Pages

Saturday, December 29, 2012

ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပျက်ကျ

ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပျက်ကျ

ရုရှားနိုင်ငံတွင် မော်စကိုမြို့တော်ရှိ ဗီနူကိုဗိုလေဆိပ် (Vnukovo Airport) သို့ ဆင်းသက်သည့် ခရီးသည်
တင်လေယာဉ်တစ်စင်း ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း RT News က ဖော်ပြသည်။

လက်ပံတောင်းတစ်လပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှ ဆန္ဒထုတ်ဖော် သူများက "ဦးပိုင်" နှင့် "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ"ဟု စာရေးကပ်ထားသည့် ခေါင်းတလား ၂ ခုကို အသုဘချကာ Performance ဖြင့် ဆန္ဒထုတ်ဖော် ကြ


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လက်ပံတောင်းတောင် အရေး တစ်လပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ညနေပိုင်းကဆန္ဒဖော်ထုတ်မှုတစ်ခု
ပ်ါပေါက်ခဲ့ပြီး၊ ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူအချို့က "ဦးပိုင်" နှင့် "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ
ဒ"ဟု စာရေးကပ်ထားသည့် ခေါင်းတလား ၂ ခုအား မြေချကာ၊ ယမမင်းကြီး၏ အမိန့်ကြေညာချက်ကို ရွတ်
ဖတ်ဟန် performance ဖြင့် လမ်း ၅၀ ထိပ်ရှိ၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့
ကြသည်။

ပူဆွေးသောက ဝေဒနာခံစားနေရသူတွေကို ဖေးမကူညီနေတဲ့ မြန်မာ့အလှမယ် နန်းခင်ဇေယျာ

BY -  Kyaw Thu 

ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် မနန်းခင်ဇေယျာ.....
............................................................................
နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။ နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် အရေးကြီး သော အချိန်မရှိဟူသော အဓိပ္ပါယ်ပင်။ အဘယ့်ကြောင့်ဆိုသော သူမ ယနေ့ တစ်နေ့တာလုံး အမြင့်မြတ် ဆုံးသော ကုသိုလ်အလုပ်များကိုသာ လုပ်ဆောင်တော့မည်ဖြစ်သည်။ သူမ၏ ပေးဆပ်မှုမှာ နံနက် (၁ဝးဝဝ) နာရီအချိန်မှစ၍ ညနေ (၅းဝဝ) နာရီအချိန်ထိပင်။ အလှမယ် နန်းခင်ဇေယျာ၏ တစ်နေ့တာပေးဆပ်မှုမှာ အပြည့်အဝဆုံး အဖြူစင်ဆုံး မေတ္တာများဖြင့် ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ Volunteer ယောင်္ကျားလေးမှသာ တစ်နေ့တာ နာရေးကူညီမှု လမ်းကြောင်း (၄) ကြောင်းထိ လိုက်နိုင်ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ပူအိုက်လှသော နေ့လည် ခင်း၊ ကား၏အပူရှိန် အငွေ့အသက်၊ နာရေးရှင်တို့၏ ပူဆွေးသောကတို့အား မျှဝေခံစားခြင်း၊ နေအိမ်မှ -ရေဝေးသုဿန်သို့၊ ရေဝေးသုဿန်မှ-နေအိမ်သို့၊ သို့တည်းမဟုတ် ဆေးရုံများသို့ တစ်နေ့တာ အကြိမ်ကြိမ် ပေးဆပ်မှုများကို ကျော်ဖြတ်ကြရခြင်းသည် မောပန်းပင်ပန်းလှသည်ပင်။ သို့သော်အလှမယ် နန်းခင် ဇေယျာ တစ်ယောက်သည် တက်ကြွစွာဖြင့် နာရေးကူညီမှုလမ်းကြောင်း (၄) ကြောင်းအား မပင်မပန်း လိုက်ပါကူညီခဲ့သည်။ သူမသည် သာမန်မိန်းကလေးမဟုတ် အလှမယ်တစ်ဦးဖြစ်ပြီး အချိန်တိုင်း မိမိအလှ ပေါ်တွင် ဂရုစိုက်နေရမည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သို့သော် သူမသည် နာရေးကူညီမှု လမ်း ကြောင်း (၄) ကြောင်းလုံးတွင် ကြောက်လန့်ခြင်း၊ ရွံ့ရှာခြင်း၊ ငြိုငြင်ခြင်း အလျဉ်းမရှိခဲ့။ တည်ငြိမ် အေးချမ်း သော စကားများဖြင့် နာရေးရှင်အား ရှင်းလင်းပြောကြားနေသော သူမသည် ရုပ်သာမက စိတ်ပါလှသော အလှစစ်တစ်ခုကိုပါ ပိုင်ဆိုင်ထားသူ တစ်ဦးပင်ဖြစ်သည်ဟု ကျွန်မစိတ်မှာ အမှန်တကယ် မှတ်ယူ လိုက်တော့သည်။ သူမ ပေးဆပ်ရန် သွားရောက်နေစဉ်ချိန်တွင်း သူမ၏ အောင်မြင်မှုကြောင့် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန်(Silence) လုပ်ထားသော်လည်း လက်ကိုင်ဖုန်းမှ ဖုန်းခေါ်တုန်ခါမှု (Vibration) ခဏ…ခဏ မြည်သည်။ သူမက ဖုန်းများအားလုံးကို မိမိယခုလမ်းကြောင်း လိုက်နေ၍ စကားအနည်းငယ်သာ ပြောပါရန် နှင့် နာရေးလမ်းကြောင်း လိုက်နေစဉ်ချိန်သည် အားလုံးထက် အရေးကြီးနေကြောင်း ကြားရသူ တစ်ဖက်မှ သိသွားလောက်သော အသံဖြင့် ညှင်သာစွာ ဖြေကြားခဲ့သည်။ နန်းခင်ဇေယျာ ဖေးမ သယ်ယူ သဂြိုလ်ပေးခဲ့သော နာရေးလမ်းကြောင်း များမှာ-ကင်ဆာရောဂါဖြင့် မြောက်ဒဂုံ(၄၅)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သွားသော ဦးဝင်းကြည် အသက်(၆၄)နှစ်၊ အသည်း ရောဂါဖြင့် (၇/၈) ဆေးရုံတွင် ကွယ်လွန်သော ဦးခင်မောင်ရင် အသက်(၅၅)နှစ်၊ အဆုတ် ရောဂါဖြင့် အရှေ့ဒဂုံ(၁၃၃)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်သောင်းစိန် အသက်(၆၉)နှစ်၊ လူကြီးရောဂါဖြင့် မင်္ဂလာဒုံ၊ ၃/ခရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်စန်းရင် အသက်(၆၄)နှစ် တို့အား ပို့ဆောင် သဂြိုလ်ပေးခဲ့သည်။ နန်းခင်ဇေယျာသည် သေဆုံးသူတို့အား သူမကိုယ်တိုင် စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကူညီ သယ်ပေးခြင်း တို့ကို လက်အိတ်မပါ၊ နှာခေါင်းစည်းတို့အား အသုံးမပြုဘဲ ရိုးသားဖြူစင်သော စိတ်ထားဖြင့် ပေးဆပ်ခဲ့သည်။ တစ်နေ့တာ ပေးဆပ်မှုလုပ်ငန်းများ ပြီးစီးသွား၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ရောက် ရှိသောအခါ ဥက္ကဌဦးကျော်သူအား အိမ်ပြန်တော့မည့် အကြောင်း လာရောက် ပြောကြား သောအခါ ဦးကျော်သူမှ တအံ့တသြဖြင့် “သမီး အသားတွေတောင် မဲကုန်ပြီ” ဟုပြောကြားခဲ့သော အခါတွင်လည်း ကျေနပ် ပီတိအပြုံးဖြင့် နှုတ်ခွန်းဆက်ကာ ထွက်သွားသည်ကို မြင်တွေ့ မိလိုက်ရသည်။ ထိုသို့ မမောနိုင် မပမ်းနိုင်အလှမယ်လေးတစ်ဦး၏ အသားအရေများ နေလောင်ဒဏ်ကြောင့် ညိုမဲသွားလောက်အောင် ပေးဆပ်ခဲ့မှု သည် အများပြည်သူ ပရိတ်သတ် တို့အပေါ် ထိုက်ထိုက်တန်တန် ပြန်လည် ကျေးဇူးဆပ်ခဲ့ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူတို့အပေါ် အပြည့်အဝ အမြင့်မြတ်ဆုံး အမွန်မြတ်ဆုံးသော ကုသိုလ်အလုပ်မျိုးဖြင့် မိမိ၏ အလှတရားကိုပင် ဂရုမပြုတော့ဘဲ မြင့်မြတ်စွာ ကျေးဇူးဆပ်ခဲ့ခြင်းအပေါ် သာဓု . . . သာဓု . . . သာဓု ဟူ၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုပြီး မေတ္တာပို့သလိုက်ရပါတော့သည်။ “ပြင်ပ ရှုပါအလှတရား ထက် အတွင်းစိတ်၏ အလှတရားသည် လွန်စွာမှ မြင့်မြတ်လှပေသည်” ဇူးဇူး (နာရေးကူညီမှုအသင်း)

နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊အမှတ်(၁၃/က)၊ဗိုလ်မှူးဗထူးလမ်း၊၄၂-ရပ်ကွက်
သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။

ဒီဇင်ဘာ (၂၉) ကချင်တိုက်ပွဲ သတင်း

ဒီဇင်ဘာ (၂၉) ကချင်တိုက်ပွဲ သတင်း

December 29,2012 by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း နားလုံ၊ ခရာ နှင့် ဘွမ်ရယ် တစ်လျှောက် ဒီဇင်ဘာ (၂၉) ရက်နေ့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ဂျက်လေယာဉ် နှင့် စစ်ရဟတ်ယာဉ်များအသုံးပြုက ကေအိုင်အေများကို လာရောက်တိုက်ခိုက် ခဲ့ကြောင်းနှင့် ဓာတုလက်နက်များ ကိုပါ အသုံးပြုပြီး ကေအိုင်အေ များကိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

 ဗမာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော ဓာတုလက်နက်ကြောင့် ကေအိုင်အေ မျိုးချစ်ရဲဘော် (၄၀) ကျော် အဆိပ်သင့် ခဲ့ကြောင်း သိရှိရပါသည်။

 ဗမာစစ်တပ်မှ နေ့လည်ပိုင်း (၁၁း၄၀) နာရီ တွင်တစ်ကြိမ်း၊ ညနေပိုင်း (၄း၀၀) နာရီတွင် တစ်ကြိမ်၊ (၅း၃၀) နာရီခန့်တွင် တစ်ကြီး တိုက်လေယာဉ် များဖြင့် (၃) ကြိမ်တိုင်တိုင် ကေအိုင်အေ များကိုဝေဟင်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့တိုက်ပွဲတွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗမာအစိုးရ၏ စစ်လေယာဉ်တစ်စီးကို AA-GUN ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း နှင့် ခလရ (၅၃) မှ ဗိုလ်ကြီး ကျော်စွာအေး အပါအ၀င် အရာရှိ (၃) ဦး တိုက်ပွဲတွင် သေဆုံးကြောင်း၊ ဗမာစစ်သား အကျအဆုံးများပြားကြောင်း ဆက်လက် သိရှိရပါသည်။

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ(၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း နား
လုံ၊ ခရာ နှင့် ဘွမ်ရယ် တစ်လျှောက် ဒီဇင်ဘာ (၂၉) ရက်နေ့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုး
ရ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ဗမာအစိုးရစစ်တပ်မှဂျက်လေ
ယာဉ် နှင့် စစ်ရဟတ်ယာဉ်များအသုံးပြုက ကေအိုင်အေများကို လာရောက်တိုက်ခိုက် ခဲ့ကြောင်းနှင့် ဓာတု
လက်နက်များ ကိုပါ အသုံးပြုပြီး ကေအိုင်အေ များကိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

"NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှ အသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့်
ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ

အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ

28 DECEMBER 2012 | BY ရိုးရာလေး

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း
ရေဒီယိုဓာတ် ရောင်ခြည်အဆိပ်သင့်မှုကို အရက်က ကာကလည်း ကာကွယ်ပေးသလို ပျောက်လည်းပျောက်ကင်းစေတယ် လို့ အမေရိကန် ဆေးပညာရှင်များက ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အရက်ရယ်လို့မဟုတ်ပါဘူး။ အယ်ကိုဟော ဓာတ်ကြွယ်ဝတဲ့ ဘီယာ၊ ဝိုင်၊ အရက်၊ ဗော့ကာ အစရှိသဖြင့် အမျိုးအစားအားလုံးက အထောက် အကူ ပြုတယ်လို့ ဆိုပါတယ်။ ၁၉၈၆ ခုနှစ်၊ ဧပြီလ ယူကရိန်က နျူကလိယ စက်ရုံ ပေါက်ကွဲမှုမှ ရရှိတဲ့ သင်ခန်းစာလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝိုင်နီ သောက်ထားတဲ့ သူများက အဆိပ်သင့်မှု လျော့နည်းပြီး အချို့ ဆို လုံးဝကို အဆိပ်မသင့်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါတယ်။ ဆေးပညာအရ ဒီလို ဖြစ်ပါတယ်။
ရေဒီယိုဓာတ်ရောင်ခြည် ဟာ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ပြီဆိုရင် ဆဲလ်တွေ ကို သေစေပါတယ်။ ဖွဲ့စည်းထားတဲ့ DNA တွေကို ပုံစံပြောင်း ပျက်ဆီး စေပါ တယ်။ ရောဂါလက္ခဏာ အနေနဲ့ကတော့ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝန်းလျှော်ခြင်း တို့က ၂၄ နာရီအတွင်း ဖြစ်ပြီး ကင်ဆာ အစရှိတဲ့ ရောဂါများ က နောက်ဆက် တွဲ ဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ သေစေတဲ့ အထိ ဖြစ်ပါတယ်။ ဒါတွေကို အရက် (အယ်လ်ကိုဟော) က ကယ်နိုင်ပါ တယ်။
အထက်ပါ ဓာတုအဆိပ်သင့်တဲ့အခါ ဆဲလ်တွေ ပျက်ဆီးဖို့ စပါတယ်။ ယင်း ပျက်ဆီးဖို့၊ ကွဲပြားဖို့ ဖြစ်လာတော့မယ် ဆဲလ်တွေကို ပုံမှန်အတိုင်း စုစည်းနေအောင်၊ ရေဒီယိုဓာတ်ကို ဖယ်ရှားနိုင်အောင် သွေးဆဲလ် တွင်း မော်လီကျူးတစ်မျိုးက အလုပ်လုပ် ပါတယ်။ ယင်း မော်လီကျူးကို သာမန်အခြေအနေမှာ ထုတ်လုပ်ဖို့ မလွယ်ကူပါတယ်။ တွန်းအားပေးဖို့ မလွယ်ကူပါဘူး။ သို့ပေမယ့် ယင်း မော်လီကျူးကို အယ်လ်ကိုဟောက ပါရှိ တဲ့ အော်ဂဲနစ်ဓာတ်များက တွန်းအားပေး အထောက်အကူ ပြုပါတယ်။ အကျိုးဆက်ကတော့ အရက်သောက်ထားရင် ဓာတုရောင်ခြည်၊ ရေဒီ ယိုရောင်ခြည် အဆိပ်သင့်ဖို့ ခဲယဉ်းခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အရက်သောက်ထားသူဟာ နျူကလိယစက်ရုံ ပေါက်ကွဲတဲ့၊ ပျက်ဆီးတဲ့ ဒေသမှာ အသက်ရှင်ရန် ပိုမိုလွယ်ကူတယ် လို့ တွေ့ရှိ ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: Medic-Facts


အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်းရေဒီယိုဓာတ် ရောင်ခြည်အ
ဆိပ်သင့်မှုကို အရက်က ကာကလည်း ကာကွယ်ပေးသလို ပျောက်လည်းပျောက်ကင်းစေတယ် လို့ အမေရိ
ကန် ဆေးပညာရှင်များက ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာအစိုးရ လေယာဉ်မှချသောဗုံးတွင် အဆိပ်ဓါတ်ပါဝင်

မြန်မာအစိုးရ လေယာဉ်မှချသောဗုံးတွင် အဆိပ်ဓါတ်ပါဝင်

December 29, 2012 by Myitkyina blog news

ဒီဇင်ဘာလ (၂၉)ရက်နေ့ မနက်(၁၀)နာရီမှ မြန်မာ့လေတပ်မှ ဒုတိယနေ့အဖြင့် တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့ပစ်ခတ်သော ဒုံးကျည်၊ ဗုံးများတွင် ဓါတုအဆိပ်ဓါတ်ငွေ့များပါဝင်ကြောင်း သိရှိရသည်။ ဗုံးပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးခိုးကို ရှူရှိုက်မိသောသူများသည် ခေါင်းမူး၊ အော့အံဝေဒနာကို ခံစားနေကြရသည်။

ယနေ့လေယာဉ်မှပစ်ခတ်သည့် နေရာများမှာ ဘန်ဒေါင်ဒေသ၊ ဂန်ဒေါင်ဒု(Gang Dau Du)၊ လဂျားယန်၊ ဘွမ်ရေ(Bum Re)၊ နမ်ဆမ်ချောင်းရှိ ဘန်ဒေါင်သို့သွားသော လမ်းခွဲများတွင် လာရောက်ပစ်ခတ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၂၉)ရက်နေ့ မနက်(၁၀)နာရီမှ မြန်မာ့လေတပ်မှဒုတိယနေ့အဖြင့်တိုက်လေယာဉ်ဖြင့်ထပ်မံပစ်
ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့ပစ်ခတ်သော ဒုံးကျည်၊ ဗုံးများတွင် ဓါတုအဆိပ်ဓါတ်ငွေ့များပါဝင်ကြောင်း သိရှိ
ရသည်။ ဗုံးပေါက်ကွဲရာမှထွက်ပေါ်လာသောမီးခိုးကိုရှူရှိုက်မိသောသူများသည် ခေါင်းမူး၊ အော့အံဝေဒနာကို
ခံစားနေကြရသည်။

တန်ဖိုးနည်း ပြည်သူ့အိမ်ရာ စီမံကိန်း ၁ ထပ် အိမ်ရာများ ဆောက်လုပ်မည်

တန်ဖိုးနည်း ပြည်သူ့အိမ်ရာ စီမံကိန်း ၁ ထပ် အိမ်ရာများ ဆောက်လုပ်မည်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဧရာဝဏ် အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ် ရာ စီမံကိန်း တို့တွင် ၁၈ ထပ် အိမ်ရာ ၆၄ လုံး ဆောက်လုပ်မည့် စီမံကိန်း လုပ်ငန်းသည် နိုင်ငံတော် အစိုးရ ကိုယ်စား ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တာဝန်ခံပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံကဲ့သို့ အထပ်မြင့် အိမ်ရာများ ဆောက်မည် ဖြစ်ပြီး တန်ဖိုးနည်းအောင် နည်းပညာ သစ်များ အသုံးပြု၍ တည်ဆောက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် က တာဝန် ပေး အပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြည်သူများ အတွက် အဓိကထား ဆောင်ရွက် နေခြင်း ဖြစ်သည်ကို ပြည်သူများ သဘောပေါက်၍ ပွင့်လင်း မြင် သာမှု ရှိအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ယမန်နေ့ နံနက် ၁ဝ နာရီက ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဧရာဝဏ် အိမ်ရာနှင့် ရတနာ အိမ်ရာ တို့တွင် တန်ဖိုး နည်း ပြည်သူ့ အိမ်ရာ စီမံကိန်း ၁၈ ထပ် အိမ်ရာများ ဆောက် လုပ်ခြင်း လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ယင်းနောက် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ)၊ ညွှန်ကြားရေးမှူး (မြို့ပြ/ဒေသ)၊ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်နှင့် ဦးဆောင် ညွှန်ကြားရေးမှူး တို့က သက်ဆိုင်ရာ ကဏ္ဍများ အလိုက် တင်ပြကြသည်။

ထို့နောက် ဒုတိယ ဝန်ကြီးက ပြည်သူများအတွက် တန်ဖိုးအသက်သာဆုံး ဖြစ်အောင် မေတ္တာ၊ စေတနာထား ဆောင်ရွက်ရန်၊ စိတ်ချလုံခြုံသော အဆောက် အအုံ ဖြစ်အောင် နည်းပညာ အသစ်ဖြင့် လုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျ စမ်းသပ် စစ်ဆေး၍ စံနမူနာပြ အဆောက် အအုံများ ဖြစ်အောင် ဆောင် ရွက်ကြရန် မှာကြားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3072-2012-12-29-10-02-34


အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဧရာဝဏ် အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ် ရာ စီမံကိန်း တို့တွင်၁၈ ထပ် အိမ်
ရာ ၆၄ လုံး ဆောက်လုပ်မည့် စီမံကိန်း လုပ်ငန်းသည် နိုင်ငံတော် အစိုးရ ကိုယ်စား ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တာဝန်ခံပြီး ဆောင်ရွက်မည် ဖြစ်ကြာင်း၊စင်ကာပူ နိုင်ငံကဲ့သို့အထပ်မြင့်အိမ်ရာများ ဆောက်မည်
 ဖြစ်ပြီး တန်ဖိုးနည်းအောင် နည်းပညာ သစ်များ အသုံးပြု၍ တည်ဆောက် ရမည်ဖြစ်ကြောင်း၊

ဖိုင်ဘာအင်တာနက်လိုင်း ကနဦး တပ်ဆင်ခ ငါးသိန်းကျပ်သို့ လျော့ချ

ဖိုင်ဘာအင်တာနက်လိုင်း၏ ၀န်ဆောင်မှု နှုန်းထားအား ယခင်သတ်မှတ်ထားသော ကနဦး တပ်ဆင်ခ ကျပ်ခုနှစ်သိန်းခွဲ မှ ကျပ် ငါးသိန်းသို့ လာမည့် နှစ်သစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်လျော့ချပေးမည် ဟုသိရသည်။ နှစ်စဉ်ကြေး နှင့် လစဉ်ကြေးမှာ ယခင်သတ်မှတ်ထားသော နှုံးထားအတိုင်းသာဖြစ်ပြီး မိမိဝယ်ယူထားသည့် service plan (512 Kbps , 1Mbps, 2Mbps )အပေါ်မှုတည်၍ လစဉ်ကြေး ကျသင့်မည်ဖြစ်ကာ service plan 4Mbps သုံးစွဲလိုပါက သီးခြားလျှောက်လွှာတင်ရန် လိုအပ်မည် ဟုသိရသည်။

အောင်မြင်ပျော်ရွှင်ဖို့  ၂၀၁၃

အောင်မြင်ပျော်ရွှင်ဖို့  ၂၀၁၃

၂၀၁၂ မှာ ကမ္ဘာမပျက်ခဲ့ပါ။ သင် ဆက်လက် အသက်ရှင်နေပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေဟာလည်း ရှင်သန်နေဆဲပါပဲ။ ၂၀၁၃ ဟာ အဲဒီ့ အိပ်မက်တွေကို အကောင်အထည် ဖော်ရမယ့်
 နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒီစာဟာ သင့်ရဲ့ စိတ်ကူးထဲက ဘ၀တစ်ခုကို ၂၀၁၃ မှာ လက်တွေ့တည်ဆောက်နိုင်ဖို့ နည်းလမ်းတစ်ချို့နဲ့ စိတ်ဓာတ်ခွန်အားကို ပေးပါလိမ့်မယ်။ လူနှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက – အခြေအနေတွေကို ဖြစ်လာမှ တုံ့ပြန်တဲ့သူ၊ နောက်တစ်မျိုးက – ကိုယ်လိုချင်တဲ့ အခြေအနေကို ဖြစ်အောင်ဖန်တီးတဲ့သူတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၃ ကရော သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ။ ဖြစ်လာမှ တုံ့ပြန်မှာလား။ ဒါမှမဟုတ် သင် လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမလား။ သင်လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမယ်ဆိုရင်တော့ ၂၀၁၃ အတွက် ပြင်ဆင်နိုင်ဖို့ အညွှန်းတချို့ကို ပေးလိုက်ချင်ပါတယ်။

 ၁။ အတိတ်ထဲမှာ ခဏနေပါ

တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။ ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။ ၂၀၁၂ မှာ သင်ဘာတွေ လုပ်ခဲ့ပါသလဲ။ သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့ပါသလဲ။ သင့်ကိုယ်သင် ကျေနပ်ပျော်ရွှင်မှု ရှိခဲ့ပါသလား။ သင်လုပ်ခဲ့တဲ့ အမှားအမှန်၊ အကောင်းအဆိုးတွေကို ပြန်စဉ်းစားကြည့်ဖို့ ခဏလောက် အချိန်ယူလိုက်ပါ။
 ၂။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ
အကယ်၍ ၂၀၁၂ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။ အားသစ်မွေးပါ။ နှစ်သစ်က ရှေ့မှာ စောင့်ကြိုနေပါတယ်။ သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ သင်ဖြစ်ချင်တဲ့အတိုင်း သင့်ကိုယ်သင် ဖန်တီးနိုင်ပါတယ်။
၃။ ရည်မှန်းချက်များ ချမှတ်ပါ
အခြေအနေတစ်ခုကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးယူဖို့ဆိုတာ ကျနော်တို့မှာ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။ ၂၀၁၃ မှာ သင် ဘာဖြစ်ချင်သလဲ။ ဘာလုပ်ချင်သလဲ။ ဘ၀ကို ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်မလဲ။ ရည်မှန်းချက်တွေ ချမှတ်လိုက်ပါ။

 ၄။ အစီအစဉ်တွေ ရေးဆွဲပါ
သင့်ရဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် လုပ်စရာရှိတာတွေကို အစီအစဉ်ရေးဆွဲပါ။ တစ်နေ့တာကို ဘယ်လိုအသုံးချမယ်၊ ဘယ်နေ့၊ ဘယ်ရက်တွေမှာ ဘာတွေလုပ်မယ်။ ဘယ်လမှာ ဘာလုပ်မယ်၊ ဒါမှမဟုတ်- ဘယ်အကျင့်တွေကို စွန့်လွှတ်မယ်၊ ဘယ်အကျင့်တွေကို မွေးမြူမယ် စသဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။

 ၅။ သင့်ကိုယ်သင် ယုံကြည်ပါ
သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင်ယုံကြည်ပါ။ ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ သင် ဘာကိုပဲလုပ်ချင်လုပ်ချင်၊ ပထမဆုံးအနေနဲ့ – အဲဒါကို သင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင် ယုံကြည်မှု ရှိရပါမယ်။

 ၆။ နေ့ရက်တိုင်းဟာ အဖိုးတန်
သင့်ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အခုပဲ စလုပ်လိုက်ပါ။ နေ့ရက်တိုင်းဟာ အဖိုးတန်လှပါတယ်။
၂၀၁၃ကို စိတ်တိုင်းကျ တည်ဆောက်နိုင်ကြပါစေ။
Hlyan Htet Oo

JABCA BURMA

http://tunwai-states.blogspot.jp/2012/12/blog-post_1821.html

၂၀၁၂ မှာ ကမ္ဘာမပျက်ခဲ့ပါ။ သင် ဆက်လက် အသက်ရှင်နေပါတယ်။သင့်ရဲ့ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်
မက်တွေဟာလည်း ရှင်သန်နေဆဲပါပဲ။ ၂၀၁၃ ဟာ အဲဒီ့ အိပ်မက်တွေကို အကောင်အထည် ဖော်ရမယ့်နှစ်
တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒီစာဟာ သင့်ရဲ့ စိတ်ကူးထဲကဘ၀တစ်ခုကို၂၀၁၃ မှာ လက်တွေ့တည်ဆောက်နိုင်
ဖို့ နည်းလမ်းတစ်ချို့နဲ့ စိတ်ဓာတ်ခွန်အားကို ပေးပါလိမ့်မယ်။

ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်


ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။ 

နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချိန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အသက် ၄၀ ကျော်ပြီဖြစ်တဲ့ ဆက်ကပ်အဖွဲ့သား တစ်ဦးဖြစ်ပြီး အာခေါင်ကို ဓားထိုး၊ စတန့်စက်ဘီး၊ ကျွန်းဘား၊ ဘောလုံးလက်ပစ် အစရှိသဖြင့် စတန့်ပြကွက်တော်တော်များများကိုလည်း ပိုင်နိုင်သူ ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးကတည်းက တက်တူးထိုးတာ ဝါသနာ ပါသူ ဖြစ်ပြီး ကမ္ဘာ့စံချိန်တင် တက်တူးထိုးသူများကိုလည်း လေ့လာစောင့်ကြည့်ခဲပါတယ်။ ထို့နောက် သူကိုယ်တိုင်လည်း တက်တူးအများဆုံး ထိုးနိုင်တယ်ဆိုပြီး တစ်နှစ်ထက် တစ်နှစ် တက်တူးများ ဆက်တိုက် ထိုးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ရောက်မှ မူလ တက်တူးအများဆုံး ပိုင်ဆိုင်သူ Tom Leppard ကို ကျော်လွန်ပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။ 

သူ့ထက် တက်တူးထိုးသူ ပေါ်လာနိုင်ချေနည်းသွားပါပြီ။ ဘာလို့လဲ Lucky Diamond Rich ဟာ ယနေ့ချိန်ထိ တက်တူးထိုးခြင်းကို မရပ်တန့်သေး တဲ့ ဆေးမဲပေါ်မှာ တက်တူးဆေးဖြူများ ထပ်ထိုးလျက် ရှိကြောင်း သိရပါ တယ်။ 
---
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_7119.html

--

ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။

သွေး၊ အသက်၊ လက်စားချေမှုနဲ့ အရိုးထိအမုန်း (ကဗျာ)


သွေး၊ အသက်၊ လက်စားချေမှုနဲ့ အရိုးထိအမုန်း


သွေးသားဆာလောင်နေတဲ့ စစ်လေယဉ်သံတွေ