Pages

Monday, September 30, 2013

အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1

Photo: အမေရိကန်ဒေါ်လာ ၁.၁ သန်းတန် နာမည်ကျော် Mclaren P1
Monday, September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။

McLaren M838T twin-turbo ကို ၃.၈ လီတာ၊ဆလင်ဒါ ၈ လုံး၊V အင်ဂျင်
ပုံစံတည်ဆောက်ထားပါတယ်။ ဂီယာ-၇ ချက်အော်တို၊လက်ထိုးနှစ်မျိုးအသုံး
ပြုထားပေမယ့် F-1 နည်းပညာကို အခြေခံထားတဲ့ အတွက် စတီယာရင်
မှာ ဂီယာအတင်၊အချကို လက်မနဲ့ ထိန်းချုပ်လွယ်ကူ အောင်တပ်ဆင်ပေး
ထားပါတယ်။

Plug-in Hybrid အမျိုးအစားဖြစ်ပြီး စုစုပေါင်းမြင်းကောင်ရေ 903 bhp အထိ
ထုတ်လုပ်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ ၃ စက္ကန့် အတွင်းကို ကီလိုမီတာ ၁၀၀(၆၂ မိုင်နှုန်း)၊ ၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၂၀၀(၁၂၄ မိုင်နှုန်း)၊ ၁၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၃၀၀(၁၈၆ မိုင်နှုန်း) အထိအရှိန်မြင့်တင်နိုင်ပါတယ်။အမြန်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ
ကီလိုမီတာ ၃၄၉(မိုင် ၂၁၇)အထိ အရှိန်မြင့်မောင်းနှင်လို့ရပါတယ်။

၂၀၁၃ မော်ဒယ်လ်ဆိုပြီး Paris Motor Show မှာမိတ်ဆက်ပြသခဲ့သလို စုစု
ပေါင်းအစီးရေ ၃၇၅ စီးသာထုတ်လုပ်တဲ့ဒီကားဟာ ကြေငြာချက်အရ အစီးရေ ၂၅၀ ရောင်းချပြီးဖြစ်ကြောင်းဆိုထားပါတယ်။

တံခါးနှစ်ပေါက် Two-Door အမျိုးအစားနဲ့ မြင်တွေ့ရတဲ့ ဒီကားကို အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ကြေးရှိ ဈေးကြီးကားဖြစ်ကြောင်း သိရပါတယ်။

Ref:wiki
Stuff Myanmar Magazine

RangonNewsDaily:: September 30, 2013

နာမည်ရဈေးကြီးပြိုင်ကားတွေထဲမှာ McLaren Automotive ကထုတ်တဲ့
McLaren P1 ကိုလည်းမေ့ထားလို့မရပါဘူး။နာမည်ကျော် Mclaren ရဲ့ 
Formula One(F1)ကားရဲ့ နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဒီကား
ဟာ ပြိုင်ကားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အတွင်းပိုင်းမွန်းမံမူကအစ F1 ပုံစံ အတိုင်းအစီစဉ် တကျ မွန်းမံထားတယ်လို့ဆိုပါတယ်။ McLaren M838T twin-turbo ကို ၃.၈ လီတာ၊ဆလင်ဒါ ၈ လုံး၊V အင်ဂျင်
ပုံစံတည်ဆောက်ထားပါတယ်။ ဂီယာ-၇ ချက်အော်တို၊လက်ထိုးနှစ်မျိုးအသုံး
ပြုထားပေမယ့် F-1 နည်းပညာကို အခြေခံထားတဲ့ အတွက် စတီယာရင်
မှာ ဂီယာအတင်၊အချကို လက်မနဲ့ ထိန်းချုပ်လွယ်ကူ အောင်တပ်ဆင်ပေး
ထားပါတယ်။

Plug-in Hybrid အမျိုးအစားဖြစ်ပြီး စုစုပေါင်းမြင်းကောင်ရေ 903 bhp အထိ
ထုတ်လုပ်နိုင်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ ၃ စက္ကန့် အတွင်းကို ကီလိုမီတာ ၁၀၀(၆၂ မိုင်နှုန်း)၊ ၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၂၀၀(၁၂၄ မိုင်နှုန်း)၊ ၁၇ စက္ကန့်အတွင်းကို ကီလိုမီတာ-၃၀၀(၁၈၆ မိုင်နှုန်း) အထိအရှိန်မြင့်တင်နိုင်ပါတယ်။အမြန်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ
ကီလိုမီတာ ၃၄၉(မိုင် ၂၁၇)အထိ အရှိန်မြင့်မောင်းနှင်လို့ရပါတယ်။

၂၀၁၃ မော်ဒယ်လ်ဆိုပြီး Paris Motor Show မှာမိတ်ဆက်ပြသခဲ့သလို စုစု
ပေါင်းအစီးရေ ၃၇၅ စီးသာထုတ်လုပ်တဲ့ဒီကားဟာ ကြေငြာချက်အရ အစီးရေ ၂၅၀ ရောင်းချပြီးဖြစ်ကြောင်းဆိုထားပါတယ်။

တံခါးနှစ်ပေါက် Two-Door အမျိုးအစားနဲ့ မြင်တွေ့ရတဲ့ ဒီကားကို အမေရိကန်ဒေါ်လာ ၁.၃ သန်း တန်ကြေးရှိ ဈေးကြီးကားဖြစ်ကြောင်း သိရပါတယ်။

Ref:wiki
Stuff Myanmar Magazine , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment