Pages

Tuesday, May 5, 2015

ဆော်ဒီဘုရင်က နန်းမွေခံတန်းစီဇယားကို ပြင်ဆင်၊ အိမ်ရှေ့စံနေရာကို ပြောင်းလဲသတ်မှတ်

RangonNewsDaily::- 2 : May :- 2015
နန်းမွေခံတန်းစီဇယားတွင် ပြင်ဆင်ဖွဲ့စည်းမှုဖြစ်ပေါ်ပြီး တစ်ရက်အကြာတွင် အုပ်ချုပ်ရေးယန္တရားကို ပိုမိုချောမွေ့သွားစေရန်အတွက် ဆော်ဒီအာရေဗျ၏ အိုမင်းနေပြီဖြစ်သည့် ဘုရင် ဆယ်မန်က ကြာသပတေးနေ့နှောင်းပိုင်းက တော်ဝင်ရုံးတော်နှင့် နန်းမွေခံအသစ်၏ ရုံးတော်တို့ကို ပေါင်းစည်းလိုက်သည်။
နိုင်ငံပိုင် Saudi Press Agency ၏ပြောကြားချက်အရ ဘုရင်ဆယ်မန် (၇၉နှစ်)က ဗုဒ္ဒဟူးနေ့က ခန့်အပ်လိုက်သည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်နာယက် ၏ အဆိုပြုချက်ပေါ်တွင် အခြေခံ၍ အိမ်ရှေ့မင်းသား၏ ရုံးတော်နှင့် ဘုရင့်ရုံးတော်တို့ကို ပေါင်းစည်းသည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။
-
ထီးနန်းအတွက် လျာထားသည့် တန်းစီဇယားတွင် ဘုရင့်နိုင်ငံကို တည်ထောင်သူ အက်ဗဒူ အဇစ် ဘင် ဆော့၏ နောက်ဆုံးသားဖြစ်သည့် မင်းသား မိုရင် ဘင် အက်ဗဒူ အဇစ် ဘင် ဆော့(၆၉နှစ်)၏ နေရာတွင် ၅၅နှစ်အရွယ် သြဇာကြီးမားသည့် ပြည်ထဲရေးဝန်ကြီး မိုဟာမက်ဘင်နာယက်နှင့် အစားထိုး လိုက်ခြင်းပင်ဖြစ် သည်။ ဆော်ဒီအာရေဗျတွင် အိမ်ရှေ့မင်းသားတစ်ပါးကို တာဝန်မှ အနားပေးလိုက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
-
အစိုးရအဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘုရင်ဆယ်မန်က သူသေပြီးနောက် မျိုးဆက်သစ်သို့အာဏာ ကူးဆက်ခဲ့ရန် ရည်ရွယ်ချက်ဖြင့် သူ့သားများထဲမှ တစ်ယောက်ဖြစ်သည့် မိုဟာမက် ဘင် ဆယ်မန်ကိုလည်း ဒုတိယအိမ်ရှေ့စံအဖြစ် လျာထားသတ်မှတ်ခဲ့သည်။ မိုဟာမက်မှာ အသက် ၃၀ကျော်ရုံလေးသာရှိသေးပြီး လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် အမှုတော်ထမ်းနေသည်။
-
ဤပြင်ဆင်ဖွဲ့စည်းမှုများက အသက် ၉၀အရွယ်တွင် ဇန်န၀ါရီ ၂၃ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ဘုရင် အက်ဗဒူလာလက်ထက်တွင် သြဇာ ဆုတ်ယုတ်ညှိုးမှိန်ခဲ့ရသော ဆယ်မန်၏ မျိုးရိုး ဆုပ်ကိုင်ထားသည့် အာဏာကို ပိုမို ခိုင်မာသွားစေသည်ဟု ဆိုသည်။


Written by အေအက်ဖ်ပီ
Mizzima ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment