Pages

Friday, February 8, 2013

သူခိုးဟု စွပ်စွဲပြီး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွား

Photo: သူခိုးဟု စွပ်စွဲရာမှ ရန်ဖြစ်ကြသူများ

February 8, 2013Home, သတင်း

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ အင်းမရွှေကျောင်းကြီး ဘုရားပွဲတွင် ဖေဖော်ဝါရီ ၅ ရက် ည(၁၁)နာရီအချိန်ခန့်၌ သူခိုးဟု စွပ်စွဲရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၁)နာရီအချိန်၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်းကြီးဘုရားပွဲ တွင် ဇော်အေး(၃၅)နှစ်၊ ဈေး ရောင်း၊ ပြည်မြို့နေသူသည် ဘုရားပွဲ၌ ဈေးရောင်းပြီးနောက် ဘုရားပွဲ ရုပ်ရှင်ရုံအတွင်း၌ ဇနီးဖြစ်သူ မသီ တာနှင့်အတူရှိနေစဉ် မိုးမိုးနှင့် အိသီတို့ရောက်လာကာ အရုပ် ရောင်းသည့် ပန်းအိ၏ ဒန်အိုးနှင့် ဆွဲခြင်းပျောက်သည့်ကိစ္စအား သူခိုးစွပ်စွဲရင်း စကားများရန်ဖြစ် နေစဉ် အိသီ၏ ယောက်ျားဖြစ် သူ ပေါက်စ(၃ဝ)နှစ်၊ ဈေးရောင်း၊ ပြည်မြို့နေသူရောက်ရှိလာပြီး မှအသင့်ပါလာသော အရိုး(၄)လက်မခွဲ၊ အသွား (၅) လက်မခန့်ရှိ စတီးဓားဖြင့် ဇော် အေးကို (၂)ချက်ထိုးခဲ့ရာ ဝဲ လက်ပြင်တွင် စူးဝင်ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိခဲ့သည်ဟု သိရှိရသည်။
စတီးဓားဖြင့်ထိုးသူ ပေါက်စ ကို အရေးယူပေးပါရန် ဇော် အေးက (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီအချိန်တိုင်တန်း ချက်အရ အင်းမရဲစခန်း(ပ) ၃၅/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ခဲ့သည်ဆို၏။
ကျူးလွန်သူပေါက်စကို  (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီ(၁ဝ)မိနစ်အချိန်တွင် အမှု ဖြင့်ဖမ်းဆီးပြီး အမြန်ဆုံးတရားစွဲ တင်နိုင်ရန်အတွက် ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

မိုးမခ(ပြည်)


အေးချမ်းမွန်မှ The Hot News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia


ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ အင်းမရွှေကျောင်းကြီး ဘုရားပွဲတွင် ဖေဖော်ဝါရီ ၅ ရက် ည(၁၁)နာရီ
အချိန်ခန့်၌ သူခိုးဟု စွပ်စွဲရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၁)နာရီအချိန်၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်းကြီးဘုရားပွဲ တွင် ဇော်အေး
(၃၅)နှစ်၊ ဈေး ရောင်း၊ ပြည်မြို့နေသူသညဘုရားပွဲ၌ ဈေးရောင်းပြီးနောက်ဘုရားပွဲ ရုပ်ရှင်ရုံအတွင်း ဇနီးဖြစ်
သူ မသီ တာနှင့်အတူရှိနေစဉ် မိုးမိုးနှင့် အိသီတို့ရောက်လာကာ အရုပ် ရောင်းသည့် ပန်းအိ၏ ဒန်အိုးနှင့် ဆွဲခြင်းပျောက်သည့်ကိစ္စအား သူခိုးစွပ်စွဲရင်း စကားများရန်ဖြစ် နေစဉ် အိသီ၏ ယောက်ျားဖြစ် သူ ပေါက်
စ(၃ဝ)နှစ်၊ ဈေးရောင်း၊ ပြည်မြို့နေသူရောက်ရှိလာပြီး မှအသင့်ပါလာသော အရိုး(၄)လက်မခွဲ၊ အသွား (၅) လက်မခန့်ရှိ စတီးဓားဖြင့် ဇော် အေးကို (၂)ချက်ထိုးခဲ့ရာ ဝဲ လက်ပြင်တွင် စူးဝင်ဒဏ်ရာ(မစိုး ရိမ်ရ)ရရှိခဲ့
သည်ဟု သိရှိရသည်။

စတီးဓားဖြင့်ထိုးသူ ပေါက်စ ကုအရေးယူပေးပါရန် ဇော် အေးက(၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီအချိန်
တိုင်တန်း ချက်အရ အင်းမရဲစခန်း(ပ) ၃၅/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ခဲ့သည်ဆို၏။

ကျူးလွန်သူပေါက်စကို (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီ(၁ဝ)မိနစ်အချိန်တွင် အမှု ဖြင့်ဖမ်းဆီးပြီး အမြန်
ဆုံးတရားစွဲ တင်နိုင်ရန်အတွက် ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

မိုးမခ(ပြည်)

  The Hot News

0 comments:

Post a Comment