Pages

Tuesday, December 25, 2012

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်းမှ အရှင်
ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေးအန်သည့်ရောဂါဖြင့် ဆေးကုသမှုခံယူ
နေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။
ထိုကဲ့သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်
ရှိ သံဃာ ၅ ပါးတို့မှ နေ့လည်၂ နာရီအချိန်တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများ
အား ကျေနပ်မှုမရှိကြောင်းဆူပူ ကြိမ်းမောင်းခဲ့သဖြင့် ဆေးရုံဝန်ထမ်းများမှ ဖြူးမြို့နယ်ရဲစခန်းအား အကြောင်းကြား
ခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော်များကို တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက်သို့ ပြန်ကြွသွားကြောင်း သတင်းရရှိခဲ့ပါသည်။

ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့်
သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသားထားသော“လူနာ
များကို နွေးထွေးစွာကြိုဆိုပါ၊ စေတ နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်းဘုတ် ၂ ခုအား ရိုက်
ချိုးဖျက်ဆီးခဲ့ပါသည်။ 
 
သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော်လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်
ရးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဖျောင်းဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။

အမေ့အိမ်

0 comments:

Post a Comment