Pages

Monday, December 9, 2013

မြို့တွင်း လမ်းမကြီးသုံးခု ယာဉ်ရပ်နားရန် လမ်းချဲ့မှု ပြီးစီး

Photo: မြို့တွင်း လမ်းမကြီးသုံးခု ယာဉ်ရပ်နားရန် လမ်းချဲ့မှု ပြီးစီးဟုဆို 
Monday, December 09, 2013

ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ရန်နှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု လျှော့ချနိုင်ရန် ရန်ကုန်မြို့တွင်း လမ်းမကြီး သုံးခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်းနှင့် ကမ်းနားလမ်းတို့တွင် ယာဉ်ရပ်နားရန် လမ်းသားချဲ့ထွင်မှု လုပ်ငန်းများ ဒီဇင်ဘာလဆန်းတွင် ပြီးစီး သွားပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချရန် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို အရေးယူမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ စည်းကမ်းမဲ့ယာဉ်များ ရပ်နားမှု မရှိစေရန် ယာဉ်ရပ်နားရန် နေရာအတွက် လမ်းသားတိုးချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ လမ်းမကြီး သုံးခုအပြင် ရန်ကုန်မြို့တွင်း၏ အဓိက လမ်းမကြီး တစ်ခုဖြစ်သော မဟာဗန္ဓုလလမ်းကို ယာဉ်ရပ်နားရန် လမ်းသား ထပ်မံချဲ့ထွင်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။
“မြို့ထဲက လမ်းတွေကို အရင်ချဲ့မှာပါ၊ တဖြည်းဖြည်းခြင်း ရန်ကုန် တစ်မြို့လုံးကို ချဲ့ရမှာပါ” ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့တော်တွင်းရှိ လမ်းမကြီး များတွင် ချဲ့ထွင်ခဲ့သော ပမာဏကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယာဉ်ရပ်နားရန် နေရာအတွက် လမ်းသား ချဲ့ထွင်သော ကုန်ကျစရိတ်ကိုမူ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို နည်းပါးစေရန်အတွက် ခုံးကျော်တံတားများ ဆောက်လုပ်ခြင်း၊ လမ်းချဲ့ထွင်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသော်လည်း ထူးခြားစွာ ပြောင်းလဲလာမှု မရှိသေးကြောင်း အငှားယာဉ်မောင်း သမားများထံမှ သိရသည်။
“ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်လိုက်တော့ ဗဟန်းမှာ ပိတ်တယ်။ ခုံးကျော် တံတားကြောင့် ဘုရင့်နောင် လမ်းဆုံမှာ မပိတ်ပေမယ့် ပေါက်တောဝမှာ ပိတ်နေတယ်” ဟု လုပ်သက် ၁၀ နှစ်ကျော်ရှိ အငှားယာဉ်မောင်းသမား ဦးမြင့်နိုင်က ပြောကြားသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ရန် အတွက် လှည်းတန်း လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင် လမ်းဆုံတို့တွင် ခုံးကျော်တံတား များကို ဖွင့်လှစ်ခြင်း၊ လမ်းဘေးတွင် ဈေးရောင်းချ နေသူများကို ရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ်ဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 9 .2013
ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ရန်နှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု လျှော့ချနိုင်ရန် ရန်ကုန်မြို့တွင်း လမ်းမကြီး သုံးခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်းနှင့် ကမ်းနားလမ်းတို့တွင် ယာဉ်ရပ်နားရန် လမ်းသားချဲ့ထွင်မှု လုပ်ငန်းများ ဒီဇင်ဘာလဆန်းတွင် ပြီးစီး သွားပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချရန် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို အရေးယူမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ စည်းကမ်းမဲ့ယာဉ်များ ရပ်နားမှု မရှိစေရန် ယာဉ်ရပ်နားရန် နေရာအတွက် လမ်းသားတိုးချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ 
 
အဆိုပါ လမ်းမကြီး သုံးခုအပြင် ရန်ကုန်မြို့တွင်း၏ အဓိက လမ်းမကြီး တစ်ခုဖြစ်သော မဟာဗန္ဓုလလမ်းကို ယာဉ်ရပ်နားရန် လမ်းသား ထပ်မံချဲ့ထွင်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။
“မြို့ထဲက လမ်းတွေကို အရင်ချဲ့မှာပါ၊ တဖြည်းဖြည်းခြင်း ရန်ကုန် တစ်မြို့လုံးကို ချဲ့ရမှာပါ” ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့တော်တွင်းရှိ လမ်းမကြီး များတွင် ချဲ့ထွင်ခဲ့သော ပမာဏကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယာဉ်ရပ်နားရန် နေရာအတွက် လမ်းသား ချဲ့ထွင်သော ကုန်ကျစရိတ်ကိုမူ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို နည်းပါးစေရန်အတွက် ခုံးကျော်တံတားများ ဆောက်လုပ်ခြင်း၊ လမ်းချဲ့ထွင်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသော်လည်း ထူးခြားစွာ ပြောင်းလဲလာမှု မရှိသေးကြောင်း အငှားယာဉ်မောင်း သမားများထံမှ သိရသည်။

“ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်လိုက်တော့ ဗဟန်းမှာ ပိတ်တယ်။ ခုံးကျော် တံတားကြောင့် ဘုရင့်နောင် လမ်းဆုံမှာ မပိတ်ပေမယ့် ပေါက်တောဝမှာ ပိတ်နေတယ်” ဟု လုပ်သက် ၁၀ နှစ်ကျော်ရှိ အငှားယာဉ်မောင်းသမား ဦးမြင့်နိုင်က ပြောကြားသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ရန် အတွက် လှည်းတန်း လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင် လမ်းဆုံတို့တွင် ခုံးကျော်တံတား များကို ဖွင့်လှစ်ခြင်း၊ 
 
လမ်းဘေးတွင် ဈေးရောင်းချ နေသူများကို ရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ်ဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment