Pages

Monday, February 17, 2014

ချစ်ခြင်းတစ်စုံ (ကဗျာ )

RangonNewsDaily: February . 17 .2014

ချစ်ခြင်းတစ်စုံ

လွမ်းလို့သာ ငိုရကြေးဆို....
ကျနော့မျက်ဝန်းအိမ်တွေ....
ခန်းခြောက်ခဲ့တာ ကြာလှပေါ့.....
မြို့ပြအောင်ခြေမှာ...
ကျနော်ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့....
ချစ်ခြင်းတစ်စုံရှိတယ်....

ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

Photo: ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။

ရှေ့ တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ကိုယ်ဝန်ရရှိမှုကို တားမြစ်ထားတဲ့ ဥပဒေစည်းကမ်းတွေကြောင့် အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့ အမျိုးသမီးတပ်သား ၉၉ ယောက်နဲ့  အီရတ် က အမျိုးသမီးတပ်သား ၁၀၂ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

တပ်မှူးတွေဟာ ကိုယ်ဝန်ရှိကြောင်း တွေ့ ရှိရတာနဲ့  ဒီအမျိုးသမီးတပ်သားတွေကို လူနာတင်လေယာဉ်တွေနဲ့  ဗြိတိန်ကို ပြန်လည်ပို့ ဆောင်ဖို့ အမိန့် ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အမျိုးသမီးတပ်သားတွေဟာ စစ်တပ်ထဲဝင်ရောက်ရာမှာ ကိုယ်ဝန်ရှိကြောင်း ဆေးစစ်မှုတွေ မခံယူခဲ့ရဘူးလို့  ဆိုပါတယ်။ ဗြိတိန်စစ်တပ်မှာ ၀င်ရောက်ထမ်းဆောင်မယ့် အမျိုးသမီးတပ်သားတွေကို သူတို့ ရဲ့ အရှက်သိက္ခာကြောင့် အတင်းအဓမ္မ စစ်ဆေးခွင့်မရှိပါဘူး။

ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီဥပေဒေကို ပြင်ဆင်သွားဖို့ ရှိပြီး အမျိုးသမီးတပ်သားတွေဟာ နောင်မှာ မဖြစ်မနေခံယူရမယ့် စစ်ဆေးမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စစ်မြေပြင် မှာ တာဝန်ကျနေတဲ့ တခြားအရာရှိတပ်သားတွေဟာ အန္တရာယ်အခြေအနေမှာ ရှိနေချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ တပ်သားတွေကတော့ ဘေးလွတ်ရာကို ရွှေ့ ပြောင်းနေ နေရတဲ့အတွက် ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရားဝင်သတင်းအချက်အလက်တွေအရ ၂၀၀၆ ခုနှစ်အာဖဂန်စစ်မြေပြင် နဲ့ ၂၀၀၃-၂၀၀၉ အီရတ်စစ်မြေပြင်ကနေ ကိုယ်ဝန်ရှိတပ်သား စုစုပေါင်း ၂၀၁ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ စစ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်သား အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူးလို့ သိရပါတယ်။

အမျိုးသမီးတပ်သားအများစုဟာ ကိုယ်ဝန်ကို ဗြိတိန်နိုင်ငံက မထွက်ခွာခင်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ အနည်းစုကတော့ ရှေ့ တန်းမှာတာဝန်ထမ်းဆောင်နေချိန်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တာဝန်ထမ်းဆောင်နေချိန်မှာ ကာမဆက်ဆံနေကြောင်း တွေ့ ရှိရင် ရာထူးအဆင့်အတန်းအလိုက် ထိရောက်စွာ အပြစ်ပေးမှုတွေ ရှိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Dailymail
Trend Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။

ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

Photo: ဘရာဇီးလ် ဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ကိုယ်စားပြု အလှမယ်ပြိုင်ပွဲ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးတွင် အိမ်ရှင်အသင်းကို အားပေးသည့် အနေဖြင့် အလှမယ် ရွေးချယ်ပွဲတစ်ခု ပြုလုပ်နေကြောင်း သိရသည်။ ဘရာဇီးလ်အသင်း ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးရေးသည် သန်းပေါင်း(၂၀၀)မျှရှိသည့် ဘရာဇီးလ် ပြည်သူများအတွက် အိပ်မက်တစ်ခု ဖြစ်သော်လည်း အမျိုးသမီး တစ်ဦးကမူ ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ပါဝင်အားပေးခွင့် ရမည်ဖြစ်သည်။ Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

ယင်းတို့အနက် နောက်ဆုံး တစ်ဦးကို မတ်လ(၅)ရက်နေ့တွင် အမည်ထုတ်ပြန် ကြေညာသွားမည် ဖြစ်သည်။ ရွေးချယ်ခံရသော အလှမယ်သည် ဘရာဇီးလ် အသင်း၏ ကိုယ်စားပြု အလှမယ်အဖြစ် ပြိုင်ပွဲကာလတွင် ပရိသတ်ရှေ့ ထွက်ပေါ်လာခွင့် ရရှိမည်ဟု ဆိုသည်။ နေမာ၊ သီယာဂိုဆေးလ်ဗား အစရှိသည့် ကမ္ဘာကျော် ဘောလုံးသမားများ စုစည်းထားသည့် ဘရာဇီးလ် အသင်းအနက် ဆွဲဆောင်မှု အရှိဆုံးနှင့် ဆွဲဆောင်မှု အနည်းဆုံး ကစားသမား တစ်ဦးစီကို အဆိုပါ မိန်းကလေးများက မဲပေးခွင့် ရရှိခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးအဖြစ် နေမာက ရပ်တည်နေသည်။

ဆွဲဆောင်မှု အနည်းဆုံးမှာမူ တိုက်စစ်မှူးဟော့ခ် ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း မိန်းကလေး အများစု တစ်ပြေးညီ ယူဆထားသည့် ဘရာဇီးလ်ရောက် ဘောလုံးသမား အားလုံးအနက် ဆွဲဆောင်မှု အရှိဆုံး ကစားသမားမှာမူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဖြစ်နေသည်။ အိမ်ရှင်ဘရာဇီးလ် အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(A)တွင် ပါဝင်နေပြီး ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်းတို့နှင့်အတူ ကျရောက်နေကြောင်း သိရှိရသည်။

Planet Myanmar Network 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
Miss Butt Brazil အမည်ရှိ အလှမယ် ရွေးချယ်ပွဲကို လတ်တလောတွင် ကျင်းပနေဆဲဖြစ်ပြီး ဆန်ခါတင် (၁၁)ဦးအဆင့်ထိ ရောက်ရှိလာပြီဟု သိရသည်။

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

Photo: နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။

“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်း မစ္စတာ ရှာမာက ပြောကြားသည်။

ယခု ပျောက်ဆုံးလျက် ရှိသော နီပေါ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူးများ၏ အတွေ့အကြုံ နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ် ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။

Myawady News 
https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

Photo: MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄ 

ရန်ကုန်၊ မဇ္ဈိမ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အဓိကကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုပ်တာပါ။ ဒါက MAIလကြောင်းလိုင်း အနေနဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံနဲ့ M0U ရေးထိုးတာဖြစ်သလို ဂျပန်နိုင်ငံမှာ ရုံးခန်းဖွင့်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေထဲမှာ MAI က ပထမဦးဆုံးလည်း ဖြစ်တယ်။ ဂျပန်မှာ ရုံးခန်းကို တစ်လအတွင်း ဖွင့်နိုင်ဖို့ မှန်းထားတယ်။ လာမယ့် ဇွန်လလောက်မှာ ဂျပန်- မြန်မာ တိုက်ရိုက်ပုံမှန်ခရီးစဉ် စပြီးပြေးဆွဲမယ်” ဟု ဒေါ်အေးမရသာက ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် ဂျပန်နိုင်ငံ HAMA INC တို့ MOU ရေးထိုးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။ ၎င်း MOU အရ MAI မှ Joint Venture ကုမ္ပဏီအဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့် ပူးပေါင်းကာ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ဂျပန်- မြန်မာ လေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များအပြင် နေ့စဉ်ပုံမှန်ခရီးစဉ်များကိုပါ အမြန်ဆုံးတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် MAI က ရန်ကုန်မှ တိုက်ရိုက်ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေသော ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိနှင့် ဖနွမ်းပင်မြို့များကိုပါ မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်ခရီးသည်များ သွားရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်ဟု သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာ၊ ဖနွမ်းပင် နှင့် စီရမ်ရိမြို့များသို့ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

