Pages

Monday, December 9, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်သည့် မြန်မာခြင်းလုံးအဖွဲ့ သိန်း ၅၀၀ ချီးမြှင့်ခံရနိုင်

Photo: ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်သည့် မြန်မာခြင်းလုံးအဖွဲ့ သိန်း ၅၀၀ ချီးမြှင့်ခံရနိုင်
Monday, December 9, 2013

ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ပထမဆုံးရ ယူနိုင်သည့် အမျိုးသား၊ အမျိုးသမီး ခြင်းလုံးအဖွဲ့ကို ဆုငွေသိန်း ၅၀၀ ချီးမြှင့်မည်ဟုသတင်းများ ထွက် ပေါ်နေသော်လည်း အတည်မပြု နိုင်သေးကြောင်း မြန်မာနိုင်ငံခြင်း လုံးအဖွဲ့ချုပ်အတွင်း ရေးမှူးဦးရဲ အောင်ကပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးရဲ အောင်က ''အမျိုးသား၊ အမျိုးသမီး တွေကို ရွှေရလို့ သိန်း ၅၀၀ ချီးမြှင့် မယ်ဆိုတာနဲ့ပတ်သက်ပြီး မသိရှိ သေးပါဘူး။ တကယ်လို့ သိရရင် သတင်းထုတ်ပြန်ပေးပါမယ်'' ဟု ယင်းကပြောသည်။

မြန်မာခြင်းလုံးအသင်း အ သင်းအနေဖြင့် အခြေခံအတွဲလိုက် ပြိုင်ပွဲတွင် အမျိုးသမီး၊ အမျိုးသား အသင်းများ ရွှေတံဆိပ်တစ်ခုစီရ ရှိခဲ့ပြီး အမျိုးသမီးအသင်းတွင် နည်း ပြဆုဆုလှိုင်၊ အုပ်ချုပ်သူအေးအေး ဝင်း၊ အသင်းခေါင်းဆောင်ဖြူဖြူ ဝင်း၊ သဲသဲ၊ ဆုဆုဝင်း၊ ခင်ချောစု၊ တင်တင်လင်းသူဇာအောင်၊ ဝင်းပြည့် ပြည့်၊ ကေသီထွန်းတို့ပါဝင်ကစားခဲ့ ပြီး၊ အမျိုးသားအသင်းတွင် နည်းပြ ဦးမြင့်တိုး၊ အုပ်ချုပ်သူဦးမျိုးနိုင်၊ အသင်းခေါင်းဆောင် အောင်မြတ် လင်း၊ ကျော် နိုင်ဦး၊ အောင်စိုးမိုး၊ အောင်မျိုးမြင့်၊ မျိုးမင်းသူ၊ ကျော် မိုးထွန်း၊ မျိုးဇော်ဦး၊ အောင်ကိုကို ခိုင်တို့ပါဝင်ကစားခဲ့ကြသည်။ 
ယင်းအပြင် နေပြည်တော်တွင် ဆီးဂိမ်းပြိုင်ပွဲများ စတင်နေပြီဖြစ် သော် လည်း ပြည်သူအများ စုမှာ စိတ်ဝင်စားမှုလျော့နည်းနေပြီး လာ ရောက်ကြည့်ရှုသည့်ပရိသတ်မှာ ကြိုတင်စီမံထားသည့် ကျောင်းသူ၊ ကျောင်းသားများသာရှိနေသည်။

အားကစားကွင်းရုံအတွင်းလုံ ခြုံရေးအစီအမံများ တင်းကျပ်ခြင်း၊ ကွင်းရုံသို့သွားလာရာတွင် အခက် အခဲများ(တစ်မိုင်)ခန့်လမ်းလျှောက် ဝင်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း နေ ပြည်တော်ဒေ သခံများက ပြောသည်။
========================
အောင်ပွဲခံနေသည့် မြန်မာ ခြင်းလုံးအသင်း - Photo - ရဲနောင်(ဖယ်ခုံ)

