Pages

Saturday, December 29, 2012

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးပိုဆိုးလာ

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးပိုဆိုးလာ

အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူတွင် ဆေးကုသမှုခံယူနေရသည့် အိန္ဒိ
ယမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ဆရာဝန်များက ထုတ်ဖော်ပြောကြား
သည်။
စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံတွင် ကုသမှုခံယူနေရသော အသက် ၂၃ နှစ်အရွယ် အဆိုပါ မိန်းက
လေးမှာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးပြီး ကောင်းစွာအလုပ်မလုပ်နိုင်တော့ကြောင်း သိရှိရသည်။

(အုပ်စုဖွဲမုဒိမ်းကျင့်မှုဖြစ်ရပ်အား ဒေါသတကြီး ဆန္ဒပြနေသည့် အိန္ဒိယပြည်သူများ)
ထို့အပြင် သူမသည် နှလုံးဖောက်ပြန်မှု၊ ဦးနှောက်ထိခိုက်မှုအပြင် အဆုတ်နှင့် ဝမ်းဗိုက်ပိုင်းတွင်လည်း ရော
ဂါပိုးဝင်ရောက်မှုရှိကြောင်း ဆရာဝန်များက ပြောကြားသည်။ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ
မိန်းကလေး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရမှု ဖြစ်ရပ်အပေါ် အိန္ဒိယတွင် ပြည်သူများက ဒေါသတကြီး ဆန္ဒပြကြသည်။

(အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် မိန်းကလေးအား စင်ကာပူနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ရန် ပြင်ဆင်နေစဉ်)
ထိုအတောအတွင်း အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်
ဦးလည်း ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) က မိမိကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့သည်။


Planet Myanmar Network:

0 comments:

Post a Comment