Pages

Tuesday, June 11, 2013

အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်

ရန်ကုန်၊ ဇွန် ၁၁
ဒဂုံအထက ၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ်ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်
ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်
ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ်ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်
ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။

လူကုန်ကူးသူများကို အောင်မင်္ဂလာကားဝင်းအတွင်း၌ ရဲတပ်ဖွဲ့က ဖမ်းမိ

ဇွန်လ ၁၁ ရက် ၂၀၁၃ ခုနှစ်
လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး
Tuesday, June 11, 2013

သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး
၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်းသည် တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ပင်လယ်ပြင်တွင် လှိုင်းကြီးပြီး ငါးဖမ်းလှေများ မှောက်ကာ ငါးဖမ်းသမားများ သေဆုံး ၊ ပျောက်ဆုံးနေရခြင်း ဖြစ်သည်။ 

ထို့အပြင်ဇွန် ၇ ရက်နှင့် ၈ ရက် နံနက် အစောပိုင်းကလည်း ရေစီးကြမ်းမှုကြောင့် ငါးဖမ်း သင်္ဘောများ တိမ်းမှောက်ခဲ့ရာ ငါးဖမ်းသမား ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် သီရိလင်္ကာ မြို့တော် ကိုလံဘိုမြို့ တစ်ဝှန်းတွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်၍ လဲကျခဲ့ခြင်းကြောင့် ကားလမ်းများ ပိတ်ခဲ့ပြီး သွားလာရေး နှောင့်နှေးခဲ့ရသည်။ ဇွန်လ ၈ ရက်နေ့မှစ၍ လေပြင်း တိုက်ခတ်မှုကြောင့် ပင်လယ်ပြင်တွင် လှိုင်းထန်မှုများ ဖြစ်ပေါ်နိုင်၍ ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်ရန် ငါးဖမ်းသမားများအား ရာသီဥတုဆိုင်ရာ သတိပေးချက်များ သီရိလင်္ကာ မိုးလေဝသ ဌာနက ထုတ်ပြန် ထားခဲ့သည်။

MRTV-4

Tuesday, June 11, 2013
သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါး
ဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြော
ကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း မနီလာသိန်းတို့ ထောင်ထဲမှာရေးတဲ့ကဗျာ စာအုပ် ထွက်ပြီ

မနီလာသိန်းတို့ ထောင်ထဲမှာရေးတဲ့စာ 
Tuesday, June 11, 2013

နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်းဖြစ်၊ အထင်ကရ ၈၈ မျိုးဆက်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ မနီလာသိန်းတို့ ရဲ့ ကဗျာ စာအုပ် ထွက်လာပါပြီ။  

စာအုပ်ကို နှလုံးသွေးဂီတချစ်သူနဲ့ကျွန်မကဗျာစုများ လို့ အမည်ပေးထားပါတယ်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း သရက်ထောင်မှာ အကျဉ်းကျနေစဉ် အပြန်အလှန်ပေးပို့တဲ့စာတွေထဲက ကဗျာတွေကို စုစည်းပြီးထုတ်ဝေတဲ့စာအုပ်ပါ။

“အစ်မက ကိုဂျင်မီကိုပေးတဲ့စာတွေထဲမှာပါတဲ့ ကဗျာတွေနဲ့ ကိုဂျင်မီကနေ အစ်မဆီကိုရေးတဲ့စာတွေထဲက ကဗျာတွေကိုစုပေါင်းပြီး ဒီကဗျာစာအုပ်ကို ထုတ်တာပါ။
ခံစားမှု အစုံ ပါ ပါတယ်…” လို့ မနီလာသိန်းက ပြောပါတယ်။

“အစ်မ ထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ခံစားမှုတွေကိုရေးတဲ့ ကဗျာတွေလည်း ပါတယ်၊
ထောင်ထဲမှာဖတ်ရတဲ့ စာအုပ်တွေအပေါ်မှာရတဲ့ sense ကိုလည်း ရေးဖြစ်တဲ့ကဗျာတွေလည်း ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စာအုပ်ကို ကျပ် ၃,၀၀၀ နဲ့ ရောင်းချသွားမယ်၊ မနက်ဖြန်  ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းစင်တာမှာ စာအုပ်မိတ်ဆက်ပွဲလုပ်မယ်၊ အချိန်က ညနေ ၄း၃၀ ကနေ ၆း၀၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီblog

Tuesday, June 11, 2013
နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည
်းဖြစ်၊ အထင်ကရ ၈၈ မျိုးဆက်တွေ ဖြစ်တဲ့ ကိုဂျင်မီ၊ မနီလာသိန်းတို့ ရဲ့ ကဗျာ စာအုပ် ထွက်လာပါပြီ။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း Sing Tel ဝင်လာပြီ

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း Sing Tel ဝင်လာပြီ

ဇွန်လ ၁၁ ရက် ၂၀၁၃

စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်း ကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။

စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ကမ္ဘောဇဘဏ် လီမိတက်၊ မြန်မာ တယ်လီဖုန်း ကုမ္ပဏီ (M Tel) တို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယနေ့ ရန်ကုန်မြို့ Strand Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mark Chong က ပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံလောက်တဲ့ ပြဿနာ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ကုန်ကြမ်း ဝယ်ယူရ ခက်ခဲတဲ့ ပြဿနာ စတဲ့ စိန်ခေါ်မှုတွေ ရှိပေမယ့် ကျနော်တို့ဘက်က ရအောင် လုပ်သွားမှာပါ။ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေခဲ့တာကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ လိုအပ်လိမ့်မယ်” ဟု သူက ဆိုသည်။

၃ နှစ်အတွင်း မြို့ပြနှင့် ကျေးလက်လူဦးရေ ၉၇ ရာခိုင်နှုန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာနှင့် ချိတ်ဆက် ပြောဆိုနိုင်သည့် Sim Card များ ထုတ်လုပ်ခြင်း၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်စနစ်များ ချိတ်ဆက်ပေးခြင်း၊ ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်နိုင်ပြီး မြန်မာအစိုးရ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ချေ ရှိမရှိ လေ့လာရေးများတွင် ထည့်သွင်း ပါဝင်စေခြင်းတို့ကိုလည်း ဆက်လက် အကောင်အထည်ဖော် မည်ဟု သိရသည်။

ထို့အပြင် အာမခံ လုပ်ငန်း၊ ငွေစုငွေချေး လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး စသည့် ကိစ္စများတွင်လည်း ဆက်သွယ်ရေးစနစ် အသုံးပြုကာ ဆောင်ရွက်ရန်ရှိသည်ဟု Mr. Mark Chong က ရှင်းပြသည်။
Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီသည် အာရှနှင့် အာဖရိကတွင် ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသည့် လုပ်ငန်းစု တခုဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများကို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် တင်ဒါ ခေါ်ယူရာ၌ ကမ္ဘောဇဘဏ်နှင့် မြန်မာတယ်လီဖုန်း (M Tel) ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ် ရေး ဈေးကွက် ဘက်သို့ စတင်အခြေချခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

“Sing Tel ကုမ္ပဏီက အခက်အခဲ ဖြစ်နေတဲ့အချိန်တွေမှာ တွဲခေါ်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစားတွေအတွက် ဦးစားပေးပြီး လုပ်ချင်တဲ့အတွက်ကြောင့် လက်တွဲဖြစ်တာ။ အစိုးရကလည်း ဆက်သွယ် ရေး လိုင်စင်ကို ၄ ခုအထိ ချပေးဖို့ရှိတယ်လို့ ပြောထားတာတွေရှိတယ်လေ” ဟု M Tel မှ CEO ကိုဂျွန်နသန် မျိုးကျော် သောင်းက ပြောသည်။

Sing Tel ကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏကို ထုတ်ပြန်ရန် ပြည်တွင်းကုမ္ပဏီများက ငြင်းဆို ခဲ့ကြသည်။ ထို့အပြင် ဆက်သွယ်ရေးတင်ဒါ ဆန်ခါတင်စာရင်းတွင် ပါဝင်လျှက်ရှိသည့် Digicel ကုမ္ပဏီ ကလည်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင်း ဝင်ရောက်နိုင်ရန် ခြေလှမ်းသွက်လျှက်ရှိသည်။

ဧရာဝတီ

ဇွန်လ ၁၁ ရက် ၂၀၁၃
စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်း ကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။

အချုပ်ယာဉ် ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅;၀၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့်ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည်မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ ဒေါ်သိန်းတင်လမ်း ဘက်သို့မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

"လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ"

ဆီလန်ဂေါ၊ ဇွန် ၁၁
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်း ၃ ခုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးအား အလိုရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဗိုလ်တထောင်သိမ်းဆည်းခံမြေကွက် တတိယအကြိမ် ဆန္ဒဖော်ထုတ်


ရန်ကုန်-ဇွန်၁၁ 
ဗိုလ်တထောင်မြို့နယ် ၃ရပ်ကွက်ရှိသိမ်းဆည်းခံမြေကွက်၇၁၃ကွက်အတွက်တတိယအကြိမ်ဆန္ဒဖော်ထုတ်
ပွဲကို ယနေ့ နေလည်က အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနရှေ့မှစတင်ပြုလုပ်သည်။

ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလို ရေအောက်မောင်းနှင်နိုင်မယ့်ကား

နည်းပညာတွေထွန်းကားမှုကြောင့် စိတ်ကူးရင်အိပ်မက်တွေလည်း အမှန်တကယ်ဖြစ်လာပါပြီ၊ဆွစ်ဇာလန်
ကားကုမ္ပဏီ Rinspeed ကထုတ်လုပ်တဲ့ sQuba လို့ခေါ်တဲ့ ကားအမျိုးစားဖြစ်ပြီး2008 Geneva Motor Show 
မှာ ကမ္ဘာ့ ပထမဆုံး ကုန်းပေါ်၊ရေပေါ်၊ရေအောက် သုံးမျိုးမောင်းနှင် လို့ရမယ့်ကားအမျိုးစားဖြစ်ပါတယ်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ

Tuesday, June 11, 2013

နတ္တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်ထဲက လယ်သမားတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဇွန် ၁၀ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့် ဦးဆောင်သူ ၃ ဦးကို ဒီနေ့မနက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

"ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး"

Photo: "ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး"
Tuesday, June 11, 2013

ရုပ်ရှင်နှင့်ပတ်သက်လျှင် အမေရိကန်နိုင်ငံ၏ ဟောလီးဝုဒ် (Hollywood) ကိုသာအများကသိကြသည်။အရှေ့တိုင်းသားများအဖို့ရုပ်ရှင်နှင့်ပတ်သက်၍ ဂုဏ်ယူနိုင် သလို သိထားသင့်သောအကြောင်းများစွာအနက် ချိုင်းနားဝုဒ်(China wood) ဟု အများခေါ်ကြသည့် Hengdian World Studios လည်းတစ်ခုအပါ အဝင်ဖြစ် သည်။ Hengdian World Stu-dios(HWS) သည်ကမ္ဘာ့အကြီးဆုံးရုပ်ရှင်စတူဒီယိုကြီးဖြစ်သည်။တရုတ်နိုင်ငံ Zhejiang ပြည်နယ်သုန်ယန် မြို့ရှိ Hengdian အရပ်၌ တည်ရှိသည်။

ချိုင်းနားဝုဒ်ပိုင်ရှင်

ချိုင်းနားဝုဒ် (China-wood) ဟု တစ်ခါတစ်ရံခေါ် သော HWS စတူဒီယိုကြီးကို ရှုဝမ်းရုံ (Xu Wenrong) ဟုခေါ် သောသူပိုင်ဆိုင်သည့် Hengidanအုပ်စုက စီမံဆောင် ရွက် လျက်ရှိသည်။ သူသည်လယ်မြေ ဧက ပေါင်းများစွာကို အာရှ တိုက် အတွင်းအကြီးဆုံးရုပ်ရှင် စတူဒီယိုကြီးအဖြစ် အသွင် ပြောင်း လဲခဲ့သည်။ ၁၉၉ဝခုနှစ် နှောင်းပိုင်း ကာလတွင်စတင် တည်ဆောက်ခဲ့ပြီးဒေါ်လာ ၃ ဘီလျံကုန်ကျခဲ့သည်။ မကြာသေးမီနှစ်များကပင် ပေကျင်းမြို့ရှိ ဘုရင့်ဥယျာဉ်တော်(Imperial Gardens) ပုံစံတူ "နွေရာသီစံကျောင်းတော်"တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ ယခုအခါတွင် ကွမ်ကျိုလမ်း၊ ဟောင်ကောင်လမ်း၊ မင်(Ming) နှင့် ချင်(Qing) မင်းဆက်နန်းတော်ပုံစံ စသည်တို့ကိုပါ တည်ဆောက်ထားသည်။

တရုတ်ပြည်ရဲ့ဟောလီးဝုဒ်

Hengidan World Sudios ကိုအမေရိကန် ဟော လီးဝုဒ်ရုပ်ရှင်မဂ္ဂဇင်းကြီးက "တရုတ် ပြည်ရဲ့ဟောလီးဝုဒ်" (China's Hollywood) ဖြစ်အမည်ပေးခဲ့သည်။HWS တွင် အပိုင်း၂၁ပိုင်း ပါ ဝင်ပြီးကျွမ်းကျင် ဝန်ထမ်း ပေါင်း ၂ဝဝဝ ကျော်ရှိသည်။ ရုပ်ရှင် ရိုက်ကူးနေရာ ၁၃နေရာ ရှိပြီး စတုရန်းဧက ၄၉၅၉၉၅ မီတာ ကျယ်ဝန်းသည်။

ထူးခြားချက်များ

HWS စတူဒီယိုတွင် အံသြစရာကောင်းလောက်သော အရာများစွာရှိသည်။ ယင်းတို့ အနက် ၄၅.ဝ၅ မီတာမြင့်သော ဗုဒ္ဓဘုရားတန်ဆောင်ကြီးနှင့် ၂၈ ဒသမ ၈မီတာ မြင့်သောစကြ မုနိဆင်းတု တော်တော်ကြီး လည်း အပါအဝင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု အများဆုံး စတူဒီယို လည်း ဖြစ်ခဲ့ သည်။

ကမ္ဘာကျော်ဇာတ်ကားကြီးများ

HWS စတူဒီယိုကြီးတွင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ၂ဝ၁၂ခုနှစ်တွင် တရုတ်မင်းသား ဂျက်လီ ပါဝင်ရိုက်ကူးခဲ့သော "Hero" ရုပ်ရှင်ဇာတ် ကားကိုလည်း HWS တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည်တရုတ်ရုပ်ရှင်သမိုင်းတွင် အကုန်အကျအများဆုံး ဇာတ်ကားဖြစ် သည်။ ဟောင်ကောင် အခြေစိုက် TVB ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော "A Step into the past" ဇာတ်လမ်း တွဲကိုလည်း HWS တွင်ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ တရုတ်မင်း သားကြီးများ ဖြစ်ကြသော ဂျက်ကီချန်းနှင့် ဂျက်လီတို့ ပူးတွဲပါဝင် သရုပ်ဆောင် ထားသော ကမ္ဘာကျော် "The Forbidden Kingdom" ရုပ်ရှင် ဇာတ်ကားမှာ လည်း HWS တွင် ရိုက်ကူးခဲ့သည်။

ဧပရယ်လ်မိုးဆက်
Popular Journal

Tuesday, June 11, 2013

ရုပ်ရှင်နှင့်ပတ်သက်လျှင် အမေရိကန်နိုင်ငံ၏ ဟောလီးဝုဒ် (Hollywood) ကိုသာအများကသိကြသည်။အရှေ့
တိုင်းသားများအဖို့ရုပ်ရှင်နှင့်ပတ်သက်၍ ဂုဏ်ယူနိုင် သလို သိထားသင့်သောအကြောင်းများစွာအနက် ချိုင်း
နားဝုဒ်(China wood) ဟု အများခေါ်ကြသည့် Hengdian World Studios လည်းတစ်ခုအပါ အဝင်ဖြစ် သည်။

"ထိုင်းနိုင်ငံက PEE MAK ရုပ်ရှင်မြန်မာပရိသတ်ကြည့်ရှုမှုမြင့်မား"