Pages

Tuesday, May 5, 2015

ချီလီတောင်ပိုင်း မီးတောင်ပြာကြောင့် သောက်သုံးရေ ဓာတ်သင့်မှုဖြစ်

RangonNewsDaily::- 3 : May :- 2015
ချီလီနိုင်ငံတောင်ပိုင်းက Calbuco မီးတောင်ပေါက်ကွဲမှုက ပြာတွေကြောင့် မီးတောင်းပတ်ဝန်းကျင်မှာ သောက်သုံးရေတွေမှာ ဓာတ်သင့်မှုတွေဖြစ်နေပါတယ်။
ဧပြီ ၃၀ ရက်နေ့က ၈ ရက်အတွင်း တတိယအကြိမ်ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး အရင်ပေါက်ကွဲမှုတွေနဲ့ စာရင် မီးတောင်ပြာ ပိုနည်းသွားပါတယ်။
-
ပြီးခဲ့တဲ့တပတ်ကတော့ မီးတောင်ပေါက်ကွဲမှုပြင်းထန်ခဲ့ပြီး မီးတောင်ပြာတွေအနောက်လေနဲ့အတူပါသွားပြီး ဆန်ဒီရေဂိုမြို့တော်၊ အာဂျင်တီးနားနိုင်ငံတောင်ပိုင်းနဲ့ ယူရုဂွေးနိုင်ငံတွေအထိပါ မီးတောင်ပြာတွေ ရောက်ရှိခဲ့တာပါ။
-
Calbuco မီးတောင်နဲ့ အနီးဆုံးဖြစ်တဲ့ Ensenada မြို့တွေမှာ မီးတောင်ပြာပြင်ဖြစ်ခဲ့ပြီး ဒေသခံတွေ သောက်ရေသန့်တွေကို ၀ယ်သုံးနေရပါတယ်။
အစိုးရအစီအစဉ်နဲ့ မြို့ခံအိမ်ထောင်စုတခုကို သောက်ရေ ၆၀ လီတာ ဝေပေးခဲ့ပေမယ့် တရက်ကို အနည်းဆုံး လီတာ ၅၀ ကုန်တာကြောင့် မလုံလောက်ဘူးလို့ Ensenada မြို့ခံတဦးက ပြောဆိုပါတယ်။
-
၉ လီတာသောက်ရေသန့်ကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက် ပေးဝယ်နေရတယ်လို့လည်း ပြောဆိုပါတယ်။
မီးတောင်ပတ်ဝန်းကျင် ကီလို ၂၀ ကို ကန့်သတ်နယ်မြေအဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်နေ့က နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေ တိုးမြှင့်သတ်မှတ်ခဲ့ပါသေးတယ်။


DVB ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment