Tuesday, December 25, 2012
အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး
အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့
အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ဆန္ဒပြပွဲအတွင်းအိန္ဒိယရဲတဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးနောက် နယူးဒေလီဆေးရုံတရုံမှာ သေ
ဆုံးသွားခဲ့ပါတယ်။
ရဲတွေနဲ့ ဆန္ဒပြလူအုပ်အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း
ဒဏ်ရာရခဲ့တာဖြစ်ပြီး - ၂ ရက်ကြာ ဒီကနေ့ အင်္ဂါနေ့မှာပဲ အဲ့ဒီ ရဲ
သေဆုံးသွားခဲ့တာဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
သက်တမ်း ၂၂ နှစ်နီးပါးရှိပြီဖြစ်သော ဖော်ကာ-၁၀၀အမျိုးအစားအဲပုဂံ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်မှ နောက်ဆုံးရ (သတင်း။ဓာတ်ပုံများ)
![]() |
ဟဲဟိုး၌ဖြစ်ပွားခဲ့သော အဲပုဂံလေယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သည့် မနွယ်လင်းရှိန်(Tour Guide) ပုံဖြစ်ပါသည် |
Air Baganလေယာဉ် မတော် တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာ ရရှိသူများကို
ရန်ကုန်ဆေးရုံကြီးသို.ပို.ဆောင်ပေး
ရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးက ပြောကြား ထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officer ဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။
Air Bagan မှ ထုတ်ပြန်ကြေညာချက် (နောက်ဆုံးရသတင်းများ)
![]() |
| လေယာဉ်မှားယွင်းဆင်းသက်စဉ်အတိုက်ခံခဲ့ရတဲ့ ဆိုင်ကယ်ရဲ့ အပိုင်းအစတွေ |
အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်းဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် အင်္ဂလိပ်လူမျိုး ရူပဗေဒ ပညာရှင် ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ်သည်

ယနေ့ ဒီဇင်ဘာလ၂၅ ရက်နေ့ဟာ ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ် ပါတယ်။ ၁၆၄၂
ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်
နေ့မှာ မွေးဖွားပြီး ၁၇၂၇ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ
ကွယ်လွန်ခဲ့ပါတယ်။ သူသက်ရှိစဉ် ကာလအတွင်း ကမ္ဘာအ
တွက် အကြီးမားဆုံး
ပြောင်းလဲမှု များ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင်ပဲသူဟာကမ္ဘာ့သမိုင်း အတွင်း
သြစာ လွမ်းမိုးမှု ကြီးမားသူ တစ်ဦး အဖြစ် သတ်မှတ်
ထားပါတယ်။

အဲပုဂံ ဟဲဟိုးလေယာဉ်ခရီးစဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေး
(ပျောက်ဆုံးသူနှင့် ဆိုင်ကယ်ပေါ်မှာ သေဆုံးသူ Air Bagan ထုတ်ပြန်ချက်)
ဟဲဟိုးမတော်တဆမှုတွင်ကွယ်လွန်ခဲ့သောခရီးသည်မှာ ပျောက်ဆုံးနေသည့်မနွဲ့လင်းရှိန်(TourGuide) ဖြစ်ကြောင်း
သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။ ခရီးသည်မဟုတ်ဘဲလမ်းပေါ်မှဆိုင်ကယ်စီးနေရင်း ထိခိုက်
သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်
မျှ
ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း
ဆုတောင်းမေတ္တာပို့သလျက် ရှိပါ
သည်။

AirBagan လေယာဉ်ပျက်ကျမှု အမျိုးသမီးတစ်ဦး ယခုအချိန်ထိ ပျောက်ဆုံးနေ

ယနေ့မနက်ဒီဇင်ဘာ၂၅ ရက်နေ့ကရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံ လေကြောင်း
လိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာဟဲဟိုး လေယာဉ်ကွင်းအနီးမှာပျက်ကျသွားခဲ့ပါတယ်။ဟဲဟိုး
လေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ
မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်
တိုက်မိပြီး၊ ဓာတ်တိုင်ကို
ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ
ပျက်ကျခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအတွက် ၂၇ လုံးမြောက် မုန်တိုင်း WUKONG
![]() |
ဒီဇင်ဘာလ ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL Data များအရ ဖိလစ်ပိုင်ပင်လယ်
တွင်
ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 27W သည် ပိုမိုအားကောင်းလာပြီး
ဒီဇင်ဘာ ၂၅ ရက် မြန်မာ
စံတော်ချိန် (၂၄၃ဝ နာရီ)တွင်အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း၊ဖိလစ်ပိုင်နိုင်ငံ တောင်
ပိုင်း
မင်ဒါနာအို ကျွန်းအား ဖြတ်ကျော်တိုက်ခတ်၍ တောင်တရုတ်ပင်လယ်သို့ ဆက်လက်
ရောက်ရှိနိုင်မည်ဖြစ်
ကြောင်း သိရပါသည်။
မြေငလျှင်သတင်း ( မြန်မာစံတော်ချိန် ၁၁း၅၈ မိနစ်)
![]() |
ဒီဇင်ဘာလ
၂၅ ရက်၊ မြန်မာစံတော်ချိန် ၁၁း၅၈ မိနစ်တွင် တောင်ကြီးမြို့
အရှေ့-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်၊ နေ
ပြည်တော် အရှေ့-အရှေ့မြောက်ဘက် မိုင်
၁၅ဝ ခန့်၊ လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မိုင် ၉ဝ ခန့်တွင် အင်အား
ရစ်ခ်ျတာစကေး ၂.၅ ရှိသည့် ငလျင်တစ်ခု လှုပ်သွားကြောင်း ထိုင်းမိုးလေဝသဌာနမှ
သတင်းထုတ်ပြန်ချက်တွင်
ဖေါ်ပြထားပါသည်။
မုံရွာဒေသရှိ အရပ်ရှေ့နေအချို့ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများရှိနေ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားရေးအကျိုးဆောင် အရပ်ရှေ့နေအချို့သည် တရားရေးမဏ္ဍိုင်အား ပြည်သူလူ ထု၏ ယုံကြည်ကိုးစားမှု ရုတ်လျော့စေရန် တမင်ကြံရွယ်၍ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထိုးနှက်မှုများ ပြုလုပ် လျက်ရှိကြောင်း နစ်နာသူများ၏ ပြောပြချက်များအရ သိရသည်။
ငွေလိမ်ပြေးသည့် ဈေးခေါင်းအား စည်ပင် မှ ဈေးခေါင်းပြန်ခန့်
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်းဦးမြင့်ဦးသည် ဈေးသူဈေး သားများ၏ ဈေးအ
ခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေး
တိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်
သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်
ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။ဂျပန်တို့ လက်နက်ချ အညံ့ ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုကကြေညာလိုက်တဲ့အခါ နယူးယောက်မြို့  ထဲ လမ်းမပေါ်ကို ပြည်သူများထွက်လို့
အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသားတစ်ဦးက သူနာပြုအမျိုးသမီးတစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့သတင်းအချက်အလက် ပမာဏသည် လူသားများ အမည်သတ်မှတ်ထားသော ဘောင်ထက်ပင် ကျော်လွန်တော့မည် ဖြစ် သောကြောင့် ဂဏန်းအမည်သစ် သတ်မှတ်မည်
နည်းပညာလောကတွင် ကွန်ပျူတာများ၏ အချက်အလက်သိမ်း ဆည်းနိုင်မှုပမာဏကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာများတွင်
ဂစ်ဂါ ဘိုက်ဖြင့် ဖော်ပြပြီး သိပ္ပံနယ်ပယ် နှင့် နည်းပညာနယ်ပယ် အထူးပြု
လုပ်ငန်းများတွင်ကား ဂစ်ဂါဘိုက် အဆတစ်ထောင်နှင့်ညီမျှသော တာ ရာဘိုက်ဖြင့်
ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ ဂစ်ဂါဘိုက်ဟူသည် ဂဏန်း တစ်လုံးနောက်တွင်
သုညကိုးလုံးပါသော ကိန်းဖြစ်သည်။
ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်(w9-011) ရဲ့ နောက်ဆက်တွဲသတင်း
![]() |
| ယနေ့ ပျက်ကျခဲ့သော အဲပုဂံလေယာဉ် |
ဆုံးနေသော ခရီးသည်တစ်ဦးမှာ လေယာဉ်ထဲတွင် ကွယ်လွန်ခဲ့ကြောင်း၊ လေယာဉ်ကွင်းမရောက်မီတွင် ၀မ်း
ဗိုက်ဖြင့်ရှပ်၍ လေယာဉ်ကိုဆင်းသက်လိုက်ရခြင်းကြောင့်လမ်းပေါ်တွင်ဆိုင်ကယ်စီးနင်းနေသူတစ်ဦးမှာ လေ
ယာဉ်နှင့်တိုက်မိပြီးကွယ်လွန်သွားခဲ့ကြောင်းရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ကPopular News သို့
ဖုန်းဖြင့်ပြောကြားသည်။
"ဧရာဝတီတိုင်း ယာဉ်လိုင်းအချို့ ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားများ အခက်တွေ့"
ရန်ကုန် ၊ ဒီဇင်ဘာ ၂၄
ရန်ကုန်မြို့မှ ဧရာဝတီတိုင်း ဓနုဖြူ၊ ပုသိမ်၊ ဟင်္သာတ အစရှိသည့်
မြို့များသို့ ပြေးဆွဲလျှက်ရှိသော အဝေးပြေးယာဉ်လိုင်းအချို့
ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားပြည်သူများ
စိတ်အနှောင့်အယှက်ဖြစ်မှုကြုံတွေ့ ရလျှက်ရှိကြောင်းသိရသည်။
“ ကျွန်တော်တို့က ဘာမှ မပြောတာလည်းခက်တာပဲ။ ဒီလိုပဲ တစ်ယောက်မေး
အချိန်တစ်မျိုးပြောတာပဲ ။ နောက်ဆုံးဒီအချိန်မှ ပဲထွက်တာပဲ။
နောက်ထပ်ရ Air Bagan သတင်း
Air Bagan လေယာဉ်သည် ရန်ကုန်လေဆိပ်မှ နံနက် ၆ နာရီ ၅၀ အချိန်ခန့် တွင် ထွက်ခွာသွားပြီး ဟဲဟိုးလေ
ဆိပ်သို့ ၇ နာရီခွဲခန့် အဆင်းတွင် ပဲ့ထိန်းပိုင်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ အစောပိုင်းသတင်းများ
အရ လေယာဉ်တွင် ခရီးသည် ၇၂ ဦးပါသည်ဟု ဆိုသော်လည်း အခုနောက်ပိုင်းသတင်းများတွင်မူ ၆၅ ဦးပါ
ဝင်သည်ဟု ဆို သည်။
အဲပုဂံ၏ w9-011 လေယာဉ်ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂ မိုင်အလိုခန့်အလို အရေးပေါ်ဆင်းသတ်ခဲ့ရ
အဲပုဂံ၏ w9-011 လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂ မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရပြီး၊ လေယာဉ်ပေါ်တွင် ခရီးသည် ၆၅ ဦးပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း အဲပုဂံက သတင်းထုတ်ပြန်သည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူး ကျော်အိမ် များကို ဥပဒေအရ ဖယ်ရှားမည်
တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိကျူး ကျော်အိမ်များကိုဥပဒေအရဖယ်ရှားမည်အစိုးရ ဝန်ထမ်းများနှင့်
ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀
အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုး
နည်း အိမ်ရာ
စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား
ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက
ပြောကြားသည်။

Subscribe to:
Comments (Atom)

![ယနေ့ မနက်ပိုင်းခရီးစဉ် အဖြစ် ရန်ကုန် - ပုဂံညောင်ဦး - မန္တလေး - ဟဲဟိုး - ရန်ကုန် ပျံသန်းပြေးဆွဲ သော Air Bagan W9-011 လေယာဉ်၇ နာရီ ၃၀ အချိန်ခန့်တွင်၊ ဟဲဟိုး လေဆိပ် အဆင်း၌ မီးလောင်မှုသတင်းဓာတ်ပုံ
လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ါပတယ်။ ဒါက အတိုက်ခံခဲ့ရတဲ့ ဆိုင်ကယ်ရဲ့ အပိုင်းအစတွေဖြစ်ပါတယ်။
____________________________________
Reference and Credit to -သတင်းဓာတ်ပုံ-ထူးအိမ်သင်(ဟဲဟိုး)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-snc7/s480x480/307547_512773442077474_167040565_n.jpg)