Pages

Friday, February 14, 2014

မကြုံစဖူး ဆိုးရွားတဲ့ အမေရိကန်နှင်းမုန်တိုင်း

Photo: မကြုံစဖူး ဆိုးရွားတဲ့ အမေရိကန်နှင်းမုန်တိုင်း

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

အမေရိကန်ပြည်ထောင်စုက ပြည်နယ်တော်တော်များများမှာ ဒီနှစ်ပိုင်းတွေမှာ ထူးထူးခြားခြား လွန်ကဲတဲ့ ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို ခံနေရပြီး၊ နှင်းတွေဖုံးလွှမ်းပြီး ရေခဲသွားတဲ့အထိ အန္တရာယ်ကြီးတဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ဆိုးရွားလွန်းလှတဲ့ နှင်းမုန်တိုင်းဒဏ်ခံနေရတဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ မကြုံစဖူး အတွေ့အကြုံတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ မကြုံစဖူး နှင်းမုန်တိုင်းကြီး ပြင်းပြင်းထန်ထန် တိုက်ခတ်တဲ့အတွက် လူပေါင်းသုံးသိန်းကျော်လောက် လျှပ်စစ်မီးမရဘဲ နေထိုင်နေကြရပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်း နှင်းမုန်တိုင်း စပြီးတော့ တိုက်ခတ်တဲ့အတွက် ကြာသပတေးနေ့မှာတော့ ဗွီအိုအေမြန်မာပိုင်းရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာလည်း အစိုးရရုံးအကုန်လုံးနဲ့ စာသင်ကျောင်းတွေကို အရေးပေါ် ပိတ်လိုက်ရပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် အနီးတဝိုက်၊ မယ်ရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာလည်း နှင်းထုက အမြင့်ပေ တစ်ပေကျော်နေပြီး တချို့နေရာတွေမှာ တစ်ပေခွဲအထိ မြင့်တက်နေတာမို့ လမ်းမတော်တော်များများ နှင်းတွေ ဖုံးလွှမ်းနေပါတယ်။

နယူးယောက်မြို့မှာတော့ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲပြီး လုပ်ငန်းတော်တော်များများ ရပ်နားထားရပေမဲ့ ကုလသမဂ္ဂရုံးမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအချို့ကတော့ နေအိမ်ကနေ အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ ၁၅ နှစ်တာကာလအတွင်း ဆိုးရွားလွန်းတဲ့ရာသီဥတုဒဏ်ကို မကြုံစဖူး ခံရတာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်း မဝေဝေနိုင်က ပြောပါတယ်။

“အမေရိကားရောက်ပြီး ၁၅ နှစ်သက်တမ်းမှာ တခါမှ ဒီလောက် မကျဖူးဘူး။ ရုံးမှာလည်း အမြဲ Announce လုပ်နေတာပေါ့နော်။ ဒီ Weather ဆိုးမယ်။ အရမ်းခက်ခဲတဲ့ နေရာတွေက သတိနဲ့လာကြဖို့ ကိုယ်ရဲ့ဆရာတွေနဲ့တိုင်ပင်ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ရုံးမှာလည်း အမြဲတမ်းပဲ Warning Email တွေ အမြဲတမ်းပို့နေတယ်။ မနေ့ကတည်းကတင် ရုံးမှာ Announce လုပ်ထားပြီး လာဖို့ ခက်ခဲရင် မလာပါနဲ့။ အိမ်ကနေ အလုပ်လုပ်ပါ။ တချို့တွေကျတော့လည်း ရုံးကို လာပြီးတော့မှ အလုပ်လုပ်ရမယ့်သူတွေရှိတယ်။ ရုံးမှာရှိတဲ့သူတွေကလည်း အိမ်ကိုပြန်ကြပါဆိုပြီးတော့ Weather ၄ နာရီမှာ ထပ်ပြီးတော့ Announce လုပ်ထားတယ်။ Breaking News အနေနဲ့ အရမ်းဆိုးမယ်ဆိုပြီးတော့။ မနက်က Snow တွေ ကျတယ်။ ကျပြီးတဲ့အခါမှာ မိုးတွေပြန်ရွာလာတယ်။ Snow တွေပျော်ပြီးတဲ့အခါမှာ ရေတွေကခဲသွားတယ်။ ရေခဲတဲ့နေရာခဲတယ်၊ ပျော်တဲ့နေရာပျော်တယ်။ အဲတော့ လမ်းသွားတဲ့အခါမှာ အရမ်းအန္တရာယ်များတာပေါ့နော်။”

အမေရိကန်အရှေ့တောင်ပိုင်းက မြောက်နဲ့တောင် ကာရိုလိုင်းနားတွေမှာ ရေခဲ မိုးတွေပါ ရွာသွန်းတိုက်ခတ်နေတဲ့ နှင်းမုန်တိုင်းကြောင့် အဓိက အဝေးပြေး လမ်းမကြီးတွေမှာ ကားတွေ ဆက်မသွားနိုင်ဘဲ ဖြစ်ရပြီး ယာဉ်မောင်းသူတွေဟာ သူတို့ရဲ့ကားတွေကို လမ်းပေါ်မှာတင် ရပ်ထားရတာမျိုးနဲ့ ကြုံနေရပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားလိုက်ရတဲ့အတွက် တက္ကသိုလ်နဲ့ စာသင်ကျောင်း ဘတ်စ်ကားမောင်းတဲ့ မြန်မာလူမျိုး ဦးအောင်ကလည်း ကားမောင်းတဲ့ သူ့အလုပ်ကို ရပ်နားထားရတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့အလုပ်တွေကလည်း အကုန် ပိတ်လိုက်တယ်လေ။ ကျနော်ကလည်း school bus တွေ မောင်းတာဆိုတော့ university ကလည်း ပိတ်ထားတယ်။ ကျနော်တို့ ဘတ်စ်တွေလည်း ပိတ်ထားတယ်။ စာသင်ကျောင်းတွေကတော့ ကျနော်တို့ ဒီနေ့တော့ အကုန်လုံး ပိတ်ထားတယ်ပေါ့နော်။ ဒီနေ့ ပိတ်ထားတဲ့အပြင် ကျနော်တို့ လက်ရှိ လောလောဆယ်မှာကိုက ကြေညာထား
တာ မနက်ဖြန်လည်း ပိတ်ထားတယ်။”

စံချိန်ချိုးရလောက်အောင် အပူချိန် ရေခဲမှတ်အောက်ရောက်တဲ့အထိ မကြုံစဖူး အေးခဲလွန်းတဲ့ ရေခဲမိုးတွေနဲ့ နှင်းထုကြောင့် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းက မစ်ရှီဂန်ရေကန်ကြီး ရေ လုံးဝ ခဲသွားတဲ့အထိ ကြုံလိုက်ရတဲ့ မစ်ရှီဂန်ပြည်နယ် Lansing မြို့မှာနေတဲ့ မြန်မာကဗျာဆရာ ဦးအောင်ဝေး ကလည်း ကားလမ်းတွေ လုံးဝ မောင်းလို့မရအောင်ကို ဖြစ်သွားပြီး အသက်အန္တရာယ် ရှိလောက်တဲ့ အေးခဲမှုဒဏ်ကို ခံခဲ့ရတဲ့ မစ်ရှစ်ဂန် တမြို့လုံးနီးပါး အရေးပေါ်အခြေအနေ ရောက်ခဲ့ရတယ်လို့ ပြောပါတယ်။

