Pages

Friday, February 8, 2013

ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့ဖွဲ့စည်းလိုက်ပြီ

Photo: ရွေးကောက်ပွဲ ကော်မရှင် အင်အား ၁၀ ဆ တိုးချဲ့

ဒီဗွီဘီ

၂၀၁၀ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်းအင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်းအင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ပြည်နယ်နဲ့ တိုင်း ၁၄ ရုံး၊ နေပြည်တော်နဲ့ ခရိုင် ၆၇ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ ၆ ရုံး၊ မြို့နယ်အဆင့် ရုံးပေါင်း ၃၃၀ ဖွဲ့စည်းခဲ့တဲ့အတွက် ခုလို ၀န်ထမ်းအင်အား ၁၀ ဆ တိုးမြှင့်ခန့်ထားခဲ့တာ ဖြစ်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။


အေးချမ်းမွန်မှ DVB TV News တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

၀၁၀ ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပုံ အရာရှိနဲ့ ၀န်ထမ်းအင်အား ၂၀၀ နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁၀ ဆ တိုးကာ အရာရှိ ၀န်ထမ်းအင်အား ၂,၄၀၀ ကျော်နဲ့ တိုးချဲ့ဖွဲ့လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်အရ ပြည်နယ်နဲ့ တိုင်း ၁၄ ရုံး၊ နေပြည်တော်နဲ့ ခရိုင် ၆၇ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသ ၆ ရုံး၊ မြို့နယ်အဆင့် ရုံးပေါင်း ၃၃၀ ဖွဲ့စည်းခဲ့တဲ့အတွက် ခုလို ၀န်ထမ်းအင်အား ၁၀ ဆ တိုးမြှင့်ခန့်ထားခဲ့တာ ဖြစ်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။
 
 
DVB TV News

0 comments:

Post a Comment