Pages

Tuesday, June 11, 2013

အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်

ရန်ကုန်၊ ဇွန် ၁၁
ဒဂုံအထက ၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ်ထူးကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်တက္ကသိုလ်
ဝင်တန်းကို နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။အချိန် တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်
ကိုမှာ ၂ဝ၁၃ တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ်ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅တို့ ဖြင့် ဒဂုံ အထက ၁ စာစစ်
ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု သိရသည်။
ယင်းအမြွှာညီအစ်ကို နှစ်ဦး၏ အမည်မှာ မောင်ကောင်းဝေလျှံလင်း နှင့် မောင်ကောင်းဝေရန်လင်းဖြစ်ပြီး
 ခြောက်ဘာသာဂုဏ်ထူးကိုယ်စီ ရရှိရန် နှစ်စကတည်းက ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ကြောင်းနှင့် ဆေး
တက္ကသိုလ် မတက်ဘဲ၊ နည်းပညာတက္ကသိုလ်တက်၍အင်ဂျင်နီယာအလုပ်အကိုင်ကိုသာလုပ်ကိုင်မည်ဖြစ်
ကြောင်း နှစ်ဦးစလုံးက ပြောသည်။

''ဆရာဝန်မဖြစ်ချင်ပါဘူး။ ကျွန် တော်တို့ညီအစ်ကိုက တီထွင်ရတာ ဝါသနာပိုပါပါတယ်''ဟု မောင်ကောင်း

 ဝေရန်လင်းက ပြောသည်။

နှစ်စကတည်းက တစ်နေ့စာတစ် နေ့ လေ့လာ၍ နေ့စဉ် ခြောက်နာရီ စာ ကျက်ချိန်ထားကြောင်း၊ တီဗီကြည့်

ခြင်း၊အင်တာနက်၊ ဖေ့စ်ဘွတ်အသုံးပြုခြင်းတို့ကိုစာသင်နှစ် တစ်နှစ်လုံးတွင် မ ဆောင်ရွက်ဘဲ စာထဲကိုသာ
စိတ်ထည့်ထားကြောင်း¤င်းတို့၏ ကြိုးစားအားထုတ်ခဲ့မှုကို မောင်ကောင်းဝေရန်လင်း က ပြောကာ ထိုအချက်
များကြောင့် နှစ်ဦးစလုံး ဂုဏ်ထူးရခဲ့သည်ဟု မောင် ကောင်းဝေလျှံလင်းက ဆိုသည်။


ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ ဖခင် ဦးဝင်းဆွေဇော်၊ ဒေါ် မြင့်မြင့်ကြူတို့က ၁၉၉၇ ခုနှစ် ဇွန်

လ ၇ ရက်နေ့တွင် အမြွှာညီအစ်ကိုကို မွေးဖွား ခဲ့ပြီး စုစုပေါင်း မွေးချင်း ၃ ဦးအနက် အကြီးဆုံး သားများဖြစ်
ကြ သည်။

မိခင်ဒေါ်မြင့်မြင့်ကြူက''ကျန်းမာ ရေးကိုအဓိကထားပြီးဂရုစိုက်ပါတယ်။သူတို့ဖြစ်ချင်တဲ့ရည်မှန်းချက်အတိုင်း

မိဘက ဆောင်ရွက်ပေးသွားမှာပါပဲ''ဟု ပြောသည်။အမြွှာမွေးများမှာထူးချွန်စွာ အောင်မြင်မှုရှိသော်လည်း
ဤကဲ့သို့ ခြောက်ဘာသာကိုယ်စီဖြင့် ဂုဏ်ထူး ထွက်မှုမှာ အလွန်နည်းပါးသည့် ဖြစ်ရပ် ဟု အခြေခံပညာအ
သိုင်းအဝိုင်း က ဆိုသည်။မင်းသုအောင်

Popular Myanmar News ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment