Pages

Tuesday, May 5, 2015

ချီလီတောင်ပိုင်း မီးတောင်ပြာကြောင့် သောက်သုံးရေ ဓာတ်သင့်မှုဖြစ်

RangonNewsDaily::- 3 : May :- 2015
ချီလီနိုင်ငံတောင်ပိုင်းက Calbuco မီးတောင်ပေါက်ကွဲမှုက ပြာတွေကြောင့် မီးတောင်းပတ်ဝန်းကျင်မှာ သောက်သုံးရေတွေမှာ ဓာတ်သင့်မှုတွေဖြစ်နေပါတယ်။

ဆော်ဒီဘုရင်က နန်းမွေခံတန်းစီဇယားကို ပြင်ဆင်၊ အိမ်ရှေ့စံနေရာကို ပြောင်းလဲသတ်မှတ်

RangonNewsDaily::- 2 : May :- 2015
နန်းမွေခံတန်းစီဇယားတွင် ပြင်ဆင်ဖွဲ့စည်းမှုဖြစ်ပေါ်ပြီး တစ်ရက်အကြာတွင် အုပ်ချုပ်ရေးယန္တရားကို ပိုမိုချောမွေ့သွားစေရန်အတွက် ဆော်ဒီအာရေဗျ၏ အိုမင်းနေပြီဖြစ်သည့် ဘုရင် ဆယ်မန်က ကြာသပတေးနေ့နှောင်းပိုင်းက တော်ဝင်ရုံးတော်နှင့် နန်းမွေခံအသစ်၏ ရုံးတော်တို့ကို ပေါင်းစည်းလိုက်သည်။

ပခုက္ကူဆေးရုံတွင် သေဆုံးခဲ့သော ကလေးငယ်၏ ဖခင်က ရဲစခန်း၌ အမှုဖွင့်

RangonNewsDaily::- 2 : May :- 2015
ပခုက္ကူဆေးရုံတွင် လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ကျ ဆရာဝန်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သေဆုံးသူ၏ဖခင်က ပြောသည်။

အေးရှားဝင်း လေယာဉ်တစ်စီး တာချီလိတ်လေဆိပ် အတက်၌ မတက်နိုင်ရာမှ ဘီးပေါက်မှုဖြစ်


RangonNewsDaily:::- 2 : May :- 2015
အေးရှားဝင်း လေယာဉ်တစ်စီးသည် အတက်၌ ဘီးပေါက်၍ ခရီးသည်များ အထိတ်တလန့် ဖြစ်သွားခဲ့ရသည့် ဖြစ်စဉ်တစ်ခု တာချီလိတ် လေယာဉ်ကွင်း တွင် ယနေ့ မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ငွေပေးချေစာရင်း ရှင်းလင်းမှုဘဏ်အဖြစ် ထိပ်တန်းအခွန်ဆောင်စာရင်းဝင် ကမ္ဘောဇဘဏ်အား ရွေးချယ်

RangonNewsDaily::- 2 : May :- 2015
ရန်ကုန်စတော့အိတ်ချိန်း၏ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ငွေပေးချေမှု ဆောင်ရွက်မည့်ဘဏ်အဖြစ် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်အား ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ပဲခူးတွင် ဒုရဲအုပ်တစ်ဦး အသတ်ခံရ

RangonNewsDaily::- 2 : May :- 2015
ပဲခူးမြို့နယ် ဥဿာမြို့သစ် (၂) ရပ်ကွက် ဆရာစံ လမ်းထိပ်တွင် ဧပြီလ ၂၉ ရက် ည ၁၀ နာရီခန့်က အသက် ၂၈ နှစ်အရွယ်ရှိ ဒုရဲအုပ်တစ်ဦးမှာ ဓားဒဏ်ရာ သုံးချက်ဖြင့် အသတ်ခံရကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

ဒလမြို့နယ် တွင် တတိယတန်းတက်မည့် မိန်းကလေးတစ်ဦး ပုခက်ကြိုးလည်ပင်း ချိတ်မိပြီးသေဆုံးမှု ဖြစ်ပွား

RangonNewsDaily::- 2 : May :- 2015
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် တွင် ယခုလ၂၈ ရက် နံနက်ပိုင်းက ယခု ပညာသင်နှစ် တတိယတန်းသို့တက်မည့် ကျောင်းသူမိန်းကလေးတစ်ဦး ဆော့ကစားရာမှ အိမ်ရှေ့ခန်းရှိပုခက်ကြိုးလည် ပင်းချိတ်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ဒဂုံမြောက်ပိုင်းရှိ အိမ်လေးလုံးဆုံးရှုံး

Photo :: မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)
RangonNewsDaily::- 2 : May :- 2015
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃၁)ရပ်ကွက် ဇေယျာဒီပ လမ်းရှိ အိမ် တစ်အိမ်တွင် ဘုရား စင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အိမ်လေးလုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက် ညနေ ၆ နာရီ ခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ် ပြီး တစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရ ကြောင်း ယင်းအိမ်အနီးတွင် နေ ထိုင်သူ တစ်ဦးကပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်ရောင်းဝယ်ရေးကုမ္ပဏီမှ မြေသယ်ယာဉ်သုံးစီး အခိုးခံရ

RangonNewsDaily::- 2 : May :- 2015
မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးဘေးရှိ ကောင်းပြည့်သာ ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီမှ မြေသယ်ယာဉ်သုံးစီး ခိုးခံရမှု ကိုးရက်ကြာသည့်တိုင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

သပိတ်ကျင်း အပေါင်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ဓားထောက်လုယက်

RangonNewsDaily::- 2 : May :- 2015
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အမှတ် (၈) ရပ်ကွက်ရှိ အမိန့်ရ အပေါင်ဆိုင်တစ်ခုတွင် ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မျက်နှာတွင် အဝတ်စည်းထားသည့် အမျိုးသားနှစ်ဦးက ဓားရှည်များ ကိုင်ဆောင်ပြီး ရွှေထည်နှင့် ငွေ စုစုပေါင်း တန်ဖိုး ကျပ်သိန်းရှစ်ရာကျော်ဖိုးကို လုယက်ခဲ့ကြောင်း အဆိုပါ အပေါင်ဆိုင် ပိုင်ရှင်၏ တူတော်စပ်သူ ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

နီပေါငလျင်ကြောင့် သေဆုံးသူ အရေအတွက် (၆၂၀၀)ကျော်ထိ မြင့်တက်လာ


RangonNewsDaily::- 2 : May :- 2015
နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက် သည် (၆၂၀၀)ကျော်ထိ ရှိလာကြောင်း သိရသည်။

ပခုက္ကူဆေးရုံတွင် လေးနှစ်အရွယ် ကလေးတစ်ဦး ဆေးထိုးမှား၍ သေဆုံး

RangonNewsDaily::- 1 : May :- 2015
ပခုက္ကူမြို့ အမှတ် (၁၄) ဆုံကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပခုက္ကူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က ဆေးနှစ်လုံး ထိုးပြီးချိန်၌ သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဖခင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ခံကုသရသည့် လူနာအင်အား နှစ်စဉ်မြင့်တက်မှုကြောင့် ဆေးရုံကြီး၏ ဖွဲ့စည်းပုံအင်အား နှစ်ဆတိုးမြှင့်ရန် နေပြည်တော်သို့ တင်ပြထား

RangonNewsDaily::- 1 : May :- 2015
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ခံကုသရသည့် လူနာအင်အား နှစ်စဉ်မြင့်တက်လာမှုကြောင့် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ဆေးရုံကြီး၏ ဖွဲ့စည်းပုံ လူအင်အားကို လက်ရှိဖွဲ့စည်းပုံထက် နှစ်ဆတိုးမြှင့်ရန် နေပြည်တော်သို့ တင်ပြထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ဟောင်အင်းဂရီလာ မြန်မာစင်တာ လူနေခန်းများ ယခုလတွင် စတင်ရောင်းမည်


RangonNewsDaily:::- 1 : May :- 2015
ရင်းနှီးမြှုပ်နှံမှုများပြား သော စီမံကိန်း တစ်ခုဖြစ်သည့် ဟောင်အင်းဂရီလာမြန်မာ စင် တာမှာ ၂၀၁၇ တွင် ပြီးစီးမည်ဖြစ် ပြီး အဆင့်မြင့်လူနေမှုအခန်းများ ရောင်းချခြင်းကို ယခုမေလတွင် စတင်မည်ဖြစ်ကြောင်း ဟောင် အင်းဂရီလာမြန်မာစင်တာ၏ အမှုဆောင်အရာရှိချုပ် ဗိုသရောင်စွန်က ပြောကြားသည်။