Pages

Thursday, May 9, 2013

ပြည်သူပိုင်မီးသတ်ကား ၂ စီးအား နိုင်ငံခြားကုမ္ပဏီ တစ်ခုသို့ ဌားရမ်းမှုဖြင့် ကျောက်ဖြူ မီးသတ်ဦးစီးမှူးအား ယနေ့ စတင်စစ်ဆေး

မီးဘေးလုံခြုံရေး နှင့် မီးငြိမ်းသတ်ရေး အတွက် အသုံးပြုရန်ထားသည့် မီးသတ် ကား ၂ စီး အား ကျောက်ဖြူမီးသတ်ဦးစီးမှူးမှ ကျောက်ဖြူမြို့တွင် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တပ်ဆင်ရေး လာရောက်လုပ်ကိုင်သော Hyundai Heavy Industries ကုမ္ပဏီအား အခကြေးငွေယူ၍ ဌားရမ်းသည်ဟု ပြည်သူများ ကတိုင်ကြားသည့်အတွက် မီးသတ်ဦးစီးဌာန ရုံးချုပ်နှင့် သက်ဆိုင်ရာ မှ ခေါ်ယူစစ်ဆေးနေကြောင်းသိရသည်။ မီးလောင်ရင်အသုံးပြုဖို့ မီးသတ်ကားကို ကိုယ်ကျိုးအတွက် ကုမ္ပဏီကို အခကြေးငွေယူပြီးဌားလိုက်တယ် ဆိုပြန်းတိုင်ကြား လာတဲ့အတွက် မှန် ၊ မမှန် ဆိုတာ ကိုသိရဖို့ အောက်မြန်မာပြည် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေကိုယ်တိုင် အဲ့ဒီ
မီးသတ်မြို့နယ်မှူး ကို စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပြီး ဒီနေ့ပဲ စစစ်နေပြီ ။ အမှန်တကယ် ကျူးလွန်တာ ထင်ရှားရင်တော့ မီးသတ်ဥပဒေအပြင်တည်ဆဲ ဥပဒေ တွေနဲ့ပါ အရေးယူသွားမယ်ဟု မီးသတ်ဦးစီးဌာနချုပ် မှ အဆင့်မြင့် မီးသတ်အရာရှိကြီး တစ်ဦးက ပြောသည်။

အဆိုပါမီးသတ်ကားမှာ နိုင်ငံတော် ထည့်ဝင်ငွေတစ်ဝက်နှင့် ပြည်သူ ထည့်ဝင်ငွေ တစ်ဝက်ဖြင့် မီးဘေး
အန္တရာယ် အတွက် ၀ယ်ယူထားသော မီးသတ်ကား တစ်စီးပါဝင်ပြီး ကျန်တစ်စီးမှာ ရွှေစီမံကိန်း မှ လှူဒါန်းထားသော မီးသတ်ကားဖြစ်ကြောင်းသိရသည်။

PN 020
Popular Myanmar News Journal , Rangonnewsdaily
RND:  :9.5.2013

0 comments:

Post a Comment