Pages

Tuesday, May 5, 2015

ဒလမြို့နယ် တွင် တတိယတန်းတက်မည့် မိန်းကလေးတစ်ဦး ပုခက်ကြိုးလည်ပင်း ချိတ်မိပြီးသေဆုံးမှု ဖြစ်ပွား

RangonNewsDaily::- 2 : May :- 2015
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ် တွင် ယခုလ၂၈ ရက် နံနက်ပိုင်းက ယခု ပညာသင်နှစ် တတိယတန်းသို့တက်မည့် ကျောင်းသူမိန်းကလေးတစ်ဦး ဆော့ကစားရာမှ အိမ်ရှေ့ခန်းရှိပုခက်ကြိုးလည် ပင်းချိတ်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။
''ကျွန်မသမီးလေးက အခုနှစ်ဆို သုံးတန်းတက်ရပါပြီ။ သွက်လက်လိမ္မာတဲ့ ကလေးမလေးပါရှင့်။ အိမ်မှာက သူတစ် ယောက်တည်းကျန်နေခဲ့တာ။ ဆော့နေမှာပေါ့။ သမီးလေး အခုလို့ဖြစ်သွားတယ်လို့ ကြားရတာနဲ့ ကျွန်မလဲမေ့လဲသွားခဲ့ တယ်'' ဟု အမေဖြစ်သူကသည်။
-
အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ် မြတ်ခိုင်ဦးသည် ယခုလ ၂၈ ရက်နံနက် ၁၁ နာရီက ဒလမြို့မရဲစခန်း၌ တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် ကမာကဆစ် ရပ်ကွက် ခွာညိုလမ်း အမှတ်(၅၅၁)နေအိမ်၌ ကလေးငယ်တစ်ဦးဆော့ကစားရာမှ နေအိမ်ရှေ့ခန်းရှိပုခက်ကြိုးနှင့်လည်ပင်း ချိတ်မိပြီး သေဆုံးသွားကြောင်း သတင်းအရ စခန်းမှူးဒုတိယရဲမှူး ခင်မောင်လွင် သည်သက်သေများနှင့်အတူ အမှုဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
-
သေဆုံးသူမှာမအေးချမ်းငြိမ်းအသက် (၈)နှစ်(ဘ) ဦးရဲလင်းထိုက်ဖြစ်ပြီး နေအိမ်တွင် တစ်ဦးတည်းရှိခိုက် အိမ်ရှေ့ဧည့်ခန်း အမြင့်ခုနစ်ပေခန့်ရှိ ထုပ်တန်းတွင် တပ်ဆင်ထားသော ပုခက်ကြိုးကို အမြင့်နှစ်ပေ ခန့်ရှိ ပလတ်စတစ်အပြာရောင်ထိုင်ခုံဖြင့် တက်ရောက်ဖြုတ်ယူရာမှ ထိုင်ခုံလဲကျပြီး ပုခက်ကြိုးနှင့် လည်ပင်းချိတ်မိကာ ပါးစပ်လျှာထွက်၍ ကြမ်းပြင်ကို ခြေထောက်ထိပြီး မတ်တတ်သေဆုံးနေ ကြောင်း သိရသည်။
-
အလောင်းကို ရဲဆေးစာဖြင့် ဒလဆေးရုံသို့တင်ပို့ခဲ့ရာ(ဏျွ-၁၃။ ၂ဝ၁၅) ဖြင့် လက်ခံပြီး ဒလမြို့မရဲစခန်းက မအေးချမ်း ငြိမ်းသေဆုံးမှုကိုဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သေမှု သေခင်းအမှတ်စဉ် ၈/၂ဝ၁၅ ဖြင့် ဖွင့်လှစ်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


The Union Daily ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment