးရဲ့ ပထမဆုံးအကြိမ် စုံညီညီလာခံကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ ဒီနေ့ကစပြီး ကျင်းပနေပါတယ်။
::
ညီလာခံကို စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေပါဝင်မယ့် ဒုတိယအကြိမ် ပင်လုံလိုညီလာခံ ကျင်းပဖြစ်တဲ့အခါ မွန်တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံးရဲ့ တူညီတဲ့ဘုံနိုင်ငံရေး သဘောထားတစ်ရပ် တင်ပြနိုင်အောင် ဒီညီလာခံ ကျင်းပတာဖြစ်တဲ့အကြောင်း မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက RFA ကို ပြောပါတယ်။

“လာမယ့် ၂ဝ၁၄ မှာ နိုင်ငံတော်ကနေ ပင်လုံလို ညီလာခံတစ်ခုလုပ်ဖို့ စီစဉ်ထားတာရှိတယ်လေ၊ အဲဒါမတိုင်ခင်မှာ မွန်တွေ တစ်သံတည်းထွက်နိုင်ဖို့အတွက် ခုလောလောဆယ် မွန်အမျိုးသားညီလာခံပေါ့နော်၊ အဓိကပြင်ဆင်ချက်ကတော့ နိုင်ငံတော်ကကျင်းပမယ့် တစ်နိုင်ငံလုံးညီလာခံမှာ မွန်တွေကိုယ်စားပြုပြီး ဘာပြောမလဲအဲဒါကို ရရှိနိုင်ဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်၊ ကျန်တာတော့ အခုလုပ်နေတဲ့ ထာဝစဉ်ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ဖို့အတွက် နောက်မွန်တွေ သွေးစည်းညီညွှတ်ဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်ပါတယ်”
::
အခုကျင်းပနေတဲ့ မွန်အမျိုးသားညီလာခံကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖွဲ့လည်း တက်ရောက်နေပါတယ်။
::
ဒီညီလာခံမှာ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ပြည်သစ်ပါတီတို့က ဦးဆောင်ပြီး နိုင်ငံတကာက မွန်ကိုယ်စားလှယ်တွေအပြင် ထိုင်း-မြန်မာနယ်စပ်က မွန်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ မွန်ရဟန်းသံဃာတော်တွေ ပါဝင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။


RFA

RangonNewsDaily:: September 29, 2013

ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသား အဖွဲ့တွေအားလုံးရဲ့ ပထမဆုံးအကြိမ် စုံညီညီလာခံကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ ဒီနေ့ကစပြီး ကျင်းပနေပါတယ်။

နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား

Photo: နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား
Saturday, September 28, 2013

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။

“အခုရဲနဲ့ဖြစ်တယ်၊ ရဲတွေအိမ်ပေါ်တက်တယ်၊ ညအချိန်မတော်မှာလာတယ်၊ အဲအတိုင်းပဲ ဟုတ်ပြီ ရဲကိုလည်းစစ်မယ်၊ အဲဒီစစ်တဲ့ဟာအားလုံးက ဥပဒေဝန်ထမ်းဆီရောက်သွားမယ်၊ ဒါတွေဟာ အကုန်လုံးသိမယ်၊ ရဲအပြစ်ရှိမယ်၊ ရွာသားအပြစ်ရှိမယ်၊ ဘက်လိုက်လို့မရဘူး”

ဝဲကြီးရွာက ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့
ဝဲကြီးရွာသား ကိုဇော်လတ်က ရွာသားတွေဖက်ကလည်း ပြန်လည်တရားစွဲသွားမယ်လို့ ပြောပါတယ်။

"ကျနော်အပါအဝင် လူ ၁ဝ ဦးက နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အမှုကိုပြန်ဖွင့်သွားမယ်၊ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီးတော့ စွပ်စွဲထားတာရှိပါတယ်၊ အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကတော့ ကျနော်တို့ဘက်က အပြစ်ကျူးလွန်ရင် ကျနော်တို့ဘက်က ရဲရဲခံသွားမှာပါ၊ သက်ဆိုင်ရာဘက်ကပဲဖြစ်ဖြစ် ကျေးရွာထဲက လှုံ့ဆော်ပြီးလုပ်တဲ့လူပဲဖြစ်ဖြစ် သူတို့ဘက်က အပြစ်ကျူးလွန်ရင်လည်း တရားဥပဒေကို ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

အစိုးရ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေ ဆောက်လုပ်ဖို့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနားက လယ်ယာမြေဧက ၅ဝဝကျော်ကို ပြီးခဲ့တဲ့ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်လောက်က ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ဝဲကြီးရွာသား ၆ ယောက်ကို ဇေယျာသီရိမြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝဲကြီးရွာမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် ပဋိပက္ခဖြစ်ခဲ့တာပါ။

ကိုဇော်လတ်နဲ့ ရွာသား ၁ဝ ယောက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက တိမ်းရှောင်နေခဲ့ပြီး ဒီနေ့ ကျည်တောင်ကန်ရဲစခန်းမှာ အဖမ်းခံခဲ့တာပါ။

RFA

RangonNewsDaily:: September 29, 2013

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မိသားစုဆိုတာ

RangonNewsDaily:: September 29, 2013

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်
::
- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ဗန်းမော်တွင် ဖုန်းလိုင်းများ ပြန်ရသော်လည်း အင်တာနက်သုံး၍ ရမည်မဟုတ်

RangonNewsDaily:: September 29, 2013

မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှု နှစ်ရက်ကြာ ပြတ်တောက်ခဲ့သော ကချင်ပြည်နယ် ဗန်းမော်မြို့၌ စက်တင်ဘာ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မိုဘိုင်းလ် ဖုန်းလိုင်းများ အားလုံး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အင်တာနက်ကို အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာရုံးမှ ဦးစီးအရာရှိ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်နေ

Photo: ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်နေ
Sunday, September 29, 2013

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အသေးစိတ် အချက်အလက်များ အကြောင်းကို ရန်ကုန်မြို့၊ သထုံလမ်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)ရှိ တက္ကသိုလ်များကောင်စီ အစည်းအဝေး ခန်းမတွင် စက်တင်ဘာ ၂၆ ရက်က ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၊ ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်များ ပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သင်ကြားခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြု အမှတ်စာရင်း၊ လက်ခံသင်ကြားပေးမည့် ကျောင်းသားကျောင်းသူ အရေအတွက် စသည်တို့အား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ရလဒ်များအား မကြာမီ ကာလအတွင်း သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ သက်ဆိုင်ရာ ကျောင်းတွေအလိုက် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် လက်ခံခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြု အမှတ်စာရင်းနဲ့ ကျား/မ အလိုက် လိုအပ်သည့် အရေအတွက်တွေကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အစည်းအဝေးပွဲမှာ အသေးစိတ် ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ ရလဒ်တွေကို မကြာမီ ရက်ပိုင်းမှာတော့ သိနိုင်မှာပါ" ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပြခဲ့သည်။

၂၀၁၃-၂၀၁၄ ခုနှစ်၊ ပညာသင်နှစ်အ တွက် ၀င်ခွင့်ရ အမှတ်စာရင်းများအား စိစစ်နေဆဲဖြစ်ပြီး ယခင်နှစ်က ရန်ကုန်နည်းပညာ တက္ကသိုလ်၏ အနိမ့်ဆုံး ၀င်ခွင့်ရမှတ်မှာ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်များ အားလုံး၏ အမြင့်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။

ယခု ပညာသင်နှစ်၌ ပညာရေး ၀န်ကြီးဌာန အနေဖြင့် ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်အလိုက် ၀ိဇ္ဇာချွန်၊ သိပ္ပံချွန် ကျောင်းသားများအတွက် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များ ရှိနေသည့်အတွက် ယခုပညာသင်နှစ်အတွက် အမြင့်ဆုံး နေရာတွင် ရှိလာမည့် တက္ကသိုလ်အား ပညာရေး အသိုင်းအ၀ိုင်းမှ စိတ်ဝင်စားလျက် ရှိကြသည်။

၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက် အမှတ်မြင့် ရရှိခဲ့သည့် ကျောင်းသားအများစု တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်များ အပါအ၀င် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဦးစားပေး လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Eleven Media Group

RangonNewsDaily:: September 29, 2013
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

မိတ္ထီလာမြို့ ကလေးကစားကွင်းရှိ ဂိမ်းစက်များတွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်

RangonNewsDaily:: September 29, 2013

မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော ကလေးကစားကွင်းရှိ ဂိမ်းကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစားရာမှ ကျပ်သိန်းကျော် အနိုင်အရှုံးရှိကြောင်း ၀င်ရောက်ဆော့ကစားလေ့ ရှိသူများထံမှ သိရသည်။

ငပိရည်တွင် ဓာတ်မြေသြဇာ ရောနှောခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးမှ တုံ ပြန်မှုမရှိဟုဆို

Photo: ငပိရည်တွင် ဓာတ်မြေသြဇာ ရောနှောခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးမှ တုံ ပြန်မှုမရှိဟုဆို
Sunday, September 29, 2013

ငပိရည်တွင် ဓာတ်မြေသြဇာရော နှောခြင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီးမှ ငပိလုပ်ငန်းရှင်များ အနေဖြင့် တုံပြန်မှုမရှိကြောင်း စားသုံး သူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဗအုပ် ခိုင်၏ ပြောကြားချက်အရသိရသည်။
“ ဖြတ်လမ်းကမလိုက်ပဲနဲ့၊ သမရိုး ကျဓာတ်မြေသြဇာမထည့်လည်း ရောင်းရတယ်။ အချိန်တော့စောင့်ရတာ ပေါ့။ အခုတော့ တစ်ပတ်နှစ်ပတ် လောက်နဲ့ ချက်ချင်းဈေးကွက်ကိုရောက် ချင်တာဖြစ်နေတယ်။ သတင်းတွေထွက် လာတဲ့ နောက်ပိုင်းမှာ ဧရာဝတီတိုင်း မှာတော့ အခုအချိန်ထိတော့ ဧရာဝတီ တိုင်းဘက်မှ ဘာမှမတုံပြန်ဘူး။ ရန် ကုန်တိုင်းက လုပ်ငန်းရှင်တွေကတော့ သူတို့ မသိပ်ပါဘူးပေါ့နော်။ သူတို့ဆီကို လာရောက်စစ်ဆေးကြည့်ပါပေါ့။ 

သူတို့ ဆီကို တစ်ခါသွားပြီးတော့ လေ့လာတာ တွေဘာတွေ သွားလုပ်မယ်။ သူတို့ကို လည်း လုပ်တယ်လို့ မစွပ်စွဲပါဘူး” ဟု ဆိုသည်။
အန္တရာယ်ရှိသည့် အစားအစာများ ကို ရောင်းချနေမည်ဆိုပါက ကင်ဆာ ရောဂါနှင့် နာတာရှည်ရောဂါများဖြစ်ပွား နိုင်ပြီး ပြည်သူလူထု အားလုံးသည် ဆက်နွယ်မှုများနှင့် ကိုယ်တိုင်စားသုံး သူများဖြစ်ကြောင်း ဗအုပ်ခိုင်၏ ထပ်မံ ပြောကြားချက်အရသိရသည်။

“ ငပိရည်ကျိုကိုပဲဖြစ်ဖြစ်၊ စိုက်ပျိုး ထုတ်လုပ်သူပဲဖြစ်ဖြစ် စားသောက်ကုန် ထုတ်လုပ်သူတွေပဲဖြစ်ဖြစ်၊ အကုန်လုံး ကစားသုံးသူပဲ စားသုံးသူဆိုတာ ဆန် ရောင်းသူပဲ ဆီဝယ်စားမယ်၊ ဆီရောင်း တဲ့သူကလည်း ဆန်ဝယ်စားရမယ်။ ငပိ ရည် ကျိုရောင်းတဲ့သူကလည်း ဟင်း သီးဟင်းရွက်ဝယ်စားရမယ်။ တစ် ယောက်ရောင်းတာကိုတစ်ယောက်က ၀ယ်ရမယ်။ အကုန်လုံးက အန္တရာယ်ရှိ တာတွေကို ဒီလိုရောင်းနေမယ်ဆိုရင် တော့ အကုန်လုံးသူဟာကိုစား ကိုယ် ဟာသူစားနဲ့ ကင်ဆာလိုရောဂါတွေ၊ နာ တာရှည်ရောဂါတွေဖြစ်ပြီး သေပွဲဝင်ဖို့ ပဲရှိတယ်။ သူတို့ကို အလိုက်သင့် ပညာ ပေးရအောင်လည်း ဘယ်သူတွေလုပ် ပြီး၊ ဘယ်တုန်းကတို့ ပြြောန နဲ့စွပ်စွဲ လိုလည်း မရဘူး” ဟု ၎င်းင်းကပြောကြား သည်။

ယင်းကဲ့သို့ ငပိရည်ကျိုရောင်းချရာ တွင် စာနာစိတ်ဖြင့် ရောင်းချရန်လိုအပ် ပြီး ကိုယ်ရောင်းသည့် ပစ္စည်းအားကိုယ် တိုင်စားရဲရမည်ဟု ၎င်းင်းကဆက်လက် ပြောကြားရာတွင်-
“ငပိရည်ကျိုတွေကို သံဃာတော် တွေလည်း စားတယ်။ လူကြီးသူမတွေ လည်းစားတယ်။ အဲဒီတော့ ကိုယ်ချင်း စာနာစိတ်နဲ့ရောင်းချဖို့ပေါ့။ နောက် ကိုယ်ရောင်းတဲ့ ပစ္စည်းကို ကိုယ်တိုင် စားရဲရမယ်။ အခုဆရာတို့ကြားတာက အဲဒီဘက်မှာဝမ်းစာအတွက်က သပ် သပ်သိပ်တယ်။ ရောင်းဖို့က သပ်သပ် သိပ်တယ်။ အဲဒါကတော့ မဖြစ်သင့်ဘူး။ သူတို့အတွက်လည်း ဒါအကုသိုလ် တော်တော်ကြီးတယ်။ ဧရာဝတီတိုင်းမှာ လူပေါင်းများစွာနေကြတယ်။ နာဂစ်တွေ ဘာတွေဆိုရင်လည်း ဧရာဝတီတိုင်းမှာ ၀င်ပြီး လူပေါင်းများစွာသေခဲ့ရတယ်။ အဲဒီလို အကုသိုလ်မျိုးတွေနောက်ထပ် မဖြစ်အောင် ဘာသာတရားနဲ့ ယှဉ်ပြီး ပညာပေးသင့်တယ်” ဟု ၎င်းင်းကပြော သည်။
	
ကျော်ဝဏ္ဏ
ပို့ဆောင်ရေးသတင်းဂျာနယ်

RangonNewsDaily:: September 29, 2013
ငပိရည်တွင် ဓာတ်မြေသြဇာရော နှောခြင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီးမှ ငပိလုပ်ငန်းရှင်များ အနေဖြင့် တုံပြန်မှုမရှိကြောင်း စားသုံး သူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဗအုပ် ခိုင်၏ ပြောကြားချက်အရသိရသည်။

ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်း

Photo: ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်း 
Sunday, September 29, 2013

ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်းအနု ပညာ လောကတွင် သရုပ်ဆောင် တစ်ယောက်အဖြစ် အချိန်တိုတို အတွင်း  အသိအမှတ်ပြုခံ ရသော သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက " ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့" ဟု Venus News Weekly သို့ပြောသည်။ " သဉ္ဇာဘဝမှာ အချစ်ကို လူတွေ အမျိုးမျိုး အဓိပ္ပာယ် အမျိုးမျိုးဖွင့်ကြပေမယ့် သဉ္ဇာ အတွက်တော့ ၁၅၀ဝ အချစ်မရှိလည်း ရတယ်၊ မိသားစုဆိုတဲ့ ၅၂၈ မေတ္တာရှိရင် အဆင် ပြေပြည့်စုံ ပါတယ်"ဟု ၎င်းက ပြောသည်။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဖက်ရှင်ပိုင်းတွင် လတ်တလော စကပ်အတို၊ ဘောင်းဘီ အတိုတွေသာ ဝတ်ဆင်ဖြစ်နေကြောင်း၊ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်ရာတွင် ကြိုးစားမှု၊ အချိန်တွေကိုဂရုတစိုက် အရေးပေး ဆောင်ရွက်ဖြစ်ကြောင်း၊ အချစ်ရေးတွင် အေးအေးဆေးဆေး အခြေအနေသာ ရှိသေးကြောင်း သဉ္ဇာနွယ်ဝင်းက ထပ်မံ ပြောပြသည်။ ယခု လက်တလောတွင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဒါရိုက်တာ ညီညီထွန်းလွင်ရိုက် သော " မထူးရှော့" ဟာသဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ကျော်ဗို၊ လင်းလက် ဟိန်းတို့နှင့် တွဲဖက်၍ကာ တောသူမ တစ်ယောက် အဖြစ် သရုပ်ဆောင်လျက် ရှိသည်။

စုသက်နှင်း
Venus News Journal 
The Melting Pot 4 U

RangonNewsDaily:: September 29, 2013
ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်းအနု ပညာ လောကတွင် သရုပ်ဆောင် တစ်ယောက်အဖြစ် အချိန်တိုတို အတွင်း အသိအမှတ်ပြုခံ ရသော သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက " ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့" ဟု Venus News Weekly သို့ပြောသည်။

နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး

RangonNewsDaily:: September 29, 2013
နိုင်ငံတော် သမ္မတက အထူးတာဝန်ပေး Taskforce လက်ရုံးများအဖြစ် ဒုတိယ၀န်ကြီး ၂၃ ဦးအား တာဝန်ပေး

အပ်ကာ အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၆ ခုတွင် ဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခြင်းကို စက်တင်ဘာ ၂၇ ရက်က
 နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး စီးပွားရေးရာ ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း
 နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်တွင်းမှာ 4G စနစ်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည့် Telenor

Photo: ပြည်တွင်းမှာ 4G စနစ်အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည့် Telenor
Sunday, September 29, 2013

ပြည်တွင်းရဲ့ ဆက်သွယ်ရေးတင်ဒါ ရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Telenor အနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ
ဆောင်ရွက်တဲ့အခါ 3G ကွန်ယက်ကို အခြေခံကာ 4G ကွန်ယက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို ဆောင်ရွက်ဖို့အတွက် အသင့်တော်ဆုံး နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Telenor နဲ့အတူ ပူးပေါင်းလုပ်ဆောင်လိုတဲ့ Provider များအနေနဲ့ နိုင်ငံတကာ ဥပဒေကို လိုက်နာဖို့နဲ့ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း များစွာလိုအပ်တာဖြစ်ပါတယ်။ 
 
ဒါ့အပြင် ပြည်တွင်းမှ လုပ်သားတွေကို ခေါ်ယူပြီး ပြည်တွင်းရဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေဖို့အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

MRTV-4

RangonNewsDaily:: September 29, 2013

ပြည်တွင်းရဲ့ ဆက်သွယ်ရေးတင်ဒါ ရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Telenor အနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ 3G ကွန်ယက်ကို အခြေခံကာ 4G ကွန်ယက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လာမည့်အောက်တိုဘာလမှ စတင်ပြီး ကျပ်(၅၀၀)နှုန်းဖြင့် ပြောင်း လဲ ကောက်ခံသွားမည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခ

Photo: လာမည့်အောက်တိုဘာလမှ စတင်ပြီး ကျပ်(၅၀၀)နှုန်းဖြင့် ပြောင်း လဲ ကောက်ခံသွားမည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခ
Sunday, September 29, 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိတဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ များကို ငွေကျပ်(၅၀၀)နှုန်းနဲ့သာ ပြောင်း လဲကောက်ခံတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၈) ရက် နေ့က ပြု လုပ်ခဲ့တဲ့ လျှပ်စစ်ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။
 
အဲ့ဒီလို လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခများကို လျှော့ ချကောက်ခံမှုကိုတော့ လာမယ့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်း စောင့်ရှောက်ခကို သုံးစွဲမှုရှိရှိ၊ မရှိရှိ ငွေကျပ်(၁၀၀၀) နဲ့ ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ်။
 
ဒီလိုကောက်ခံရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက် ခအနေနဲ့ ကောက်ခံတာမဟုတ်ဘဲ မီတာငှားရမ်းသုံးစွဲခ အနေနဲ့သာ ကောက်ခံ နေတာဖြစ်ပါတယ်။ အခုလို ပြုလုပ်တာဟာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ ပြည် သူတွေအတွက် လျှပ်စစ်မီတာ သုံးစွဲမှုမှာ ပိုမိုအဆင်ပြေလာ ဖို့ဖြစ်ပြီး ပြည်သူတွေမှ လည်း လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ အတွက် အများစုမှာ ကျေနပ်မှုမရှိတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။
 
ဒီလိုကောက်ခံမှုနှုန်းထားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ထပ်မံလျှော့ချပေးဖို့ကို လည်း လုပ်ဆောင်ပေးသွားဖို့ကိုလည်း ရှိတယ်လို့ သိရပါတယ်။

MRTV-4

RangonNewsDaily:: September 29, 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိတဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ များကို ငွေကျပ်(၅၀၀)နှုန်းနဲ့သာ ပြောင်း လဲကောက်ခံတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၈) ရက် နေ့က ပြု လုပ်ခဲ့တဲ့ လျှပ်စစ်ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။

မွန်အမျိုးသားကွန်ဖရင့် ယနေ့ကျင်းပပြုလုပ်နေ

Photo

RangonNewsDaily:: September 29, 2013
မွန်အမျိုးသားကွန်ဖရင့်ကိုစက်တင်ဘာ၂၈ရက်နေ့မှ၃၀ရက်အထိမော်လမြိုင် ပြည်နယ်ခန်းမတွင်ကျင်းပလျက်
ရှိသည်။

SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာ တစ်လလုံး ပိတ်မည်

RangonNewsDaily:: September 29, 2013
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SEA Games ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်တွင် ပြိုင်ပွဲကျင်းပစဉ် ကာလအ

တွင်းအခြေခံကျောင်းများဒီဇင်ဘာတစ်လလုံးပိတ်မည် ဖြစ်သဖြင့်အစားထိုး ကျောင်းဖွင့်ရက်ကို သီတင်းကျွတ်
ကျောင်းပိတ်ရက်များတွင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနပညာရေးစီမံကိန်းနှင့် လေ့ကျင့်
ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

BEST JEWELS Gems & Jewellery ရတနာဆိုင်သစ်ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်

Photo

RangonNewsDaily:: September 29, 2013
BEST JEWELS Gems & Jewellery ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်၉နာရီခွဲတွင် ရန်ကုန် မြို့ အင်း
လျားလမ်း အမှတ် ၄၄A တွင် ကျင်းပသည်။

အိမ်၊ ခြံ၊ မြေ ဈေးများသတ်မှတ်အပြီး ဒေါပုံမြို့နယ်တွင် ဈေးနှုန်းများ ကျပ်သိန်းရာချီမြင့်တက်

RangonNewsDaily:: September 29, 2013

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေဈေးနှုန်းများကို သက်ဆိုင်ရာမှ သတ်မှတ်ပေးပြီးနောက် ဒေါပုံမြို့နယ် အတွင်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ကျပ်သိန်းရာချီ၍ ဈေးမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ အဆိုပါဒေါပုံမြို့နယ်အတွင်းရှိ မြေကွက်များကို ဆောက်လုပ်ရေး လုပ်ငန်းများက သဘောကျနှစ်ခြိုက် ကြသောကြောင့်အခန်းပေးအခန်း ယူစနစ်ဖြင့် လာရောက်၍ ဆောက်လုပ်ခြင်းများကြောင့် အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောကြားသည်။

လိုင်စင်ရ အသံတိတ် လူသတ်သမားများ

Photo: လိုင်စင်ရ အသံတိတ် လူသတ်သမားများ
Sunday, September 29, 2013

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။ 

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။ 

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။ 

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။ 
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။

(လဲ့ရည်မြင့်၊ သင်းရတနာဆု)
The Voice Weekly

RangonNewsDaily:: September 29, 2013

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ရင်သွေးငယ်၏ အနာဂတ်အရေး အုပ်ထိန်းသူများ ပြုစုစောင့်ရှောက်ပေး

Photo: ရင်သွေးငယ်၏ အနာဂတ်အရေး
Sunday, September 29, 2013

ယနေ့ ကလေးသူငယ် လူမမည်ကလေးများသည် နောင်အနာဂတ်အတွက် မျိုးဆက်သစ်များ ဖြစ်ကြပေသည်။ ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်မှ နောင်တခေတ် လူနေမှုစနစ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာပေ မည်။ ကလေးသူငယ်တို့၏ အထွေထွေ ဖွံ့ဖြိုးမှုသည် မိဘများ ငယ်စဉ်ကထက် ပိုမိုရန် လိုပေသည်။ သို့မဟုတ်ပါက လူသားမျိုးဆက်၌ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ချေ။

ကလေးသူငယ်တို့ဘဝ ဖွံ့ဖြိုးတိုးတက်ရန် မည့်သို့လုပ်မည်နည်း။ ဤမေးခွန်း၏ အဖြေကို ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များက အကြိမ်ကြိမ် သုတေသနပြုလုပ်ကာ ရှာဖွေခဲ့ကြသည်။ ၄င်း ရှာဖွေတွေ့ရှိချက်များမှ အရေးပါသော အချက်များကို စုစည်းတင်ပြလိုက်ပါသည်။

ယုယစွာ ပြောပြုမူပါ---
ကလေးသူငယ်များသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၌ပါ အလွန်နုနယ်ပေသည်။ ကလေးအရွယ်တွင် အတွေးမှား၊ အမြင်မှားများ သိမြင်သွားပါက နောင်တချိန် လူကြီးဖြစ်ချိန်အထိ ထိုအတွေးအမြင်များက “ကျွဲကူးရေပါ”သဖွယ် ယှဉ်တွဲပါသွားတတ်သည်။ ထို့ကြောင့် ကလေးသူငယ် များကိုသော်၎င်း၊ ကလေးသူငယ်များ ရှေ့တွင်သော်၎င်း၊ ကြမ်းတမ်းသော အပြုအမူ အပြောအဆိုကို ရှောင်ကြဉ်ရမည်။

ကလေးသူငယ်များသည် ယုယမှုကို အလိုရှိကြသည်။ သူတို့ကို ချစ်ခင်ကြသည်ကို လိုချင်သည်။ ချီးကျူးခံရမှုကို ရယူလိုသည်။ ကလေးတဦးဦး အလုပ်တခု သို့မဟုတ်-ကစားမှုတခု လုပ်နေသည်ကိုတွေ့တိုင်း “ဟာ ကလေးက သိပ်တော်တာပဲ၊ လိမ္မာလိုက်တာ၊ ဒါကြောင့် ချစ်ရတာ” စသည်ဖြင့် ပြောဆိုပေးပါ။

ကစားခြင်းသည် မလွဲမသွေ လိုအပ်--- 
ကလေးတိုင်း ကလေးတိုင်းသည် ကစားမှု ပြုရသည်ကို ပျော်ရွှင်နေတတ်သည်။ အကယ်၍ သင့်ကလေးသည် မကစားဘဲ မှိုင်တွေ ငေးမောနေပါက ချို့ယွင်းချက်တရပ် ရှိနေပြီဖြစ်သည်။ ထိုအခါ နီးစပ်ရာ ကလေးဆရာဝန်ထံ ပြသ၍  အကူအညီတောင်းခံသင့်သည်။ 
ကလေးကစားနေသည်ကို “မကစားနဲ့”ဟု မတားမြစ်သင့်ပေ။ ထို့ပြင်“ဟိုဟာ ကစား၊ ဒါကို မကစားနဲ့”စသည်ဖြင့် ထိန်းချုပ်ကန့်သတ်မှုများ မပြုလုပ်သင့်ချေ။ မသင့်လျော်သော ကစားနည်းကို ကစားနေပါက မကစားသင့်ကြောင်း ကလေးနားလည်နိုင်သည့် အသုံးအနှုန်းဖြင့် ရှင်းပြပေးပါ။ သို့မဟုတ်လျှင်လည်း ကလေး စိတ်ပြောင်းသွားအောင် ညင်သာစွာ ပြုပြင်ဖန်တီးပေးပါ။ ဤနေရာတွင် မိဘ၏ လိမ္မာပါးနပ်မှုသည် အရေးပါပါသည်။

ကလေးကို ဝေဖန်ပြစ်တင်မှု မပြုရ---
ကလေးသူငယ်များသည် စူးစမ်းလိုကြသည်။ အရာရာကို သိလို၊ တတ်လို နားလည်လိုကြသည်။ စူးစမ်း လေ့လာလိုသောစိတ်ကြောင့် သူတို့မလုပ်ဖူးသော-မကြုံဖူးသော အလုပ်တို့ကို လုပ်ကြည့်တတ်ကြ သည်။ ထိုအခါ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့်အတွက် အမှားများကို မှားမိတတ်ကြသည်။ ထိုအခါ ကလေးငယ်ကို ဝေဖန်ပြစ်တင်ခြင်း၊ မာန်မဲခြင်း၊ ဆူပူခြင်းတို့ကို အလွယ်နှင့် ပြုလုပ်မိတော့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကလေးတို့၏ စူးစမ်း သိမြင်လိုစိတ်၊ တီထွင် လုပ်ကိုင်လိုစိတ်များ ကျဆင်းသွားပြီး နောင်လူကြီးဖြစ်လာချိန်တွင် သူများနောက်လိုက်အဖြစ်သာ နိဋ္ဌိတံသွား တတ်ပေသည်။

ကလေးကို မရိုက်ရ---
ကလေးများ အမှားလုပ်မိလျှင်သော်၎င်း၊ မိမိစိတ် အခန့်မသင့်လျှင်သော်၎င်း၊ ကလေးများကို မိဘများက ရိုက်တတ်ကြသည်။ တချို့မှာ ရိုက်နေရင်းမှာပင် “ကြောက်ပြီလား၊ တိတ်စမ်း မငိုနဲ့၊ တိတ်ဆိုတိတ်” စသည်ဖြင့် မာန်မဲတတ်သည်။ ထိုကလေးသည် ထိုသို့ ပြုမူခြင်း ခံရပြီးသည်မှစ၍ အရာရာကို ကြောက်တတ်သော၊ မလိုအပ်သည်ကို အလွန်အမင်း စိုးရိမ်ပူပန်တတ်သော၊ မကောင်းမှု ကိစ္စများ အပါအဝင် အမှုကိစ္စများ
ပြုလုပ်ရာတွင် လျှို့ဝှက်စွာ ခိုးလုပ်တတ်သော အကျင့်များ စွဲသွားတတ်သည်။ ထိုအကျင့်များသည် လူကြီးဘဝ ရောက်သည်အထိ ဖျောက်ဖျက်၍ မရနိုင်လောက်အောင် စွဲမြဲသွားတတ်သည်။
ထို့ကြောင့် ကလေးငယ်ကို မရိုက်သင့်ပေ။

ကလေးကို မခြောက်လှန့်ရ---
တချို့က ရှိသေးသည် “သရဲကြီး လာနေပြီ” “ဒေဝေါကြီး လာနေပြီ” “ကုလားကြီး လာနေပြီ၊ ကုလားကြီးရေ သည်ကလေးကို လာဖမ်းသွားပါ” စသည်ဖြင့် အဓိပ္ပါယ်မဲ့ ခြောက်လှန့်တတ်သည်။ ဤသည်မှာလည်း လူကြီးများ ရှောင်သင့်သော အပြုအမူဖြစ်သည်။ သင် ထိုသို့ ပြုမူခြင်းဖြင့် သင့်ကလေးသည် အလွန်အမင်း ကြောက်တတ်ခြင်း၊ လူကြီး၏ စကားအပေါ် ယုံမှားသံသယရှိလာခြင်း၊ လူကြီးများသည် လိမ်ပြောတတ်သည်ဟု ထင်လာခြင်း၊ နောင်အခါ လူကြီးများကို အတုယူကာ လိမ်ပြောတတ်လာ 
ခြင်းများ ဖြစ်လာတတ်သည်။ သင့်ကလေး ထိုသို့ မဖြစ်စေချင်ပါက ကလေးကို မခြောက်လှန့်ပါနဲ့။ 

ကလေးများထံမှ အကူအညီတောင်းပါ---
ကလေးများကို သင့်လျော်သော အလုပ်ကို လုပ်ခိုင်းနိုင်ပါသည်။ သို့သော် အတင်းအကျပ် မခိုင်းပါနဲ့။ “အမှိုက်တွေက ရှုပ်နေတာပဲကွယ်၊ အမေလဲ မလှည်းနိုင်တော့ဘူး၊ သားလေး အမေ့ကို ကူညီတဲ့အနေနဲ့ တံမြက်စည်း လှည်းပေးနော်” စသည်ဖြင့် ညင်သာစွာပြောပါ။ ထိုသို့ ပြောသည့်တိုင် အလုပ် ကူမလုပ်သေးပါက ထိုအလုပ်၏ အရေးပါပုံကို ရှင်းပြပြီး နားလည်အောင် ပြောဆိုပါ။ ကူညီလုပ်ဆောင်မှုပြီးပါက “သားက သိပ်လိမ္မာတာပဲ၊ နောက်လဲ မေမေ့ကို ကူဦးနော်” စသည်ဖြင့် ချီးကျူးပါ။ ပွေ့ဖက် နမ်းရှုပ်ကာ ယုယခင်မင်မှုကို ပြသပါ။ ဤသို့ဖြင့် ကလေးများ အလုပ်တွင် စိတ်ပါဝင်စားအောင် ပြုလုပ်နိုင်ပါသည်။

ကလေးများအတွက် စံပြဖြစ်ပါစေ---
ကလေးသူငယ်များသည် အတုမြင်ခြင်း၊ အတတ်သင်တတ်ကြသည်။ သို့ဖြစ်၍ ကလေးများရှေ့တွင် ပြောဆိုပြုမူရာတွင် အထူးသတိပြုပါ။ ကလေးရှေ့တွင် ဆဲဆို၍ ကြမ်းတမ်းစွာ ပြောဆိုပါက ကလေးငယ်သည်လည်း ထိုသို့ပင် ကြမ်းတမ်းစွာ ပြုမူပြောဆိုပေလိမ့်မည်။ ထို့ကြောင့် ကလေးရှေ့တွင် လူကြီးကိုယ်တိုင်က စံပြ နမူနာဖြစ်အောင် ယဉ်ကျေးစွာ နေပေးပါ။ သို့မှသာ ကလေးများသည် ယဉ်ကျေးပျူငှာစွာ နေထိုင်တတ်လာပေမည်။

အတင်းအကျပ် ပညာသင်ပေးမှုကို မပြုပါနဲ့---
အခြားအရေးကြီးသော အချက်တချက်မှာ ကလေးသူငယ်များကို ပညာသင်ကြားရေးကိစ္စပင် ဖြစ်သည်။ တချို့သော မိဘများသည် သားသမီးတို့အပေါ် ထားရှိသော မေတ္တာဓာတ် ကြီးမားကာ ငယ်ရွယ်စဉ် အသက်တနှစ်၊ နှစ်နှစ်ခန့်ကပင် ပညာသင်ကြားပေးကြသည်။ မူကြိုပို့တတ်ကြသည်။ တဖန် အသက် ငါးနှစ်မပြည့်မီကပင် မူလတန်းပညာကို သင်ယူစေတတ်ကြပြန်သည်။ ကျောင်းတွင် သင်ရုံမျှမက ကျူရှင်အဖြစ် ထပ်မံသင်ကြားမှုကိုပင် ပံ့ပိုးပေးတတ်ကြသည်။ ထိုသို့ စာကို အပြင်းအထန် ဖိအားပေး သင်ကြားပေးခြင်းသည် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို ထိခိုက်စေသည်။ 

ထိုသို့ ပညာရေးတွင် အပြင်းအထန် လိုသည်ထက် ပို၍ ဖိအားပေး သင်ယူစေခြင်း ခံရသော ကလေးငယ်များသည် သာမန်ကလေးငယ်များထက် ပို၍ စာသင်ရသည်ကို စိတ်ပါဝင်စားမှု မရှိခြင်း၊ စာမတော်ဘဲရှိခြင်း၊ စသည်တို့ဖြစ်ရန် အလားအလာများစွာ ပိုလာပေသည်။ ထို့ကြောင့် ကလေးငယ်၏ အရွယ်နှင့် သင့်ရုံတန်ရုံမျှသာ ပညာသင်ကြားပေးရန် လိုပေသည်။

ကျန်းမာရေးကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါ---
ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကိုလည်း လူကြီးမိဘများအနေဖြင့် မျက်ခြည်မပြတ် လေ့လာနေသင့်သည်။ ငယ်ရွယ်စဉ် အသက်ခြောက်လ အထိတွင် မိခင်နို့ရည်ကိုသာ တိုက်ကျွေးရမည်။ ခေတ်ပေါ် အာဟာရဓာတ်များ ဖြည့်စွက်ထားသည်ဆိုသော မည်သည့် အကောင်းစား နို့မှုန့်၊ နို့ဘူးကမှ မိခင်နို့ရည်ကို မမီပါ။ အသက် ခြောက်လမှ ၁၈-လအတွင်းတွင်မူ မိခင်နို့နှင့်အတူ တွဲဖက်အစာများကို တနေ့ လေးကြိမ် ကျွေးပေးရမည်။
တွဲဖက်ကျွေးသော အစာများသည် သန့်ရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကြေလွယ်သော အစာဖြစ်ရန် လိုပေသည်။

ပိုလီယိုကာကွယ်ဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့နာ ကာကွယ်ဆေး စသော ကာကွယ်ဆေးများကိုလည်း နီးစပ်ရာဒေသန္တရ ကျန်းမာရေးဌာနများတွင် ထိုးနှံတိုက်ကျွေးကြရန်လည်း လိုပေသည်။
ထိုသို့ ပြုလုပ်ဂရုစိုက်နေပါလျက် ကလေး၏ ဖွံ့ဖြိုးမှုသည် နှေးကွေးနေပါက ကလေးငယ်တွင် တစုံတခုချို့ယွင်း နေပြီဖြစ်သည်။

အသက်အရွယ်အလိုက် ကလေးငယ်၏ ဖွံ့ဖြိုးကြီးထွားမှုမှာ 
ကလေးအသက် သုံးလတွင်---
- အလင်းရောင်နှင့် တောက်ပသော အရောင်များဘက်သို့ ခေါင်းလှည့်တတ်ရမည်။
- ကျယ်လောင်သော အသံလာရာသို့ ကြည့်တတ်ရမည်။
- လက်နှစ်ဖက်လုံး လက်သီးဆုပ်တတ်ရမည်။
- လက်ရောခြေပါ လှုပ်ရှား ရုန်းကန်တတ်ရမည်။
- ပြုံးပြတတ်ရမည်။
- ဝူးဝူးဝါးဝါး စသည်ဖြင့် မပီသသေးသော အော်သံကို ပြုတတ်ရမည်။

ကလေးအသက် တနှစ်တွင်---
- အမှီမပါဘဲ ထိုင်နိုင်ရမည်။
- လေးဘက် တွားသွားနိုင်ရမည်။
- အမှီကိုကိုင်ပြီး မတ်တတ်ရပ်နိုင်ရမည်။
- လက်မ လက်ညှိုးတို့ဖြင့် ညှပ်ပြီး ပစ္စည်းတခုခုကို ကောက်ယူနိုင်ရမည်။
- လွယ်ကူ ရှင်းလင်းသော ညွှန်ကြားချက်ကို လိုက်နာနိုင်ရမည်။
- ချစ်ခင် တွယ်တာတတ်ရမည်။
- စကား တလုံးစ နှစ်လုံး စ ပြောတတ်ရမည်။

ကလေးအသက် နှစ်နှစ်တွင်---
- စကား နှစ်လုံး သုံးလုံး ပြည့်စုံသော ဝါကျများ ပြောတတ်ရမည်။
- တွေ့နေကျ အရာဝတ္ထုများကို မှတ်မိရမည်။
- လမ်းလျှောက်ရင်း ပစ္စည်းတခုခုကို သယ်ယူနိုင်ရမည်။
- သူများပြောသော စကားကို လိုက်ပြောတတ်ရမည်။
- ကိုယ်တိုင် ကိုယ်တွယ် စားသောက်နိုင်ရမည်။
- ဆံပင်၊ နားရွက်၊ နှာခေါင်း စသည်တို့ကို ညွှန်ပြတတ်ရမည်။

ကလေးအသက် လေးနှစ်တွင်---
-ခြေတပေါင်ကျိုး ရပ်တတ်ရမည်။
- အခြားသူများနှင့် အတူ လွယ်ကူသော ကစားနည်းများကို ကစားတတ်ရမည်။
- မေးခွန်းများ မေးတတ်ရမည်။
- လွယ်ကူရှင်းလင်းသော မေးခွန်းများကိုလည်း ဖြေတတ်ရမည်။
- ခံစားမှုများကိုလည်း ဖော်ပြတတ်ရမည်။
- အကူအညီ မလိုဘဲ ကိုယ်တိုင် ခြေလက်ဆေးတတ်ရမည်။
- အခြေခံ အရောင် ခြောက်မျိုးကို ခွဲခြား ညွှန်ပြတတ်ရမည်။

ကလေးအသက် ငါးနှစ်အရွယ်တွင်---
- ရှင်းလင်းပြတ်သားစွာ စကားပြောနိုင်ရမည်။
- အကူအညီမလိုဘဲ ကိုယ်တိုင် ဝတ်စားဆင်ယင်နိုင်ရမည်။
- စက်ဝိုင်း၊ လေးထောင့်ပုံ၊ စတုဂံ၊ တြိဂံများကို ကူးဆွဲတတ်ရမည်။
- အရာဝတ္ထုများကို ၅-ခု၊ ၁၀-ခု၊ စသည်ဖြင့် ရေတွက်တတ်ရမည်။

သင့်ကလေးငယ်သည် သက်ဆိုင်သော အသက်အပိုင်းအခြား ရောက်သည့်တိုင် ဖော်ပြထားသည့် ဖွံ့ဖြိုးမှုများကို ပြသခြင်း မရှိလျှင် ကလေးငယ်ကို ပိုမိုဂရုစိုက်ရန် လိုပေသည်။ ချို့ယွင်းချက်ကို ပြင်ဆင်ပြီး စိတ်ရော ကိုယ်ပါ ဖွံ့ဖြိုးတိုးတက်ရန် အစဉ်ဂရုတစိုက်စောင့်ကြည့်သင့်ပေသည်။

ဖော်ပြပါ အချက်များကို အပြည့်အဝ လိုက်နာခြင်းဖြင့် သင့်ရင်သွေး၏ အနာဂတ်အရေးကို သင်ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးနိုင်ပါကြောင်း တင်ပြလိုက်ရပေသည်။

မြတ်ထွဋ်ညွန့် (ဆေး-၂)
Ref: (1) ဝြတွက်တာ သိမှတ်စရာ (UNICEF 1999-မေ)
(2) ကမ္ဘာ့ကလေးငယ်များ အခြေအနေ (UNICEF 1998)
(3) The state of world child (UNICEF 1992) 

မင်္ဂလာသတင်းစဉ်

RangonNewsDaily:: September 29, 2013
ယနေ့ ကလေးသူငယ် လူမမည်ကလေးများသည် နောင်အနာဂတ်အတွက် မျိုးဆက်သစ်များ ဖြစ်ကြပေသည်။ ကလေးသူငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်မှ နောင်တခေတ်လူနေမှုစနစ်သည်လည်းဖွံ့ဖြိုးတိုးတက်လာပေမည်။