Pages

Friday, February 14, 2014

Valentine's Dayကို ကြိုဆိုခဲ့သည့် ဗြိတိသျှ ရေတပ်သားများ

Photo: Valentine's Dayကို ကြိုဆိုခဲ့သည့် ဗြိတိသျှ ရေတပ်သားများ

ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၁၄

Valentine's Dayကို ကြိုဆိုသောအားဖြင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သည်များကလည်း ၎င်းတို့၏ ဖျက်သင်္ဘောကြီး တစ်စင်းပေါ်တွင် တစ်တပ်တစ်အား စုရုံးဆင်နွှဲခဲ့ကြသည်။ HMS Daring ဖျက်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ရေတပ်သားများက စုရုံးက I Love Youဆိုသော စာတမ်းကို သရုပ်ပြ ဖော်ဆောင်ပြီး တစ်ကမ္ဘာလုံးနှင့်အတူ ချစ်သူများအတွက် ရည်ရွယ်သတ်မှတ်သည့် အမှတ်တရ နေ့ရက်ကို ကြိုဆိုကြသည်။ Type 45 သင်္ဘောကြီးသည် (၉)လကြာအောင် ကမ္ဘာပတ် ခုတ်မောင်း တာဝန်ထမ်းဆောင်ပြီးနောက် ယခုအခါ ဟမ့်ရှိုင်းယားရှိ ပို့စ်မောက်သ်ဆိပ်ကမ်းသို့ ပြန်လည် ဦးတည်နေပြီဖြစ်သည်။

ယင်းသည် ဗြိတိန်ရေတပ် သင်္ဘောတစ်စင်း၏ အချိန်အကြာဆုံး တာဝန်ထမ်းဆောင် ခုတ်မောင်းမှုလည်း ဖြစ်သည်။ သင်္ဘောပေါ်မှ ရေတပ်ဗိုလ် ဂျေဆန်ဟန်နင်ဂမ်က "ကျွန်တော်တို့ အနေနဲ့ မိသားစုကို အချိန်အတော်ကြာ ခွဲခွာခဲ့ရပါတယ်။ ရေတပ်သားတွေဟာ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခဲ့ကြတယ်။ ရဲရင့်တဲ့ ရေတပ်မိသားစုတွေအတွက် သူတို့က ရည်ရွယ်ပြီး ခုလို သတင်းစကား ပေးပို့ခဲ့တာပါ။ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာမှာ သူတို့ရဲ့ ချစ်သူတွေ ရှိနေလိမ့်မယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကိုယ်ပြောပြချင်တဲ့ သတင်းစကားကိုတော့ Valentine's Day အထိမ်းအမှတ်အဖြစ် စုရုံးပို့ဆောင်ခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

အဆိုပါ စာလုံးပုံဖော်မှုကို ရေတပ်ရဟတ်ယာဉ် တစ်စင်းက ဝေဟင်မှစီးမိုးပြီး ဓာတ်ပုံရိုက်ယူပေးခဲ့သည်။ တော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက "ရေတပ်ရဲ့ တစ်နှစ်တာလုံး Romantic အဆန်ဆုံး နေ့လေးတစ်နေ့ပါပဲ။ ရေတပ်သားတွေက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ကြတယ်။ ဒါဟာ သူတို့ရဲ့ မိသားစုတွေဆီ ပေးပို့လိုက်တဲ့ ခံစားချက်ပါပဲ။ ပို့စ်မောက်သ်မှာတော့ အားလုံး ပြန်ဆုံဆည်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြပါပြီ"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily: February . 14 .2014
Valentine's Dayကို ကြိုဆိုသောအားဖြင့် ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သည်များကလည်း ၎င်းတို့၏ ဖျက်သင်္ဘောကြီး တစ်စင်းပေါ်တွင် တစ်တပ်တစ်အား စုရုံးဆင်နွှဲခဲ့ကြသည်။ HMS Daring ဖျက်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ရေတပ်သားများက စုရုံးက I Love Youဆိုသော စာတမ်းကို သရုပ်ပြ ဖော်ဆောင်ပြီး တစ်ကမ္ဘာလုံးနှင့်အတူ ချစ်သူများအတွက် ရည်ရွယ်သတ်မှတ်သည့် အမှတ်တရ နေ့ရက်ကို ကြိုဆိုကြသည်။ Type 45 သင်္ဘောကြီးသည် (၉)လကြာအောင် ကမ္ဘာပတ် ခုတ်မောင်း တာဝန်ထမ်းဆောင်ပြီးနောက် ယခုအခါ ဟမ့်ရှိုင်းယားရှိ ပို့စ်မောက်သ်ဆိပ်ကမ်းသို့ ပြန်လည် ဦးတည်နေပြီဖြစ်သည်။

ယင်းသည် ဗြိတိန်ရေတပ် သင်္ဘောတစ်စင်း၏ အချိန်အကြာဆုံး တာဝန်ထမ်းဆောင် ခုတ်မောင်းမှုလည်း ဖြစ်သည်။ သင်္ဘောပေါ်မှ ရေတပ်ဗိုလ် ဂျေဆန်ဟန်နင်ဂမ်က "ကျွန်တော်တို့ အနေနဲ့ မိသားစုကို အချိန်အတော်ကြာ ခွဲခွာခဲ့ရပါတယ်။ ရေတပ်သားတွေဟာ ကိုယ့်တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခဲ့ကြတယ်။ 

ရဲရင့်တဲ့ ရေတပ်မိသားစုတွေအတွက် သူတို့က ရည်ရွယ်ပြီး ခုလို သတင်းစကား ပေးပို့ခဲ့တာပါ။ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာမှာ သူတို့ရဲ့ ချစ်သူတွေ ရှိနေလိမ့်မယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကိုယ်ပြောပြချင်တဲ့ သတင်းစကားကိုတော့ Valentine's Day အထိမ်းအမှတ်အဖြစ် စုရုံးပို့ဆောင်ခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

အဆိုပါ စာလုံးပုံဖော်မှုကို ရေတပ်ရဟတ်ယာဉ် တစ်စင်းက ဝေဟင်မှစီးမိုးပြီး ဓာတ်ပုံရိုက်ယူပေးခဲ့သည်။ တော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက "ရေတပ်ရဲ့ တစ်နှစ်တာလုံး Romantic အဆန်ဆုံး နေ့လေးတစ်နေ့ပါပဲ။ ရေတပ်သားတွေက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ကြတယ်။ 

ဒါဟာ သူတို့ရဲ့ မိသားစုတွေဆီ ပေးပို့လိုက်တဲ့ ခံစားချက်ပါပဲ။ ပို့စ်မောက်သ်မှာတော့ အားလုံး ပြန်ဆုံဆည်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြပါပြီ"ဟု ပြောဆိုသွားသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment