Pages

Thursday, May 14, 2015

နိပေါနိုင်ငံတွင် မေလ ၁၂ရက်နေ့က ၇.၄ အဆင့်ငလျှင်ကြီးဧ၀ရက်တောင်အနီးတွင် တပ်မံလှုပ်ခတ်


RangonNewsDaily:: May . 14 .2015
လူ ၈ထောင်ကျော် သေဆုံးခဲ့ပြီး သိန်းနဲ့ချီတဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်း ၂ပတ်ကျော်က ငလျင်လှုပ်ခတ်ခဲ့တဲ့ နီပေါနိုင်ငံမှာ မေလ ၁၂ရက်နေ့ကလည်း ဧဝရတ်တောင်အနီး နမ်ချီဘဇားမြို့ငယ်ရဲ့ အနောက်ဖက် ၆၈ ကီလိုမီတာအဝေးကို ဗဟိုပြုပြီး အင်အား ၇.၄ ပြင်းအားရှိတဲ့ ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါတယ်။

ဂျပန်အရှေ့မြောက်ပိုင်း ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၆.၈ ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်

RangonNewsDaily:: May . 14 .2015
မေလ ၁၃ ရက် နံနက်အစောပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ဒေသကို ဦးတည်ပြီး ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။

အစည်းအဝေးမှာ အိပ်ငိုက်တဲ့ မြောက် ကာကွယ်ရေးဦးစီးချုပ်ကို ကွပ်မျက်လိုက်ပြီလို့ဆို


RangonNewsDaily:: May . 14 .2015
အစည်းအဝေးမှာ အိပ်ငိုက်ပြီး သူ့ကို ခွန်းတုံ့ပြန်ခဲ့တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ် ဟွန်ယောင်ချို ကို မြောက်ခေါင်းဆောင်ကင်ဂျုံအန်း က ကွပ်မျက်လိုက်ပြီလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ (NIS)က ယုံကြည်ရတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး အယောင်ဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို ဖုန်းငွေဖြည့်ခိုင်းသူကို စုံစမ်း

RangonNewsDaily:: May . 14 .2015
မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ် တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး အယောင်ဆောင်ကာ ဖုန်းငွေဖြည့်ကတ် ဖြည့်ခိုင်းနေသူ အမျိုးသားကို စုံစမ်းနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

နီပေါ ဒုတိယမြောက် ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးရှိ၊ ကယ်ဆယ်ရေးများ စတင်


RangonNewsDaily:: May . 14 .2015
ငလျင်ကြီး နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်သွားခဲ့သည့် နီပေါတွင် ဒုက္ခသည်များနှင့် ရှင်ကျန်ရစ်နေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။

မြေနီကုန်းဂုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ရာ လူသေဆုံး


RangonNewsDaily:: May . 14 .2015
မှုမမှန်တဲ့ပြိုင်ကားသံကြားလို့နားစွင့်နေရင်း ဘရိတ်အုပ်သံအရှည်ကြီးနဲ့အတူဝုန်းကနဲ့အသံ
ပါကြားလိုက်တယ် စိတ်ထဲထင်နေတာက ကားကိုလက်တည့်စမ်းမောင်းနေတာလားပေါ့
ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့မှ ကားတိုက်မှန်းသိရတော့တယ် ။