Mizzima - News in Burmese 
https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

ကားအရောင်ပြခန်းဖွင့်လှစ်ရန်ခက်ခဲမှုကြောင့် ဆိပ်ကမ်းကို အရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာ

RangonNewsDaily: February . 17 .2014
ပြည်ပမှတင်သွင်းသည့်ကားများကို အချို့ကားတင်သွင်းသူများက အရောင်းပြခန်းဖွင့်ရန်အခက်အခဲကြောင့်
ဆိပ်ကမ်းကိုသာအရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာကြကြောင်း သတင်းရရှိသည်။အဆိုပါ ပြည်ပမှတင်သွင်းသည့် ကားများကို ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀ အထိအခမဲ့ထားခွင့်ရှိသည့်အတွက် ကားတင်သွင်းသူအချို့ ဆိပ်ကမ်းတွင်သာအရောင်းအဝယ်လုပ်ကြကြောင်း၊ ထိုသို့ အချိန်ကြာလာသည်နှင့်
အမျှ ဆိပ်ကမ်းတန်ဆာခများတက်လာပြီး အရှုံးများသည့်အတွက် အချို့မှာကားများကို ထုတ်ယူခြင်းမရှိတော့ဘဲ ပစ်ထားခဲ့ကြကြောင်း ကားတင်သွင်းသူ ကိုအောင်ကပြောကြားသည်။

မြန်မာပြည်ကိုချစ်တယ်

RangonNewsDaily: February . 17 .2014
မြန်မာပြည်ကိုချစ်တယ်
မြန်မာအ၀တ်အစားကိုလည်းအရမ်းသဘောကျတယ် 

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

Photo: သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSA) နဲ့ သြစတြေးလျ အစိုးရ သတင်းစုဆောင်းရေး အေဂျင်စီ (ASD) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှား တယ်လ်လီဖုန်းလိုင်း အချက်အလက်တွေကို ၀င်ရောက်ထောက်လှမ်းနေတဲ့အကြောင်း အသေးစိတ် ကို ဖော်ပြထားပါတယ်။

ထိပ်တန်းလျှို့ဝှက် တွေကတော့ သြစတြေးလျ ASD ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်တွေကို ထောက်လှမ်း ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ အချက်အလက်တွေ ပါပဲ။

၂၀၁၂ခုနှစ် NSAရဲ့ ဖိုင်တွဲတွေအရ သြစတြေးလျ ASD ဟာ Indosat (အင်ဒိုနီးရှားပိုင် ဂြိုလ်တု) ရဲ့အဝေးဆက်သွယ်မှု တစ်ပြုံကြီး ကို ထောက်လှမ်းနေကြောင်း ပါဝင်ပါတယ်။ အစိုးရ ၀န်ကြီးရုံးတွေရဲ့ ဆက်သွယ်မှုတွေက အစပေါ့။

၂၀၁၃ခုနှစ် ဖော်ထုတ်လိုက်တဲ့ နောက်ထပ်ဖိုင်တွဲတစ်ခုမှာတော့ သြစတြေးလျ ASD ဟာ အင်ဒိုတယ်လီဖုန်းကွန်ယက်(Telkomsel) က အတွင်းရေးဆက်သွယ်မှုတွေကို အုပ်ထားတဲ့ ၁ ဒဿမ ၈ သန်းသော မာစတာကီးတွေကို ဖြည်ထုတ်ထားတဲ့ အကြောင်း ပါလာပါတယ်။

Ref: Trend Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

" ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

Photo: " ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီး

ဇာတ်လမ်း၊ ဇာတ်ညွှန်းဖန် တီးရှင်အကြည်တော်က " ဒီဘီလူးကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ထားရှိခဲ့တာ။
အကြောင်းကြောင်းကြောင့်ပေါ့။ အဲဒီခေတ်က ဇာတ်လမ်းတွဲ ထုတ်လွှင့်ဖို့ မြန်မာ့အသံနဲ့ မြဝတီရုပ်သံပဲရှိတာကိုး။ အဲဒီ တော့ အဲဒီမှာလည်း အဆင်မပြေဘူး။

လွတ်လွတ်လပ်လပ် မဖြစ်တဲ့အခါကျတော့ ရုပ်ရှင် ဖြစ်သွားခဲ့တာ။ ဒီဟာကို ဇာတ် လမ်းတွဲအနေနဲ့ ပြန်ရိုက်ကူးဖို့ စဉ်းစားကြတဲ့ အခါ ကျန်တဲ့ ဇာတ်လမ်းတွဲ တွေကိုလည်း ကြည့်နေရတာ ပေါ့နော်။ မြန်မာပြည် က ဇာတ်လမ်းတွဲတွေ။ သိရတာက ပရိသတ်စိတ်ဝင်စားမှု အားနည်း နေတယ်။ ဇာတ်လမ်းတွဲတွေကို သိပ်မကြည့်ကြဘူး။ မကြည့်ကြ တဲ့အကြောင်း ပြောလို့ရှိရင် အကြောင်း အချက်တွေတော့ အများကြီးပေါ့။ ဇာတ်လမ်းတွဲ တွေကို လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က အရေးကြီးတယ်။

လူ စိတ် ဝင်စားမှုရဖို့ပဲ။ စဉ်းစားလိုက်တော့ ဘီလူးက ရုပ်ရှင်တစ်ဖြစ်လဲ အောင်မြင်ပြီးသားလေ။ ဒီ ဟာကို ရိုက်လိုက်လို့ရှိရင် အဆင်ပြေနိုင်တယ်။ နောက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရ မယ်ထင်ပြီးတော့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ဖြစ်လာခဲ့တာ" ဟု ပြောသည်။

ဘီလူးကို ဇာတ်လမ်တွဲ အဖြစ် ပုံဖော်ရိုက်ကူးသည့်အခါ ဝတ္ထုအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်အဖြစ်သော်လည်းကောင်း နှစ်ဖက်စလုံး၌ အောင်မြင်မှုရ ရှိထားသော
ဇာတ်လမ်းရုပ်ရှင်ကားဖြစ်သောကြောင့် အောင်မြင်မှုအရှိန် မှေးမှိန်လျော့ကျမသွား အောင်ပြင်ဆင်ထားရှိပုံကိုလည်း" ကျွန်တော်က ဝတ္ထုနဲ့ ဇာတ်ညွှန်းကိုပဲအဓိကပြင်ဆင် ထားတာပေါ့နော်။ ရုပ်ရှင်ကြည့် တဲ့အချိန် ပရိသတ်ကြိုက်အောင် ဖန်တီးထားသလိုမျိုး ဇာတ်လမ်းတွဲကိုလည်း အပိုင်းတိုင်း၊ အပိုင်းတိုင်းကို ပရိသတ်စိတ်ဝင်စားအောင် လုပ်ထားတယ်။ ဝတ္ထုထဲမှာမပါတဲ့ တချို့အပိုင်းတွေကို ဇာတ်လမ်းတွဲမှာ ထည့်ထားတယ်။ ရုပ်ရှင်မှာမပါခဲ့တဲ့ အရာတွေများတယ်။ နှစ်နာရီစာပဲဆိုတော့ ဝတ္ထုထဲက အနည်း အကျဉ်းကိုပဲ ရုပ်ရှင်ရိုက်လိုက် တာကိုး။ ကျန်တဲ့အပိုင်းတွေ အများကြီးကျန်သေးတယ်။ အဲဒီ အပိုင်းတွေကို အဓိက ဦးစားပေးပြီးတော့ ပြန်ထည့်ထားတာပေါ့နော်။ ဒါကို
မတ်လလောက် ထုတ်လွှင့်နိုင် ဖို့ မျှော်လင့်ရတာပဲ" ဟု အကြည်တော်က ပြောသည်။

