Pages

Tuesday, December 25, 2012

သက်တမ်း ၂၂ နှစ်နီးပါးရှိပြီဖြစ်သော ဖော်ကာ-၁၀၀အမျိုးအစားအဲပုဂံ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်မှ နောက်ဆုံးရ (သတင်း။ဓာတ်ပုံများ)

ဟဲဟိုး၌ဖြစ်ပွားခဲ့သော အဲပုဂံလေယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သည့် မနွယ်လင်းရှိန်(Tour Guide) ပုံဖြစ်ပါသည်။
ဟဲဟိုး၌ဖြစ်ပွားခဲ့သော အဲပုဂံလေယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သည့် မနွယ်လင်းရှိန်(Tour Guide) ပုံဖြစ်ပါသည်
Air Baganလေယာဉ် မတော် တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာ ရရှိသူများကို ရန်ကုန်ဆေးရုံကြီးသို.ပို.ဆောင်ပး
ရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြား ထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officer ဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။
လူနာများအား ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူလာစဉ်။
လူနားများရောက်ရှိလာနေပုံ
Air Baganလေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာရရှိသူများ

Air Baganလေယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာရရှိသူများ ၀ိတိုရိယဆေးရှုံ သို.ရောက်ရှိလာစဉ်

Credit: The Voice Weekly
လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်လွတ်မြောက်လာသော နိုင်ငံခြားသားများ
ဒဏ်ရာရရှိသူများအနက်ဗမာလူမျိုး ဗြိတိသျှနိုင်ငံသားမှာခါးရိုးအနည်းငယ်ပဲ့သွားသော်လည်း ဆေးရုံတက် ကုသ
စရာ မလိုအပ်ကြောင်းနှင့် ဗမာလူမျိုးအမေရီကန် နိုင်ငံသူမှာခါးရိုးအနည်းငယ်ထိသွားသည့် အတွက် CT Scream
ရိုက်ထားရကြောင်း သို့သော် ကြီးမားသည့် ဒဏ်ရာ မဟုတ်ဟု၎င်း၏ ပြောကြားချက် အရ သိရသည်။

ဝိတိုရိယဆေးရုံသို့ ဒဏ်ရာရလူနာ၂၄ဦး ရောက်ရှိလာသူများအနက် အဆိုပါအမျိုးသမီးမှာဒဏ်ရာအပြင်းထန်ဆုံး
 ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
အဲပုဂံလေယာဉ် ၀င်တိုက်ခံခဲ့ရသော ဆိုင်ကယ်

ဒီဇင်ဘာလ ၂၅

ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေဆုံးခဲ့ပါသည်။


အေးချမ်းမွန်မှ Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အဲပုဂံလေယာဉ် ၀င်တိုက်ခံခဲ့ရသော ဆိုင်ကယ်
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Photo
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Photo
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ

လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
    တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊ ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊ ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊ လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကို ချီးကျူးတယ်၊ ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ သူသေရ တာကတော့ မတော်တဆမှုအတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)

ခင် ခင်
http://www.facebook.com/himawaritgi
Air Bagan လေယာဉ် ပျက်ကျမှု ဓါတ်ပုံများ
သက်တမ်း ၂၂ နှစ်နီးပါးရှိပြီဖြစ်သော ဖော်ကာ-၁၀၀အမျိုးအစားအဲပုဂံ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ရှမ်း
ပည်နယ် ဟဲဟိုးလေဆိပ်တွင်မှားယွင်းဆက်သက်မှုဖြစ်ပွါးပြီး လေပျံတစ်ခုလုံးမီးလောင်ပျက်စီးပွားခဲ့ရသောပုံများ
ဖစ်ပါသည်။
 
ပန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း ၆ ဦး၊ လုံ
ခုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါကြောင်း၊ ယနေ့နံနက် ၀၈၅၅နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေးလယ်ကွင်းအတွင်းသိုမှားယွင်းဆင်းသက်
ခဲ့တဲ့အတွက် လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ကြောင်း၊မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီ
မှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါကြောင်း၊ 
 
ခရီးသည်များအနက် လေယာဉ်မှူး၊တွဲဘက်လေယာဉ်မှူးနဲ့ နိုင်ငံခြားသား လေးဦးအပါအ၀င်ခရီးသည်၉ ဦး ပေါင်း
၁၁ ဦးဒဏ်ာရာရရှိခဲ့ကြောင်း၊အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ ကြောင်း၊ လေယာဉ်မှားယွင်း
ဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊တစ်ဦးဒဏ်ရာရခဲ့
ကြာင်း၊ အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နေပါကြောင်း နှင့်အသးစိတ်
အချက်အလက်များကို MRTV 4,FMရေဒီယိုအစီအစဉ်များနဲ့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်များကနေ ထုတ်ပြန်
ကြငြာပေးပါ့မယ့်အကြောင်း ဖတ်ရှုရပါသည်။
 
 နိုင်ငံခြားခရီးသည်အများအပြားတင်ဆောင်သွားပြီး၊ကွယ်လွန်ခဲ့သောခရီးသည်များစာရင်းမှာအတိအကျမထွက်
ပ်ါသေးဘဲ ဖေ့စ်ဘွက်စာမျက်နှာသတင်းများတွင်တော့ စတင်ဖော်ပြဖတ်ရှုမြင်တွေ့နေရပြီဖြစ်ပါတယ်။အသက်၁၁
နှစ်အရွယ်ကလေးငယ်တစ်ဦးအလောင်းကို လေယာဉ်တွင်းမှ တွေ့ရှိရသည်ဟု သတင်းများကဆိုပါသည်။ လေ
ယာဉ်နှင့်တိုက်မိ၍လမ်းပေါ်တွင်ဆိုင်ကယ်စီးနင်းနေသူတစ်ဦးချက်ချင်း သေသွားခဲ့ရပြီး နောက်တစ်ဦးထပ်မံသေ
ဆုံးသွားသည်ဟု ဖေ့စ်ဘွက်သတင်းများကဆိုပါသည်။
 
 Tour Guide မနွဲ့လင်းရှိန် နှင့် ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦး
ပား တို့ ကွယ်လွန်သွားသည်ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း အဲပုဂံလေကြောင်းလိုင်းမှ အတည်ပြုကြေငြာ
ပါသည်။ ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်
ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်း
ခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည် ဟု အဲပုဂံလေကြောင်း
လိုင်းစာမျက်နှာတွင် ဖတ်ရှုရပါသည်။ 
 
အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ကောင်းရာမွန်ရာသို့ 
ရာက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သပါကြောင်း နှင့် အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်ေ
သာတာဝန်ယူမှုအားလုံးကိုတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်းအသိပေးကြေငြာအပ်ပါကြောင်းဖတ်
ရှုရပါသည်။ ကွယ်လွန်သူများအားလုံး ကောင်းရာမွန်ရာရောက်ပါစေကြောင်းဆုတောင်းမိပါတယ်။ 
 
ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ဖော်ပြအပ်ပါတယ်။ 
 
ဓာတ်ပုံများကို ဖေ့စ်ဘွက်စာမျက်နှာပေါ်ရှိ - ထူးအိမ် (Htoo Eain)၊ ရဲဇာနည်၊ အာအက်ဖ်အေ၊ကိုကျော်စွာမြင့်၊
အက်ဖ်ပီ နှင့်Eleven Media Groupမှရယူပါတယ်။အကယ်၍ခရိုက်တစ်ပေးရန်မေ့ကျန်ရစ်ခဲ့သော် တောင်းပန်အပ်
ပါတယ်ခင်ဗျာ။
 
Rangon News Daily

0 comments:

Post a Comment