Pages

Friday, February 14, 2014

ဒူဘိုင်း၌ အနားယူ လေ့ကျင့်ခန်းဆင်းနေသည့် မန်ချက်စတာယူနိုက်တက်

Photo: ဒူဘိုင်း၌ အနားယူ လေ့ကျင့်ခန်းဆင်းနေသည့် မန်ချက်စတာယူနိုက်တက်

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ပွဲကစားရန် မရှိဘဲ ရက်ပိုင်းမျှ အနားရထားသည့် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဒူဘိုင်းရှိ ပူနွေးသော ရာသီဥတုတွင် အနားယူရင်း လေ့ကျင့်ခန်း အစီအစဉ် စတင်နေပြီ ဖြစ်သည်။ အသင်း၏ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ နီမန်ဂျာ ဗီဒစ်နှင့်အတူ ဒူဘိုင်းတွင် နေ့လယ်စာ စားပြီးနောက် ရိုက်ယူထားသည့် ဓာတ်ပုံကို Instagramတွင် လွှင့်တင်ခဲ့သည်။ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမ်းမရိတ်စ်တွင် အာဆင်နယ်နှင့် ဂိုးမရှိသရေ ကျခဲ့ပြီး မရှေးမနှောင်းမှာပင် အေးခဲနေသည့် အင်္ဂလန်ရာသီဥတုကို ကျောခိုင်းခဲ့ခြင်း ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ဗန်ပါစီသည် အသင်းဟောင်း အာဆင်နယ်နှင့် ပွဲစဉ်တွင် အပိုင်အခွင့်အရေး နှစ်ရပ်ကို လက်လွတ်သွားခဲ့ပြီး အသင်းအတွက် အနိုင်ရလဒ် ဆောင်ကြဉ်းပေးနိုင်ရန် ပျက်ကွက်ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသတွင်မူ ၎င်းသည် အသင်းဖော် ဗီဒစ်နှင့်အတူ ပျော်ရွှင်လန်းဆန်းနေဟန် တွေ့ရသည်။ ဗီဒစ်မှာမူ ရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းတော့မည်ဟု အတည်ပြုထားသည်။ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပြီးဆုံးရန် (၁၂)ပွဲအလိုတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)နေရာနှင့်ပင် (၁၁)မှတ် ပြတ်ကျန်နေပြီ ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily: February . 14 .2014
ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။ပွဲကစားရန် မရှိဘဲ ရက်ပိုင်းမျှ အနားရထားသည့် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဒူဘိုင်းရှိ ပူနွေးသော ရာသီဥတုတွင် အနားယူရင်း လေ့ကျင့်ခန်း အစီအစဉ် စတင်နေပြီ ဖြစ်သည်။ အသင်း၏ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ နီမန်ဂျာ ဗီဒစ်နှင့်အတူ ဒူဘိုင်းတွင် နေ့လယ်စာ စားပြီးနောက် ရိုက်ယူထားသည့် ဓာတ်ပုံကို Instagramတွင် လွှင့်တင်ခဲ့သည်။ 

ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမ်းမရိတ်စ်တွင် အာဆင်နယ်နှင့် ဂိုးမရှိသရေ ကျခဲ့ပြီး မရှေးမနှောင်းမှာပင် အေးခဲနေသည့် အင်္ဂလန်ရာသီဥတုကို ကျောခိုင်းခဲ့ခြင်း ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း FAဖလား ပွဲစဉ်များသာ ကစားရန် ရှိနေပြီး ယူနိုက်တက်သည် ယင်းပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ အပန်းဖြေ လေ့ကျင့်ရေး ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

ဗန်ပါစီသည် အသင်းဟောင်း အာဆင်နယ်နှင့် ပွဲစဉ်တွင် အပိုင်အခွင့်အရေး နှစ်ရပ်ကို လက်လွတ်သွားခဲ့ပြီး အသင်းအတွက် အနိုင်ရလဒ် ဆောင်ကြဉ်းပေးနိုင်ရန် ပျက်ကွက်ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသတွင်မူ ၎င်းသည် အသင်းဖော် ဗီဒစ်နှင့်အတူ ပျော်ရွှင်လန်းဆန်းနေဟန် တွေ့ရသည်။

ဗီဒစ်မှာမူ ရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းတော့မည်ဟု အတည်ပြုထားသည်။ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပြီးဆုံးရန် (၁၂)ပွဲအလိုတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)နေရာနှင့်ပင် (၁၁)မှတ် ပြတ်ကျန်နေပြီ ဖြစ်သည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment