Pages

Tuesday, December 25, 2012

နောက်ထပ်ရ Air Bagan သတင်း


အဲပုဂံ ဟဲဟိုးလေယာဉ် အပျက်အစီးကို လာရောက်ကြည့်ရှုနေကြသည့် ပုံ (Credit to Myo Oo)
အဲပုဂံ ဟဲဟိုးလေယာဉ် အပျက်အစီးကို လာရောက်ကြည့်ရှုနေကြသည့် ပုံ (Credit to Myo Oo)

Air Bagan လေယာဉ်သည် ရန်ကုန်လေဆိပ်မှ နံနက် ၆ နာရီ ၅၀ အချိန်ခန့် တွင် ထွက်ခွာသွားပြီး ဟဲဟိုးလေ
ဆိပ်သို့ ၇ နာရီခွဲခန့် အဆင်းတွင် ပဲ့ထိန်းပိုင်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ အစောပိုင်းသတင်းများ
အရ လေယာဉ်တွင် ခရီးသည် ၇၂ ဦးပါသည်ဟု ဆိုသော်လည်း အခုနောက်ပိုင်းသတင်းများတွင်မူ ၆၅ ဦးပါ
ဝင်သည်ဟု ဆို သည်။
နောက်ဆုံးဝင်လာသည့်သတင်းအရ ခရီးသည် တစ်ဦးပျောက် ဆုံးနေပြီး လေယာဉ်မှူးမှာ ဦးခေါင်းတွင် ဒဏ်
ရာရရှိသဖြင့် ဟဲဟိုးဆေးရုံသို့ ပို့ထားရသည်။

"ခရီးသည်အားလုံးနှင့် လေယာဉ်မောင်း/ လေယာဉ်ဝန်ထမ်များ အားလုံး အသေအပျောက်မရှိဟု Air Bagan

 လေကြောင်းလိုင်းမှ ပြောသည်။ Air Bagan လေကြောင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ အခင်း ဖြစ်ပွားရာ
သို့သွားရောက်၍လိုအပ်သည့်အကူအညီများ ပေးလျှက်ရှိပြီးအသေးစိတ်အချက်အလက်များထပ်မံ ထုတ်ပြန်
သွားမည်"ဟု ပြောသည်။

Burma-Newselite

0 comments:

Post a Comment