Pages

Thursday, October 2, 2014

ရန်ကုန်မြို့သစ်စီမံကိန်း ဆိုင်းငံ့ပြီးနောက် အိမ်ခြံမြေဈေး ရပ်တန့်

RangonNewsDaily:: October . 1 .2014
ရန်ကုန်တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်းမှာ စီမံကိန်းဧရိယာအတွင်းက မြေယာတွေ အရောင်းအ၀ယ် မရှိသလောက် ဖြစ်နေကြပြီး ဈေးနှုန်းတွေလည်း အတက်အကျမရှိ ရပ်တန့်နေတယ်လို့ တွံတေးအိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

အီဘိုလာရောဂါကူးစက်မှု အမေရိကန်မှာ ပထမဆုံးတွေ့

RangonNewsDaily:: October . 1 .2014
အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အမေရိကန် ပြည်ထောင်စု အတွင်း ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင် တဦးကို ရှာဖွေ တွေ့ရှိ ထားကြောင်း ပြောဆိုပါတယ်။

ကမ္ဘာ့မာရသွန်စံချိန်မှတ်တမ်းကို ကင်ညာနိုင်ငံသား ရိုက်ချိုး

ဒင်းနစ်ကမ်မီတို
RangonNewsDaily:: October . 1 .2014
ကင်ညာနိုင်ငံက ဒင်းနစ်ကမ်မီတိုက ဘာလင်မှာ ကျင်းပနေတဲ့ အပြေးပြိုင်ပွဲမှာ ၂ နာရီ ၂ မိနစ် ၅၇ စက္ကန့်နဲ့ အရင်က တင်ထားတဲ့ ကမ္ဘာ့မာရသွန်စံချိန် မှတ်တမ်းကို ချိုးလိုက်ပါတယ်။

အမေရိကန်နိုင်ငံတွင် မြို့တော်ဝန်တဦးကို ဇနီးဖြစ်သူက ပစ်သတ်

RangonNewsDaily:: October . 1 .2014
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့စွန်က ဘဲလ်ဂါးဒင်းမြို့လေးရဲ့ မြို့တော်ဝန်ကို သူဇနီးနဲ့ အိမ်တွင်းရေးအငြင်းပွားမှုအတွင်းမသေမချင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

လေကြောင်းမှ တိုက်ခိုက်ရုံဖြင့် IS အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်ဟု ပင်တဂွန် ထိပ်တန်းအရာရှိ ပြောကြား

RangonNewsDaily:: October . 1 .2014
ဆီးရီးယား-အီရတ် နယ်စပ်အနီးတွင် တွေ့ရသည့် IS တပ်ဖွဲ့ဝင်များလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့်
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက် ထိပ်
တန်းပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်


RangonNewsDaily:: October . 1 .2014
မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင် ပေးလိုက်ရကြောင်း သတင်းရရှိ သည်။

ရက်သတ္တပတ် တစ်ပတ်လျှင် မိုဘိုင်းဖုန်း အသုံးပြုသူ ငါးသိန်းအထိ ရှိလာစေရန် Ooredoo Myanmar ဆောင်ရွက်မည်


RangonNewsDaily:: October . 1 .2014
Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့ရောင်းချသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ရက်သတ္တပတ် တစ်ပတ်လျှင် လူဦးရေငါးသိန်း ဝန်းကျင်အထိ အသုံးပြုနိုင်ရန် ဈေးကွက်မြှင့်တင်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၉၆၉ နှင့် သီရိလင်္ကာဗုဒ္ဓဘာသာအဖွဲ့ တစ်ဖွဲ့ ပူးပေါင်းမည်ဟု ဦးဝီရသူပြော

RangonNewsDaily:: October . 1 .2014
ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်မည့် ၉၆၉ အဖွဲ့ သည် သီရိလင်္ကာနိုင်ငံအခြေစိုက် Buddhist Power Force အဖွဲ့ နှင့် ပူးပေါင်းသွားမည်ဟု အမျိုး သားရေးဝါဒီဆရာတော်တစ်ပါး အဖြစ် လူသိများသည့် ဦးဝီရသူ က မိန့်ကြားလိုက်ကြောင်း နိုင်ငံ တကာသတင်းဌာနများတွင် ရေး သားဖော်ပြသည်။

မကွေးတိုင်းဒေသကြီးတွင် ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး

RangonNewsDaily:: October . 1 .2014
မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်တော်အေး(၃)လမ်းတွင်
စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှလူသတ်မှုဖြစ်
ပွားခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်၊ မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ စာမေးပွဲရက် ပြင်ဆင်

RangonNewsDaily:: October . 1 .2014
ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ ၂၀၁၄ ပညာသင်နှစ် ပထမအသုတ် (သိပ္ပံဘာသာရပ်များ) သင်တန်းနှစ်အားလုံး၏ စာမေးပွဲဖြေဆိုရမည့် (၆-၁၀-၂၀၁၄) ရက် (တနင်္လာနေ့) သည် အများပြည်သူတို့၏ အလုပ်ပိတ်ရက် (ဘက္ကရီးအီးဒ်နေ့) ဖြစ်ပါသဖြင့် သင်တန်းနှစ်အားလုံး၏ အဆိုပါနေ့ရက်တွင် ဖြေဆိုရမည့် ဘာသာရပ်ကို (၁၄-၁၀-၂၀၁၄)ရက် (အင်္ဂါနေ့)သို့ ပြောင်းရွှေ့ဖြေဆိုကြရမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၂/၆-၇)ကြားတွင် ယာဉ်မောင်းအိပ်ငိုက်သဖြင့် ယာဉ်တိမ်းမှောက်


RangonNewsDaily:: October . 1 .2014
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့
နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၂/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းရဲစခန်း
မှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ် တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့သည်။ 

ကာချုပ်နှင့် DKBA တို့ တွေ့ဆုံမည်


RangonNewsDaily:: October . 1 .2014
တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် DKBA မှ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

နိုင်ငံခြားဘဏ် ၉ ခုကို လိုင်စင် ချပေးလိုက်ပြီ

RangonNewsDaily:: October . 1 .2014
နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဗဟိုဘဏ်က လိုင်စင်ချပေး
လိုက်ပြီဟုအောက်တိုဘာ ၁ ရက်တွင် ကြေငြာလိုက်သည်။