Pages

Sunday, October 6, 2013

ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေ လေးဧကအား တစ်လ ကျပ်သိန်း ၂၀၀ ဖြင့် Forever ကုမ္ပဏီ ငှားရမ်းခွင့် ရရှိ

ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေ လေးဧကအား တစ်လ ကျပ်သိန်း ၂၀၀ ဖြင့် Forever ကုမ္ပဏီ ငှားရမ်းခွင့် ရရှိ

ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင်၊ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေကွက် အတွင်းမှ မြေလေးဧကအား စတူဒီယို ဆောက်လုပ်ရန်အတွက် Forever ကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

တစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ်သိန်း ၅၀ နှုန်းဖြင့် လေးဧကအတွက် ငှားရမ်းခ ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Forever ကုမ္ပဏီတို့အကြား သဘောတူညီခဲ့ပြီးဖြစ်ကြောင်းနှင့် မည်သည့်အတိုင်းအတာ ကာလအထိ စာချုပ်ချုပ်ဆို ငှားရမ်းထားသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ မြေ ၅ ဒသမ ၇၄ ဧကကိုလည်း ယာဉ်ရပ်နားကွင်းအတွက် မြင်းမိုရ်လွှမ်း ကုမ္ပဏီသို့ တစ်လကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းထားခဲ့ရာ ယင်းသို့ငှားရမ်းထားမှုကို လွှတ်တော်မှ မသိရှိ၍ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းမှုအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၃ ဆုံးဖြတ်ချက် အပိုဒ် ၈၉ အရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ ဧရိယာ ၂၀ ဒသမ ၂၄ ဧကရှိ အစိုးရမြေမျိုး ပြည်သူ့လုပ်ငန်း ဌာနသို့ လွှဲအပ်မည့် မြေမှ ၅ ဒသမ ၇၄ ဧက ကျယ်ဝန်းသည့် မြေကွက်တွင် မော်တော်ယာဉ် ရပ်နားကွင်းနှင့် အသင့်စားသုံးနိုင်သော မြန်မာ့အစားအစာများ ရောင်းချရန် မြင်းမိုရ်လွှမ်း ဆောက်လုပ်ရေး ကုမ္ပဏီသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှစ၍ တစ်လလျှင် ကျပ် ၃၁၁ သိန်းဖြင့် တရားဝင် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ ငှားရမ်းခြင်းမှာ မော်တော်ယာဉ်သွား လမ်းမများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များအတွက် မော်တော်ယာဉ် ရပ်နားစခန်းအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ငှားရမ်းခ ရငွေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရငွေဝင်ငွေ ဘတ်ဂျက်တွင် ထည့်သွင်းပြီး တစ်နှစ်စာ ရငွေများအပေါ် မူတည်၍ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် လမ်းများတံတားများ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ အထင်ကရ နေရာတွင် ရှိနေသည့် အများပြည်သူ အပန်းဖြေရာ ပန်းခြံဥယျာဉ်များတွင်လည်း ယခုအခါ နှစ်အကန့်အသတ်မရှိ စားသောက်ဆိုင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ရွှေတိဂုံ ဘုရားရှေ့ တည့်တည့် ပြည်သူ့ရင်ပြင် အတွင်း၌လည်း ရှော့ပင်းမောလ် တည်ဆောက်ခွင့် ပြုခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုလျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ အထင်ကရ နေရာရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း မြေကွက်များကိုလည်း ပုဂ္ဂလိကသို့ တစ်စတစ်စဖြင့် လုပ်ကိုင်ခွင့် ပြုနေရာ နောက်ပိုင်းတွင် ရန်ကုန်မြို့ အထင်ကရ နေရာများတွင် မြေကွက်လွတ်ပင် မရှိနိုင်တော့ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။ 

Forever ကုမ္ပဏီအား ငှားရမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
Forever ကုမ္ပဏီအား ငှားရမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
RangonNewsDaily:: October. 6 .2013
ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင်၊ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေကွက် အတွင်းမှ မြေလေးဧကအား စတူဒီယို ဆောက်လုပ်ရန်အတွက် Forever ကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။
တစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ်သိန်း ၅၀ နှုန်းဖြင့် လေးဧကအတွက် ငှားရမ်းခ ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Forever ကုမ္ပဏီတို့အကြား သဘောတူညီခဲ့ပြီးဖြစ်ကြောင်းနှင့် မည်သည့်အတိုင်းအတာ ကာလအထိ စာချုပ်ချုပ်ဆို ငှားရမ်းထားသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ 
 
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ မြေ ၅ ဒသမ ၇၄ ဧကကိုလည်း ယာဉ်ရပ်နားကွင်းအတွက် မြင်းမိုရ်လွှမ်း ကုမ္ပဏီသို့ တစ်လကျပ် ၃၁၁ သိန်းဖြင့် ငှားရမ်းထားခဲ့ရာ ယင်းသို့ငှားရမ်းထားမှုကို လွှတ်တော်မှ မသိရှိ၍ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းမှုအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၃ ဆုံးဖြတ်ချက် အပိုဒ် ၈၉ အရ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ ဧရိယာ ၂၀ ဒသမ ၂၄ ဧကရှိ အစိုးရမြေမျိုး ပြည်သူ့လုပ်ငန်း ဌာနသို့ လွှဲအပ်မည့် မြေမှ ၅ ဒသမ ၇၄ ဧက ကျယ်ဝန်းသည့် မြေကွက်တွင် မော်တော်ယာဉ် ရပ်နားကွင်းနှင့် အသင့်စားသုံးနိုင်သော မြန်မာ့အစားအစာများ ရောင်းချရန် မြင်းမိုရ်လွှမ်း ဆောက်လုပ်ရေး ကုမ္ပဏီသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှစ၍ တစ်လလျှင် ကျပ် ၃၁၁ သိန်းဖြင့် တရားဝင် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းဖြစ်ကြောင်း၊ 
 
ယင်းသို့ ငှားရမ်းခြင်းမှာ မော်တော်ယာဉ်သွား လမ်းမများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များအတွက် မော်တော်ယာဉ် ရပ်နားစခန်းအဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ငှားရမ်းခ ရငွေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရငွေဝင်ငွေ ဘတ်ဂျက်တွင် ထည့်သွင်းပြီး တစ်နှစ်စာ ရငွေများအပေါ် မူတည်၍ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် လမ်းများတံတားများ ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ အထင်ကရ နေရာတွင် ရှိနေသည့် အများပြည်သူ အပန်းဖြေရာ ပန်းခြံဥယျာဉ်များတွင်လည်း ယခုအခါ နှစ်အကန့်အသတ်မရှိ စားသောက်ဆိုင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ရွှေတိဂုံ ဘုရားရှေ့ တည့်တည့် ပြည်သူ့ရင်ပြင် အတွင်း၌လည်း ရှော့ပင်းမောလ် တည်ဆောက်ခွင့် ပြုခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုလျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ အထင်ကရ နေရာရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း မြေကွက်များကိုလည်း ပုဂ္ဂလိကသို့ တစ်စတစ်စဖြင့် လုပ်ကိုင်ခွင့် ပြုနေရာ နောက်ပိုင်းတွင် ရန်ကုန်မြို့ အထင်ကရ နေရာများတွင် မြေကွက်လွတ်ပင် မရှိနိုင်တော့ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။ 
 
Eleven Media ::--,  RangonNewsDaily
kolatt (Pabedan):


0 comments:

Post a Comment