Pages

Friday, February 14, 2014

တောင်ငူမြို့မဈေးကြီး မီးလောင်၊ ဆိုင်ခန်း ၁၇၀၀ ကျော် ဆုံးရှုံး

Photo: တောင်ငူမြို့မဈေးကြီး မီးလောင်၊ ဆိုင်ခန်း ၁၇၀၀ ကျော် ဆုံးရှုံး
Friday, February 14, 2014

ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့မဈေးကြီးတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်မှ မီးစတင် လောင်ကျွမ်းခဲ့ရာ ဈေးဆိုင် ခန်းပေါင်း ၂၀၀၀ တွင် ၁၇၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
“မီးစလောင်တာက ဈေးအလယ်ပေါက်က စတယ်ပြောကြတယ်။ အခုထိ မီးညွှန့်မကျိုးသေးဘူး။ ၇ နာရီခွဲလောက်မှာ သံဖြူတန်းဘက်ကို ကူးသွားပြီ။ လူနေ ရပ်ကွက်တွေကိုတော့ မီးကူးမဲ့ပုံ မပေါ်ဘူး” ဟု မြို့ခံ တစ်ဦးဖြစ်သူ ဦးဝင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်၌ မီးစတင် လောင်ကျွမ်းမှုမှာ မည်သည့်ဆိုင်ခန်းက စတင်သည်ဟု မပြောနိုင်သော်လည်း မီးညွှန့် တက်လာချိန်တွင် ဈေးကြီး အလယ်ပေါက် ရေတွင်းကြီးအနီးမှ စတင်ခဲ့ပုံရကြောင်းနှင့် အဆိုပါ မီးလောင်မှုသည် ဈေးကြီးအတွင်း အဝတ်အထည် ရောင်းချသော ဆိုင်များနှင့် ကုန်ခြောက်ဆိုင်အချို့မှ စားအုန်းဆီပီပါ များကြောင့် မီးငြှိမ်းသတ်ရန် မလွယ်ကြောင်း မျက်မြင် တွေ့ရှိသူအချို့က မှတ်ချက်ပြုသည်။

တောင်ငူမြို့ဈေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ၁၉၈၁ ခုနှစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးရာ ယင်းမီးလောင်မှုကြောင့် မြို့မဈေး အနောက်ဘက်ခြမ်း တစ်ခုလုံး ဆုံးရှုံးခဲ့ရသော်လည်း လူနေအိမ်များကို မီးကူးခဲ့ခြင်းမရှိဟု တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်မှ အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။
“ကျွန်မအသက် ၁၀ နှစ်လောက်က လောင်တဲ့မီးက ပိုကြီးတယ်။ ဆီပီပါကြီးတွေ လေထဲမှာ ပျံနေတာ တွေ့ဖူးတယ်” ဟု ယင်းဈေးကြီးနှင့် ကိုက် ၁၀၀ နီးပါးအကွာ ကုန်သည်ကြီးလမ်းရှိ တိုက်တန်းလျားတွင် နေထိုင်သည့် အသက် ၄၀ နီးပါးအရွယ်ရှိ ဒေါ်ချိုက ပြောဆိုသည်။

ယင်းဈေးမီးလောင်မှုမှာ ည ၈ နာရီ အချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးရာ တောင်ငူမြို့ခံ မီးသတ်ကားများသာမက ရေတာရှည်၊ ဖြူး၊ ထန်းတပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ် မီးသတ်ကားများနှင့် မြို့ခံလူမှုရေး အသင်းအဖွဲ့များ အပါအဝင် မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ သံဃာတော်များပါ မီးငြှိမ်းသတ်ပေးကြကြောင်း မျက်မြင် တွေ့ရှိရသည့် မြို့ခံများက ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသော နေရာသည် မြို့လယ်ကောင် ဖြစ်သည့်အပြင် မီးသတ်ကားများ ဝင်ထွက်ရန်လမ်း နယ်နိမိတ် ကျဉ်းမြောင်းမှုကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း မျက်မြင်အချို့က ပြောဆိုသည်။

ယင်းဈေးကြီး မီးလောင်မှု မတိုင်ခင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်က အဆိုပါ ရပ်ကွက်ကုန်သည် ကြီးလမ်းရှိ ဝင်းသီရီပဲကြော်ဖိုနှင့် ဟန်းဆက်ပစ္စည်း အရောင်းဆိုင် အပါအဝင် လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူမြို့ခံများနှင့် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

တောင်ငူ မြို့မဈေးကြီး မီးလောင်မှုမှာ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ဈေးအနောက်ဘက်ခြမ်း တစ်ခုလုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး ဈေးအရှေ့ဘက်ခြမ်း သုံးပုံနှစ်ပုံ မီးလောင် ဆုံးရှုံးခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 14 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့မဈေးကြီးတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်မှ မီးစတင် လောင်ကျွမ်းခဲ့ရာ ဈေးဆိုင် ခန်းပေါင်း ၂၀၀၀ တွင် ၁၇၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။“မီးစလောင်တာက ဈေးအလယ်ပေါက်က စတယ်ပြောကြတယ်။ အခုထိ မီးညွှန့်မကျိုးသေးဘူး။ ၇ နာရီခွဲလောက်မှာ သံဖြူတန်းဘက်ကို ကူးသွားပြီ။ လူနေ ရပ်ကွက်တွေကိုတော့ မီးကူးမဲ့ပုံ မပေါ်ဘူး” ဟု မြို့ခံ တစ်ဦးဖြစ်သူ ဦးဝင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်၌ မီးစတင် လောင်ကျွမ်းမှုမှာ မည်သည့်ဆိုင်ခန်းက စတင်သည်ဟု မပြောနိုင်သော်လည်း မီးညွှန့် တက်လာချိန်တွင် ဈေးကြီး အလယ်ပေါက် ရေတွင်းကြီးအနီးမှ စတင်ခဲ့ပုံရကြောင်းနှင့် အဆိုပါ မီးလောင်မှုသည် ဈေးကြီးအတွင်း အဝတ်အထည် ရောင်းချသော ဆိုင်များနှင့် ကုန်ခြောက်ဆိုင်အချို့မှ စားအုန်းဆီပီပါ များကြောင့် မီးငြှိမ်းသတ်ရန် မလွယ်ကြောင်း မျက်မြင် တွေ့ရှိသူအချို့က မှတ်ချက်ပြုသည်။

တောင်ငူမြို့ဈေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ၁၉၈၁ ခုနှစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးရာ ယင်းမီးလောင်မှုကြောင့် မြို့မဈေး အနောက်ဘက်ခြမ်း တစ်ခုလုံး ဆုံးရှုံးခဲ့ရသော်လည်း လူနေအိမ်များကို မီးကူးခဲ့ခြင်းမရှိဟု တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်မှ အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။
“ကျွန်မအသက် ၁၀ နှစ်လောက်က လောင်တဲ့မီးက ပိုကြီးတယ်။ ဆီပီပါကြီးတွေ လေထဲမှာ ပျံနေတာ တွေ့ဖူးတယ်” ဟု ယင်းဈေးကြီးနှင့် ကိုက် ၁၀၀ နီးပါးအကွာ ကုန်သည်ကြီးလမ်းရှိ တိုက်တန်းလျားတွင် နေထိုင်သည့် အသက် ၄၀ နီးပါးအရွယ်ရှိ ဒေါ်ချိုက ပြောဆိုသည်။

ယင်းဈေးမီးလောင်မှုမှာ ည ၈ နာရီ အချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးရာ တောင်ငူမြို့ခံ မီးသတ်ကားများသာမက ရေတာရှည်၊ ဖြူး၊ ထန်းတပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ် မီးသတ်ကားများနှင့် မြို့ခံလူမှုရေး အသင်းအဖွဲ့များ အပါအဝင် မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ သံဃာတော်များပါ မီးငြှိမ်းသတ်ပေးကြကြောင်း မျက်မြင် တွေ့ရှိရသည့် မြို့ခံများက ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသော နေရာသည် မြို့လယ်ကောင် ဖြစ်သည့်အပြင် မီးသတ်ကားများ ဝင်ထွက်ရန်လမ်း နယ်နိမိတ် ကျဉ်းမြောင်းမှုကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း မျက်မြင်အချို့က ပြောဆိုသည်။

ယင်းဈေးကြီး မီးလောင်မှု မတိုင်ခင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညဥ့်သန်းခေါင်ယံ အချိန်က အဆိုပါ ရပ်ကွက်ကုန်သည် ကြီးလမ်းရှိ ဝင်းသီရီပဲကြော်ဖိုနှင့် ဟန်းဆက်ပစ္စည်း အရောင်းဆိုင် အပါအဝင် လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူမြို့ခံများနှင့် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

တောင်ငူ မြို့မဈေးကြီး မီးလောင်မှုမှာ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ဈေးအနောက်ဘက်ခြမ်း တစ်ခုလုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး ဈေးအရှေ့ဘက်ခြမ်း သုံးပုံနှစ်ပုံ မီးလောင် ဆုံးရှုံးခဲ့သည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment