Pages

Thursday, May 9, 2013

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်စရာအခြေအနေများ

၂၀၁၃ ခုနှစ်၊ မေလ (၉) ရက်
အခုတလော မြစ်ကြီးနားမြို့ရဲ့ မွတ်စလင်တွေနေထိုက် တဲ့ ရပ်ကွက်တွေနဲ့ ဗလီ တချို့ကို ညပိုင်းမှာ အကြမ်း
ဖက် ဖျက်ဆီးမီးရို့  မဲ့ သတင်းတွေပျံ့နေပါတယ်။ တစ်နေ့တစ်ခြား ထွက်လာတဲ့ သတင်းတွေက ပိုပြီးစိုးရိမ်စ
ရာမျိုးပါ။ ကချင်ပြည်နယ် ဆိုင်းတောင်မြို့က အကြမ်းဖက်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ရောက်ရှိခိုအောင်း
နေတယ်ဆိုတဲ့ သတင်းနဲ့အတူ ခေမာသီရိရပ်ကွက်မှာရှိတဲ့ ပန်းသေးဗလီကို အကြမ်းဖက်ဖျက်ဆီးကြမယ်လို့ သတင်းတွေထွက်တယ်။

ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်တွေကို အာဏာပိုင်တွေက ကချင်ဒေသမှပြန်ပို့

09.05.2013

ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်ပြည်နယ် သား ၅၀ကျော်ကို ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ဟိုပင်မြို့ကနေ ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုပြန်လွှတ်တာကတော့ ဒီလဆန်းပိုင်းက ဖားကန့်ဒေသက မူဆလင်တွေ ပိုင်ဆိုင်တဲ့ဈေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးတာတွေဖြစ် ခဲ့တဲ့နောက် ဒီဖျက်ဆီးမှုမှာ ရခိုင် အမျိုးသားတွေ ဦးဆောင်တယ်လို့ အာဏာပိုင်တွေက ယူဆတာကြောင့် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို
Thursday, May 9, 2013

မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက တောင်းဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို ဖမ်းထားပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်တယ်”ဟု ပြုကျင့်ခံရသူ ကလေးငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက အိမ်သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ကစားနေစဉ် လူတစ်ဦးက အိမ်တစ်အိမ်သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင် သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု သံသယရှိသူ ဦးအောင်မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ်မရောက်သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက်ပိုပြီး ပုဒ်မတပ်လို့ မရတော့ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက်လေး အရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက် အရွယ်ကိုမဆို အဓမ္မ ပြုကျင့်ပါက ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေး ယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ် ကျူးလွန်ခြင်း အတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ် တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ထက်နောင်နောင်
ွှThe Myanmar Age

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

Thursday, May 9, 2013

မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ်အ
ရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်
ပေးရန်နှင့်ထိထိရောက်ရောက်အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက တောင်းဆို ပြော
ကြား လိုက်သည်။

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့ လက်ပံတောင်းတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆို

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့ တောင်းဆို

အရင်စစ်အစိုးရလက်ထက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း အသစ်ပြန်လည်ချုပ်ဆိုဖို့ လက်ပံတောင်းတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ဒေသခံရွာသူ၊ ရွာသားတွေအတွက် အကျိုးရှိနိုင်ကြောင်း လက်ပံတောင်းဒေသက ပခုက္ကူကျောင်းဆရာတော် ဦးက၀ိနြေ္ဒာဘာသက မိန့်ကြားပါတယ်။

ဒါ့အပြင် ကြေးနီစီမံကိန်းဒေသမှာ လက်ရှိထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ပြန်လည်ရုတ်သိမ်းပေးဖို့နဲ့ ဒေသခံရွာသားတွေကို အကူအညီပေးနေသူတွေအပေါ် ထုတ်ပြန်ထားတဲ့ ဥပဒေပုဒ်မတွေကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

အရင်စစ်အစိုးရလက်ထက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာအကြံပြုချက်တွေအတိုင်း အသစ်
ပြန်လည်ချုပ်ဆိုဖို့ လက်ပံတောင်းတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်း
စာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံး

ပြည်သူပိုင်မီးသတ်ကား ၂ စီးအား နိုင်ငံခြားကုမ္ပဏီ တစ်ခုသို့ ဌားရမ်းမှုဖြင့် ကျောက်ဖြူ မီးသတ်ဦးစီးမှူးအား ယနေ့ စတင်စစ်ဆေး

မီးဘေးလုံခြုံရေး နှင့် မီးငြိမ်းသတ်ရေး အတွက် အသုံးပြုရန်ထားသည့် မီးသတ် ကား ၂ စီး အား ကျောက်ဖြူမီးသတ်ဦးစီးမှူးမှ ကျောက်ဖြူမြို့တွင် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တပ်ဆင်ရေး လာရောက်လုပ်ကိုင်သော Hyundai Heavy Industries ကုမ္ပဏီအား အခကြေးငွေယူ၍ ဌားရမ်းသည်ဟု ပြည်သူများ ကတိုင်ကြားသည့်အတွက် မီးသတ်ဦးစီးဌာန ရုံးချုပ်နှင့် သက်ဆိုင်ရာ မှ ခေါ်ယူစစ်ဆေးနေကြောင်းသိရသည်။

MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်

MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်
======================================
ခင်မျိုးသွယ် | ကြာသပတေးနေ့၊ မေလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbus ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင် ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။

“ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲပေးသွားမှာပါ။ ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ မနက် ၆ နာရီခွဲမှာ ထွက်ခွါမှာ ဖြစ်ပြီး မန္တလေးကို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရောက်ရှိပါမယ်။ မန္တလေးမှ ရန်ကုန်ကို မွန်းလွဲ ၂ နာရီမှာ ထွက်ခွါပေးမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာပါ” ဟု MAI မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်အေးမရသာ က ပြောသည်။

ယင်းခရီးစဉ်အတွက် လူဦးေ၇ ၁၂၀ ဆံ့ Airbus A319 ဖြင့် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။

“မန္တလေးကို အရင်ဆုံး ပျံသန်းပြေးဆွဲပေးတာပါ။ အဓိက က Airbus တွေနဲ့ ပြေးဆွဲနေတဲ့အတွက် ဒီလေယာဉ်တွေ ဝင်လို့ရတဲ့ လေယာဉ်ကွင်းတွေက မန္တလေးနဲ့ နေပြည်တော်ပဲ ရှိတယ်။ ဒါကြောင့် ပြည်ပကိုပဲ အဓိက ပြေးဆွဲပျံသန်းရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

MAI အနေဖြင့် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလန်ပူ၊ ကွမ်းကျိုး၊ ဂါယာ၊ ဖနွမ်းပင်နှင့် ဆီရမ်ရိ ခရီးစဉ်တို့ကို တိုက်ရိုက် ပျံသန်း ပြေးဆွဲပေးလျက်ရှိသည်။ ထို့အပြင် မန္တလေးမှလည်း ဘန်ကောက်၊ စင်္ကာပူနှင့် ဂါယာခရီးစဉ်တို့ကို တိုက်ရိုက် ပြေးဆွဲပေးလျက် ရှိသည်။

“အရင်က ဂါယာ (အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ)ကို သွားဖို့အတွက် ရန်ကုန်ကမှ တဆင့် သွားရတာ။ အခုဆို အချိန်ရော၊ လူရော အတော်သက်သာသွားပါတယ်” ဟု နှစ်စဉ် မန္တလေးမှ ဂါယာသို့ ဘုရားဖူး သွားလေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် ဒေါ်အေးမိုး က ပြောသည်။

MAI သည် Airbus လေယာဉ် ၉ စင်းဖြင့် ပြည်ပသို့ ပြေးဆွဲနေသော လေကြောင်းလိုင်း တခု ဖြစ်သည်။

  မေလ ၀၉ ရက် ၂၀၁၃ ခုနှစ
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbus ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင် ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။ “ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာ
သပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲပေးသွားမှာပါ။

လူမျိုးရေး နှိမ့်ချခွဲခြား ဆက်ဆံမှုအပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်ရန် ဖီဖာ မှ အဆိုပြု

လူမျိုးရေး နှိမ့်ချခွဲခြား ဆက်ဆံမှုအပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်ရန် ဖီဖာ မှ အဆိုပြု
===============
မေ-၇၊ ၂၀၁၃
M-Media

အားကစားအဖွဲ့များ၊ ၄င်းတို့၏ တာဝန်ရှိသူများနှင့် ပရိသတ်များထံ လူမျိုးခွဲခြားဆက်ဆံမှု သို့မဟုတ် အဆင့်ခွဲခြားမှုများ ကျူးလွန်သည်ကိုတွေ့ရှိပါက သက်ဆိုင်ရာအသင်းအဖွဲ့ကို ပြိုင်ပွဲမှထုတ်ပယ်ရန်သော် လည်းကောင်း၊ အတန်းဆင်းစေခြင်းဖြင့်သော်လည်းကောင်း အရေးယူရန် တင်းကြပ်သော အဆိုပြုချက်များကို FIFA မှ ယမန်နေ့တွင် တင်သွင်းလိုက်သည်။

လူမျိုးခွဲခြားမှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ပြတ်သားသည့် အရေးယူမှု ပြုလုပ်နိုင်ရန် နှင့် သမမျှတသည့် နည်းလမ်း တစ်ရပ် ဖော်ဆောင်နိုင်ရန် အားကစားရုံ/ကွင်းများ၌ ခွဲခြားနှိမ့်ချမှုသတ်မှတ် အတည်ပြုပေးသော ရုံးခန်း တစ်ခန်းထားရှိဖို့ လိုအပ်နေသည်ဟုဆိုသည်။ ဤကိစ္စနှင့်ပတ်သက်၍  Zurich ၌ ပထမဆုံးအကြိမ် အစည်းအဝေးတွင် ယင်းအဖွဲ့၏ အကြီးအမှူးတဖြစ်လဲ FIFA  ဒုဥက္ကဌ  Jeffrey Webb က  “ ဘောလုံးလောကနဲ့ပရိသတ်တွေ အပေါ် သြဇာသက်ရောက်နိုင်ဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိပါတယ် ” ဟုပြောကြားသည်။ ထိုအဆိုပြုချက်များတွင် မူကြမ်းတစ်ရပ်ပါဝင်ပြီး၊ လကုန်ပိုင်း Mauritius ၌ ကျင်းပမည့် ဖီဖာကွန်ကရက်သို့ တင်ပြမည် ဖြစ်သည်။

ပရီးမီယားလိဂ်၏ လွန်ခဲ့သောရာသီပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ John Terry နှင့် လီဗာပူးတိုက်စစ်မှူး Luis Suarez တို့ထံဖြစ်ပွားခဲ့သောပြဿနာ အပါအ၀င်၊ ဇန္န၀ါရီလက အေစီမီလန်ကွင်းလယ်ကစားသမား Kevin-Prince Boateng နှင့် အီတာလျံလူမျိုးကစားဖက် Pro Patria တို့အကြား လူမျိုးရေးခွဲခြားနှိမ့်ချဆက်ဆံမှုပြဿနာအပြီးတွင် FIFA  ဥက္ကဌ  Sepp Blatter မှ ဤအစီအစဉ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။ 

ပထမအကြိမ်အစည်းအဝေး၌ လူမျိုးခွဲခြားခြင်းနှင့်နှိမ့်ချ ဆက်ဆံခြင်း ပြုလုပ်ချက်အပေါ် အဆင့် ၂ ရပ်ဖြင့် သတိပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ် သို့မဟုတ် စော်ကားမှု မပြင်းထန်လျှင် ဒဏ်ငွေ တပ်ခြင်းနှင့်ပွဲပယ်ခြင်း ပြစ်ဒဏ်မှသည် - ထပ်မံကျူးလွန်လျှင် သို့မဟုတ် ပြင်းထန်စွာစော်ကားမှုပြုလုပ်လျှင် ရမှတ်များလျှော့ချခြင်း (၀ါ) အတန်းဆင်းစေခြင်းပြစ်ဒဏ်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပဏာမအဆိုပြုထားကြသည်။

ကစားကွင်းများ၌ စောင့်ကြည့်လေ့လာသူများထားရှိခြင်းဖြင့် ဒိုင်လူကြီးများအပေါ်ရှိဖိအားများကို လျော့ပါးသွားစေမည့် အပြင်၊ ဆုံးဖြတ်ချက်ချမည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများအတွက် အမြဲတစေရရန်မလွယ်ကူသော သက်သေ အထောက်အထားများ ကိုလည်း ပေးစွမ်းနိုင်မည်ဟု ယင်းအစီအစဉ်ဖော်ဆောင်ရေးအဖွဲ့က ဆိုသည်။ ထိုအစည်းအဝေးတက်ရောက်ဆောင်ရွက်သူ ၁၄ ဦးတွင် ဖီဖာတွဲဖက်အတွင်းရေးမှူးချုပ် Theo van Seggelen နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ခွဲခြားနှိမ့်ချဆက်ဆံမှု ဆန့်ကျင်ရေးကဏ္ဍ အကြီးအကဲ Yury Boychenko တို့ ပါဝင်ခဲ့သည်။

Ref: Washington Post

အားကစားအဖွဲ့များ၊ ၄င်းတို့၏ တာဝန်ရှိသူများနှင့် ပရိသတ်များထံ လူမျိုးခွဲခြားဆက်ဆံမှု သို့မဟုတ် အ
ဆင့်ခွဲခြားမှုများ ကျူးလွန်သည်ကိုတွေ့ရှိပါကသက်ဆိုင်ရာအသင်းအဖွဲကို ပြိုင်ပွဲမှထုတ်ပယ်ရန်သော် လည်း
ကောင်း၊ အတန်းဆင်းစေခြင်းဖြင့်သော်လည်းကောင်းအရေးယူရန်တင်းကြပ်သောအဆိုပြုချက်များကို FIFA မှ ယမန်နေ့တွင် တင်သွင်းလိုက်သည်။

" ခွင့်ပြုချက်ထက်ပိုကျူးသော အဆောက်အအုံလေးလုံးဖျက်သိမ်းခံရ "

" ခွင့်ပြုချက်ထက်ပိုကျူးသော အဆောက်အအုံလေးလုံးဖျက်သိမ်းခံရ "
Thursday,May09,2013

ခွင့်ပြုချက်ထက် ကျုးကျော်ဆောက် လုပ်သည့် ရန်ကင်းမြို့နယ်ရှိ အဆောက် အအုံ လေးလုံးကို ဖျက်သိမ်းလိုက် ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက် မှစတင်ကာ ခွင့်ပြုချက်ထက် ကျူးကျော် ဆောက်လုပ်သည့် အဆောက်အအုံများ အား စီမံချက်ချ ပြန်လည်ဖျက် သိမ်းရန် စေခိုင်းခဲ့ရာ ခြောက်လအတွင်း ၎င်းအ ဆောက်အအုံများကို ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။

စီမံချက် စတင်ခဲ့သည့်လအတွင်း ရန် ကင်းမြို့နယ် အမှတ်(၁၃)ရပ် ကွက် ဓမ္မာရုံလမ်း မြေကွက်အမှတ် ၇၄နှင့် ၇၅ ရှိ ငါးထပ်အဆောက်အအုံနှစ်လုံးကို တရားစွဲဆို၍ ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ထားသည့် အပေါ်နှစ်ထပ် ကို ပြန်လည်ဖျက်သိမ်းရန် စေခိုင်းခဲ့ ကြောင်း၊ ယင်းနောက် ရန်ကင်းမြို့နယ် တွင်ပင် ကျူးကျော်ဆောက်လုပ်သည့် အဆောက်အအုံတစ်လုံးကို ထပ်မံဖျက် သိမ်းစေခဲ့ပြီး ယခုလတွင် ရန်ကင်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်း၌ ဆောက် လုပ်နေသည့် ကားအရောင်းပြခန်းတစ်ခု မှာ မြေအကျယ် ပေ ၂ဝ ခန့် ပိုမိုဆောက် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုဖျက် သိမ်းရန် စေခိုင်းခဲ့ကြောင်း ရန်ကုန်စည် ပင်မှ သိရသည်။

ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များဖြစ်သော ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့် ဦးဝိစာရလမ်းများ အား နောင်လိုအပ်သည့်အခါမျိုးတွင် လမ်း သားချဲ့ထွင်ခြင်း များ ပြုလုပ်နိုင်ရန်အ တွက် ယင်းလမ်းမအနီး အဆောက်အအုံ များအား လမ်းမကြီးနှင့် ပေ ၂ဝ အကွာ အဝေး ချန်လှပ်၍သာ အဆောက်အ အုံ ဆောက်လုပ်ရန် ရန်ကုန်စည်ပင်မှသတ် မှတ်ထားခြင်းဖြစ်သည်။

လမ်းသွယ်များအတွက် ရန်ကုန် စည်ပင်မှ သတ်မှတ်ထားသော အဆောက် အအုံအမြင့် ဆောက်လုပ်ခွင့်ပြုထား သည့်ပုံစံမှာ လမ်းအကျယ်နှစ် ဆအား လေးပေခွဲထပ်ပေါင်း၍ ယင်းထက် မကျော်သော အဆောက်အအုံကိုသာ ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်သည်။ယင်းအပြင် ရန်ကုန်မြို့တွင်း အ ဆောက်အအုံ အမြင့်များ တည်ဆောက် မှုကြောင့် မြို့၏ အထင်ကရဖြစ်သော ရွှေ တိဂုံစေတီ မြင်ကွင်း ပိတ်ဆို့သွားမှု မရှိ စေရေးအတွက်လည်း ရွှေတိဂုံကန့်သတ် ဧရိယာဇုန်နှင့် ပြင်ပဇုန်ဟူ၍ ဇုန်နှစ်ခု သတ်မှတ်ကာ အမြင့်ပေ ကန့်သတ်ထား သည်။

ရွှေတိဂုံ ကန့်သတ်ဧရိယာဇုန်အ တွင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉ဝ ရွှေတိဂုံစေတီ၏ ရင် ပြင်တော်အထိသာ အဆောက် အအုံအ မြင့် ဆောက်လုပ်ခွင့်ရှိပြီး ပြင်ပဇုန်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ပေ ၄၁၇ ပေ၊ တစ်နည်းဆိုသော် ရွှေတိ ဂုံစေတီ၏ ငှက်ပျောဖူးအောက်သာ အ ဆောက်အအုံများ တည်ဆောက်ခွင့်ရှိ ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

Thursday,May09,2013

ခွင့်ပြုချက်ထက် ကျုးကျော်ဆောက် လုပ်သည့် ရန်ကင်းမြို့နယ်ရှိ အဆောက် အအုံ လေးလုံးကို ဖျက်သိမ်း
လိုက် ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက် မှစတင်ကာ ခွင့်ပြုချက်ထက် ကျူးကျော် ဆောက်လုပ်သည့် အဆောက်အအုံများ အား စီမံချက်ချ ပြန်လည်ဖျက် သိမ်းရန် စေခိုင်းခဲ့ရာ
 ခြောက်လအတွင်း ၎င်းအ ဆောက်အအုံများကို ဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။

ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယနေ့နေ့လည်က ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရ


ရန်ကုန်-မေ၉ ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေးဆွဲသောယာဉ်ဖြစ်သည်။

စမတ်ဖုန်းများ၏ အနာဂတ်ပြောင်းလဲမှုများ...

စမတ်ဖုန်းများ၏ အနာဂတ်ပြောင်းလဲမှုများ...

*********************************************
(9.5.2013, Thursday)

ဂျာမန်သိပ္ပံပညာရှင်များ၏ တီထွင်မှုအရ ယနေ့တစ်ယောက်နှင့်တစ်ယောက် 
ပို့ပေးနေသော Text Messages များပို့နေတာက ခေတ်နောက်ကျသော 
လုပ်ရပ်တစ်ခုဖြစ်သွားနိုင်သည်။ကားလ်စရူးသိပ္ပံနည်းပညာတက္ကသိုလ်မှ 
သိပ္ပံပညာရှင်များက အရှိန်မြှင့်တင်သော sensors နှင့် gyroscopes များ 
တပ်ဆင်ထားသော လက်အိတ်များအသုံးပြုပြီး လေထဲတွင် လက်အမူ
အရာနှင့် ဖုန်းဆက်နိုင်မည့် Messages များကို ပေးပို့နိုင်မည့်နည်းလမ်း
အသစ်ကို ရှာတွေ့ထားကြသည်။အဆိုပါလက်အိတ်ကို သိပ္ပံပညာရှင် 
ခရစ်တော့ပ်အန်မာ၏ သူငယ်ချင်းများက ၎င်းတို့ဖုန်းက သေးငယ်သည့် 
လက်ကွက်များတွင် Messages ရိုက်ယူရခြင်းခဲယဉ်းကြောင်း ညည်းညူ
သည့်အတွက် ခရစ်တော့ပ်အန်မာက ယခုလို တီထွင်လိုက်ခြင်းဖြစ်ကြောင်း
ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အေးချမ်းမွန် Credit & Copy From >SkyNet TV Browser <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

9.5.2013, Thursday
ဂျာမန်သိပ္ပံပညာရှင်များ၏ တီထွင်မှုအရ ယနေ့တစ်ယောက်နှင့်တစ်ယောက် ပို့ပေးနေသော Text Messages များပို့နေတာက ခေတ်နောက်ကျသောလုပ်ရပ်တစ်ခုဖြစ်သွားနိုင်သည်။ကားလ်စရူးသိပ္ပံနည်းပညာတက္ကသိုလ်
မှသိပ္ပံပညာရှင်များက အရှိန်မြှင့်တင်သော sensors နှင့် gyroscopes များ တပ်ဆင်ထားသော လက်အိတ်များ
အသုံးပြုပြီး လေထဲတွင် လက်အမူအရာနှင့် ဖုန်းဆက်နိုင်မည့် Messages များကို ပေးပို့နိုင်မည့်နည်းလမ်း
သစ်ကို ရှာတွေ့ထားကြသည်။

မန္တလေးမြို့တွင် ယနေ့နေ့လည် ၂း၁၅ မိနစ်ခန့်အချိန်က လေးပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မန်ကျီးသီးအစေ့ခန့်အရွယ်မိုးသီးများကြွေကျ

မိုးသီးတွေ

မန္တလေး ၉.၅.၂၀၁၃
မန္တလေးမြို့တွင် ယနေ့နေ့လည် ၂း၁၅ မိနစ်ခန့်အချိန်က လေးပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်း
ပြီး မန်ကျီးသီးအစေ့ခန့်အရွယ်မိုးသီးများကြွေကျခဲ့ကြောင်းသတင်းရရှိသည်။ မိုးသီးများမှာ နှစ်ကြိမ်ကျ
ရောက်ခဲ့ပြီး ပထမအကြိမ်တွင် ပေသီးလုံးခန့်အရွယ်နှင့် ဒုတိယအကြိမ်တွင် မန်ကြီးသီးစေ့ခန့်အရွယ် မိုး
သီးများကြွေကျခဲ့ကြောင်းတွေ့ရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပေးသော တန်ဖိုးနည်း ဆင်းကတ်များ ကျပ် (၂)သိန်းနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေ...

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပေးသော တန်ဖိုးနည်း ဆင်းကတ်များ ကျပ် (၂)သိန်းနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေ...

*********************************************
(9.5.2013, Thursday)

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှ ထုတ်ဝေသော တန်ဖိုးနည်း 
ကျပ် (၁၅၀၀)တန် ဆင်းကတ်များ ထွက်ရှိပြီးနောက် ဈေးကွက်အတွင်း 
ယခင်မြန်မာ့ဆက်သွယ်ရေးက ထုတ်ဝေခဲ့သော တန်ဖိုးနည်းဆင်းကတ်များ 
အမျိုးအစားအလိုက် တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးဖြင့် အရောင်းအဝယ်
ဖြစ်နေကြောင်း သိရသည်။ အမျိုးအစားအလိုက် ရောင်းဝယ်မှု ဖြစ်သော
ဈေးနှုန်းများသည် ယခင် GSM (၂)သိန်းတန်ဆင်းကတ်ကို တစ်သိန်း
ခုနှစ်သောင်းခန့်၊ WCDMA ဆင်းကတ်များသည် နှစ်သိန်းနီးပါးခန့်၊ ယခင် 
CDMA 800 ဆင်းကတ်များသည် တစ်သိန်းရှစ်သောင်းခန့်ထိ ရှိကြောင်း
သိရသည်။ MEC က ရောင်းချသည့် ကျပ်(၁၅၀၀)တန် CDMA 800 MHZ 
ဆင်းကတ်များသည် ကျပ် (၆) သောင်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်
နေကြောင်း သတင်းရရှိသည်။

9.5.2013, Thursday
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှ ထုတ်ဝေသော တန်ဖိုးနည်း ကျပ် (၁၅၀၀)တန် ဆင်းကတ်များ ထွက်ရှိပြီးနောက် ဈေးကွက်အတွင်း ယခင်မြန်မာ့ဆက်သွယ်ရေးက ထုတ်ဝေခဲ့သော တန်ဖိုးနည်းဆင်းကတ်
များ အမျိုးအစားအလိုက် တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးဖြင့် အရောင်းအဝယ်