Yangon Media Group
အောင်ပွဲခံနေသည့် မြန်မာ ခြင်းလုံးအသင်း - Photo - ရဲနောင်(ဖယ်ခုံ)
RangonNewsDaily:: December . 9 .2013
ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ပထမဆုံးရ ယူနိုင်သည့် အမျိုးသား၊ အမျိုးသမီး ခြင်းလုံးအဖွဲ့ကို ဆုငွေသိန်း ၅၀၀ ချီးမြှင့်မည်ဟုသတင်းများ ထွက် ပေါ်နေသော်လည်း အတည်မပြု နိုင်သေးကြောင်း မြန်မာနိုင်ငံခြင်း လုံးအဖွဲ့ချုပ်အတွင်း ရေးမှူးဦးရဲ အောင်ကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် ဆန္ဒပြပွဲ ခေါင်းဆောင်နှစ်ဦး ထောင် ၆ လ စီရင်ခံရ

Photo: ဆန္ဒပြပွဲ ခေါင်းဆောင်နှစ်ဦး ထောင် ၆ လ စီရင်ခံရ
Monday, December 9, 2013

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂၊ ၃) မြေနေရာတွေပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကျောက်တံတားမြို့နယ်က ချမှတ်တဲ့ပြစ်ဒဏ်ကို တခြားပြစ်ဒဏ်တွေနဲ့ သီးခြားစီ ကျခံသွားရမှာတယ်လို့ ဦးစိန်သန်းရဲ့သမီး မိကျောင်းကန်အရေး လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူ မနေနွယ်သန်းက ပြောပါတယ်။

“မြို့တော်ခန်းမရှေ့မှာ ၅ ကြိမ်မြောက် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့အမှုနဲ့ ဦးထင်ကျော်နဲ့ ဦးစိန်သန်း နှစ်ဦးကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လ သီးခြားကျခံစေဆိုပြီး ချလိုက်တာပါ”

အသိမ်းခံထားရတဲ့ သူတို့ရဲ့ မိကျောင်းကန် မြေနေရာတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လက တရားမ၀င် ဆန္ဒပြခဲ့တာကြောင့် ဦးစိန်သန်းကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါသေးတယ်။

ဒီကနေ့မှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့သူ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အစိုးရဖက်က သက်သေမရှိသေးတာကြောင့် ဒေါ်နော်အုန်းလှအပါအ၀င် အဲဒီနေ့ကဆန္ဒပြလို့ အဖမ်းခံထားရသူတချို့ကို မနက်ဖြန်ကျမှ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

RFA

RangonNewsDaily:: December . 9 .2013
ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊မိကျောင်းကန်ရပ်ကွက်အပိုင်း (၁၊ ၂၊ ၃) မြေနေရာတွေပြန်ပေး
ဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့မိကျောင်းကန်သားဦးစိန်သန်းနဲ့ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ်
တရားရုံးက တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား

Photo: ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား
Monday, December 9, 2013

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7day Daily

RangonNewsDaily:: December . 9 .2013
ဆီးဂိမ်းအကြိုအဖြစ်ပရိသတ်များနှင့်ထိုင်း၊ မြန်မာအနုပညာရှင်များ တွေ့ဆုံပွဲတွင်ဖိလစ်ပိုင်နိုင်ငံmissosology
Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

တောင်ကြီးမြို့၌ အစ္စလာမ်ဘာသာဝင် ပိုင် နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်သတင်းအမှန်

တောင်ကြီးမြို့၌ အစ္စလာမ်ဘာသာဝင် ပိုင် နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်သတင်းအမှန်


kolatt(PBDN): December . 9 .2013

တနင်္ဂနွေနေ့ ည ၁၀နာရီခန့် တွင် မြို့ မဗလီနှင့် လေးလမ်းအကျော်တွင်နေထိုင်သည့် ဟာဂျီယူစွတ်ဖ်
အိမ်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။
::
ဖြစ်စဉ်မှာ ထိုနေ့ကအေရှာပြီး အိမ်သို့ပြန်လာရာ အိမ်သားများအားလုံးအပေါ်ထပ်တွင်ရှိနေကြောင်း၊
ခြံစောင့်မှတံခါးဖွင့်ပေးရာ အိမ်ထဲသို့ ဝင်ပြီးနောက် တံခါးပြန်ပိတ်၍ အိမ်အပေါ်ထပ်သို့တတ်နေစဉ်
တံခါးခေါက်သံကြားသောကြောင့် ခြံစောင့်မှ "ဘယ်သူလဲ" ဟုမေးရာ အပြင်မှ "ကျွန်တော်ပါ" ဟုဖြေသဖြင့် ဟာဂျီကတံခါးစောင့်ကိုဖွင့်ပေးဖို့ပြောခဲ့သည်။ 

တံခါးဖွင့်လိုက်ရာလူ၂ယောက်အပေါက်ဝမှစနက်တန်နှင့်ဗုံးကိုပစ်သွင်းပြီးအသင့်စောင့်နေသော ကားပေါ်သို့တက်ကာ မောင်းပြေးသွားကြောင်းနှင့် ထိုဗုံးပေါက်ကွဲမူ့ကြေင့်ခြေထောက်တဖတ်
ထိမှန်သွားကြောင်း၊ 
::
အိမ်သားများဆင်းလာပြီးရဲကိုအကြောင်းကြားရာ ရဲတပ်ဖွဲ့ ရောက်လာပြီးနောက်ဟာဂျီ ကိုဆေးရုံ
သို့ ပို့ ဆောင်ခဲ့ကြောင်း၊ 

ယခုအခါဟာဂျီယူစွတ်ဖ်၏ ခြေမျက်စေ့အပေါ်လက်တစ်ထွာခန်မှ ဖြတ်လိုက်ရပြီဖြစ်ကြောင်းဝမ်းနည်း
စွာ သတင်းရရှိသည်။ ဟာဂျီယူစွတ်ဖ်၏ မိသားစုဝင်များအား သက်ဆိုင်ရာစခန်းမှခေါ်ယူစစ်ဆေး
လျက်ရှိပြီး ပြန်လွှတ်ပေးသည့် သတင်းကို ယခုအချိန်ထိကြားသိရခြင်းမရှိသေးပေ။
::
FB အပေါ်တွင် မသမာသူများက တောင်ကြီးသတင်းကို ယုတ်မာစွာ လုပ်ကြံကာ မဟုတ်မတရား ၀ါဒဖြန့် ချိလျှက်ရှိသည့်အတွက် မယုံကြည်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ပေါက်ကွဲခဲ့သည့်ဗုံးမှာ လက်လုပ်ဗုံးဟုတ်မဟုတ် အတိအကျမပြောနိုင်သော်လဲ ဟာဂျီယူစွတ်ဖ်တို့ 
အိမ်မှ ပိုင်ဆိုင်သည့်ဗုံးမဟုတ်ကြောင်းသိရသည်။ တောင်ကြီးမြို့ တွင် မွတ်စလင် ဆန့် ကျင်ရေး ၉၆၉ များ အင်အားကောင်းလျက်ရှိပြီး မုန်းတီးရေးဟောကြားသော တရားခွေများဖွင့်သည့် အနေ
အထားများကြုံတွေ့ နေရကြောင်း ဒေသခံများက သတင်းပေးသည်။
::
မိချောင်းကန်သပိတ်စခန်းဖြိုခွင်းသည့်ကိစ္စရပ်နှင့် ဆီးဂိမ်းအပြီး အကြမ်းဖက်ရန်ရှိသည်ဆိုသည်
ကောလဟလများလည်း ထွက်ရှိနေသည်ဖြစ်ရာ တောင်ကြီးကိစ္စကို အကျယ်အကျယ်ဖွလိုသူများ ရှိနေသည်ကို အထူးသတိထားစေလိုသည်။ ယခုအခါသက်ဆိုင်ရာမှ လိုအပ်သည်များကို စစ်ဆေး
နေကြောင်းသိရပြီး တရားဥပဒေဘောင်အတွင်းမှ မျှတစွာဆုံးဖြတ်လိမ့်မည်ဟု ဆူပူမှုမလိုလားသူ
များက မျှော်လင့်လျက်ရှိသည်။

အားလုံးပဲ အမှန်တရားပေါ်ပေါက်ကာ မတရားဖမ်းဆီးခြင်းမခံရရေးအတွက် ဆုမွန်ကောင်းများ
တောင်းပေးရန် အနူးအညွတ်တိုက်တွန်းလိုက်ရပါသည်။

အူးအူးစတီဗင်.::--

RangonNewsDaily:: December . 9 .2013
တနင်္ဂနွေနေ့ ည ၁၀နာရီခန့် တွင် မြို့ မဗလီနှင့် လေးလမ်းအကျော်တွင်နေထိုင်သည့်ဟာဂျီယူစွတ်ဖ်အိမ်
တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။

SeaGame အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းမှ ကြည့်ရှုအားပေး

မန္တလေး ကျုံးဒေါင့်မှာ  မြန်မာ ဘောလုံးအသင်းကို အားပေးနေတဲ့ ပရိသတ်များကိုတွေ့ရစဉ်

DVB TV News ::--

RangonNewsDaily:: December . 9 .2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော SeaGame အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းမှ ကြည့်ရှုအားပေးနေကြကြောင်းသတင်းရရှိပါသည်။ ရန်ကုန်- မန္တလေးနှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် လူအများSeaGame  ဘောလုံးပွဲများကိုနှစ်ခြိုက်စွာအားပေးလျှက်ရှိကြသည်။

ဒီမိုကရေစီတဲ့လား...........

RangonNewsDaily:: December . 9 .2013
စင်ကာပူမှာက ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ၂၄ နာရီမထားဘူးအကုန်မိအောင်ဆွဲစိနေပြီ။ မြန်မာပြည်
မှာ ဒေါသထွက်နေတဲ့လူအုပ်ကြီးက တောင်ကုတ်မြို့ ကစပြီး လူတွေကို အုပ်စုလိုက်သတ်ဖြတ် တစ်မြို့ပြီး
တစ်မြို့မီးရို့တစ်နှစ်ကျော်ပြီဘာမှမဖြစ်ဘူး ။ ထိုင်းမှာက ပြည်သူက မကြိက်ဘူးဆိုတာနဲ့ လွှတ်တော်အမတ်
တွေက နုတ်ထွက်တယ် ဝန်ကြီးချုပ်ကလဲ လွှတ်တော်ကို ဖျက်ပေးတယ် သူလဲနူတ်ထွက်တယ် ရွေးကောက်
ပွဲလုပ်ပေးတယ် ။

SeaGame ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် တွင် မြန်မာအသင်းမှ အရှေ့တီမောအသင်းကိုအနိုင် ရ၇ှိ

SeaGame ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် တွင်  မြန်မာအသင်းမှ အရှေ့တီမောအသင်းကိုအနိုင်
ရ၇ှိ


kolatt(PBDN): December . 9 .2013

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်အရှေ့တီမောအသင်းနှင့်ယှဉ်
ပြိုင်ကစားလျှက်ရှိရာဒုတိယပိုင်း ၇၇မိနစ်တွင်မြန်မာအသင်းမှနောက်ထပ်၁ဂိုးဂိုးရရှိသွားပြီဖြစ်
သည်။

မြန်မာ၃ဂိုး-တီမော၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

ကျော်ဇေယျာဝင်း (၁၂ မိနစ်)
ကျော်ကိုကို (၆၉ မိနစ်) ပင်နယ်တီ
ကြည်လင်း (၇၇ မိနစ်)

RangonNewsDaily:: December . 9 .2013
ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်အရှေ့တီမောအသင်းနှင့်ယှဉ်ပြိုင်ကစား
လျှက်ရှိရာဒုတိယပိုင်း ၇၇မိနစ်တွင်မြန်မာအသင်းမှနောက်ထပ်၁ဂိုးဂိုးရရှိသွားပြီဖြစ်သည်။

နာရေးသတင်း

RangonNewsDaily:: December . 9 .2013
ဆိုဖီယာဟ် ကျောင်း ကျောင်းအုပ်ဆရြာ့ကီးဟဇရသ်မော်လနာရှမ်စ်စွတ်ဒုဟာဆာဟိဗ်၏ ဇနီး သည် ယခုည
(၉-၁၂-၂၀၁၃)ရက်နေ့ ၇း၃၀ ခန့်မှာ ဂန္ဓီဆေးရုံကြီးမှာ အလ္လာဟ်အမိန့် ခံယူသွားကြောင်း သိရှိရပါ
တယ်....

ပေါက်ကွဲစေတတ်သော အရာများနှင့်ဖမ်းဆီးရမိ

Photo: ပေါက်ကွဲစေတတ်သော အရာများနှင့်ဖမ်းဆီးရမိ
Monday, December 9, 2013

၇-၁၂-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သာယာအေးကျေးရွာလမ်းဆုံ၌ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သာယာအေးနှင့် ၀ါဖြူတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် ရမည်းသင်းမြို့နေ ခွန်ဦးမောင်းနှင်သောဆိုင်ကယ်အား ငှားရမ်းလာသူ ညောင်ရွှေမြို့နယ်၊ နယ်မြေ(၁၆)ကွမ်းဘုံရွာနေ အောင်ဇော်လတ်(၃၉)နှစ် လွယ်ထားသည့်ကျောပိုးအိတ်အား ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ စနက်တံပါ မီးရှို့ပေါက်ကွဲစေနိုင်သော ၁ဩ လက်မခန့်ရှိ ကက်(၂၉၀)ခု၊ ယမ်းစိမ်းမှုန့် (၁၅)ကျပ်သားပါ ၁ ထုပ်၊ အဖြူရောင်ပိုတက်မှုန့်(၁၀)ကျပ်သားပါ ၁ ထုပ်၊ ခဲယမ်းမှုန့်(၁၀)ကျပ်သားခန့် ၃ ထုပ်၊ ခိုပျံ တံဆိပ်ပါ စနက်တံပါသည့်ကက်(၁၈၀)ခု၊ (၁)ပေပတ်လည်အရွယ်ရှိ ယမ်းထုပ်စက္ကူ ၃ ရွက်၊ ဗျက် ဩ လက်မရှိ စက္ကူတိပ် ၆ ခွေနှင့် အရှည် ၁ ပေခန့်ရှိ ၀ါးချောင်းငယ်(၂၉၀)ချောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် အောင်ဇော်လတ်အား ရမည်းသင်းမြို့မရဲစခန်း (ပ)၂၆၉/၂၀၁၃၊ ပေါက်ကွဲ စေတတ်သောအရာဝတ္တုဆိုင်ရာဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: December . 9 .2013
၇-၁၂-၂၀၁၃ ရက်နေ့ ၀၈၀၀အချိန်မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သာယာအေးကျေးရွာလမ်း
ဆုံ၌ ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သာယာအေးနှင့် ၀ါဖြူတောင်ရပ်ကွက်အုပ်ချုပ်ရေး
မှူးများနှင့်အတူ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် ရမည်းသင်းမြို့နေ ခွန်ဦးမောင်းနှင်သောဆိုင်ကယ်အား ငှားရမ်းလာသူ ညောင်ရွှေမြို့နယ်၊ နယ်မြေ(၁၆)ကွမ်းဘုံရွာနေ အောင်ဇော်လတ်(၃၉)နှစ် လွယ်ထားသည့်
ကျောပိုးအိတ်အား ရှာဖွေစစ်ဆေးခဲ့သည်။

ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့

Photo: ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့
Monday, December 9, 2013

မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။ 

ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။

မြောက်ဥက္ကလာပမြို့နယ် မှဦးမြင့်ဦးက ''အလုပ်ကနောက် ကျတော့ ဘောလုံးပွဲကို မြန်မာပွဲစ ခါနီးမှရောက်တယ်။ ကွင်းထဲမှာ လက်မှတ်ပြတော့ အဆင်ပြေတဲ့ နေရာထိုင်လို့ ပြောတယ်။ လက် မှတ်မှာ နေရာနဲ့ခုံနံပါတ်ပါပြီးသား ကိုပြောလို့မရဘူး''ဟု ပြောသည်။

အဆိုပါဦးရာလူစနစ်ဖြင့် နေရာယူထားခြင်းများကြောင့် အမှန်တကယ်လက်မှတ်နှင့် ခုံအ မှတ်ပါရှိသူများမှ နေရာဖယ်ရှား ပေးရန်ပြောဆိုရာတွင် အငြင်းပွား မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းတို့က ဆိုသည်။

သန်လျင်မြို့နယ်မှကိုစည်သူ က''ကျွန်တော်တို့က လက်မှတ် ဝယ်ကတည်းက ကိုယ့်ခုံနံပါတ် နဲ့ကိုယ်ထိုင်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့နေတာ က ဝေးတဲ့အတွက် မြန်မာအသင်း ကစားမယ့်အချိန်ကျမှ ရောက် တော့ ကွင်းထဲမှာလူက ပြည့်နေ ပြီ။ ကိုယ့်ခုံနံပါတ်မှာလဲ သူများ တွေက ထိုင်နေပြီ။ သွားပြောတော့ ဘယ်လိုမှပြောလို့မရဘူး။ အခု နိုင်ငံတကာအဆင့်ပွဲတွေမှာ ဒီ လိုမျိုးမဖြစ်အောင် ပွဲစီစဉ်သူတွေ က လုပ်ပေးသင့်တယ်။ နောက် တစ်ခုက ဘောလုံးပွဲကြည့်တဲ့သူ တွေကလဲ နိုင်ငံကြီးသားပီသဖို့ လိုတယ်''ဟု ဆိုသည်။

ယင်းအပြင် မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းပြိုင်ပွဲ သည် ပြိုင်ပွဲများကို ဝင်ရောက် ကြည့်ရှုရာတွင် လုံခြုံရေးကတ် ပြားများ ပြုလုပ်ထားရမည်ဖြစ် ပြီး လက်မှတ်နှင့်တကွအတူပါရှိမှ ကြည့်ရှုရမည်ဟုဆိုသော်လည်း ကွင်းအတွင်း ဝင်ရောက်ရာတွင် လုံခြုံရေးကတ်များစစ်ဆေးခြင်း မရှိဘဲ လက်မှတ်ရှိသူတိုင်း ဝင် ရောက်ခွင့်ပြုထားကြောင်း သိ ရသည်။

မြန်မာအသင်း နှင့် ကမ္ဘောဒီးယား ပွဲတွင် အားပေးနေသည့် မြန်မာဘောလုံးအသင်း ပရိတ်သတ်များကို တွေ့ရစဉ်။ Photo- ပြည့်ဖြိုးဟိန်း

Yangon Media Group
မြန်မာအသင်း နှင့် ကမ္ဘောဒီးယား ပွဲတွင် အားပေးနေသည့် မြန်မာဘောလုံးအသင်း ပရိတ်သတ်များကို တွေ့ရစဉ်။ Photo- ပြည့်ဖြိုးဟိန်း
RangonNewsDaily:: December . 9 .2013
မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြော
ကြားသည်။

ဆီးဂိမ်းအားကစားပွဲ ဖျက်ဆီးလိုသူများ ရှိနေဟု ကြေညာချက်များကပ်ထား

RangonNewsDaily:: December . 9 .2013
၄၄ နှစ်ကြာပြီးမှသာ ပြန်လည်ကျင်းပခွင့်ရရှိသည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အဖျက်အမှောက်

လုပ်ငန်းများပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ KIA မှ ဗိုလ်အဆင့်ရှိ နှစ်ဦး နှင့်တပ်ကြပ်အဆင့်ရှိ
သူတစ်ဦးအား ရန်ကုန်မြို့နှင့် နေပြည်တော် ကောင်စီနယ်မြေ များသို့ စေလွှတ်ထားကြောင်း တွေ့ရှိပါက အ
ကြောင်းကြားပေးရန် ပါရှိသော ကြော်ငြာများ ကပ်ထားသည်ကို နေပြည်တော်ရှိစည်ပင်ဧည့်ရိပ်သာနှင့်ဈေး
များတွင် တွေ့ရသည်။

တောမှာ လယ်သိမ်း၊ မြို့မှာ အားကစားကွင်းသိမ်းသု ခရိုနီများအား ဆန့်ကျင်ဆန္ဒပြ

Photo: တောမှာ လယ်သိမ်း၊ မြို့မှာ အားကစားကွင်းသိမ်းသု ခရိုနီများအား ဆန့်ကျင်ဆန္ဒပြ
Monday, December 9, 2013

သိမ်ဖြူဘောလုံးကွင်းတွင် စည်ပင်နှင့် Asia Myanmar Consortium Development Co.,Ltd တို့ အကျိုးတူပူးပေါင်းပြီး တည်ဆောက်မည့် ဟိုတယ်ပါ ၂၂ ထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မည့် အစီအစဉ်ကို ကန့်ကွက်သည့်အနေနှင့် ပြည်သူများ ယနေ့ (ဒီဇင်ဘာ ၉ ရက်) မွန်းလွဲ ၃ နာရီခန့်က သိမ်ဖြူကွင်းမှ မြို့တော်ခမ်းမရှေ့အထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက “ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဘယ်ရောက်နေလဲ”၊ “ပြည်သူအားကစားကွင်း အခုပြန်ပေး”၊ “ပြည်သူအကျိုးမရှိတဲ့ စီမံကိန်းများအခုရပ်”၊ “စီးပွားရေး အမြတ်ထုတ် အနိုင်ကျင့်မှု အလိုမရှိ“ အစရှိသည့် ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများဖြင့် အင်အား ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

စစ်ကြောင်းဦးစီးများက “တောမှာတောင်သူလယ်သမားတွေပိုင်တဲ့ လယ်ယာမြေတွေသိမ်းပြီး မြို့မှာ အားကစားကွင်းတွေကိုသိမ်းတယ်၊ ဒါပြည်သူပိုင်တဲ့ မြေတွေဖြစ်တယ်၊ ဒါကို သူတို့အကျိုးစီးပွားအတွက် သိမ်းတာ၊ အမြန်ဆုံးပြန်ပေးရမယ်” ဟု ကြွေးကြော်ကြသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက စစ်ကြောင်းအဆုံးမြို့တော်ခမ်းမရှေ့ တွင် ဆန္ဒပြသူများကို မိန့်ခွန်းပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily:: December . 9 .2013
သိမ်ဖြူဘောလုံးကွင်းတွင် စည်ပင်နှင့် Asia Myanmar Consortium Development Co.,Ltd တို့ အကျိုးတူပူးေ
ပါင်းပြီးတည်ဆောက်မည့်ဟိုတယ်ပါ၂၂ ထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မည့်အစီအစဉ်ကိုကန့်ကွက်
သည့်အနေနှင့် ပြည်သူများယနေ့ (ဒီဇင်ဘာ ၉ ရက်)မွန်းလွဲ ၃ နာရီခန့်က သိမ်ဖြူကွင်းမှ မြို့တော်ခမ်းမရှေ့
အထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်

Photo: လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်
Monday, December 9, 2013

ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်းရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ယင်းကဲ့သို့သော ထိပ်တိုက် ရင်ဆိုင်မှု များကြောင့် လူဦးရေ ၄၆ သန်းကျော် ရှိသည့် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဟောင်း ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှု ထိခိုက်နိုင်သည်ဟု အများက စိုးရိမ်နေကြသည်။
“ခေတ်မီနိုင်ငံ တစ်ရပ်မှာပဲ ကျွန်တော်တို့ နေချင်တယ်။ အဲဒါကို ဖြစ်အောင် လုပ်မယ်” ဟု အတိုက်အခံ ခေါင်းဆောင် ဗစ်တာလေကလစ်ချကိုက ပြောကြားလိုက်ပြီး ဆိုဗီယက်ခေတ်သို့ ပြန်လည် သွားရောက်ရန် ယူကရိန်းသမ္မတက ပြင်ဆင်နေကြောင်း ဝေဖန်လိုက်သည်။

အရပ် နှစ်မီတာ (၆ ပေ ၇ လက်မ) ထိရှိသော ကမ္ဘာ့ဟဲဗီး လက်ဝေ့ ချန်ပီယံဟောင်း ဗစ်တာလေက လစ်ချကို ကို ယူကရိန်း အမျိုးသား ခေါင်းဆောင်သစ်အဖြစ် အများက ရှုမြင်နေကြပြီး ဥရောပသမဂ္ဂ ဝင်ရောက်ရေး ထောက်ခံသည့် ယူကရိန်း နိုင်ငံသားအားလုံး ည ၁၂ နာရီ စုဝေးပွဲတွင် ပါဝင်ရန် ၎င်းက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ကျင်းပခဲ့သည့် ယင်းကဲ့သို့သော ဆန္ဒပြပွဲတွင် လူပေါင်း ၃၅၀ ၀၀၀ ထိ ပါဝင်ခဲ့ပြီး လက်ရှိတွင် လူတစ်သန်း ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပပြီး အစိုးရအပေါ် ဖိအားပေးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မော်စကို ဦးဆောင်သည့် အကောက်ခွန်သမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ခြင်းဖြင့် ဥရောပသမဂ္ဂ အဖွဲ့နှင့် အနီးကပ် ပူးပေါင်းရေး လုပ်ဆောင်ချက်များကို အစိုးရအဖွဲ့က စွန့်ရန် စီစဉ်ခြင်းရှိ မရှိကို လေ့လာသုံးသပ်သူများ စောင့်ကြည့်နေကြသည်။

သို့သော်လည်း ယင်းကဲ့သို့သော ပြောကြားချက်များကို မော်စကိုနှင့် ကီယတ် နှစ်ဖက်စလုံးက ငြင်းဆိုထားပြီး အကောက်ခွန်သမဂ္ဂနှင့် ဆိုင်သည့် အရေးများကို ဆွေးနွေးရခြင်း မရှိသေးကြောင်း ထုတ်ပြန်လိုက်သည်။
“ဆိုဗီယက် ပြည်ထောင်စုသစ် ပြန်ဖွဲ့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးတာက နိုင်ငံပြိုကွဲအောင် လုပ်ဆောင်ခြင်းပဲ” ဟု စီးပွားရေး ဝန်ကြီးဟောင်းနှင့် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ယတ်ဆန်ယူက သတိပေးလိုက်သည်။

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံအဖြစ် ယူကရိန်းနိုင်ငံကို ရှုမြင်ထားပြီး သဘာဝ ဓာတ်ငွေ့များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဖြင့် ဥရောပသမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ရေး ကြိုးပမ်းချက် စွန့်လွတ်ရန် ဖိအားပေးနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ခန့်မှန်းသည်။ 

ယူကရိန်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အသုံးစရိတ်များနှင့် ကြွေးမြီများ တိုးပွားလာခြင်းကြောင့် ပြင်ပအကူအညီ အမြောက်အမြား လိုအပ်နေသော်လည်း ဆန္ဒပြသမားများက ဆီးနှင်းများ၊ ရေခဲမှတ် အောက် ကျဆင်းနေသည့် အခြေအနေနှင့် အောက်ကျဆင်းနေသည် ဆန္ဒပြနေကြပြီး ငွေတစ်ခုတည်း အတွက်သာ ဆန္ဒပြနေခြင်း မဟုတ်ဟု ပြောကြားနေကြသည်။
“ကျွန်တော်တို့ နိုင်ငံကို ဥရောပတိုက်က ခေတ်မီနိုင်ငံတွေလို ယဉ်ကျေးခေတ်မီ စေချင်တယ်။ အဲဒါက ဘာလဲဆိုတော့ အစစ်အမှန် ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ဆိုလိုတာပါ” ဟု အသက် ၅၈ နှစ်အရွယ် ဆန္ဒပြသမားတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 9 .2013
ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်း
ရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြော