Pages

Saturday, December 29, 2012

ဖိုင်ဘာအင်တာနက်လိုင်း ကနဦး တပ်ဆင်ခ ငါးသိန်းကျပ်သို့ လျော့ချ

ဖိုင်ဘာအင်တာနက်လိုင်း၏ ၀န်ဆောင်မှု နှုန်းထားအား ယခင်သတ်မှတ်ထားသော ကနဦး တပ်ဆင်ခ ကျပ်ခုနှစ်သိန်းခွဲ မှ ကျပ် ငါးသိန်းသို့ လာမည့် နှစ်သစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်လျော့ချပေးမည် ဟုသိရသည်။ နှစ်စဉ်ကြေး နှင့် လစဉ်ကြေးမှာ ယခင်သတ်မှတ်ထားသော နှုံးထားအတိုင်းသာဖြစ်ပြီး မိမိဝယ်ယူထားသည့် service plan (512 Kbps , 1Mbps, 2Mbps )အပေါ်မှုတည်၍ လစဉ်ကြေး ကျသင့်မည်ဖြစ်ကာ service plan 4Mbps သုံးစွဲလိုပါက သီးခြားလျှောက်လွှာတင်ရန် လိုအပ်မည် ဟုသိရသည်။ လက်ရှိတွင် ဖိုင်ဘာအင်တာနက်လိုင်း၏ ၀န်ဆောင်မှုမှာ အင်တာနက်လိုင်း နှင့် VOIP တယ်လီဖုန်းလိုင်းသာ ပါဝင်ပြီး Triple Play Service(အင်တာနက် ၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း) အား နောက်ပိုင်းတွင် ၀န်ဆောင်မှုပေးနိုင်မည်ဟု သိရသည်။

ဖိုင်ဘာအင်တာနက်စနစ်ကို Fortune Int”l Ltd ကုမ္ပဏီ နှင့် Elite Tech ကုမ္ပဏီ (၂)ခုမှ Network Providerအဖြစ်ရန်ကုန်မြို့အား ဇုန်နှစ်ခု သတ်မှတ်ကာ ဆောင်ရွက်နေသည်။

Fortune Int”l Ltd ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ် ၊အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် ၊ ရန်ကင်းမြို့နယ်(အချို့) ၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ် (အချို့) တို့အား ဖိုင်ဘာအင်တာနက်စနစ် အား ၀န်ဆောင်မှု ပေးနေပြီး ကျန်ရှိနေသေးသော ရန်ကင်းမြို့နယ် ၊ တာမွေမြို့နယ် ၊ မရမ်းကုန်းမြို့နယ်၏ နေရာအချို့တို့ကိုလည်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဟုသိရသည်။
Popular Myanmar News:

0 comments:

Post a Comment