Pages

Thursday, August 4, 2022

အဆိုတော် အီတိုးကို စစ်ကောင်စီက ထောင် ၃ နှစ်ချ



RangonNewsDaily::August 4, 2022

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးမှ ထပ်မံဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅-က တရားရင်ဆိုင်နေရတဲ့ အဆိုတော် အီတိုးကို ဒီကနေ့သြဂုတ် ၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကအတည်ပြုပြောပါတယ်။

ရန်ကုန်မြို့ အောင်ဆန်းကွင်းကနေပစ္စည်းတင်ပို့သယ်ယူခွင့် ရက်အကန့်အသတ် မရှိပိတ်၊ နှစ်ရက်အတွင်း ဆိုင်ခန်းပြောင်းပေးဖို့ ပြော



RangonNewsDaily::August 4, 2022

ရန်ကုန်မြို့ကနေ နယ်ကို ကုန်ပစ္စည်းပို့ဆောင်သယ်ယူနေပေးနေတဲ့ အောင်ဆန်းကွင်းပတ်လယ်က ကားဂိတ်ခွဲ တွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီး ဆိုင်ခန်းတွေ နှစ်ရက်အတွင်းဖျက်ပေးဖို့ ထုတ်ပြန်ထားတယ်လို့ သက်ဆိုင်ရာ ဂိတ်တွေကပြောပါတယ်။

ကိုဂျင်မီအိမ်ကို ခဲဖြင့်ပေါက်၍ ဆဲဆိုသောင်းကျန်းမှုတွင် ဦးဆောင်ပါဝင်သူ၊ စစ် တပ်သတင်းပေး ပိန်နဲကုနျး အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ကို တော်လှန်ရေးတပ်ဖွဲ့က အိမ်ပေါ်အထိ တက် ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး



RangonNewsDaily::August 4, 2022

အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီအိမ်ရှေ့တွင် ခဲဖြင့်ပေါက်၍ ဆဲဆိုမှုတွင် ဦးဆောင်ပါဝင်ပြီး စစ်တပ်သတင်းပေး လုပ် ဆောင်သူ ပိန်နဲကုနျး အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားကို Yangon Liberation Force မှ တော်လှန်ရေးရဲဘော်တချို့က အိမ်ပေါ်အထိ တက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။