Pages

Friday, February 8, 2013

အိန္ဒိယသားအများစုက ကွန်ဒုံးအရွယ်အစား ကြီးမားလွန်းသည်ဟုဆို

Photo: အိန္ဒိယသားအများစုက ကွန်ဒုံးအရွယ်အစား ကြီးမားလွန်းသည်ဟုဆို

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သော စစ်တမ်း တစ်ခုအရ အိန္ဒိယ နိုင်ငံသား အများစုသည် ၎င်းတို့ ဝယ်ယူသော ကွန်ဒုံးများ၏ အရွယ်အစား ကြီးမားလွန်းသည်ဟု ခံစားနေရကြောင်း သိရှိရသည်။ လူပေါင်း (၁၂၀၀)ကျော်ထံမှ ဖြန့်ကျက်ကောက်ယူသော သဘောထား စစ်တမ်းအရ နိုင်ငံတကာ သင့်လျော်သော စံနှုန်း သတ်မှတ်ချက် အရွယ်အစားသည် အိန္ဒိယသား အများစုအတွက် ပိုမို ကြီးမားနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ နိုင်ငံတကာ သတ်မှတ်စံနှုန်းဖြင့် ကွန်ဒုံးများကို ဝယ်ယူသော်လည်း အသုံးပြုရာတွင် ကွန်ဒုံးအရွယ်က ပိုရှည်နေကြောင်း စစ်တမ်းတွင် ပါဝင်ဖြေကြားသူ ထက်ဝက်ကျော်က ပြောကြားခဲ့သည်။ အများစုက နိုင်ငံအတွင်း ကွန်ဒုံး ရောင်းချရာတွင် နိုင်ငံတကာ စံနှုန်းဖြင့် မဟုတ်ဘဲ နယ်ပယ်အသီးသီးသို့ အရွယ်အစား အမျိုးစုံသော ကွန်ဒုံးများ ဖြန့်ကျက် ရောင်းချစေလိုကြောင်း ဆန္ဒပြုခဲ့ကြသည်။

ယခုသုတေသန စစ်တမ်းကို (၂)နှစ်မျှ အချိန်ယူ ကောက်ခံရန် အိန္ဒိယ ဆေးဝါးသုတေသန ကောင်စီက စီစဉ်ခဲ့သည်။ ကူးစက်ရောဂါများ တားဆီးရေး ရည်ရွယ်ချက်ဖြင့် ကွန်ဒုံးအသုံးပြုမှုကို မြှင့်တင်ရန် လုပ်ဆောင်သော စစ်တမ်း ကောက်ခံမှုတွင် အဆီအငေါ် မတည့်သည့် သဘောထား ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သုတေသီများက စစ်တမ်းကို အခြေခံ ကောက်ချက်ဆွဲပါက အိန္ဒိယ အမျိုးသား (၆၀)ရာခိုင်နှုန်းမျှ၏ ဖိုအင်္ဂါသည် နိုင်ငံတကာ စံနှုန်းများဖြင့် သတ်မှတ်ထုတ်လုပ်သော ကွန်ဒုံးများ အသုံးပြုရန် (၃)စင်တီမီတာမှ (၅)စင်တီမီတာထိ တိုနေကြောင်း ပြောကြားခဲ့သည်။

ဆေးဝါးသုတေသန ကောင်စီမှ ဒေါက်တာ ချန်ဒါပူရီက အမျိုးသားများ ကွန်ဒုံးကို အသုံးပြုလုပ်စိတ် နည်းပါးခြင်းသည် နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် အလားအလာ မကောင်းလှဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယသည် လက်ရှိ အချိန်တွင်ပင် ကမ္ဘာပေါ်တွင် HIVပိုး ကူးစက်မှု အများဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည်။ ဒေါက်တာ ပူရီက "ကွန်ဒုံး အသုံးပြုမှုက အိန္ဒိယမှာ တော်တော် နည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမပြုမိတဲ့ အချက်တစ်ခုကို ခုချိန်မှာ ဖော်ထုတ်လာနိုင်တာပါ။ ကွန်ဒုံး ဝယ်ချင်စိတ် ရှိရင်တောင် အရွယ်အစားမှာ ပြဿနာ ရှိနိုင်တယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါပြီ။ ပြဿနာ တစ်ခုက အမျိုးသားတွေ ကိုယ်တိုင်က စတိုးဆိုင်တွေမှာ ကွန်ဒုံး Sizeအသေး မေးဝယ်ရမှာ ရှက်နေတတ်တာပါပဲ"ဟုလည်း ပြောကြားသွားခဲ့သည်။

Source: BBC

Credit to : Planet Myanmar Network
https://www.facebook.com/excellencemedia

အေးချမ်းမွန်

0 comments:

Post a Comment