ယခုဆိုလျှင် ဇာတ်လမ်းတွဲများ ကို ယခင်ကထက် ပရိသတ် စိတ်ဝင်စားမှု ပိုလာသော ကြောင့် ရုပ်သံများကလည်း အဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လာခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲများစွာထဲက တစ်မူထူးခြားအောင် "ဘီလူး" ကို တင်ဆက်မည့်ပုံစံနှင့်ပတ်သက်ပြီးလည်း" ဒီဇာတ်လမ်းတွဲမှာ ရုပ်ရှင်ကားတုန်းကလိုမျိုး အဓိက ဟာသကို ဦးစားပေးထားတယ်။ ဒီအတွက်ပရိသတ်အနေနဲ့ ကြည့်ရင် ဘာဖြစ်မယ်၊ ညာဖြစ် မယ်ဆိုပြီး မပြောချင်ဘူး။ စိတ်ရွှင်ရမယ်၊ ရယ်ရမယ်။ အဓိက ဆွဲဆောင်မှုကတော့
ဟာသပဲဖြစ်လိမ့်မယ်။ အခု ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှု ပိုရှိလာတယ်လို့ ပြောရမှာပေါ့ နော်။ ဒါက ကောင်းပါတယ်။ ရုပ်ရှင်ဆိုရင် ပိုက်ဆံပေးပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ရမယ်။ ဇာတ်လမ်းတွဲကျတော့ တီဗီပေါ် မှာ၊ ကိုယ့်အိမ်မှာ တီဗီရှိရုံနဲ့ လွယ်လင့်တကူကြည့်လို့ရတာ ပေါ့နော်။ အင်တာတိန်းမန့်က လည်း ခေတ်ပြောင်းလာပြီ အရင်လိုမဟုတ်တော့ဘူး။ ရုပ်ရှင်ကို တကူးတက သွား ကြည့်တဲ့ သူကနည်းတယ်။ ဒီအတွက် ဒီတီဗီမှာ Free ပြတဲ့ ဟာကိုပဲ ကြည့်ကြတဲ့ သဘော ဖြစ်လာတယ်။

ဘာပဲပြောပြော ခေတ်ရေစီးကြောင်း အရတော့ ဒါကို လုပ်သင့်တယ်လို့ ထင်တာပဲ" ဟု အကြည်တော်က ပြောသည်။ ရုပ်သံဇာတ်လမ်း တွဲအနေဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရေစီးကြောင်းထဲ တွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အထောက်အကူ ပြုကြောင်းလည်း
ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း " မြန်မာပြည်မှာက ဇာတ် လမ်းတွဲရိုက်ကြသလို အောင် မြင်လို့ရှိရင် တစ်ကားတည်း လည်း ရိုက်ကြတာပေါ့နော်။ အခုလို အောင်မြင်ပြီးသား
ဘီလူးကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတယ်ဆိုတော့ တစ်ဖက် နဲ့တစ်ဖက်တော့ အထောက် အကူဖြစ်နေမှာပဲ။ နောက်ပြီး တော့ ဇာတ်လမ်းထဲမှာ ထူး ချွန်တဲ့သူပေါ်ထွက်လာ လို့ရှိရင် လည်း ရုပ်ရှင်ဘက်ကို ကူး ပြောင်းနိုင်တာပဲလေ။

နောက် တစ်ခါ အခမဲ့ပြသတဲ့အရာဖြစ် တဲ့အတွက် နိုင်ငံခြားသားတွေ ကလည်း ဘာသာစကား နား မလည်ခဲ့ရင်တောင် လာလည် လို့ အိပ်ခန်းထဲမှာ တီဗီကြည့်ရင် ဒါလေးကို စိတ်ဝင်တစားနဲ့ ခဏလေးဖြစ်ဖြစ် ကြည့်ခဲ့ရင် ကျွန်တော်တို့အတွက် အများ ကြီး အကျိုးရှိနိုင်တယ်။ ဒီဟာ လေးကိုကြည့်ပြီး ရုပ်ရှင်ဆိုတာ ဘာလဲဆိုတာမျိုး စိတ်ဝင်တစား စုံစမ်းမေးမြန်းလာခဲ့ရင် ပို ကောင်းတာပေါ့နော်။ ကျွန်တော် မြင်တာက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကျိုးပြုနေကြ မှာပဲ" ဟုလည်း အကြည်တော် က ပြောသည်။

ဆက်လက်ပြီး အကြည်တော်က ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲက ကြီးကြီးမားမားကွာခြားချက်များစွာ ရှိကြောင်းလည်း" ရုပ်ရှင်၊ ဗီဒီယိုဆိုတာက တစ်ကားစာပဲရေးရ တယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း ၄ဝ ဆိုရင်ရုပ်ရှင် ကား ၂ဝ စာ ရှိနေပြီလေ။ အဲဒီ ၂ဝ စာကို ဇာတ်လမ်းတစ်ပုဒ်တည်းရေးရ တာ။ အခက်အခဲအများကြီးရှိ တယ်။

မယဉ်ပါးသေးဘူး။ ဒီဟာကို ဘယ်လိုဖြတ်တောက်ရ မလဲ၊ ဘယ်ဟာကို ဘယ်လိုချုံ့ ရမလဲဆိုတာတွေက အကြီးမား ဆုံး ကွာဟချက်ပဲ။ ရုပ်ရှင်မှာကျ
တော့ဇာတ်လေးတစ်ခုကိုတည် ပြီး အကောင်းဆုံးပြင်ဆင် လိုက်ရင် ၂ နာရီစာတော့ ဘယ် သူမဆို ဖြစ်နိုင်တယ်။ ဒီလို ဇာတ်ကား ၂ဝ စာကျတော့ အင်မတန်မှ ခက်တယ်လေ။ အဲဒီ ကား ၂ဝ စာကို ထိထိမိမိလုပ် ဖို့ဆိုတာ တော်တော် လေးကို ကြိုးစားရမယ့်အပိုင်းပါ" ဟု ပြောပြခဲ့သည်။

M ဘွယ်
Popular Journal 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီး

ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

Photo: ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင် တောက်ပအောင် ပြုလုပ်ပေးထား ပါတယ်။

သို့မှသာ စာရိုက်ရာတွင် ခလုပ်လေးတွေကို အလွယ်တကူ မြင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို Luminae လို့ခေါ်ပါတယ်။

ယနေ့ သုံးစွဲနေသော touch screen ဖုန်းတွေနဲ့ အလားသဏ္ဍန်တူ ပါတယ်။ထို့ပြင် ၎င်းကီးဘုတ် ကို အညစ်အကြေးတွေ မကပ်အောင် သန့်ရှင်းစေသောနည်းများဖြင့် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ၊ Bluetooth စသော အရာတွေကိုလည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ဈေးနှုန်း ကတော့ ဒေါ်လာ 499 ဖြစ်တယ်လို့ သိရပါတယ်။ ထို့ကြောင့် ကမ္ဘာ့ပထမဆုံး ဖန်တက် ကီးဘုတ်ကို သုံးဆွဲသူတို့ ကြိုက်နှစ်သက်မှု ရစေလိမ့်မယ်လို့ ဆိုပါတယ်။

Today Myanmar

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
လက်ရှိ သုံးနေတဲ့ ကီးဘုတ်မျိုး မဟုတ်ပါဘူး။ ၎င်းဖန် တက်ကီးဘုတ်ဟာ ခလုပ်ကလေးတွေ ကို အလင်းရောင် တောက်ပအောင် ပြုလုပ်ပေးထား ပါတယ်။

အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