“မစ်ရှီဂန် ကန်ကြီးပါ ခဲသွားတယ်ဆိုတာ တကယ်ပဲလေ။ သိပ်ဆိုးလွန်းအားကြီးတဲ့ နေ့မျိုးဆိုရင် ကျောင်းပိတ်လိုက်တာမျိုး လုပ်တယ်။ တချို့ အလုပ်တွေ ရုံးတွေပိတ်တော့ အင်တာနက်လိုင်းတွေ တပတ်၊ ၁၀ ရက် ပြတ်တောက်၊ တီဗွီတွေ မကြည့်ရ။ နောက် အိမ်တွေမှာ မီးပြတ်၊ ရေပြတ်၊ အပူစက်တွေပြတ်ပေါ့နော်။ နောက် လူ အသေအပျောက်တွေလည်း များတယ်လေ။ အဲတော့ ဒီနှစ်ကတော့ မကြုံဖူးအောင် ဆိုးရွားတယ်လို့ ပြောရ မယ်။ ကိုယ်က ၆ နှစ်ပဲ ရှိသေးတာကိုး။ ဒီမှာ နှစ်ပေါင်း ၆၀ လောက် နေလာတဲ့ အမေရိကန်တွေတောင်မှ Oh my God, Oh my God ဖြစ်နေတဲ့အချိန်လေ။”

နှင်းမုန်တိုင်းဟာ အခုတော့ အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်တွေနဲ့ အရှေ့မြောက်ဘက်ဒေသတွေ တလျှောက်ကိုလည်း ၀င်တိုက်သွားပါပြီ။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အေးခဲတဲ့ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်နေ
သလို အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှင်းတွေခဲပြီး ရေခဲတွေနဲ့ ဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Georgia ပြည်နယ်ကို သမ္မတ Barack Obama က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နှင်းမုန်တိုင်းဒဏ်
ကြောင့် လေယာဉ်ခရီးစဉ် အများအပြား ဖျက်လိုက်ရသလို ခရီးသည် အများအပြားဟာလည်း လေဆိပ်တွေထဲမှာ နေနေကြရပါတယ်။ အခုချိန်ထိဆိုရင် နှင်းမုန်တိုင်းကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ပြီး အဲဒီထဲက သုံးဦးဟာဆိုရင် တက္ကဆက်စ်ပြည်နယ်မှာ အရေးပေါ် လူနာတင်ယာဉ်တစီး ရေခဲကြောင့် ချော်နေတဲ့ လမ်းပေါ်ကနေ ဘေးကျသွားတာကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

VOA

RangonNewsDaily: February . 14 .2014
အမေရိကန်ပြည်ထောင်စုက ပြည်နယ်တော်တော်များများမှာ ဒီနှစ်ပိုင်းတွေမှာ ထူးထူးခြားခြား လွန်ကဲတဲ့ ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို ခံနေရပြီး၊ နှင်းတွေဖုံးလွှမ်းပြီး ရေခဲသွားတဲ့အထိ အန္တရာယ်ကြီးတဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံနေရပါတယ်။

ရန်ကုန်တိုင်းတွင် အဆိပ်သောက် သေကြောင်းကြံမှုနှင့် ဆွဲကြိုးချသေဆုံးမှုတို့ တစ်ရက်အတွင်းဖြစ်

RangonNewsDaily: February . 14 .2014
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အတွင်း အမျိုးသမီးတစ်ဦး အဆိပ်သောက်သေကြောင်း ကြံစည်မှု တစ်ခုနှင့် အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ပထမဖြစ်စဉ်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်သဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာရဲစခန်း တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့သည်။

ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန်ပြော

RangonNewsDaily: February . 14 .2014
အီရန်ကို ကျူးကျော်တိုက်ခိုက်လာပါက အဆုံးအဖြတ်ပေးမည့်စစ်ပွဲကို ဆင်နွှဲသွားမည်ဟု အီရန် လက် နက်ကိုင်တပ်ရင်းများ၏ ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟပ်ဆန်ဖီရိုဇာဘာဒီက သတိပေးလိုက်ကြောင်း ဖေဖော် ၀ါရီ ၁၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အမေရိကန်၊ အစ္စရေး ဇီယွန်ဝါဒီများနှင့် အဆုံးအဖြတ်ပေးမည့်တိုက်ပွဲများ ဆင်နွှဲရန် အသင့်ရှိသည်ဟု ဗိုလ်ချုပ်ကြီး ဖီရိုဇာဘာဒီက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း ၎င်းတို့၏နိုင်ငံကို အသုံးချခွင့်ပြုပြီးအီရန်ကို မတိုက်ခိုက်ရန်လည်း ၎င်းက သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်

Photo: အိုဘားမား ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည်

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဆက်သွယ်ရေးဆိုင်ရာရုံးအတွင်း ရေးမှူး ဟာမီနီရို ကိုလိုမာက ဖိလစ်ပိုင်သမ္မတ ဘီနင်နို အကွီနို(၃)သည် အိုဘားမားနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သည်။ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ကာလ ကြာရှည်ဆက်ဆံလာခဲ့သည့် မဟာမိတ်နိုင်ငံဖြစ်သည်။

သမ္မတအိုဘားမားသည် ဧပြီလနှောင်းပိုင်းတွင် ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ကြေ ညာသည်။

အမေရိကန်နိုင်ငံက အဆိုပါခရီးစဉ်သည် အာရှ- ပစိဖိတ်နိုင်ငံများနှင့် အမေရိကန်နိုင်ငံကြား သံတမန် ဆက်ဆံရေး၊ စီးပွားရေးနှင့် လုံခြုံးရေးဆိုင်ရာ သဘောတူ ချက်များတိုးမြှင့်ရေးအတွက် ကြိုးပမ်းသော ခရီးစဉ်တစ်ခု ဖြစ်သည်ဟုဆိုသည်။

အိုဘားမားသည် အဆိုပါခရီးကို အောက်တိုဘာလ ကတည်းက သွားရောက်ရန်စီစဉ်ခဲ့သော်လည်း အမေရိကန် နိုင်ငံတွင် ၁၆ ရက်ကြာဖြစ်ပွားခဲ့သည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားမှုပြဿနာကြောင့် ပျက်ပြယ်သွားခဲ့ရသည်။

ဆင်ဟွာ။

RangonNewsDaily: February . 14 .2014
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးတိုးမြှင့်နိုင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

ချစ်သူအတွက် (ကဗျာ)

Happy Valentine Day မှာ ကျွန်တော် တယောက်သောသူ ကို အရမ်း လွမ်းတယ်....

ချစ်သူအတွက်

ဘယ်သူတွေဘာပြောပြော
ဘယ်သူတွေဘာလုပ်လုပ်
ဘယ်သူတွေဘာဖြစ်ဖြစ်
ဘယ်သူတွေဘယ်လို ပြောင်းပြောင်း
ကျွန်တော် ရွေးချယ် ခဲ့တဲ့ကျွန်တော် ချစ်သူက
ကျွန်တော် အတွက်
တန်ဖိုးအရှိဆုံးနဲ့ အရှားပါးဆုံးဖြစ်ပြီး
ဘဝအတွက် အ ရေးပါဆုံးပါ
Sweet Valentine Day ပါချစ်သူ။

ကဗျာ-အောင်ကိုကို

RangonNewsDaily: February . 14 .2014
ချစ်သူအတွက်
ဘယ်သူတွေဘာပြောပြော
ဘယ်သူတွေဘာလုပ်လုပ်
ဘယ်သူတွေဘာဖြစ်ဖြစ်

ဗိုလ်ချုပ်မွေးနေ့ မန္တလေး ဆေးတက္ကသိုလ်သို့ ခန္ဓာကိုယ် လှူဒါန်းသူ မြင့်တက်

RangonNewsDaily: February . 14 .2014
မန္တလေး ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ သင်ကြားရေးပိုင်းအတွက် လိုအပ်လျက်ရှိသော ခန္ဓာဗေဒ လာရောက် လှူဒါန်းရန် ဆန္ဒပြုသူ ဦးရေသည် ပုံမှန်ရက်များထက် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် လှူဒါန်းသူ မြင့်တက်သွားကြောင်း ယင်းဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒူဘိုင်း၌ အနားယူ လေ့ကျင့်ခန်းဆင်းနေသည့် မန်ချက်စတာယူနိုက်တက်

Photo: ဒူဘိုင်း၌ အနားယူ လေ့ကျင့်ခန်းဆင်းနေသည့် မန်ချက်စတာယူနိုက်တက်

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ပွဲကစားရန် မရှိဘဲ ရက်ပိုင်းမျှ အနားရထားသည့် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဒူဘိုင်းရှိ ပူနွေးသော ရာသီဥတုတွင် အနားယူရင်း လေ့ကျင့်ခန်း အစီအစဉ် စတင်နေပြီ ဖြစ်သည်။ အသင်း၏ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ နီမန်ဂျာ ဗီဒစ်နှင့်အတူ ဒူဘိုင်းတွင် နေ့လယ်စာ စားပြီးနောက် ရိုက်ယူထားသည့် ဓာတ်ပုံကို Instagramတွင် လွှင့်တင်ခဲ့သည်။ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမ်းမရိတ်စ်တွင် အာဆင်နယ်နှင့် ဂိုးမရှိသရေ ကျခဲ့ပြီး မရှေးမနှောင်းမှာပင် အေးခဲနေသည့် အင်္ဂလန်ရာသီဥတုကို ကျောခိုင်းခဲ့ခြင်း ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ဗန်ပါစီသည် အသင်းဟောင်း အာဆင်နယ်နှင့် ပွဲစဉ်တွင် အပိုင်အခွင့်အရေး နှစ်ရပ်ကို လက်လွတ်သွားခဲ့ပြီး အသင်းအတွက် အနိုင်ရလဒ် ဆောင်ကြဉ်းပေးနိုင်ရန် ပျက်ကွက်ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသတွင်မူ ၎င်းသည် အသင်းဖော် ဗီဒစ်နှင့်အတူ ပျော်ရွှင်လန်းဆန်းနေဟန် တွေ့ရသည်။ ဗီဒစ်မှာမူ ရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းတော့မည်ဟု အတည်ပြုထားသည်။ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပြီးဆုံးရန် (၁၂)ပွဲအလိုတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)နေရာနှင့်ပင် (၁၁)မှတ် ပြတ်ကျန်နေပြီ ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily: February . 14 .2014
ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

Valentine's Dayကို ကြိုဆိုခဲ့သည့် ဗြိတိသျှ ရေတပ်သားများ

Photo: Valentine's Dayကို ကြိုဆိုခဲ့သည့် ဗြိတိသျှ ရေတပ်သားများ

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

Valentine's Dayကို ကြိုဆိုသောအားဖြင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သည်များကလည်း ၎င်းတို့၏ ဖျက်သင်္ဘောကြီး တစ်စင်းပေါ်တွင် တစ်တပ်တစ်အား စုရုံးဆင်နွှဲခဲ့ကြသည်။ HMS Daring ဖျက်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ရေတပ်သားများက စုရုံးက I Love Youဆိုသော စာတမ်းကို သရုပ်ပြ ဖော်ဆောင်ပြီး တစ်ကမ္ဘာလုံးနှင့်အတူ ချစ်သူများအတွက် ရည်ရွယ်သတ်မှတ်သည့် အမှတ်တရ နေ့ရက်ကို ကြိုဆိုကြသည်။ Type 45 သင်္ဘောကြီးသည် (၉)လကြာအောင် ကမ္ဘာပတ် ခုတ်မောင်း တာဝန်ထမ်းဆောင်ပြီးနောက် ယခုအခါ ဟမ့်ရှိုင်းယားရှိ ပို့စ်မောက်သ်ဆိပ်ကမ်းသို့ ပြန်လည် ဦးတည်နေပြီဖြစ်သည်။

ယင်းသည် ဗြိတိန်ရေတပ် သင်္ဘောတစ်စင်း၏ အချိန်အကြာဆုံး တာဝန်ထမ်းဆောင် ခုတ်မောင်းမှုလည်း ဖြစ်သည်။ သင်္ဘောပေါ်မှ ရေတပ်ဗိုလ် ဂျေဆန်ဟန်နင်ဂမ်က "ကျွန်တော်တို့ အနေနဲ့ မိသားစုကို အချိန်အတော်ကြာ ခွဲခွာခဲ့ရပါတယ်။ ရေတပ်သားတွေဟာ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခဲ့ကြတယ်။ ရဲရင့်တဲ့ ရေတပ်မိသားစုတွေအတွက် သူတို့က ရည်ရွယ်ပြီး ခုလို သတင်းစကား ပေးပို့ခဲ့တာပါ။ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာမှာ သူတို့ရဲ့ ချစ်သူတွေ ရှိနေလိမ့်မယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကိုယ်ပြောပြချင်တဲ့ သတင်းစကားကိုတော့ Valentine's Day အထိမ်းအမှတ်အဖြစ် စုရုံးပို့ဆောင်ခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

အဆိုပါ စာလုံးပုံဖော်မှုကို ရေတပ်ရဟတ်ယာဉ် တစ်စင်းက ဝေဟင်မှစီးမိုးပြီး ဓာတ်ပုံရိုက်ယူပေးခဲ့သည်။ တော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက "ရေတပ်ရဲ့ တစ်နှစ်တာလုံး Romantic အဆန်ဆုံး နေ့လေးတစ်နေ့ပါပဲ။ ရေတပ်သားတွေက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ကြတယ်။ ဒါဟာ သူတို့ရဲ့ မိသားစုတွေဆီ ပေးပို့လိုက်တဲ့ ခံစားချက်ပါပဲ။ ပို့စ်မောက်သ်မှာတော့ အားလုံး ပြန်ဆုံဆည်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြပါပြီ"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 14 .2014
Valentine's Dayကို ကြိုဆိုသောအားဖြင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သည်များကလည်း ၎င်းတို့၏ ဖျက်သင်္ဘောကြီး တစ်စင်းပေါ်တွင် တစ်တပ်တစ်အား စုရုံးဆင်နွှဲခဲ့ကြသည်။

မောင်တော ပဋိပက္ခ အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ပြုလုပ်ရန် ကင်တာနာ တိုက်တွန်း

RangonNewsDaily: February . 14 .2014
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခ ဖြစ်စဉ် အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြောင်း CNA သတင်းတရပ်တွင် ဖော်ပြထားသည်။

ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၆၀၀ ကျော် လွတ်မြောက်

Photo: ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၆၀၀ ကျော် လွတ်မြောက်

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုဝန်ကြီးက ပြောခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

သူ့အနေနဲ့ အစိုးရက မြန်မာအကျဉ်းသားအရေး ထိတွေ့မှု မရှိလို့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ အခွင့်အရေး ဆုံးရှုံးနေတာတွေ လွှတ်တော်မှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီက အကျဉ်းသားတွေ ကျနော့်ကို ရေးလာတဲ့စာကို လွှတ်တော်မှာ တင်ပြခွင့်ရတယ်။ နံပါတ် ၁ ကတော့ ဒီမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြည်ထဲရေး ၀န်ကြီးတွေ ဖြေတဲ့အရာနဲ့ တကယ်အပြင်မှာ ဖြစ်တဲ့ အချက်တွေ ကွဲလွဲနေတယ်။ အဲဒီအပြင် ထိုင်းမှာရှိတဲ့ မြန်မာအကျဉ်းသားတွေကို ချိုးနှိမ်ထားတယ်။ ဥပမာ – သူတို့ရေးတဲ့ စာအရ အလုပ်လုပ်ရင် မြန်မာတွေက ထိုင်းအကျဉ်းသားတွေနဲ့ မတူပဲ ပိုလုပ်ရတယ်။ အစားကျွေးတဲ့ အခါမှာ အရေအတွက်ရော အရည်အချင်းရော မြန်မာအကျဉ်းသားတွေက ညံ့ဖျင်းတာ စားရတယ်။ နောက် ကျန်းမာရေးတဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ထိုင်းတွေနဲ့မတူဘူး၊ မြန်မာတွေကို အခွင့်အရေးချိုးနှိမ်ထားတယ်။ နောက်တခုက ဆရာဝန်ဆီမှာ ဆေးကုတဲ့ အခါမှာလည်း မြန်မာအကျဉ်းသားတွေက ထိုင်းအကျဉ်းသားတွေလို့ ကုသခွင့် မရဘူး။ အဲဒီလိုပဲ ပညာရေးလေ့လာမှုတွေမှာလည်း ဒီအတိုင်းပဲပေါ့။ ဒီလိုဟာတွေ ဖြစ်နေတဲ့ အကြောင်းအရင်းတွေ ထဲမှာ အဓိကတော့ မြန်မာသံရုံးရဲ့ ထိတွေ့မှုပေါ့၊ ပုံမှန်ထိတွေ့မှု မရှိဘူး။ မြန်မာမဟုတ်တဲ့ အခြား နိုင်ငံသံရုံးတွေက အကျဉ်းသားတွေနဲ့ ထိတွေ့တော့ သူတို့ အခွင့်အရေးတွေ ပိုရတာပေါ့။”

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေးစာချုပ် ချုပ်ဆိုထားတာ မရှိသေးတဲ့အတွက် မြန်မာအကျဉ်းသားတွေ လွတ်မြောက်ရေး မလုပ်ပေးနိုင်တာ ဖြစ်ပြီး ဒီလွှတ်တော်သက်တမ်းအတွင်း စာချုပ် အကောင်အထည်ပေါ်လာအောင် တနည်းနည်းနဲ့ ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ဦးသိန်းညွှန့်အနေနဲ့ ဒီမေးခွန်း လွှတ်တော်ထဲ မေးနိုင်ဖို့ အချက်အလက်တွေကို စာနယ်ဇင်းဆရာ ကိုဇော်သက်ထွေးထံက ရယူခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စ ကိုဇော်သက်ထွေးကို မေးကြည့်တော့ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၁ သောင်းလောက် ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းအကျဉ်းထောင်ကနေပြီးတော့ ထိုင်းနိုင်ငံက အကျဉ်းထောင် ၂၀ မှာ ရှိတဲ့ မြန်မာအကျဉ်းသားတွေရဲ့ စာရင်းကို သူတို့ ပြုစုပေးတယ်။ သူတို့က နည်းနည်းလွတ်လပ်ပုံပေါ်ပါတယ်။ ကျနော့်ဆီကို အဲဒီ စာရင်းရောက်လာတော့ နှစ်ကြီးကျတာ ၃၀၀၀ လောက်ရှိတယ်။ နှစ်သေးကျတာက ၇၀၀၀ ထောင်လောက်ရှိတဲ့အတွက် ထိုင်းမှာ မြန်မာအကျဉ်း ၁၀၀၀ လောက်ရှိတယ်။”

ကမ္ဘောဒီးယားအစိုးရဟာ ထိုင်းထောင်တွေထဲ အကျဉ်းကျနေတဲ့ သူ့နိုင်ငံသားတွေနဲ့ အဆက်မပြတ် ထိတွေ့မှုရှိတဲ့အတွက် အခုဆို ထိုင်းထောင်တွေထဲ ကမ္ဘောဒီးယားနိုင်ငံသားတွေ မရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ် မြန်မာအကျဉ်းသား လွှတ်ဖို့ ရှိပေမယ့် ထိုင်းနိုင်ငံရေး အခြေအနေကြောင့် လွတ်မလာပါဘူး။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် နှစ်နိုင်ငံအကျဉ်းသား လဲလှယ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ မြန်မာအစိုးရ ကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

DVB

RangonNewsDaily: February . 14 .2014
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားပါတယ်။

ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး