Pages

Sunday, October 6, 2013

မန္တလေးကားဈေးကွက် ကျပ်သိန်းလေးသောင်းကျော် လိမ်လည်မှု သမ္မတထံ တိုင်စာပို့

Photo: မန္တလေးကားဈေးကွက် ကျပ်သိန်းလေးသောင်းကျော် လိမ်လည်မှု သမ္မတထံ တိုင်စာပို့
Sunday, October 6, 2013

မန္တလေးမြို့တော် မော်တော်ယာဉ် ဈေးကွက်တွင် စက်တင်ဘာလ လယ်ပိုင်းခန့်က ဖြစ်ပွားခဲ့သော ကျပ်သိန်းလေးသောင်းကျော် အကြီးမားဆုံး လိမ်လည်မှုကို နိုင်ငံတော်သမ္မတနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၄ ရက်နေ့က တိုင်ကြားစာ ပို့ခဲ့ကြောင်း အဆိုပါ ဆုံးရှုံးနစ်နာသူ ယဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်း ဖြေရှင်းပေးရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
“သမ္မတနဲ့ ဝန်ကြီးချုပ်ကို တင်ပြထားသလို ကားဝယ်ရောင်း ကိစ္စမှာ ဒီငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးနဲ့ တာဝန်ရှိတဲ့ လင်းကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ ဦးအောင်ရဲလင်း တို့ကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆို ထားပါတယ်။ ဆောင်ရွက်မပေးဘူးဆိုရင် တရားစွဲဆို သွားပါမယ်” ဟု ယင်း ကော်မတီဝင် ဦးအောင်နိုင်ဝင်းက ဆိုသည်။

မန္တလေးမြို့ Oriental House ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ကားလောက၏ အကြီးမားဆုံး ငွေကြေး အလွှဲသုံးစားမှု သတင်းစာ ရှင်းလင်းပွဲ၌ ကိုယ်တိုင် ငွေကြေးလိမ်လည် ခံရသူ ဦးအောင်နိုင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် အကျိုးတူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးသည် ယာဉ်ပိုင်ရှင်များထံမှ မော်တော်ယာဉ် ဝယ်ရောင်း ကိစ္စများအတွက် ငွေကြေး လိမ်လည်မှု သာမက ပြင်ပလုပ်ငန်းရှင် အချို့ထံမှ လိမ်လည်မှုနှင့် ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများကို လိုင်စင် မပြုလုပ်ပေးရသေးသော ယာဉ်စီးရေ ၁၅၀၊ ယာဉ်မှတ်ပုံတင် ပိုင်ဆိုင်မှု စာအုပ် ပြုလုပ်ပေးခြင်း မရှိသေးသည့် ယာဉ်စီးရေ ၉၉ စီး စုစုပေါင်း ၂၅၀ စီးခန့်ရှိနေဆဲ ဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။

ယင်းကဲ့သို့ ဦးကျော်ခိုင်စိုး၏ ယာဉ် အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ ငွေကြေး လိမ်လည်မှုတွင် မဟာအောင်မြေမြို့နယ် အကွက် (၃၂၃ ) ၃၄x၃၅လမ်း အကြား ကမ်းနားလမ်း လင်းကမ္ဘာခြံနေ ဦးအောင်ရဲလင်းသည်လည်း တိုက်ရိုက် သက်ဆိုင်ပြီး လင်းကမ္ဘာ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ယာဉ်အရောင်းအဝယ် စာချုပ်များရှိကြောင်း ယာဉ်ရောင်းဝယ် လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ကားဝယ်ရောင်း ကိစ္စများတွင် လင်းကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးအောင်ရဲလင်းသည် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးကို ငွေထုတ်ပေးခြင်းသာ ဖြစ်ပြီး ၎င်းအနေနှင့် ငွေကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် လိမ်လည်ခံရကြောင်း၊ မန္တလေးမြို့တော် ခန်းမတွင် ရောင်းချခဲ့သော အရောင်းအဝယ် ကိစ္စများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ပြီး ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး တာဝန်ရှိသော ယာဉ်အရောင်းအဝယ် ကိစ္စများကို ဖြေရှင်းပေးမည် မဟုတ်ကြောင်း ဦးအောင်ရဲလင်းက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် အရောင်းအဝယ် ကိစ္စများတွင် လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သွားသူ ဦးကျော်ခိုင်စိုးတို့သည် လုံးဝပတ်သက်မှု ရှိကြောင်း ဦးကျော်ခိုင်စိုးထံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဦးအောင်စိုးက မီဒီယာများသို့ အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးတို့ မပတ်သက်ပါက ဦးအောင်ရဲလင်း ပိုင်ဆိုင်သည့် လင်းကမ္ဘာခြံတွင် မော်တော်ယာဉ်များ သွားရောက် ထုတ်ယူစရာ အကြောင်း မရှိကြောင်း ငွေကြေး လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ဦးကျော်ခိုင်စိုးကို ယာဉ်ဝယ်ရောင်း ကိစ္စနှင့် မပတ်သက်ဘဲ လူမှုရေးအရ ငွေကျပ်သိန်း ၄၀၀၀ ကျော် ချေးငှားခဲ့ရာ လက်ရှိအချိန်အထိ ပြန်လည် ပေးဆပ်မှု မရှိသေးကြောင်း အဆိုပါ လိမ်လည်ခံရ သူများတွင် ပါဝင်သူ မန္တလေးမြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်လှိုင်က ဆိုသည်။

လင်းကမ္ဘာခြံပိုင်ရှင် ဦးအောင်ရဲလင်းနှင့် ၎င်း၏အကျိုးတူ စီးပွားဖက် ဦးကျော်ခိုင်စိုးတို့သည် သြဂုတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ မန္တလေးမြို့ မြို့တော်ခန်းမတွင် မော်တော်ယာဉ် အရောင်းပြပွဲ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် အကွက် ၃၂၃၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ကမ်းနားလမ်း နေထိုင်သူ ဦးအောင်ရဲလင်းထံမှ တစ်ရပ်ကွက်တည်း နေသူ ဦးကျော်ခိုင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်စုစုချောတို့က ယာဉ် ဝယ်ရောင်း ပြုလုပ်ပေးမည်ဟု ယုံကြည်အောင် ပြောဆို၍ ငွေကျပ် သိန်းတစ်သောင်း တစ်ထောင်ကျော်ကို လိမ်လည်ခဲ့ပြီး အဆိုပါ ဇနီးမောင်နှံ နှစ်ဦးသည် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းကြောင့် အဆိုပါ ဇနီးမောင်နှံ နှစ်ဦးကို အောက်တိုဘာလ ၂ ရက်နေ့တွင် မန္တလေး အမှတ် (၆) နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း တရားလို ဦးအောင်ရဲလင်း၏ ရှေ့နေ ဦးဝင်းလှိုင်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: October. 6 .2013
မန္တလေးမြို့တော် မော်တော်ယာဉ် ဈေးကွက်တွင် စက်တင်ဘာလ လယ်ပိုင်းခန့်က ဖြစ်ပွားခဲ့သော ကျပ်သိန်းလေးသောင်းကျော် အကြီးမားဆုံး လိမ်လည်မှုကို နိုင်ငံတော်သမ္မတနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၄ ရက်နေ့က တိုင်ကြားစာ ပို့ခဲ့ကြောင်း အဆိုပါ ဆုံးရှုံးနစ်နာသူ ယဉ်ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်း ဖြေရှင်းပေးရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။“သမ္မတနဲ့ ဝန်ကြီးချုပ်ကို တင်ပြထားသလို ကားဝယ်ရောင်း ကိစ္စမှာ ဒီငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးနဲ့ တာဝန်ရှိတဲ့ လင်းကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ ဦးအောင်ရဲလင်း တို့ကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆို ထားပါတယ်။ ဆောင်ရွက်မပေးဘူးဆိုရင် တရားစွဲဆို သွားပါမယ်” ဟု ယင်း ကော်မတီဝင် ဦးအောင်နိုင်ဝင်းက ဆိုသည်။

မန္တလေးမြို့ Oriental House ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ကားလောက၏ အကြီးမားဆုံး ငွေကြေး အလွှဲသုံးစားမှု သတင်းစာ ရှင်းလင်းပွဲ၌ ကိုယ်တိုင် ငွေကြေးလိမ်လည် ခံရသူ ဦးအောင်နိုင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် အကျိုးတူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးသည် ယာဉ်ပိုင်ရှင်များထံမှ မော်တော်ယာဉ် ဝယ်ရောင်း ကိစ္စများအတွက် ငွေကြေး လိမ်လည်မှု သာမက ပြင်ပလုပ်ငန်းရှင် အချို့ထံမှ လိမ်လည်မှုနှင့် ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများကို လိုင်စင် မပြုလုပ်ပေးရသေးသော ယာဉ်စီးရေ ၁၅၀၊ ယာဉ်မှတ်ပုံတင် ပိုင်ဆိုင်မှု စာအုပ် ပြုလုပ်ပေးခြင်း မရှိသေးသည့် ယာဉ်စီးရေ ၉၉ စီး စုစုပေါင်း ၂၅၀ စီးခန့်ရှိနေဆဲ ဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။

ယင်းကဲ့သို့ ဦးကျော်ခိုင်စိုး၏ ယာဉ် အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ ငွေကြေး လိမ်လည်မှုတွင် မဟာအောင်မြေမြို့နယ် အကွက် (၃၂၃ ) ၃၄x၃၅လမ်း အကြား ကမ်းနားလမ်း လင်းကမ္ဘာခြံနေ ဦးအောင်ရဲလင်းသည်လည်း တိုက်ရိုက် သက်ဆိုင်ပြီး လင်းကမ္ဘာ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော ယာဉ်အရောင်းအဝယ် စာချုပ်များရှိကြောင်း ယာဉ်ရောင်းဝယ် လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ကားဝယ်ရောင်း ကိစ္စများတွင် လင်းကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးအောင်ရဲလင်းသည် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးကို ငွေထုတ်ပေးခြင်းသာ ဖြစ်ပြီး ၎င်းအနေနှင့် ငွေကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် လိမ်လည်ခံရကြောင်း၊ မန္တလေးမြို့တော် ခန်းမတွင် ရောင်းချခဲ့သော အရောင်းအဝယ် ကိစ္စများကိုသာ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ပြီး ဦးကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး တာဝန်ရှိသော ယာဉ်အရောင်းအဝယ် ကိစ္စများကို ဖြေရှင်းပေးမည် မဟုတ်ကြောင်း ဦးအောင်ရဲလင်းက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် အရောင်းအဝယ် ကိစ္စများတွင် လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သွားသူ ဦးကျော်ခိုင်စိုးတို့သည် လုံးဝပတ်သက်မှု ရှိကြောင်း ဦးကျော်ခိုင်စိုးထံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဦးအောင်စိုးက မီဒီယာများသို့ အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့ လင်းကမ္ဘာ ကုမ္ပဏီနှင့် ငွေကြေး လိမ်လည်သူ ဦးကျော်ခိုင်စိုးတို့ မပတ်သက်ပါက ဦးအောင်ရဲလင်း ပိုင်ဆိုင်သည့် လင်းကမ္ဘာခြံတွင် မော်တော်ယာဉ်များ သွားရောက် ထုတ်ယူစရာ အကြောင်း မရှိကြောင်း ငွေကြေး လိမ်လည်ခံရသူ ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါ ဦးကျော်ခိုင်စိုးကို ယာဉ်ဝယ်ရောင်း ကိစ္စနှင့် မပတ်သက်ဘဲ လူမှုရေးအရ ငွေကျပ်သိန်း ၄၀၀၀ ကျော် ချေးငှားခဲ့ရာ လက်ရှိအချိန်အထိ ပြန်လည် ပေးဆပ်မှု မရှိသေးကြောင်း အဆိုပါ လိမ်လည်ခံရ သူများတွင် ပါဝင်သူ မန္တလေးမြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်လှိုင်က ဆိုသည်။

လင်းကမ္ဘာခြံပိုင်ရှင် ဦးအောင်ရဲလင်းနှင့် ၎င်း၏အကျိုးတူ စီးပွားဖက် ဦးကျော်ခိုင်စိုးတို့သည် သြဂုတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ မန္တလေးမြို့ မြို့တော်ခန်းမတွင် မော်တော်ယာဉ် အရောင်းပြပွဲ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် အကွက် ၃၂၃၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ကမ်းနားလမ်း နေထိုင်သူ ဦးအောင်ရဲလင်းထံမှ တစ်ရပ်ကွက်တည်း နေသူ ဦးကျော်ခိုင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်စုစုချောတို့က ယာဉ် ဝယ်ရောင်း ပြုလုပ်ပေးမည်ဟု ယုံကြည်အောင် ပြောဆို၍ ငွေကျပ် သိန်းတစ်သောင်း တစ်ထောင်ကျော်ကို လိမ်လည်ခဲ့ပြီး အဆိုပါ ဇနီးမောင်နှံ နှစ်ဦးသည် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းကြောင့် အဆိုပါ ဇနီးမောင်နှံ နှစ်ဦးကို အောက်တိုဘာလ ၂ ရက်နေ့တွင် မန္တလေး အမှတ် (၆) နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း တရားလို ဦးအောင်ရဲလင်း၏ ရှေ့နေ ဦးဝင်းလှိုင်က ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment