Pages

Sunday, June 14, 2015

မြန်မာနှင့် တောင်ကိုရီးယားတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် လက်မှတ်များကို အွန်လိုင်းမှ စတင်ရောင်းချ

RangonNewsDaily:: June . 14 .2015
ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် အတွက် ကျင်းပသည့် အာရှဇုန် ခြေစစ်ပွဲစဉ် များ၏ ဒုတိယ အဆင့် အုပ်စု (ဆ) ဒုတိယမြောက် ပွဲစဉ်ဖြစ်သည့် မြန်မာ အသင်းနှင့် တောင်ကိုရီးယား အသင်းတို့၏ ပွဲစဉ်အတွက် လက်မှတ်များကို အွန်လိုင်းမှ စတင် ရောင်းချနေပြီ ဖြစ်သည်။

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ဖဆပလတိုက်ခန်းများကို ဖျက်သိမ်းပြီး အဆင့်မြင့်အိမ်ရာဆောက်မည်

RangonNewsDaily:: June . 14 .2015
ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ဖဆပလ တိုက်ခန်းများကို ဖျက်သိမ်း၍ အ ဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခုအ ဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘ထိုင်းက အင်ဒိုနီးရှားကို ငါးဂိုးပြတ်သွင်းပြီး ဗိုလ်လုပွဲတက်’’

RangonNewsDaily:: June . 14 .2015
(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ဒုတိယဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ခြေစွမ်းပြကာ ၅-၀ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာနှင့် ဇွန်လ ၁၅ ရက်၌ ဗိုလ်လုပွဲတွင် တွေ့ဆုံရတော့မည် ဖြစ်သည်။

ဗိုလ်လုပွဲ တက်ရောက် သွားသည့် မြန်မာ အသင်းအတွက် ဂုဏ်ပြုစကားသံများ


RangonNewsDaily:: June . 13 .2015
စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ၂၈ ကြိမ်မြောက် အာဆီယံ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲ တက်ရောက် သွားခဲ့ပြီဖြစ်သည်။ ဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်သော မြန်မာဘောလုံးအသင်းအတွက် ဂုဏ်ပြု စကားသံများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။

ဗီယက်နမ်ကို နိုင်လိုက်တာ အင်အားလို့ ဆိုတဲ့ မြန်မာနည်းပြ


RangonNewsDaily:: June . 13 .2015
"ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့ပါစေ။ ပြင်ဆင်စရာ ရှိတာပဲ ပြင်ဆင်သွား မယ်။ ဒီနေ့နိုင်ပွဲအတွက် ကစားသမား အားလုံးကို ချီးကျူးပါတယ်။ အသင်းလိုက် စိတ်ဓာတ်က နိုင်ပွဲတွေအားလုံးရဲ့ သော့ချက်ပါပဲ။ တိုင်းပြည်က ပရိသတ်တွေ ကွင်းထဲက ပရိသတ်တွေ အားလုံးကို ပျော်ရွှင်မှု ပေးနိုင်လို့ ကျွန်တော် ပျော်ပါတယ်။

မြန်မာ ၂-၁ ဗီယက်နမ်


RangonNewsDaily:: June . 13 .2015
မြန်မာ အသင်းဟာ ၁၉၉၅ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့က ဗီယက်နမ် အပေါ် ခါးသီးကြေကွဲစွာရှူံးနိမ့် ခဲ့ဘူးတဲ့
အကြွေးကို နှစ် ၂၀ အကြာမှာထိုက်တန်စွာ ပေးဆပ်နိုင်ခဲ့ပါတယ်။

မြန်မာအသင်း ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ (၉) ကြိမ်မြောက်တက်ရောက်


RangonNewsDaily:: June . 13 .2015
၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းမှာ ဗီယက်နမ်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ယူပြီး ယခင်ကျွန်းဆွယ်နှင့် ယခုဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲအဆင့်သို့ ၉ ကြိမ်မြောက် တက်ရောက်သွားခဲ့ကြောင်း သိရသည်။