Pages

Friday, February 14, 2014

ရန်ကုန်တိုင်းတွင် အဆိပ်သောက် သေကြောင်းကြံမှုနှင့် ဆွဲကြိုးချသေဆုံးမှုတို့ တစ်ရက်အတွင်းဖြစ်

RangonNewsDaily: February . 14 .2014
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အတွင်း အမျိုးသမီးတစ်ဦး အဆိပ်သောက်သေကြောင်း ကြံစည်မှု တစ်ခုနှင့် အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ပထမဖြစ်စဉ်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်သဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာရဲစခန်း တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့သည်။
ထို့ကြောင့် ပိုလိုပိုးသတ်ဆေးသောက်၍ သေကြောင်းကြံစည်ခဲ့သူမှာ လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်နေ မသီတာ (၂၆)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

၎င်းမှာ ဆေးရုံတွင် သတိရသော်လည်း စကားမပြောနိုင်သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆက်လက်တင်ပို့ ကုသခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သူမကို မိမိကိုယ်ကို ပိုးသတ်ဆေးသောက်၍ သေကြောင်းကြံစည်မှုကြောင့် အရေးယူပေးရန် ဒု-ရဲအုပ် ရဲနိုင်က တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက (ပ)၁၇၄/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အရေးယူသွားမည်ဟုလည်း ဆိုထားသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ ညနေ ၅ နာရီ ခွဲအချိန်က ပုဇွန်တောင်မြို့နယ်၊ (၅) ရပ်ကွက်၊ တိုက်(၁)ရှိ အတက် အဆင်း လှေကားရင်း တံခါးပေါက်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။သေဆုံးသူ မှာ ယင်းလိပ်စာတွင် နေထိုင်သည့် ညီညီအောင်(ခ)ဖိုးရီးလေး (၂၆)နှစ်ဖြစ်ပြီး တိုက်အောက်ခြေ ၀င်/ထွက်ပေါက်ရှိ အပေါ်သံပန်းတွင် အ၀ါရောင်နိုင်လွန်ကြိုးဖြင့် လည်ပင်းတွင် ချည်နှောင်ပြီး ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်သည်။

ယင်းသေဆုံးသူတွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ကြိုးဆွဲချသေဆုံးသည့် လက္ခဏာများသာတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းသေဆုံးမှုကိုလည်း ဓမ္မတာတိုင်းသေဆုံးခဲ့ရခြင်း ဟုတ်မဟုတ် သိရှိရန် ပုဇွန်တောင်ရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment