Pages

Thursday, October 2, 2014

၉၆၉ နှင့် သီရိလင်္ကာဗုဒ္ဓဘာသာအဖွဲ့ တစ်ဖွဲ့ ပူးပေါင်းမည်ဟု ဦးဝီရသူပြော

RangonNewsDaily:: October . 1 .2014
ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်မည့် ၉၆၉ အဖွဲ့ သည် သီရိလင်္ကာနိုင်ငံအခြေစိုက် Buddhist Power Force အဖွဲ့ နှင့် ပူးပေါင်းသွားမည်ဟု အမျိုး သားရေးဝါဒီဆရာတော်တစ်ပါး အဖြစ် လူသိများသည့် ဦးဝီရသူ က မိန့်ကြားလိုက်ကြောင်း နိုင်ငံ တကာသတင်းဌာနများတွင် ရေး သားဖော်ပြသည်။
BBS ဟု အတိုကောက်ခေါ် သည့် Bodu Bala Sena (ခေါ်)Buddhist Power Force အဖွဲ့ကို ၂၀၁၂ ခုနှစ်အတွင်း သီရိ လင်္ကာနိုင်ငံမှ ဗုဒ္ဓဘာသာအမျိုး သားရေးဝါဒီ သံဃာတော်များက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကိုလံဘိုမြို့တွင် အခြေစိုက် သည်။
::
BBS အဖွဲ့နှင့် ၉၆၉ အဖွဲ့ တို့သည် ဗုဒ္ဓဘာသာနှင့် မွတ် စလင်တို့ကြား ပြဿနာဖြစ်ပွားစေရန် လှုံ့ဆော်နေသည့် အဖွဲ့အစည်းများအဖြစ် စွပ်စွဲခံနေရသည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားကြောင်း ABC Radio Australia သတင်းဌာနက ရေးသားသည်။

၂၀၁၄ ခုနှစ်အတွင်း သီရိ လင်္ကာနိုင်ငံတွင် လူမျိုးရေး၊ ဘာ သာရေးကို အခြေခံသော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အနိမ့်ဆုံးလေးဦး သေဆုံး၍ ၈၀ ဦးခန့်ဒဏ်ရာရခဲ့သည်။ လူဦးရေ တစ် သောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ သော အဆိုပါဖြစ်စဉ်များအတွက် BBS အဖွဲ့ကို ဝေဖန်စွပ်စွဲမှုများ ရှိခဲ့သော်လည်း ၎င်းတို့က ငြင်းဆို ထားသည်။
::
၂၀၁၂ ရခိုင်ပဋိပက္ခနောက် ပိုင်း မြန်မာနိုင်ငံဒေသအနှံ့အပြား တွင်ဖြစ်ပွားခဲ့သော သွေးထွက် သံယိုမှုများနှင့်ပတ်သက်၍လည်း ဆရာတော်ဦးဝီရသူနှင့် ၉၆၉ အဖွဲ့အပေါ် နိုင်ငံတကာသတင်း ဌာနများအပါအဝင် ဝေဖန်စွပ်စွဲ မှုများရှိခဲ့သည်။
::
ကိုလံဘို သံဃာ့ညီလာခံ တက်ရောက်ရန် သီရိလင်္ကာနိုင်ငံ သို့ ကြွရောက်ခဲ့သော ဦးဝီရသူကို ဒေသခံ မွတ်စလင် အဖွဲ့အစည်း များက ပြည်ဝင်ခွင့် မပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း သီရိလင်္ကာ အစိုးရက ပြည်ဝင်ခွင့်ပေးခဲ့ကြောင်း စက်တင်ဘာ လ ၂၉ ရက်ထုတ် နိုင်ငံတကာ သတင်းစာများတွင် ဖော်ပြထား သည်။

7 day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment