Pages

Monday, September 30, 2013

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်

အော်ရီဒူးက မြန်မာအမျိုးသမီးများ တိုးတက်ရေးအတွက် ကူညီမည်
=====================
စက်တင်ဘာ ၃၀၊ ၂၀၁၃
M-Media

အော်ရီဒူးဖုန်း ကုမ္ပဏီနှင့် Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာ မိုဘိုင်းနည်းပညာ၏ အကျိုးကျေးဇူးများကို အောက်ခြေ လူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ စီးပွားရေးဆောင်ရွက်လိုစိတ်ကို 

ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။ ထိုအစီအစဉ်အား နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်နေကြ ဖြစ်သည့် Clinton Global Initiative (CGI)  အစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံလူဦးရေ၏ ၂၅-ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်တွင် အသက်ရှင်နေရပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်အတွက် စွဲဆောင်မှုများ 

အလျင်အမြန်လိုအပ်နေသည်။ အမျိုးသမီးများ၏ လူနေမှုဘ၀ကြွယ်ဝလာ စေရန်နှင့် လူသားရင်းမြစ် တိုးတက်လာစေရန် လှုံ့ဆော်ခြင်းများမှာ အော်ရီဒူးမှ လုပ်ဆောင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း၎င်းတို့အတွက် အလားအလာများ မည်ကဲ့သို့ရှိသည်ကို သိရှိနားလည်လာစေရန် အကူအပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟု အော်ရီဒူးက ခံယူခဲ့သည်။

အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ဘ၀များ၊ ၎င်းတို့အားမှီခိုနေသူများ၏ ဘ၀များမြင့်တက်စေရန် မိုဘိုင်းနည်းပညာများကို တန်းတူညီစွာ အသုံးပြုခွင့် ရှိသင့်သည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ 

မိုဘိုင်းနည်းပညာများကို အဆင့်မြှင်တင်ပေးကာ ဖြစ်ပေါ်လာမည့် ဈေးကွက်များ အတွင်း အမျိုးသမီးများအား ထည့်သွင်းခန့်ထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသောအကျိုးသက်ရောက်မှုတစ်ခုကို လုပ်ဆောင်နိုင်မည်ဟု အော်ရီဒူးကယုံကြည်နေသည်။ 

ကမ္ဘာပေါ်တွင်မိုဘိုင်းဖုန်းအသုံးပြုမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၀-ရာခိုင်နှုန်းအောက်သာ မိုဘိုင်းဖုန်းအသုံးပြုနိုင်ကြသည်။ 

မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ နိုင်ငံအတွင်း မိုဘိုင်းကွန်ရက် တည်ဆောက်ရန် လိုင်စင်ရရှိထားသည့် အောရီဒူး အတွက် အခွင့်အရေး ကောင်းဖြစ်နေပြီး မြန်မာနိုင်ငံ၏လူဦးရေ သန်း-၆၀ အတွက် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ဖြန့်ဝေပေးရမည်ဖြစ်သည်။ 
thepeninsulaqatar

RangonNewsDaily:: September 30, 2013 အော်ရီဒူးဖုန်းကုမ္ပဏီနှင့်Cherie Blair အမျိုးသမီးများဖောင်းဒေးရှင်းတို့ ပူပေါင်းကာမိုဘိုင်းနည်းပညာ၏အကျိုး
ကျေးဇူးများကို အောက်ခြေလူတန်းစားထံသို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံရှိအမျိုးသမီးများစီးပွားရေးဆောင်
ရွက်လိုစိတ်ကို ထောက်ခံအားပေးရန် အစီအစဉ်များကို ချဲ့တွင် လုပ်ကိုင်မည်ဟု သိရသည်။ ထိုအစီအစဉ်အား နယူးယောက်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်နေကြ ဖြစ်သည့် Clinton Global Initiative (CGI) အစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ ၂၅-ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်တွင် အသက်ရှင်နေ
ရပြီး
 နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်အတွက် စွဲဆောင်မှုများ

အလျင်အမြန်လိုအပ်နေသည်။ အမျိုးသမီးများ၏ လူနေမှုဘ၀ကြွယ်ဝလာ စေရန်နှင့် လူသားရင်းမြစ် တိုးတက်
လာစေရန် လှုံ့ဆော်ခြင်းများမှာ အော်ရီဒူးမှ လုပ်ဆောင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း၎င်းတို့အတွက် အလားအလာများ မည်ကဲ့သို့ရှိသည်ကို သိရှိနားလည်လာစေရန် အကူအပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟု အော်ရီဒူးက ခံယူခဲ့သည်။

အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ဘ၀များ၊ ၎င်းတို့အားမှီခိုနေသူများ၏ ဘ၀များမြင့်တက်စေရန် မိုဘိုင်းနည်း
ပညာများကိုတန်းတူညီစွာအသုံးပြုခွင့်ရှိသင့်သည်ဟုယုံကြည်ကြောင်းအဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

မိုဘိုင်းနည်းပညာများကို အဆင့်မြှင်တင်ပေးကာ ဖြစ်ပေါ်လာမည့် ဈေးကွက်များ အတွင်း အမျိုးသမီးများအား ထည့်သွင်းခန့်ထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသောအကျိုးသက်ရောက်မှုတစ်ခုကို လုပ်ဆောင်နိုင်
မည်ဟု အော်ရီဒူးကယုံကြည်နေသည်။

ကမ္ဘာပေါ်တွင်မိုဘိုင်းဖုန်းအသုံးပြုမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၀-ရာခိုင်နှုန်းအောက်သာ မိုဘိုင်းဖုန်းအသုံးပြုနိုင်ကြသည်။

မြန်မာနိုင်ငံ၏လက်ရှိအနေအထားမှာ နိုင်ငံအတွင်း မိုဘိုင်းကွန်ရက် တည်ဆောက်ရန် လိုင်စင်ရရှိထားသည့်
အောရီဒူး အတွက်အခွင့်အရေး ကောင်းဖြစ်နေပြီး မြန်မာနိုင်ငံ၏လူဦးရေ သန်း-၆၀ အတွက် မိုဘိုင်းဖုန်းဝန်
ဆောင်မှုများကို ဖြန့်ဝေပေးရမည်ဖြစ်သည်။ 

thepeninsulaqatar , M-Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment