Pages

Monday, February 17, 2014

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း''ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

''တကယ့် ဒီမိုကရေစီနိုင်ငံတစ်ခု မှာဆိုရင် အဖွဲ့အစည်းအမျိုးမျိုးက မိမိတို့ သန်ရာကို လုပ်ပိုင်ခွင့် ရှိရမည်ဖြစ်သော် လည်း တစ်ယောက်တစ်ပေါက် လုပ်နေမယ် ဆိုလို့ရှိရင် အဲဒီဟာက ထိရောက်ချင်မှ ထိ ရောက်မှာ။ ကျွန်မတို့ တစ်ယောက်နဲ့တစ် ယောက်ဆက်သွယ်ပြီး ဘယ်လိုအတူလုပ် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ အားလုံးက တစ်နေရာတည်းကို ကိုင်ထားလို့ မဖြစ်ပါ ဘူး။ တရားဥပဒေစိုးမိုးရေးသည် ဥပဒေ ပညာရှင်များနှင့်တင်မက ရှေ့နေများ၊ တရား သူကြီးများ၊ တရားရေးဌာနဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံး၊ အစိုးရနဲ့လဲ သက်ဆိုင်တယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး နှင့်ပတ်သက်၍ ''ရှေ့နေအသင်းတွေဟာ အ ထက်က အစိုးရရဲ့ ချုပ်ကိုင်မှုမပါသင့်၊ မရှိ သင့်ပါဘူး။ တရားဥပဒေစိုးမိုးရေးအကြောင်း တော့ မေးမနေနဲ့ မရှိလို့ တရားဥပဒေစိုးမိုး ရေးကော်မတီဥက္ကဋ္ဌ ဖြစ်နေတာ''ဟုလည်း ယင်းက ထပ်မံပြောကြားသည်။ ရှေ့နေကောင်စီ အဖွဲ့အစည်း များတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာများ ဝင်ရောက်နေရာယူထားခြင်းများအား လုံးဝ မသင့်လျော်ဘဲ ဥပဒေပညာရှင်များ၊ ရှေ့နေ ကြီးများအနေနှင့်လည်း ယင်းတို့ကို တွန်း လှန်ကြပါဟုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားသွားသည်။

''အခုဆိုရင် တရားဥပဒေစိုးမိုး ရေးအတွက် စင်တာတွေဖွင့်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရက အုပ် စီးမှုမလိုလားဘူးဆိုတာ ကျွန်မတို့ ပြော ထားပါတယ်''ဟု အစိုးရ၏နေရာယူမှုများ နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားသွားသည်။

Yangon Media Group 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း''ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

''တကယ့် ဒီမိုကရေစီနိုင်ငံတစ်ခု မှာဆိုရင် အဖွဲ့အစည်းအမျိုးမျိုးက မိမိတို့ သန်ရာကို လုပ်ပိုင်ခွင့် ရှိရမည်ဖြစ်သော် လည်း တစ်ယောက်တစ်ပေါက် လုပ်နေမယ် ဆိုလို့ရှိရင် အဲဒီဟာက ထိရောက်ချင်မှ ထိ ရောက်မှာ။ ကျွန်မတို့ တစ်ယောက်နဲ့တစ် ယောက်ဆက်သွယ်ပြီး ဘယ်လိုအတူလုပ် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ 

အားလုံးက တစ်နေရာတည်းကို ကိုင်ထားလို့ မဖြစ်ပါ ဘူး။ တရားဥပဒေစိုးမိုးရေးသည် ဥပဒေ ပညာရှင်များနှင့်တင်မက ရှေ့နေများ၊ တရား သူကြီးများ၊ တရားရေးဌာနဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံး၊ အစိုးရနဲ့လဲ သက်ဆိုင်တယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး နှင့်ပတ်သက်၍ ''ရှေ့နေအသင်းတွေဟာ အ ထက်က အစိုးရရဲ့ ချုပ်ကိုင်မှုမပါသင့်၊ မရှိ သင့်ပါဘူး။ တရားဥပဒေစိုးမိုးရေးအကြောင်း တော့ မေးမနေနဲ့ မရှိလို့ တရားဥပဒေစိုးမိုး ရေးကော်မတီဥက္ကဋ္ဌ ဖြစ်နေတာ''ဟုလည်း ယင်းက ထပ်မံပြောကြားသည်။

 ရှေ့နေကောင်စီ အဖွဲ့အစည်း များတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာများ ဝင်ရောက်နေရာယူထားခြင်းများအား လုံးဝ မသင့်လျော်ဘဲ ဥပဒေပညာရှင်များ၊ ရှေ့နေ ကြီးများအနေနှင့်လည်း ယင်းတို့ကို တွန်း လှန်ကြပါဟုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားသွားသည်။

''အခုဆိုရင် တရားဥပဒေစိုးမိုး ရေးအတွက် စင်တာတွေဖွင့်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရက အုပ် စီးမှုမလိုလားဘူးဆိုတာ ကျွန်မတို့ ပြော ထားပါတယ်''ဟု အစိုးရ၏နေရာယူမှုများ နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားသွားသည်။

Yangon Media  ,
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment