Pages

Sunday, October 6, 2013

အီဒွလ်အသ်ွဟာ (ခေါ်) ကုရ်ဘာနီ (ဘက္ကရီးအီးဒ်) နေ့အား ကြေငြာချက်ထုတ်ပြန်

RangonNewsDaily:: October. 6 .2013
ယနေ့ညတွင် အစ္စလာမ်ဘာသာဝင်များ၏ ဇစ်လ်ဟဂ်ျဂျဟ်လ ဆန်းဦးစလအား မြန်မာနိုင်ငံအတွင်း မြင်တွေ့ရပြီဖြစ်သောကြောင့် ဇစ်လ်ဟဂ်ျဂျဟ်လဆန်း (၁) ရက်နေ့ဖြစ်ကြောင်းနှင့် ဟစ်ဂ်ျရီ ၁၄၃၄ ခုနှစ်၏ ဇစ်လ်ဟဂ်ျဂျဟ်လ (၁၀)ရက်နေ့ဖြစ်သော ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက် ဗုဒ္ဓဟူးနေ့သည်

ကလေးဝမြို့ ဘောလုံးပွဲတွင် ရုံးရင်းဆန်ခတ်ဖြစ်ပွား

RangonNewsDaily:: October. 6 .2013

စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်း တွင် ကစားခဲ့သော ရပ်ကွက်ကျေးရွာ ဘောလုံးပွဲ အဖြစ် ကိုင်းကျေးရွာ အသင်း နှင့် သစ်ချောက်ကျေးရွာ အသင်း တို့ ယှဉ်ပြိုင်ကစား ကြသည့် ပွဲ တွင် ပရိတ်သတ်များ အချင်ချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တစ်ဦး ဓါးဖြင့် အထိုးခံခဲ့ရကာ အများအပြား ထိခိုက်ဒဏ် ရာ ရရှိခဲ့သည် ဟု သိရှိရပါသည်။

Miss Universe Myanmar ပြိုင်ပွဲ၏ ပထမဆုရ မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း

Photo: မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း
Sunday, October 6, 2013

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်သည့် Miss Universe Myanmar ပြိုင်ပွဲ၏ ပထမဆုအပြင် Healthy Skin ဆုနှင့် Miss Famous ဆုနှစ်ဆု ရရှိခဲ့သော မော်ဒယ်လ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့ပုံကို သိပါရစေ။

MSW ။ ။ မိုးစက်က LA မှာ ကျောင်းသွားတက်တယ်။ ကျောင်းပြီးတော့ လုပ်ငန်း အတွေ့အကြုံရအောင် အလုပ်ဝင်လုပ်ခဲ့တယ်။ မိုးစက် မြန်မာပြည် ပြန်ရောက်လာတဲ့အခါ သူငယ်ချင်း တစ်ယောက်က ဒီပြိုင်ပွဲအကြောင်း ပြောပြပြီး သူကိုယ်တိုင်ပဲ ဖောင်ယူလာပေးတယ်။ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမယ့် ပွဲမို့ မိုးစက် အရမ်းစိတ်ဝင်စားသွားတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံတွေကြားမှာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ၊ ဓလေ့စရိုက်တွေကို သွားရောက် ပြသခွင့်ရမယ့် အခွင့်အရေး ဖြစ်တဲ့အတွက် ဝင်ပြိုင် ဖြစ်ခဲ့တာပါ။

Voice ။ ။ ပြည်ပမှာ ကျောင်းသွားတက်ခဲ့တယ် ဆိုတော့ ဘာမေဂျာနဲ့ ကျောင်းပြီးခဲ့တာလဲ။

MSW ။ ။ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စာ မေဂျာနဲ့ အဝေးသင် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ မိုးစက် လွိုင်ဟိန်းကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုယ့်ဘဝကို ဒီထက်ပိုပြီး တိုးတက်ချင်သလို အတွေ့အကြုံလည်း ပိုပြီးရချင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ စိတ်လည်း ရှိချင်တဲ့အတွက် ပြည်ပမှာ ကျောင်းသွားတက်ခဲ့တာပါ။ LA မှာရှိတဲ့ တက္ကသိုလ်ကနေ Business (Marketing) မေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။

Voice ။ ။ ပြိုင်ပွဲ မတိုင်ခင်ကတည်းက အွန်လိုင်း ပရိသတ်တွေရဲ့ မဲပေးမှုကြောင့် ဆုရမယ်လို့ ရေပန်းစားခဲ့တယ်။ အခု ဆုရသွားတဲ့ အခါမှာရော ဘယ်လိုခံစားရလဲ။

MSW ။ ။ ပြိုင်ပွဲမတိုင်ခင် ကတည်းက အွန်လိုင်းမှာ ပရိသတ်တွေက မိုးစက်ကို မဲပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အဲဒီအတွက် ဆုမရခဲ့ရင်တောင်မှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံရတဲ့အတွက် မိုးစက် အရမ်းကျေနပ်ပါတယ်။ တကယ်ဆုရလာတဲ့ အခါမှာတော့ အတိုင်းမသိ ပျော်မိသလို စိတ်ထဲမှာလည်း နည်းနည်းတော့ လေးသွားတယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ စိတ်မပျက်ရအောင် ငါနောက်တစ်ဆင့် ထပ်ပြီး ကြိုးစားရဦးမယ်ဆိုပြီး စိတ်ထဲမှာ လေးသွားပါတယ်။

Voice ။ ။ ပြိုင်ပွဲကာလအတွင်း ကြုံခဲ့ရတဲ့ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

MSW ။ ။ ဒီပြိုင်ပွဲအတွက် မိုးစက်တို့ ခရီးတွေ သွားရတယ်၊ မိဘမဲ့ ကလေးတွေ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေနဲ့ မိုးစက်တို့ တွေ့ရတယ်။ ဒီအဖြစ်အပျက်တွေက မိုးစက်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရတွေပါပဲ။

Voice ။ ။ ပြိုင်ပွဲရဲ့ အမေးအဖြေ ကဏ္ဍမှာတုန်းက ပြိုင်ပွဲကရတဲ့ ဆုကြေးတွေကို မိဘမဲ့ ဂေဟာလိုမျိုး ပရဟိတ လုပ်ငန်းတစ်ခုအတွက် ရန်ပုံငွေ သဘောမျိုး ထူထောင် ပေးချင်တယ်လို့ ပြောခဲ့တယ်နော်။ ဘယ်လို ပရဟိတ လုပ်ငန်းမျိုးလုပ်ဖို့ စိတ်ဝင်စားတာလဲ။

MSW ။ ။ မိုးစက် ဘယ်အလုပ်ပဲ လုပ်လုပ် ရသမျှ ဝင်ငွေထဲက ပမာဏ တစ်ခုကို မိဘတွေကို ပေးလေ့ ရှိပါတယ်။ ဘယ်လို ပရဟိတ အလုပ်မျိုးမဆို မိုးစက်မှာရှိတဲ့ ဉာဏ်ရယ်၊ ခွန်အားရယ် ပေါင်းပြီး လုပ်ပေးနိုင်တဲ့အရာ မှန်သမျှ လုပ်ပေးဖို့ မိုးစက်ဘက်က အဆင်သင့်ပါပဲ။ မိုးစက်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံအရ ပရဟိတ လုပ်ငန်းကြီး တစ်ခုလုံးကို ဦးဆောင်နိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး။ အဲဒီတော့ အခိုင်အမာ တည်ထောင်ပြီးသား ဖြစ်နေတဲ့ ထူးဖောင်ဒေးရှင်းတို့လို၊ အမျိုးသမီးရေးရာတို့လို အဖွဲ့အစည်းတွေမှာ အရင်ဆုံး ဝင်လုပ်ပြီး၊ အတွေ့အကြုံ ရှာချင်ပါတယ်။ အဲ့ဒီကနေ ကိုယ်ပိုင် Idea တစ်ခုရတဲ့ အခါမှာတော့ ပရဟိတ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ဦးစီးပြီး လုပ်ချင်ပါတယ်။

Voice ။ ။ ရုရှားနိုင်ငံမှာ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖို့အတွက် မိုးစက်ဝိုင်ရဲ့ အဓိက အားနည်းချက်က ဘာဖြစ်မလဲ။ ပြိုင်ပွဲအတွက် ဘယ်အပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်ဖို့ စဉ်းစားထားလဲ။

MSW ။ ။ တခြားနိုင်ငံက လူတွေနဲ့ မိုးစက်တို့ ကြီးပြင်းလာရတဲ့ပုံစံ၊ ကျောင်း နေစဉ်ကာလ မှာလည်း သင်ယူ လေ့လာခဲ့ရတဲ့ ပုံစံမတူပါဘူး။ မိုးစက်တို့ မြန်မာလူမျိုးတွေက လူတွေ အများကြီးရှေ့မှာ စကားပြောရတာကို ရှက်တတ်ကြပါတယ်။ မိုးစက်ကလည်း မြန်မာဖြစ်တဲ့အတွက် အဲဒီလို အားနည်းချက်မျိုး မိုးစက်မှာလည်း ရှိပါတယ်။ တခြားနိုင်ငံက Miss တွေလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ပေါ်ပေါ်လွင်လွင်ကြီး မနေထိုင်ရဲ၊ မပြောဆိုရဲဘူး ပေါ့နော်။ အဲဒါကို မိုးစက်ပြင်ရမယ်။ ပြိုင်ပွဲ အတွက်ကတော့ လမ်းလျှောက်ပုံ လျှောက်နည်းကို သေချာ ထပ်လေ့ကျင့်ပြီး ခန္ဓာကိုယ် လှပဖို့ အတွက်လည်း လေ့ကျင့်ခန်းတွေ ထပ်လုပ်မယ်။ ဗဟုသုတ ရစေမယ့် စာတွေအများကြီး ထပ်ဖတ်ရမယ်။

Voice ။ ။ နောက်ပိုင်းမှာရော အနုပညာ အလုပ်တွေကိုပဲ ဇောက်ချ လုပ်သွားမလား၊ လုပ်ငန်းခွင် တစ်ခုခုထဲပဲ ပြန်ဝင်မလား။

MSW ။ ။ ဆုရပြီးတဲ့ နောက်မှာတော့ မိုးစက်ရထားတဲ့ Miss Title နဲ့ ပရဟိတ အလုပ်လေးတွေ အရင်လုပ်ချင်တယ်။ စီးပွားရေးက ဘယ်အချိန် လုပ်လုပ် ရပါတယ်။ ဒီပရဟိတ အလုပ်တွေကတော့ မိုးစက် Miss ဘွဲ့လေး ရထားတုန်း၊ အခွင့်အရေးလေး ပေးလာတဲ့ အချိန်မှာ လုပ်ခွင့်ရတာပါ။ အနုပညာ အလုပ်တွေကိုတော့ မိုးစက် အလျဉ်းသင့်သလိုပဲ လုပ်သွားပါမယ်။

Voice ။ ။ Miss Universe Myanmar ဆုကြောင့် မိုးစက်ဝိုင်ရဲ့ ဂုဏ်သတင်းက ပိုမိုကြီးမားလာသလို စောင့်ထိန်းရတဲ့ ကျင့်ဝတ်သိက္ခာတွေက ပိုများလာမယ် ထင်တယ်။ အဲ့ဒီပေါ်မှာ မိုးစက်ဝိုင်ရော ဘယ်လိုမြင်လဲ။

MSW ။ ။ ဟုတ်ပါတယ်။ ဒီဆုက မိုးစက်ရဲ့ နာမည် ဂုဏ်သတင်းကို ပိုမိုမြင့်တက် စေသလို စောင့်ထိန်းရမယ့် ကျင့်ဝတ် သိက္ခာပိုင်းတွေ များလာပါတယ်။ မိုးစက် ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ် သိက္ခာပိုင်းကို စောင့်ထိန်းသွားမှာပါ။

The Voice Weekly

RangonNewsDaily:: October. 6 .2013

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်
မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်သည့် Miss Universe Myanmar ပြိုင်ပွဲ၏ ပထမဆုအပြင် Healthy Skin ဆုနှင့် Miss Famous ဆုနှစ်ဆု ရရှိခဲ့သော မော်ဒယ်လ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

ဆောက်လုပ်ဆဲ အဆောက်အအုံ ပေါ်မှ လူနှစ်ဦး ပြုတ်ကျ တစ်ဦးသေဆုံး

Photo: ဆောက်လုပ်ဆဲ အဆောက်အအုံ ပေါ်မှ လူနှစ်ဦး ပြုတ်ကျ တစ်ဦးသေဆုံး
Sunday, October 6, 2013

ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ပေါ်မှ ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသားနှစ်ဦး ပြုတ်ကျပြီး တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာယာအေး(၃)လမ်းထိပ် အမှတ်(၂၂-အေ)နေ ပိုင်ရှင်ဦးသန်း အောင်၏ မြေပေါ် တွင် ကန်ထရိုက်တာ ဦးဝင်းပိုင် တာဝန်ယူ၍ ဆောက်လုပ် နေဆဲဖြစ်သော ကန်ထရိုက်တိုက် (၃)လွှာ ပေါ်မှ ငြမ်းဆင် လုပ်သားများ ဖြစ်သည့် ဦးကိုလွင် အသက်(၄ဝ)နှစ် ပေါက်ကုန်းရပ် ကွက်၊ မင်္ဂလာဒုံမြို့နယ် နေသူနှင့် မောင်ဇော် အသက်(၃၈)နှစ် (ဘ) ဦးအေး ညောင် ရွာ၊ လှိုင်သာယာ မြို့နယ် နေသူတို့သည် ငြမ်းဆင်ရန် ဝါးလုံးများအား မြေပြင်မှ အထက် သုံးလွှာ သို့ ဆွဲတင်ဆွဲချ သယ်ယူ ချည်နှောင်ခြင်းများ ပြုလုပ်နေစဉ် တိုက်၏အရှေ့ဘက်ခြမ်း၌ သွယ် တန်း ဖြတ်သန်း လျက်ရှိသော ဗို့အား ၆၆ဝဝ ရှိ ဆားဗစ် ကျပ်လုံးကြိုးနှင့် ထိစပ် ပွတ်တိုက် မိရာမှ ရေစိုနေသော ဝါးတစ်လုံးအား လျှပ်စစ်စီးဝင်ပြီး ဓာတ် လိုက်ခြင်းဖြစ်ကြောင်း သိရှိ ရသည်။ အဆိုပါ ဓာတ်လိုက်မှုကြောင့် ဦးကိုလွင်မှာ ရုန်းကန်လွတ်မြောက်ပြုတ်ကျသွား သော် လည်း (မစိုးရိမ်ရ)၊ မောင်ဇော်မှာ တိုက်ရိုက်ထိစပ်သော လျှပ်စစ်ဓာတ် အားကြောင့် နှလုံး သွေး ရပ်ကာ သေဆုံးသွား ရခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရင့်နောင် ရဲတပ်ဖွဲ့ စခန်းမှ သေမှုသေခင်း PR အမှတ် ၁၆/၂ဝ၁၃ ဖြင့် မြောက်ဥက္ကလာပ ဆေးရုံသို့ ပေးပို့ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိ ရသည်။

မြ၀တီ

RangonNewsDaily:: October. 6 .2013
ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ပေါ်မှ ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသားနှစ်ဦး ပြုတ်ကျပြီး တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

မန္တလေးကားဈေးကွက် ကျပ်သိန်းလေးသောင်းကျော် လိမ်လည်မှု သမ္မတထံ တိုင်စာပို့

Photo: မန္တလေးကားဈေးကွက် ကျပ်သိန်းလေးသောင်းကျော် လိမ်လည်မှု သမ္မတထံ တိုင်စာပို့
Sunday, October 6, 2013

မန္တလေးမြို့တော် မော်တော်ယာဉ် ဈေးကွက်တွင် စက်တင်ဘာလ လယ်ပိုင်းခန့်က ဖြစ်ပွားခဲ့သော ကျပ်သိန်းလေးသောင်းကျော် အကြီးမားဆုံး လိမ်လည်မှုကို နိုင်ငံတော်သမ္မတနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၄ ရက်နေ့က တိုင်ကြားစာ ပို့ခဲ့ကြောင်း အဆိုပါ ဆုံးရှုံးနစ်နာသူ ယဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်း ဖြေရှင်းပေးရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
“သမ္မတနဲ့ ဝန်ကြီးချုပ်ကို တင်ပြထားသလို ကားဝယ်ရောင်း ကိစ္စမှာ ဒီငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးနဲ့ တာဝန်ရှိတဲ့ လင်းကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ ဦးအောင်ရဲလင်း တို့ကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆို ထားပါတယ်။ ဆောင်ရွက်မပေးဘူးဆိုရင် တရားစွဲဆို သွားပါမယ်” ဟု ယင်း ကော်မတီဝင် ဦးအောင်နိုင်ဝင်းက ဆိုသည်။

မန္တလေးမြို့ Oriental House ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ကားလောက၏ အကြီးမားဆုံး ငွေကြေး အလွှဲသုံးစားမှု သတင်းစာ ရှင်းလင်းပွဲ၌ ကိုယ်တိုင် ငွေကြေးလိမ်လည် ခံရသူ ဦးအောင်နိုင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် အကျိုးတူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးသည် ယာဉ်ပိုင်ရှင်များထံမှ မော်တော်ယာဉ် ဝယ်ရောင်း ကိစ္စများအတွက် ငွေကြေး လိမ်လည်မှု သာမက ပြင်ပလုပ်ငန်းရှင် အချို့ထံမှ လိမ်လည်မှုနှင့် ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများကို လိုင်စင် မပြုလုပ်ပေးရသေးသော ယာဉ်စီးရေ ၁၅၀၊ ယာဉ်မှတ်ပုံတင် ပိုင်ဆိုင်မှု စာအုပ် ပြုလုပ်ပေးခြင်း မရှိသေးသည့် ယာဉ်စီးရေ ၉၉ စီး စုစုပေါင်း ၂၅၀ စီးခန့်ရှိနေဆဲ ဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။

ယင်းကဲ့သို့ ဦးကျော်ခိုင်စိုး၏ ယာဉ် အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ ငွေကြေး လိမ်လည်မှုတွင် မဟာအောင်မြေမြို့နယ် အကွက် (၃၂၃ ) ၃၄x၃၅လမ်း အကြား ကမ်းနားလမ်း လင်းကမ္ဘာခြံနေ ဦးအောင်ရဲလင်းသည်လည်း တိုက်ရိုက် သက်ဆိုင်ပြီး လင်းကမ္ဘာ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ယာဉ်အရောင်းအဝယ် စာချုပ်များရှိကြောင်း ယာဉ်ရောင်းဝယ် လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ကားဝယ်ရောင်း ကိစ္စများတွင် လင်းကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးအောင်ရဲလင်းသည် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးကို ငွေထုတ်ပေးခြင်းသာ ဖြစ်ပြီး ၎င်းအနေနှင့် ငွေကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် လိမ်လည်ခံရကြောင်း၊ မန္တလေးမြို့တော် ခန်းမတွင် ရောင်းချခဲ့သော အရောင်းအဝယ် ကိစ္စများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ပြီး ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး တာဝန်ရှိသော ယာဉ်အရောင်းအဝယ် ကိစ္စများကို ဖြေရှင်းပေးမည် မဟုတ်ကြောင်း ဦးအောင်ရဲလင်းက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် အရောင်းအဝယ် ကိစ္စများတွင် လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သွားသူ ဦးကျော်ခိုင်စိုးတို့သည် လုံးဝပတ်သက်မှု ရှိကြောင်း ဦးကျော်ခိုင်စိုးထံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဦးအောင်စိုးက မီဒီယာများသို့ အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးတို့ မပတ်သက်ပါက ဦးအောင်ရဲလင်း ပိုင်ဆိုင်သည့် လင်းကမ္ဘာခြံတွင် မော်တော်ယာဉ်များ သွားရောက် ထုတ်ယူစရာ အကြောင်း မရှိကြောင်း ငွေကြေး လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ဦးကျော်ခိုင်စိုးကို ယာဉ်ဝယ်ရောင်း ကိစ္စနှင့် မပတ်သက်ဘဲ လူမှုရေးအရ ငွေကျပ်သိန်း ၄၀၀၀ ကျော် ချေးငှားခဲ့ရာ လက်ရှိအချိန်အထိ ပြန်လည် ပေးဆပ်မှု မရှိသေးကြောင်း အဆိုပါ လိမ်လည်ခံရ သူများတွင် ပါဝင်သူ မန္တလေးမြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်လှိုင်က ဆိုသည်။

လင်းကမ္ဘာခြံပိုင်ရှင် ဦးအောင်ရဲလင်းနှင့် ၎င်း၏အကျိုးတူ စီးပွားဖက် ဦးကျော်ခိုင်စိုးတို့သည် သြဂုတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ မန္တလေးမြို့ မြို့တော်ခန်းမတွင် မော်တော်ယာဉ် အရောင်းပြပွဲ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် အကွက် ၃၂၃၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ကမ်းနားလမ်း နေထိုင်သူ ဦးအောင်ရဲလင်းထံမှ တစ်ရပ်ကွက်တည်း နေသူ ဦးကျော်ခိုင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်စုစုချောတို့က ယာဉ် ဝယ်ရောင်း ပြုလုပ်ပေးမည်ဟု ယုံကြည်အောင် ပြောဆို၍ ငွေကျပ် သိန်းတစ်သောင်း တစ်ထောင်ကျော်ကို လိမ်လည်ခဲ့ပြီး အဆိုပါ ဇနီးမောင်နှံ နှစ်ဦးသည် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းကြောင့် အဆိုပါ ဇနီးမောင်နှံ နှစ်ဦးကို အောက်တိုဘာလ ၂ ရက်နေ့တွင် မန္တလေး အမှတ် (၆) နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း တရားလို ဦးအောင်ရဲလင်း၏ ရှေ့နေ ဦးဝင်းလှိုင်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: October. 6 .2013
မန္တလေးမြို့တော် မော်တော်ယာဉ် ဈေးကွက်တွင် စက်တင်ဘာလ လယ်ပိုင်းခန့်က ဖြစ်ပွားခဲ့သော ကျပ်သိန်းလေးသောင်းကျော် အကြီးမားဆုံး လိမ်လည်မှုကို နိုင်ငံတော်သမ္မတနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၄ ရက်နေ့က တိုင်ကြားစာ ပို့ခဲ့ကြောင်း အဆိုပါ ဆုံးရှုံးနစ်နာသူ ယဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်း ဖြေရှင်းပေးရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

ဆိုမာလီယာနိုင်ငံ ဘာရာဝီမြို့အတွင်း နိုင်ငံခြား တပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်

Photo: ဆိုမာလီယာနိုင်ငံ ဘာရာဝီမြို့အတွင်း နိုင်ငံခြား တပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်
Sunday, October 6, 2013

အမည်မသိ နိုင်ငံခြား တပ်ဖွဲ့ဝင်များက ဆိုမာလီယာ တောင်ပိုင်းရှိ အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဘာရာဝီမြို့ကို ညအချိန်၌ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စီးနင်းတိုက်ခိုက်မှု၌ အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း အဆိုပါအဖွဲ့က Reuters သတင်းဌာနကို ပြောကြားသည်။

ကင်ညာနိုင်ငံတွင်းရှိ ဈေးဝယ်စင်တာ တစ်ခုကို အယ်ရှာဘတ် စစ်သွေးကြွများ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၆၇ ဦး သေဆုံး ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့သော စီးနင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုင်ငံခြားသားများကို ပစ်မှတ်ထားပြီး ညအချိန် ဝင်ရောက် စီးနင်းသည့် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုမာလီယာ ထောက်လှမ်းရေး အရာရှိတစ်ဦးက AP သတင်းကို ပြောကြားလိုက်ပြီး မည်သည့် နိုင်ငံက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြာခဲ့ခြင်း မရှိပေ။

အစ္စလာမ္မစ် စစ်သွေးကြွများ ပုန်ကန် ထကြွနေသည့် ဆိုမာလီယာ ကမ်းရိုးတန်း ဒေသရှိ ပစ်မှတ်များကို ပြီးခဲ့သည့်နှစ်များ အတွင်းကလည်း အမေရိကန်နှင့် ပြင်သစ် အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ကြသည်။

အယ်ရှာဘတ်များ သိမ်းပိုက်ထားသည့်မြို့ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်း ပါဝင်ကြောင်း ဆိုမာလီယာ သတင်းဝက်ဘ်ဆိုက် Midnimo တွင် ရေးသားဖော်ပြထားသည်။
“ရော်ဘာဝီကမ်းခြေက ကျွန်တော်တို့စခန်းကို အနောက်တိုင်းသားတွေ လှေတွေနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျပါတယ်” ဟု အယ်ရှာဘတ် ပြောရေးဆိုခွင့်ရှိသူ အဘူမူဆတ်က Reuters သတင်းကို ပြောကြားခဲ့သည်။

အနောက်တိုင်း စစ်သားများကို ဖမ်းဆီးနိုင်ရန် တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းသို့ စစ်သွေးကြွများ ဝင်ရောက် ရှာဖွေခဲ့ ကြသော်လည်း အောင်မြင်မှု မရခဲ့ကြောင်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

ဆိုမာလီယာနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုထားသော ပင်လယ်ဓားပြများ သောင်းကျန်းလျက် ရှိခြင်းကြောင့် အနောက်တိုင်း ရေတပ်များက ဆိုမာလီ ကမ်းလွန်းဒေသတွင် ကင်းလှည့်မှုများ အဆက်မပြတ် ပြုလုပ်နေရပြီး အယ်ရှာဘတ် စစ်သွေးကြွများကို နှိမ်နင်းနိုင်ရန် အမေရိကန်က မောင်းသူမဲ့ လေယာဉ်များ စေလွှတ် တိုက်ခိုက်ခိုင်းလျက် ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း အယ်ရှာဘတ် စစ်သွေးကြွများ ဖမ်းဆီးထားသော ပြင်သစ် ထောက်လှမ်းရေး အေးဂျင့်တစ်ဦးကို ကယ်ထုတ်နိုင်ရန် ပြင်သစ် ကွန်မန်ဒိုများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ပြင်သစ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ထောက်လှမ်းရေး အေးဂျင့်လည်း အသတ်ခံခဲ့ရသည်။

ဆိုမာလီယာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာနေပြီ ဖြစ်ပြီး ခိုင်မာအားကောင်းသည့် ဗဟိုအစိုးရအဖွဲ့ ကင်းမဲ့လျက် ရှိကာ စစ်သွေးကြွ အုပ်စုအသီးသီးက ထကြွသောင်းကျန်းလျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: October. 6 .2013
အမည်မသိ နိုင်ငံခြား တပ်ဖွဲ့ဝင်များက ဆိုမာလီယာ တောင်ပိုင်းရှိ အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဘာရာဝီမြို့ကို ညအချိန်၌ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အကြင်နာပြခန်း (ကဗျာ)

RangonNewsDaily:: October. 6 .2013

လူဝင်/လူထွက် မဲ့...
ခြောက်သွေ့တဲ့ ဒီအခန်းထဲမှာ
ညီညာလှပ မြတ်နိုးစရာ ပန်းအလှတွေ
ဖူးပွင့် ဝေဆာနေကြတယ်...။

မှတ်ကျောက်တင်ရမဲ့ ဒုက္ခတွေ

RangonNewsDaily:: October. 6 .2013
မြန်မာပြည်ကြီးကို သူ့အမေလင်တိုင်းပြည် အမှတ်နဲ့ ပြုတ်ပြုတ်ပြုန်းအောင် လုပ်ခဲ့တဲ့ သူခိုးကြီးနေ
ဝင်း သန်းရွှေ ခင်ညွန့် မောင်အေး ရွှေမန်းတို့ကို အပြစ်မယူရဲလောက်အောင် (ဦးသိန်းစိန်အပါအ
ဝင်) မြန်မာပြည်သားတွေကို အကြောက်တရား ထည့်ပေးခဲ့တဲ့ ဒင်းတို့ရဲ့ ပညာဥာဏ်တွေကို ချီးကျူး
လိုက်ပါရဲ့

ဇူလ်ဟစ်ဂ်ျလ ဆန်းဦးစလမြင်ပြီ

RangonNewsDaily:: October. 6 .2013

မြန်မာနိုင်ငံတွင် ဇူလ်ဟစ်ဂ်ျလ ၆.၁၀.၂၀၁၃ ရက်နေ့ ယနေ့ညတွင်  ဆန်းဦးစလမြင်သဖြင့် ၇.၁၀.၂၀၁၃ ရက်နေ့သည် ဇူလ်ဟစ်ဂ်ျလ (၁)ရက်နေ့ဖြစ်ပြီး ၁၆.၁၀.၂၀၁၃ ရက်နေ့သည် ဇူလ်ဟစ်ဂ်ျလ (၁၀)ရက် အီသွလ်အဒ်ွဟာ အိးဒ်ရက်မြတ်ဖြစ်ကြောင်း အသိ ပေး ကြားအပ်ပါသည်။

ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေ လေးဧကအား တစ်လ ကျပ်သိန်း ၂၀၀ ဖြင့် Forever ကုမ္ပဏီ ငှားရမ်းခွင့် ရရှိ

ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေ လေးဧကအား တစ်လ ကျပ်သိန်း ၂၀၀ ဖြင့် Forever ကုမ္ပဏီ ငှားရမ်းခွင့် ရရှိ

ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင်၊ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေကွက် အတွင်းမှ မြေလေးဧကအား စတူဒီယို ဆောက်လုပ်ရန်အတွက် Forever ကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

တစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ်သိန်း ၅၀ နှုန်းဖြင့် လေးဧကအတွက် ငှားရမ်းခ ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Forever ကုမ္ပဏီတို့အကြား သဘောတူညီခဲ့ပြီးဖြစ်ကြောင်းနှင့် မည်သည့်အတိုင်းအတာ ကာလအထိ စာချုပ်ချုပ်ဆို ငှားရမ်းထားသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ မြေ ၅ ဒသမ ၇၄ ဧကကိုလည်း ယာဉ်ရပ်နားကွင်းအတွက် မြင်းမိုရ်လွှမ်း ကုမ္ပဏီသို့ တစ်လကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းထားခဲ့ရာ ယင်းသို့ငှားရမ်းထားမှုကို လွှတ်တော်မှ မသိရှိ၍ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းမှုအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၃ ဆုံးဖြတ်ချက် အပိုဒ် ၈၉ အရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ ဧရိယာ ၂၀ ဒသမ ၂၄ ဧကရှိ အစိုးရမြေမျိုး ပြည်သူ့လုပ်ငန်း ဌာနသို့ လွှဲအပ်မည့် မြေမှ ၅ ဒသမ ၇၄ ဧက ကျယ်ဝန်းသည့် မြေကွက်တွင် မော်တော်ယာဉ် ရပ်နားကွင်းနှင့် အသင့်စားသုံးနိုင်သော မြန်မာ့အစားအစာများ ရောင်းချရန် မြင်းမိုရ်လွှမ်း ဆောက်လုပ်ရေး ကုမ္ပဏီသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှစ၍ တစ်လလျှင် ကျပ် ၃၁၁ သိန်းဖြင့် တရားဝင် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ ငှားရမ်းခြင်းမှာ မော်တော်ယာဉ်သွား လမ်းမများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များအတွက် မော်တော်ယာဉ် ရပ်နားစခန်းအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ငှားရမ်းခ ရငွေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရငွေဝင်ငွေ ဘတ်ဂျက်တွင် ထည့်သွင်းပြီး တစ်နှစ်စာ ရငွေများအပေါ် မူတည်၍ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် လမ်းများတံတားများ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ အထင်ကရ နေရာတွင် ရှိနေသည့် အများပြည်သူ အပန်းဖြေရာ ပန်းခြံဥယျာဉ်များတွင်လည်း ယခုအခါ နှစ်အကန့်အသတ်မရှိ စားသောက်ဆိုင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ရွှေတိဂုံ ဘုရားရှေ့ တည့်တည့် ပြည်သူ့ရင်ပြင် အတွင်း၌လည်း ရှော့ပင်းမောလ် တည်ဆောက်ခွင့် ပြုခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုလျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ အထင်ကရ နေရာရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း မြေကွက်များကိုလည်း ပုဂ္ဂလိကသို့ တစ်စတစ်စဖြင့် လုပ်ကိုင်ခွင့် ပြုနေရာ နောက်ပိုင်းတွင် ရန်ကုန်မြို့ အထင်ကရ နေရာများတွင် မြေကွက်လွတ်ပင် မရှိနိုင်တော့ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။ 

Forever ကုမ္ပဏီအား ငှားရမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
Forever ကုမ္ပဏီအား ငှားရမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
RangonNewsDaily:: October. 6 .2013
ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင်၊ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေကွက် အတွင်းမှ မြေလေးဧကအား စတူဒီယို ဆောက်လုပ်ရန်အတွက် Forever ကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ

မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ
Sunday, October 6, 2013

ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။

ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။

ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်မှာ မိုင်းဖြတ်မြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှ ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော် စစ်ဆေးရုံသို့ မွေးဖွားလူနာ လာပို့သော အမှတ် (၉၁၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ISUZU အမျိုးအစား အစိမ်းရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
“မိုင်းဖြတ် စစ်ဆေးရုံမှာ မီးမဖွားနိုင်လို့ ကျိုင်းတုံစစ်ဆေးရုံကို လွှဲပေးတဲ့ လူနာကို လာပို့ရင်း အရှိန်လွန်ပြီး ချောင်းထဲ ထိုးကျတာ။ မွေးလူနာက ဘာမှမဖြစ်လို့ တော်သေးတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျိုင်းတုံ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒုရဲမှူးအောင်လွင်က ဆိုသည်။

ယာဉ်မောင်း တပ်သားမှာ အခင်းဖြစ်နေရာမှ တိမ်းရှောင် သွားသော်လည်း ၎င်းကို ယာဉ် (ပ) ၃၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ -က အရ အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: October. 6 .2013
ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသောတာချီလိတ်-ကျိုင်းတုံ-တောင်ကြီး
ပြည်ထောင်စုလမ်းမပေါ်
ရှိ ယန်းခတံတားတွင် မွေးဖွားလူနာတင်ဆောင်လာသောတပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်း