အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော စစ်တမ်း တစ်ခုအရ အိန္ဒိယ နိုင်ငံသား
အများစုသည် ၎င်းတို့ ဝယ်ယူသော ကွန်ဒုံးများ၏ အရွယ်အစား ကြီးမားလွန်းသည်ဟု
ခံစားနေရကြောင်း သိရှိရသည်။ လူပေါင်း (၁၂၀၀)ကျော်ထံမှ
ဖြန့်ကျက်ကောက်ယူသော သဘောထား စစ်တမ်းအရ နိုင်ငံတကာ သင့်လျော်သော စံနှုန်း
သတ်မှတ်ချက် အရွယ်အစားသည် အိန္ဒိယသား အများစုအတွက် ပိုမို ကြီးမားနေကြောင်း
ဖော်ထုတ် တွေ့ရှိခဲ့သည်။
Friday, February 8, 2013
2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခု ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ ဖြတ်သန်းသွားမည်
နောက်တပတ်ထဲမှာ
2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခုဟာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ
ဖြတ်သန်းသွားမယ်လို့ သိရပြီး စိုးရိမ်စရာမရှိကြောင်း NASA
ကထုတ်ပြန်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ဆူမာထရားကျွန်း အနီး
အိန္ဒိယသမုဒ္ဒရာ အထက်ကနေ အချင်း ပေ ၁၅၀ ရှိတဲ့ အဆိုပါဂြိုဟ်မွှားလေးဟာ ကမ္ဘာမြေပြင်အထက် မိုင် ၁၇၁၀၀ လောက်မှာ ဖြတ်သန်းသွားမှာဖြစ်ပြီး မြေပေါ်သို့ကျလာစရာ မရှိကြောင်း သိရပါတယ်။
အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်
ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့
ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက်
သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။
အုပ်စုဖွဲ့ ဓားနှင့်ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး
မန္တလေးတိုင်း တိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ်
တစ်စုက ဓားနှင့် ထိုးသတ် ခဲ့သောကြောင့် လေဘေးထည် ရောင်းသူ လူငယ်တစ်ဦး
ဓားဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။
မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ
မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့်
လဲလှယ်ပေးသည့်သူအား ဖမ်း
ဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ
စုံစမ်းသိရှိရပါသည်။ငွေစက္ကူအတုလဲလှယ်ပေးသည့်သူအား
ဖမ်းဆီးမှုနှင့် ပတ်သက်