Pages

Tuesday, May 5, 2015

အေးရှားဝင်း လေယာဉ်တစ်စီး တာချီလိတ်လေဆိပ် အတက်၌ မတက်နိုင်ရာမှ ဘီးပေါက်မှုဖြစ်


RangonNewsDaily:::- 2 : May :- 2015
အေးရှားဝင်း လေယာဉ်တစ်စီးသည် အတက်၌ ဘီးပေါက်၍ ခရီးသည်များ အထိတ်တလန့် ဖြစ်သွားခဲ့ရသည့် ဖြစ်စဉ်တစ်ခု တာချီလိတ် လေယာဉ်ကွင်း တွင် ယနေ့ မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပြေးလမ်းကနေ အရှိန်ယူပြီး လေယာဉ် ခေါင်းမော့ပြီးတော့ တက်ဖို့အလုပ် မှာ လေယာဉ်က မတက်နိုင်တော့လို့ လေယာဉ်ရပ်နားမဲ့ နေရာကို ပြန်အကွေ့မှာ အခုလို ဖြစ်သွားတာ၊ ခရီးသည်တွေ အားလုံး အေးအေးဆေး ဆေးပါပဲ၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းလည်း မရှိပါဘူး”ဟု တာချီလိတ်လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
-
အေးရှားဝင်း Flight နံပါတ် XY-AJQ သည် တာချီလိတ်မှ မြစ်ကြီးနား၊ မန္တလေးသို့ ထွက်ခွာရန်အတွက် ညနေ(၃း၀၅)နာရီတွင် စတင်ခဲ့ပြီး ပြေးလမ်းမှတဆင့် ဦးမော့ကာ မတက်နိုင်တော့သည့်အတွက် ညနေ(၃း၁၀)နာရီ၌ ပြန်လှည့်လာခဲ့ရာ ဘီးနှင့် ပြေးလမ်းကွန်ကရစ် ပွတ်တိုက်မိပြီး ဘီးပေါက်မှုမှတဆင့် မီးပွားများ ထွက်ပေါ်လာတာဖြစ်ကြောင်း သိရသည်။
-
၎င်းလေယာဉ်တွင် ခရီးသည် အမျိုးသား(၂၃)ဦး နှင့် အမျိုးသမီး(၂၁)ဦး စုစုပေါင်း (၄၄)ဦးပါဝင်ကြောင်း နှင့် ခရီးသည်အများစုမှာ မြစ်ကြီးနားနှင့် မန္တလေးသို့သွားရောက်မည့် ခရီးသည်များဖြစ်ကြောင်းအပြင် ယခုလိုဖြစ်ပွားလာသည့် အတွက် ခရီးစဉ်အား ဆက်လက် ထွက်ခွာနိုင်ခြင်း ရှိမရှိကိုတော့ မသိရှိနိုင်သေးကြောင်း တာချီလိတ်လေဆိပ်ရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
-
“လေယာဉ်မီးလောင်တယ်ဆိုပြီး ကြားတာ၊ အဲ့ဒါနဲ့သွားကြည့်လိုက်တော့ လေယာဉ်မီးလောင်တာ မဟုတ်ပါဘူး၊ ဘီးပေါက်ပြီး ပြေးလမ်းနဲ့ ပွတ်တိုက်မိလို့ မီးပွင့်တွေ ထွက်တယ်ဆိုတာကို သိလိုက်ရတယ်...”ဟု လေယာဉ်ကွင်းသို့ ဖြစ်စဉ်အား သွားရောက်ကြည့်ရှုသူ ဒေသခံတစ်ဦး မှပြောသည်။


TachileikNewsAgency ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment