Pages

Thursday, May 9, 2013

လူမျိုးရေး နှိမ့်ချခွဲခြား ဆက်ဆံမှုအပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်ရန် ဖီဖာ မှ အဆိုပြု

လူမျိုးရေး နှိမ့်ချခွဲခြား ဆက်ဆံမှုအပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်ရန် ဖီဖာ မှ အဆိုပြု
===============
မေ-၇၊ ၂၀၁၃
M-Media

အားကစားအဖွဲ့များ၊ ၄င်းတို့၏ တာဝန်ရှိသူများနှင့် ပရိသတ်များထံ လူမျိုးခွဲခြားဆက်ဆံမှု သို့မဟုတ် အဆင့်ခွဲခြားမှုများ ကျူးလွန်သည်ကိုတွေ့ရှိပါက သက်ဆိုင်ရာအသင်းအဖွဲ့ကို ပြိုင်ပွဲမှထုတ်ပယ်ရန်သော် လည်းကောင်း၊ အတန်းဆင်းစေခြင်းဖြင့်သော်လည်းကောင်း အရေးယူရန် တင်းကြပ်သော အဆိုပြုချက်များကို FIFA မှ ယမန်နေ့တွင် တင်သွင်းလိုက်သည်။

လူမျိုးခွဲခြားမှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ပြတ်သားသည့် အရေးယူမှု ပြုလုပ်နိုင်ရန် နှင့် သမမျှတသည့် နည်းလမ်း တစ်ရပ် ဖော်ဆောင်နိုင်ရန် အားကစားရုံ/ကွင်းများ၌ ခွဲခြားနှိမ့်ချမှုသတ်မှတ် အတည်ပြုပေးသော ရုံးခန်း တစ်ခန်းထားရှိဖို့ လိုအပ်နေသည်ဟုဆိုသည်။ ဤကိစ္စနှင့်ပတ်သက်၍  Zurich ၌ ပထမဆုံးအကြိမ် အစည်းအဝေးတွင် ယင်းအဖွဲ့၏ အကြီးအမှူးတဖြစ်လဲ FIFA  ဒုဥက္ကဌ  Jeffrey Webb က  “ ဘောလုံးလောကနဲ့ပရိသတ်တွေ အပေါ် သြဇာသက်ရောက်နိုင်ဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိပါတယ် ” ဟုပြောကြားသည်။ ထိုအဆိုပြုချက်များတွင် မူကြမ်းတစ်ရပ်ပါဝင်ပြီး၊ လကုန်ပိုင်း Mauritius ၌ ကျင်းပမည့် ဖီဖာကွန်ကရက်သို့ တင်ပြမည် ဖြစ်သည်။

ပရီးမီယားလိဂ်၏ လွန်ခဲ့သောရာသီပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ John Terry နှင့် လီဗာပူးတိုက်စစ်မှူး Luis Suarez တို့ထံဖြစ်ပွားခဲ့သောပြဿနာ အပါအ၀င်၊ ဇန္န၀ါရီလက အေစီမီလန်ကွင်းလယ်ကစားသမား Kevin-Prince Boateng နှင့် အီတာလျံလူမျိုးကစားဖက် Pro Patria တို့အကြား လူမျိုးရေးခွဲခြားနှိမ့်ချဆက်ဆံမှုပြဿနာအပြီးတွင် FIFA  ဥက္ကဌ  Sepp Blatter မှ ဤအစီအစဉ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။ 

ပထမအကြိမ်အစည်းအဝေး၌ လူမျိုးခွဲခြားခြင်းနှင့်နှိမ့်ချ ဆက်ဆံခြင်း ပြုလုပ်ချက်အပေါ် အဆင့် ၂ ရပ်ဖြင့် သတိပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ် သို့မဟုတ် စော်ကားမှု မပြင်းထန်လျှင် ဒဏ်ငွေ တပ်ခြင်းနှင့်ပွဲပယ်ခြင်း ပြစ်ဒဏ်မှသည် - ထပ်မံကျူးလွန်လျှင် သို့မဟုတ် ပြင်းထန်စွာစော်ကားမှုပြုလုပ်လျှင် ရမှတ်များလျှော့ချခြင်း (၀ါ) အတန်းဆင်းစေခြင်းပြစ်ဒဏ်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပဏာမအဆိုပြုထားကြသည်။

ကစားကွင်းများ၌ စောင့်ကြည့်လေ့လာသူများထားရှိခြင်းဖြင့် ဒိုင်လူကြီးများအပေါ်ရှိဖိအားများကို လျော့ပါးသွားစေမည့် အပြင်၊ ဆုံးဖြတ်ချက်ချမည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများအတွက် အမြဲတစေရရန်မလွယ်ကူသော သက်သေ အထောက်အထားများ ကိုလည်း ပေးစွမ်းနိုင်မည်ဟု ယင်းအစီအစဉ်ဖော်ဆောင်ရေးအဖွဲ့က ဆိုသည်။ ထိုအစည်းအဝေးတက်ရောက်ဆောင်ရွက်သူ ၁၄ ဦးတွင် ဖီဖာတွဲဖက်အတွင်းရေးမှူးချုပ် Theo van Seggelen နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ခွဲခြားနှိမ့်ချဆက်ဆံမှု ဆန့်ကျင်ရေးကဏ္ဍ အကြီးအကဲ Yury Boychenko တို့ ပါဝင်ခဲ့သည်။

Ref: Washington Post

အားကစားအဖွဲ့များ၊ ၄င်းတို့၏ တာဝန်ရှိသူများနှင့် ပရိသတ်များထံ လူမျိုးခွဲခြားဆက်ဆံမှု သို့မဟုတ် အ
ဆင့်ခွဲခြားမှုများ ကျူးလွန်သည်ကိုတွေ့ရှိပါကသက်ဆိုင်ရာအသင်းအဖွဲကို ပြိုင်ပွဲမှထုတ်ပယ်ရန်သော် လည်း
ကောင်း၊ အတန်းဆင်းစေခြင်းဖြင့်သော်လည်းကောင်းအရေးယူရန်တင်းကြပ်သောအဆိုပြုချက်များကို FIFA မှ ယမန်နေ့တွင် တင်သွင်းလိုက်သည်။
လူမျိုးခွဲခြားမှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ပြတ်သားသည့် အရေးယူမှု ပြုလုပ်နိုင်ရန် နှင့် သ
မမျှတသည့် နည်းလမ်း တစ်ရပ် ဖော်ဆောင်နိုင်ရန် အားကစားရုံ/ကွင်းများ၌ ခွဲခြားနှိမ့်ချမှုသတ်မှတ် အတည်
ပြုပေးသော ရုံးခန်း တစ်ခန်းထားရှိဖို့လိုအပ်နေသည်ဟုဆိုသည်။ဤကိစ္စနှင့်ပတ်သက်၍ Zurich ၌ ပထမဆုံး
အကြိမ် အစည်းအဝေးတွင် ယင်းအဖွဲ့၏ အကြီးအမှူးတဖြစ်လဲ FIFA ဒုဥက္ကဌ Jeffrey Webb က “ ဘောလုံး
လောကနဲ့ပရိသတ်တွေ အပေါ် သြဇာသက်ရောက်နိုင်ဖို့ကျွန်တော်တို့မှာအထူးတာဝန်ရှိပါတယ် ” ဟုပြော
ကြားသည်။ ထိုအဆိုပြုချက်များတွင် မူကြမ်းတစ်ရပ်ပါဝင်ပြီး၊ လကုန်ပိုင်း Mauritius ၌ ကျင်းပမည့် ဖီဖာကွန်
ကရက်သို့ တင်ပြမည် ဖြစ်သည်။

ပရီးမီယားလိဂ်၏ လွန်ခဲ့သောရာသီပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ John Terry နှင့် လီဗာပူးတိုက်စစ်မှူး Luis Suarez တို့ထံဖြစ်ပွားခဲ့သောပြဿနာ အပါအ၀င်၊ ဇန္န၀ါရီလက အေစီမီလန်ကွင်းလယ်ကစားသမား Kevin-Prince Boateng နှင့် အီတာလျံလူမျိုးကစားဖက် Pro Patria တို့အကြား လူမျိုးရေးခွဲခြားနှိမ့်ချဆက်ဆံမှုပြဿနာအပြီးတွင် FIFA ဥက္ကဌ Sepp Blatter မှ ဤအစီအစဉ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

ပထမအကြိမ်အစည်းအဝေး၌ လူမျိုးခွဲခြားခြင်းနှင့်နှိမ့်ချ ဆက်ဆံခြင်း ပြုလုပ်ချက်အပေါ် အဆင့် ၂ ရပ်ဖြင့် သတိပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ် သို့မဟုတ် စော်ကားမှု မပြင်းထန်လျှင် ဒဏ်ငွေ တပ်ခြင်းနှင့်ပွဲ

ပယ်ခြင်း ပြစ်ဒဏ်မှသည် - ထပ်မံကျူးလွန်လျှင် သို့မဟုတ် ပြင်းထန်စွာစော်ကားမှုပြုလုပ်လျှင် ရမှတ်များ
လျှော့ချခြင်း (၀ါ) အတန်းဆင်းစေခြင်းပြစ်ဒဏ်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပဏာမအဆိုပြုထား
ကြသည်။

ကစားကွင်းများ၌ စောင့်ကြည့်လေ့လာသူများထားရှိခြင်းဖြင့် ဒိုင်လူကြီးများအပေါ်ရှိဖိအားများကို လျော့ပါး

သွားစေမည့် အပြင်၊ ဆုံးဖြတ်ချက်ချမည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများအတွက် အမြဲတစေရရန်
မလွယ်ကူသောသက်သေအထောက်အထားများကိုလည်း ပေးစွမ်းနိုင်မည်ဟု ယင်းအစီအစဉ်ဖော်ဆောင်
ရေးအဖွဲ့က ဆိုသည်။ ထိုအစည်းအဝေးတက်ရောက်ဆောင်ရွက်သူ ၁၄ ဦးတွင် ဖီဖာတွဲဖက်အတွင်းရေးမှူး
ချုပ်Theo van Seggelen နှင့်ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ခွဲခြားနှိမ့်ချဆက်ဆံမှုဆန်ကျင်ရေးကဏ္ဍ အကြီး
အကဲ Yury Boychenko တို့ ပါဝင်ခဲ့သည်။

Ref: Washington Post, M-Media ,Rangonnewsdaily
RND:  :9.5.2013

0 comments:

Post a Comment