Pages

Monday, December 9, 2013

လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်

Photo: လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်
Monday, December 9, 2013

ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်းရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ယင်းကဲ့သို့သော ထိပ်တိုက် ရင်ဆိုင်မှု များကြောင့် လူဦးရေ ၄၆ သန်းကျော် ရှိသည့် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဟောင်း ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှု ထိခိုက်နိုင်သည်ဟု အများက စိုးရိမ်နေကြသည်။
“ခေတ်မီနိုင်ငံ တစ်ရပ်မှာပဲ ကျွန်တော်တို့ နေချင်တယ်။ အဲဒါကို ဖြစ်အောင် လုပ်မယ်” ဟု အတိုက်အခံ ခေါင်းဆောင် ဗစ်တာလေကလစ်ချကိုက ပြောကြားလိုက်ပြီး ဆိုဗီယက်ခေတ်သို့ ပြန်လည် သွားရောက်ရန် ယူကရိန်းသမ္မတက ပြင်ဆင်နေကြောင်း ဝေဖန်လိုက်သည်။

အရပ် နှစ်မီတာ (၆ ပေ ၇ လက်မ) ထိရှိသော ကမ္ဘာ့ဟဲဗီး လက်ဝေ့ ချန်ပီယံဟောင်း ဗစ်တာလေက လစ်ချကို ကို ယူကရိန်း အမျိုးသား ခေါင်းဆောင်သစ်အဖြစ် အများက ရှုမြင်နေကြပြီး ဥရောပသမဂ္ဂ ဝင်ရောက်ရေး ထောက်ခံသည့် ယူကရိန်း နိုင်ငံသားအားလုံး ည ၁၂ နာရီ စုဝေးပွဲတွင် ပါဝင်ရန် ၎င်းက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ကျင်းပခဲ့သည့် ယင်းကဲ့သို့သော ဆန္ဒပြပွဲတွင် လူပေါင်း ၃၅၀ ၀၀၀ ထိ ပါဝင်ခဲ့ပြီး လက်ရှိတွင် လူတစ်သန်း ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပပြီး အစိုးရအပေါ် ဖိအားပေးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မော်စကို ဦးဆောင်သည့် အကောက်ခွန်သမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ခြင်းဖြင့် ဥရောပသမဂ္ဂ အဖွဲ့နှင့် အနီးကပ် ပူးပေါင်းရေး လုပ်ဆောင်ချက်များကို အစိုးရအဖွဲ့က စွန့်ရန် စီစဉ်ခြင်းရှိ မရှိကို လေ့လာသုံးသပ်သူများ စောင့်ကြည့်နေကြသည်။

သို့သော်လည်း ယင်းကဲ့သို့သော ပြောကြားချက်များကို မော်စကိုနှင့် ကီယတ် နှစ်ဖက်စလုံးက ငြင်းဆိုထားပြီး အကောက်ခွန်သမဂ္ဂနှင့် ဆိုင်သည့် အရေးများကို ဆွေးနွေးရခြင်း မရှိသေးကြောင်း ထုတ်ပြန်လိုက်သည်။
“ဆိုဗီယက် ပြည်ထောင်စုသစ် ပြန်ဖွဲ့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးတာက နိုင်ငံပြိုကွဲအောင် လုပ်ဆောင်ခြင်းပဲ” ဟု စီးပွားရေး ဝန်ကြီးဟောင်းနှင့် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ယတ်ဆန်ယူက သတိပေးလိုက်သည်။

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံအဖြစ် ယူကရိန်းနိုင်ငံကို ရှုမြင်ထားပြီး သဘာဝ ဓာတ်ငွေ့များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဖြင့် ဥရောပသမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ရေး ကြိုးပမ်းချက် စွန့်လွတ်ရန် ဖိအားပေးနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ခန့်မှန်းသည်။ 

ယူကရိန်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အသုံးစရိတ်များနှင့် ကြွေးမြီများ တိုးပွားလာခြင်းကြောင့် ပြင်ပအကူအညီ အမြောက်အမြား လိုအပ်နေသော်လည်း ဆန္ဒပြသမားများက ဆီးနှင်းများ၊ ရေခဲမှတ် အောက် ကျဆင်းနေသည့် အခြေအနေနှင့် အောက်ကျဆင်းနေသည် ဆန္ဒပြနေကြပြီး ငွေတစ်ခုတည်း အတွက်သာ ဆန္ဒပြနေခြင်း မဟုတ်ဟု ပြောကြားနေကြသည်။
“ကျွန်တော်တို့ နိုင်ငံကို ဥရောပတိုက်က ခေတ်မီနိုင်ငံတွေလို ယဉ်ကျေးခေတ်မီ စေချင်တယ်။ အဲဒါက ဘာလဲဆိုတော့ အစစ်အမှန် ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ဆိုလိုတာပါ” ဟု အသက် ၅၈ နှစ်အရွယ် ဆန္ဒပြသမားတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 9 .2013
ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်း
ရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်
သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ယင်းကဲ့သို့သော ထိပ်တိုက် ရင်ဆိုင်မှု များကြောင့် လူဦးရေ ၄၆ သန်းကျော် ရှိသည့် ဆိုဗီယက် ပြည်ထောင်စု
ဝင် နိုင်ငံဟောင်းယူကရိန်းနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်မှု ထိခိုက်နိုင်သည်ဟု အများက စိုးရိမ်
နေကြသည်။

“ခေတ်မီနိုင်ငံတစ်ရပ်မှာပဲကျွန်တော်တို့ နေချင်တယ်။ အဲဒါကို ဖြစ်အောင် လုပ်မယ်” ဟု အတိုက်အခံ  ခေါင်း
ဆောင်ဗစ်တာလေကလစ်ချကိုက ပြောကြားလိုက်ပြီးဆိုဗီယက်ခေတ်သို့ ပြန်လည်သွားရောက်ရန် ယူကရိန်း
သမ္မတက ပြင်ဆင်နေကြောင်း ဝေဖန်လိုက်သည်။

အရပ် နှစ်မီတာ (၆ ပေ ၇ လက်မ) ထိရှိသော ကမ္ဘာ့ဟဲဗီး လက်ဝေ့ ချန်ပီယံဟောင်း ဗစ်တာလေက လစ်ချ
ကို ကို ယူကရိန်း အမျိုးသား ခေါင်းဆောင်သစ်အဖြစ် အများက ရှုမြင်နေကြပြီး ဥရောပသမဂ္ဂ ဝင်ရောက်ရေး
ထောက်ခံသည့်ယူကရိန်း နိုင်ငံသားအားလုံးည၁၂ နာရီစုဝေးပွဲတွင် ပါဝင်ရန် ၎င်းက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ကျင်းပခဲ့သည့် ယင်းကဲ့သို့သော ဆန္ဒပြပွဲတွင် လူပေါင်း ၃၅၀ ၀၀၀ ထိ ပါဝင်ခဲ့ပြီး လက်ရှိတွင် လူတစ်သန်း ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပပြီး အစိုးရအပေါ် ဖိအားပေးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်
သည်။

မော်စကိုဦးဆောင်သည့်အကောက်ခွန်သမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ခြင်းဖြင့် ဥရောပသမဂ္ဂ အဖွဲ့နှင့် အနီး
ကပ်ပူးပေါင်းရေးလုပ်ဆောင်ချက်များကို အစိုးရအဖွဲ့က စွန့်ရန် စီစဉ်ခြင်းရှိ မရှိကို လေ့လာသုံးသပ်သူများ
စောင့်ကြည့်နေကြသည်။

သို့သော်လည်း ယင်းကဲ့သို့သော ပြောကြားချက်များကို မော်စကိုနှင့် ကီယတ် နှစ်ဖက်စလုံးက ငြင်းဆိုထားပြီး အကောက်ခွန်သမဂ္ဂနှင့်ဆိုင်သည့်အရေးများကို ဆွေးနွေးရခြင်းမရှိသေးကြောင်းထုတ်ပြန်လိုက်သည်။“ဆိုဗီ
ယက် ပြည်ထောင်စုသစ် ပြန်ဖွဲ့ရေးသဘောတူညီချက်လက်မှတ်ရေးထိုးတာက နိုင်ငံပြိုကွဲအောင်လုပ်ဆောင်
ခြင်းပဲ” ဟု စီးပွားရေး ဝန်ကြီးဟောင်းနှင့် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ယတ်ဆန်
ယူက သတိပေးလိုက်သည်။

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံအဖြစ် ယူကရိန်းနိုင်ငံကို ရှုမြင်ထားပြီး သဘာဝ ဓာတ်
ငွေ့များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဖြင့် ဥရောပသမဂ္ဂသို့ ယူကရိန်း ဝင်ရောက်ရေး ကြိုး
ပမ်းချက် စွန့်လွတ်ရန် ဖိအားပေးနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ခန့်မှန်းသည်။

ယူကရိန်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အသုံးစရိတ်များနှင့် ကြွေးမြီများ တိုးပွားလာခြင်းကြောင့် ပြင်ပအကူအ
ညီ အမြောက်အမြား လိုအပ်နေသော်လည်း ဆန္ဒပြသမားများက ဆီးနှင်းများ၊ ရေခဲမှတ် အောက် ကျဆင်းနေ
သည့်အခြေအနေနှင့် အောက်ကျဆင်းနေသည်ဆန္ဒပြနေကြပြီး ငွေတစ်ခုတည်း အတွက်သာ ဆန္ဒပြနေခြင်း
မဟုတ်ဟု ပြောကြားနေကြသည်။

“ကျွန်တော်တို့ နိုင်ငံကို ဥရောပတိုက်က ခေတ်မီနိုင်ငံတွေလို ယဉ်ကျေးခေတ်မီ စေချင်တယ်။ အဲဒါက ဘာ
လဲဆိုတော့ အစစ်အမှန် ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ဆိုလိုတာပါ” ဟု အသက် ၅၈ နှစ်အရွယ် ဆန္ဒပြသမားတစ်ဦးက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment