Pages

Thursday, May 14, 2015

နိပေါနိုင်ငံတွင် မေလ ၁၂ရက်နေ့က ၇.၄ အဆင့်ငလျှင်ကြီးဧ၀ရက်တောင်အနီးတွင် တပ်မံလှုပ်ခတ်


RangonNewsDaily:: May . 14 .2015
လူ ၈ထောင်ကျော် သေဆုံးခဲ့ပြီး သိန်းနဲ့ချီတဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်း ၂ပတ်ကျော်က ငလျင်လှုပ်ခတ်ခဲ့တဲ့ နီပေါနိုင်ငံမှာ မေလ ၁၂ရက်နေ့ကလည်း ဧဝရတ်တောင်အနီး နမ်ချီဘဇားမြို့ငယ်ရဲ့ အနောက်ဖက် ၆၈ ကီလိုမီတာအဝေးကို ဗဟိုပြုပြီး အင်အား ၇.၄ ပြင်းအားရှိတဲ့ ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တို့မှပါ သိရှိ ခံစားခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပတ်က ငလျင်ကြောင့် အပျက်အစီးပုံများ ပြည့်နှက်နေသည့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်တွင်လည်း ပြင်းထန်သည့် ငလျင်ရိုက်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း မြို့ခံများက ဆိုသည်။
::
ခတ္တမန္ဒူမြို့တော်နေပြည်သူတွေဟာ လမ်းမတွေပေါ် ပြေးထွက်ခဲ့ကြသလို အဆောက်အအုံတစ်ချို့ ပြိုလဲပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီး ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
::
“တကယ့်ကို အင်အားကြီးတဲ့ ငလျင်ပါပဲ”ဟု ခတ္တမန္ဒူမှ ကော်ဖီဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ပရာကက်ရှ် ရှီလ်ပါကားက ဆိုသည်။
::
ငလျင်ရဲ့ဗဟိုချက်မဟာ ဧဝရတ်တောင်ရဲ့ Base Camp နဲ့ နီးကပ်ပြီး ဧပြီ ၂၅ရက်နေ့က ငလျင်ကြီး ၂ခုကြောင့် တောင်တက်သမား ၁၈ယောက် သေဆုံးခဲ့ပါသေးတယ်။


Kamayut Media,BBC , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment