မန္တလေး။ ဇူလိူင် ၂၉. ၂၀၂၆
Trending News
NEWS
|
9:15 AM
သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း၊ပေါ်တွင် ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်
22.December.2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၀)တွင် ဒီဇင်ဘာလ ၂၀ရက် နေ့လည် ၁၂ ၃၀ အချိန်ခန့်က တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။
NEWS
|
9:12 AM
အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရ
21.December.2025
မကွေးတိုင်း၊ အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
NEWS
|
9:06 AM
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာပြီး လဝက အချုပ်ခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သားတွေကို လေယာဉ်နဲ့ မိခင်နိုင်ငံကို ထပ်မံ ပြန်ပို့
NEWS
|
9:02 AM
ကရင်နှစ်သစ်ကူးပွဲများ မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့မှာ ဒီနေ့ ပြုလုပ်
NEWS
|
3:43 PM
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်
16.December.2025
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
NEWS
|
10:32 PM
ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ "အောင်စိုးမင်း ဆိုင်းအဖွဲ့က ငါးယောက်ကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီး
ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ကာ သရုပ်ဖော် ကပြခဲ့တဲ့ " အောင်စိုးမင်း” ဂီတပဒေသာ ဆိုင်းအဖွဲ့က ဆိုင်းဆရာအပါအဝင် ငါးယောက်ကို ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ၂၉၄/ ၂၉၅-က နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
NEWS
|
10:33 AM
တော်လှန်ရေးတပ်များက မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကိုတိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့
ပြင်ဦးလွင်၊ ဩဂုတ် ၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်
မှသိရသည်။
ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် ထိုသို့ စစ်တပ်၊ရဲနှင့်ဝန်ထမ်းများ၏ မိသားစုဝင်များ အလုံးအရင်းဖြင့် ပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဩဂုတ်လ ၅ ရက်နေ့မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရမခတိုင်းက စစ်အရာရှိကြီးတွေ အဖမ်းခံထားရတယ်။ ရမခတိုင်းစစ်ဌာနချုပ်ကို အစွမ်းကုန် ခုခံကာကွယ်တယ်ဆိုတဲ့ သတင်းစကားထွက်ပြောတဲ့အချိန်မှာ ပြင်ဦးလွင်တပ်အသိုင်းအ၀ိုင်းမှာ အတော်ကို ဂယက် စရိုက်တာပဲ။
ပြင်ဦးလွင်ကို ဟိုနေ့ လာတိုက်တော့ မယ်၊ ဒီနေ့ လာတိုက်ခိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်း ပါးစပ် သတင်းတွေ ထွက်နေတယ်။ တပ်မိသားစုတွေကတော့ မနေ့က အတော်များများ ပြောင်းကုန်ကြပြီ။
ရန်ကုန်ပြောင်းကြ တာ များတယ်။ ပြင်ဦးလွင်မြို့မရဲ စခန်းမှာလည်း ရဲမိသားစုဝင်တွေကို ရဲတွေက ရှောင်ခိုင်းနေပြီ။ ဝန်ထမ်းမိသား စုတွေလည်း စုပေါင်းကားတွေငှားပြီး ပြင်ဦးလွင်က ပြန်ဆင်းကြတာများတယ်" ဟု ပြင်ဦးလွင်မြို့မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၊ စစ် အင်ဂျင်နီယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ်များမှ စစ်အရာရှိမိသားစုဝင်များမှာ ကိုယ်ပိုင်ကားများ၊ စုပေါင်းငှားရမ်းထားသော ကားများဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်ကမူ တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုဝင်များ၊ Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ ပြောင်းရွှေ့မှုအပေါ် တစ်စုံတစ်ရာ တားဆီးမှုမရှိဘဲ တချို့တပ်ရင်းများတွင် တပ်မှူးနှင့် တပ်အကြီးအကဲများကိုယ်တိုင် မိသားစုဝင်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးနေကြောင်း သိရှိရသည်။
"ပြင်ဦးလွင်မှာရှိတဲ့ တပ်အကြီးပိုင်းမိသားစုတွေတော့ နေပြည်တော်ပြောင်းကြပြီ။ မနေ့ညနေက ရပ်ကွက်နေပြည်သူတွေမပြေးဖို့နဲ့ မီဒီယာတွေ့ သတင်းအမှားတွေမယုံဖို့လိုက်ပြောတယ်။ တပ်မိသားစုတွေက တကယ်ကိုတိတ်တဆိတ် ပြေးနေကြပြီ။ ဗိုလ်ကတော် ကျောင်းဆရာမတွေလည်း ကျောင်မလာကြတော့ဘူး။ နောက်ပြီး ပြင်ဦးလွင် မိုးကြိုးကွက်သစ် ဘုရားကုန်းမှာ စစ်တပ်က အင် အား အများပြားချနေရာယူထားကြတယ်။ အထပ်မြင့် အဆောက်အအုံတွေမှာလည်း စနိုက်ပါ တပ်သားတချို့ နေရာယူမယ်လို့ အိမ်ရှင်တွေကို လိုက်ပြောတာရှိတယ်" ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက ပြင်ဦးလွင်မြို့အတွင်းသို့ မိုးကုတ်၊ နောင်ချိုတို့ဘက်မှ ဝင်ရောက်လာမှုများကို တားမြစ်ထားပြီး မြို့အဝင်တွင် စစ်ဆေးမှုများကို ပိုမိုး တင်းကျပ်ထားကြောင်း၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုးတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြင်ဦးလွင်အခြေစိုက် တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။
NEWS
|
1:36 PM
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်ထိန်းချုပ်လိုက်ပြီး ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့ဖြစ်လာ
ကျောက်မဲ၊ ဩဂုတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို
TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်
ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်
ထံမှသိရသည်။
စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ပြီး မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်ပြီဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ ၊ ခမရ ၅၀၂ တို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ယင်းနောက်ဆုံး လက်ကျန်စခန်း ၂ ခုကို ၁ လခွဲနီးပါး တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။
"နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့ တွင် ကျောက်မဲ မြို့နယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ယင်းနောက် နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို ၁ လခွဲနီးပါး တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာကြောင်း သိရှိရသည်။
၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် နောင်ချို၊ မိုးကုတ်၊ လားရှိုး ပြီးလျှင် ကျောက်မဲမြို့နယ်သည် ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်ကြောင်း သိရှိရသည်။
NEWS
|
11:35 AM
သံလွင်မြစ်အတွင်း ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသည့် လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့
မော်လမြိုင်၊ ဩဂုတ် ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသော လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့ပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက်နေ့ နေ့လည်အချိန်က သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်း လှေဆိပ်အနီး သောင်တင်နေသော ကျောက်စလစ်တင်လှေကို အနီးရှိ ကတို့စက်လှေမှ သွားရောက်ကယ်ဆယ်စဉ် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သွားရောက် ကယ်ဆယ်သည့် လှေသမား နှစ်ဦးမှာ ရေထဲပြုတ်ကျကာ မျောပါသွားခဲ့သည်။
ရေထဲပြုတ်ကျကာ မျောပါ ပျောက်ဆုံးနေသော လှေသမား နှစ်ဦးကို ဒေသခံကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေရာ ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၅၀ အရွယ် လှေသမား၏ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။
ပျောက်ဆုံးနေသည့် အသက် ၂၄ နှစ်အရွယ် လှေသမားကို ပြန်တွေ့ခြင်း မရှိသေးကြောင်း သိရသည်။
NEWS
|
9:50 PM
တနင်္သာရီတိုင်း လောင်းလုံးမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးခဲ့
လောင်းလုံ။ သြဂုတ် ၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်သားနဲ့ရဲ အင်အား ၅၀ လောက်ရှိတဲ့ လောင်းလုံးမြို့မရဲစခန်းမှာ ဩဂုတ် ၃ ရက်နေ့ မနက် ၁၂ နာရီကျော်က စစ်ကောင်စီတပ်သားအချင်းချင်းစကားများပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိခဲ့တာပါ။
လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “၂ ရက်နေ့ည ၃ ရက်နေ့မနက်က စစ်ခွေးအချင်းချင်း အုပ်စုလိုက်အပြန်အလှန်ပစ်ကြတာ။ သူတို့ကအော်ပြီး ဆဲဆိုနေကြရင်းကနေ ပစ်ခတ်မှုဖြစ်တာ။ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။ ပစ်ခတ်မှုပြီးတော့ ထိတဲ့သူတွေကို ဆေးရုံချက်ချင်းပို့တာ” လို့ ပြောပါတယ်။
ရဲစခန်းမှာနေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း မူးပြီးအော်ဟစ်ဆဲဆိုရင်းက ပစ်ခတ်မှု ဖြစ်သွားခဲ့တယ်လို့ လောင်းလုံမြို့ခံတယောက်ကလည်း ပြောပါတယ်။
“သူတို့မူးပြီး ပထမ အော်ဟစ်ဆဲဆိုကြတယ်။ ပြီးတော့ ပစ်ခတ်သံတွေ ကြားရပြီး လူနာတင်ကားတွေ ရောက်လာတာပဲ။ ကြားတာကတော့ လွန်ခဲ့တဲ့ရက်ကမှ အသစ်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရှိရင်းစွဲတပ်သားတွေနဲ့ မတည့်ဘူးလို့ ကြားတယ်။ အဲ့တာကြောင့် ဖြစ်မယ်ထင်တာ။ ညကပစ်ခတ်မှုမှာက ၃ ယောက်သေပြီး ၇ ယောက်ကနေ ၁၀ ယောက်လောက် ဒဏ်ရာရတယ်ကြားတယ်။ သေတဲ့ ၃ ယောက်က စစ်သားတွေချည်းပဲတဲ့။ ဒဏ်ရာရတဲ့သူထဲမှာတော့ ရဲတွေရော စစ်သားတွေရော ပါတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ဒဏ်ရာရရှိတဲ့ ၇ ယောက်ကို ညတွင်းချင်း လူနာတင်ကားတွေနဲ့ ထားဝယ်ဆေးရုံဆီကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
NEWS
|
11:18 AM
ညောင်ရွှေမြို့ကို စစ်ရှောင်လာတဲ့ လွိုင်ကော်မြို့က လူငယ် ၁ဦး လုယက်ခံရပြီး ဓားဖြင့်အချက်များစွာထိုးသတ်ခံရ
ညောင်ရွှေ။ သြဂုတ် ၄
လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်လူငယ်တယောက် ဆိုင်ကယ်နဲ့ ဖုန်းအလုခံရပြီး ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ရွှေမြို့ကို စစ်ရှောင်လာသူ အသက် ၂၀ ကျော်အရွယ် ကိုဟိန်းထက်အောင်ဟာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ လုယက် သတ်ဖြတ်ခံခဲ့ရတာပါ။
သူနဲ့နီးစပ်သူ စစ်ရှောင်တယောက်က “ကလေးက အေးသာယာမှာ ကျောင်းတက်နေတာ။ ကျောင်းပိတ်လို့ ညောင်ရွှေမြို့ကို ပြန်လာနေချိန်ပဲ လမ်းပေါ် ဆိုင်ကယ် အလုခံရတာ။ ဓားပြတိုက်ခံရတာပေါ့နော်။ ပစ္စည်းကိုပဲ ယူသွားတာ မဟုတ်ဘူး။ လူကိုပါ သတ်သွားတယ်။ ဓားနဲ့ ၁၀ ချက်ကျော် ထိုးခံရတယ်။ ရက်ရက်စက်စက်ပါပဲ” လို့ ပြောပါတယ်။
ကိုဟိန်းထက်အောင်ဟာ သူ့ရဲ့မိခင်နဲ့အတူ ညောင်ရွှေမြို့မှာ စစ်ရှောင်ရင်း အေးသာယာ နည်းပညာတက္ကသိုလ်မှာ ပထမနှစ်တက်ရောက်နေတဲ့ ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ စျေးကုန်းရပ်ကွက်က နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသားကိုပါ သတ်သွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာက ဆိုင်တဆိုင်ကို လူတစုက ဓားပြဝင်တိုက်ပြီး ဆိုင်ရှင်လင်မယားကိုပါ သတ်ဖြတ်သွားသေးတယ်လို့ ပြောပါတယ်။
ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူ ပိုများလာတဲ့အပြင် ပြည်သူတွေရဲ့ စီးပွားရေး ကျပ်တည်းလာကြလို့ ဓားပြတိုက်တာ၊ လုယက်တာ၊ ခိုးတာ စတဲ့ အလွယ်လမ်းလိုက်လာတဲ့သူတွေ များလာတယ်လို့လည်း ပြောပါတယ်။
လုယက်သူ၊ ဓားပြတိုက်သူနဲ့ သူခိုးတွေကို ဒေသခံတွေက ဝိုင်းဖမ်းတာရှိပေမယ့် ရဲစခန်းကို အပ်တဲ့အချိန်မှာ ရဲတွေက ထိထိရောက်အရေးယူတာမရှိသလို ဖမ်းမိတဲ့ သူခိုး ဓားပြတွေကို ပြန်လွှတ်ပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
NEWS
|
9:48 AM
ရထားလမ်းရေကျော်နေတာကြောင့် ရပ်ဆိုင်းထားသည့် ရန်ကုန်-မော်လမြိုင်ရထား ပြန်ပြေးဆွဲ
မော်လမြိုင်။ သြဂုတ် ၄
ပဲခူးမြို့မှာ မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး ရထားလမ်းရေကျော်နေတာကြောင့် ရပ်ဆိုင်းထားတဲ့ ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန်ရထားကို ဩဂုတ် ၃ ရက်မှာ ပြန်လည်ပြေးဆွဲခဲ့တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ပါတယ်။
ပဲခူးမြို့ထဲမှာ ဇူလိူင် ၂၉ ရက်နေ့က မိုးသည်းသည်းထန်ထန် ရွာနေတာကြောင့် ပဲခူးဘူတာဝင်းထဲက တံတားအမှတ် ၆၀ ရေကျော်ပြီး ရထားဖြတ်သန်းလို့မရတာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ပဲခူးဘူတာဝင်းထဲမှာ ဩဂုတ် ၂ ရက်နေ့က ရေပြန်ကျသွားတာကြောင့် ဒီနေ့ ဩဂုတ် ၃ ရက်နေ့မှာ ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲတာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီး ဝန်ထမ်းတယောက်က ပြောပါတယ်။
“ဘူတာဝင်းထဲက ရေကျသွားတာနဲ့ လမ်းပိုင်းစစ်ဆေးပြီး တခါတည်း ပြေးဆွဲခဲ့တာပါ။ ပထမပြေးဆွဲတော့ရက်ဆိုတော့ လူကတော့ အနည်းငယ်နည်းပါတယ်။ ရထားခရီးစဉ်ဟာ ပြည်သူတွေ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အန္တရာယ်အကင်းဆုံးဖြစ်တာကြောင့် နေ့စဉ်ပြေးဆွဲပေးနိုင်အောင် ကြိုးစားပေးနေပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းမှာရှိတဲ့ တံတားတွေ မကြာခဏမိုင်းခွဲခံရတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့အချိန်မှာ ရထားပြန်လည်ပြေးဆွဲနိုင်တာဟာ ခရီးသည်တွေအတွက် ပိုအဆင်ပြေတယ်လို့ မော်လမြိုင်ဒေသခံတယောက်က ပြောပါတယ်။
မော်လမြိုင်-ရန်ကုန် အထက်တန်းရထားလက်မှတ်တွေကို ၂ ရက်၊ ၃ ရက်ကြိုတင် ရောင်းချမှာဖြစ်ပြီး ရိုးရိုးတန်း ရထားလက်မှတ်ကိုတော့ တရက်ကြိုတင်ပြီး မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ မွန်းလွဲ ၃ နာရီအထိ ရောင်းချသွားမှာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။
NEWS
|
5:55 PM
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ဓာတ်ပုံများနှင့်တကွ ကြေညာ
လားရှိုး၊ ဩဂုတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီး သတ်သိမ်းပိုက်ရရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ချေမှုန်း သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း ဓာတ်ပုံသက်သေများနှင့်တကွ ယနေ့ ကြေညာထားတာကိုတွေ့ရပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAA တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းနိုင်ခဲ့ကြောင် MNDAA က တရားဝင် ကြေညာ သည်။
လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အား လုံး ထွက်ပြေးသွားပြီဖြစ်ကာ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ နယ်မြေ ရှင်းလင်းနိုင်ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားပါတယ်။
သူတို့တွေ လုံးဝ တစ်နေရာကို ပြောင်းပြီးတော့ ခံစစ်ဆင်တဲ့ အနေ အထားမျိုးတော့ များပါတယ်။ ဒါပေမဲ့ ရမခ တိုင်းစစ်ဌာနချုပ်ရဲ့ စခန်းဌာနချုပ် နယ်မြေကြီး တစ်ခုလုံးကတော့ စစ်ကောင်စီတပ်တွေ အားလုံး စွန့်ခွာသွားပြီဖြစ်ပါတယ်ဗျ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က အတည်ပြုပြောကြားပါတယ်။
NEWS
|
5:46 PM
မော်လမြိုင် သံလွင်တံတားအနီးရှိ ခေါင်းဆေးကျွန်းနားမှာ စက်လှေ ၁ စီး မှောက်ပြီး လူ ၂ ဦး ပျောက်ဆုံး
မော်လမြိုင်။ သြဂုတ် ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ မုတ္တမကို ဆက်သွယ်ထားတဲ့ သံလွင်တံတားနားက ခေါင်းဆေးကျွန်းနားမှာ သြဂုတ် ၂ ရက် ဒီမနက်ပိုင်းက ကူးတို့စက်လှေတစီး တိမ်းမှောက်ကာ လူ ၂ ဦး ပျောက်ဆုံးနေကြောင်း သွားရောက်ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
မော်လမြိုင် သံလွင်တံတားအနီးရှိ ခေါင်းဆေးကျွန်းနားမှာ ဒီနေ့ မနက် ၁၀ နာရီလောက်က ကျောက်စရစ်တင်ဆောင်လာတဲ့ စက်လှေတစီး သောင်တင်ရာကို သွားရောက်ကူညီခဲ့တဲ့ နောက်ထပ် စက်လှေတစီး တိမ်းမှောက်ခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဘုရားဆိပ်က ကူးတို့လှေက ကျောက်စရစ်လှေကို ကူဖို့သွားတာမှာ မှောက်တာ။ ဘုရားဖူးလှေမှောက်တာ မဟုတ်ပါဘူး။ အခုပျောက်နေတဲ့ ၂ ယောက်ကလည်း ကူးတို့လှေက လှေသမားတွေပါ။ မြစ်ရေအခြေအနအရ ရေစစ်မှပဲ မှောက်တဲ့လှေကို ဆွဲလို့ရမှာပါ။”
အဲဒီ တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်မှာ လူ ၄ ဦး လိုက်ပါစီးနင်းခဲ့တာဖြစ်ပြီး လက်ရှိ ၂ ဦးသာ ကမ်းဘက်ကို ပြန်ကူးလာနိုင်ခဲ့ပေမဲ့ ကျန် ၂ ဦးမှာ ရေဝဲကတော့ထဲ မျောပါ ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။
Photo Crd-ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
NEWS
|
5:04 PM
မန္တလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင်ကြီးများတွင်ဆီပြတ်လပ်ကြောင့် စက်သုံးဆီ တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ပြင်ပပေါက်ဈေးကျပ်တစ်သောင်းဝန်းကျင်အထိ ရောင်းချမှုများ ရှိလာ
မန္တလေး။ သြဂုတ် ၂
ယခုရက်ပိုင်းများအတွင်း စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုနှင့် အချိန်ကြာမြင့်စွာ စီတန်းထုတ်ယူရမှုအခြေအနေများကြောင့် မန္တလေးမြို့တွင် စက်သုံးဆီပြင်ပပေါက်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီး တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ၈၀၀၀ ၊ ၉၀၀၀ ကျပ်မှ တစ်သောင်းကျပ်အထိ ရောင်းချမှုများရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည် ။
မန္တလေးမြို့ဧရိယာအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီထုတ်ယူရန် တန်းစီလျက်ရှိသည့် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များမှာ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ကာ စီတန်းစောင့်ဆိုင်းနေကြပြီး အဆိုပါယာဉ်တန်းမှာ ၄ မိုင် ၅ မိုင်ခန့်အထိပင် ရှိသည်ဟု မြို့ခံများက ပြောကြားသည် ။
" ဆီဆိုင်တွေမှာက တန်းစီတဲ့သူတွေ တစ်ရက်ထက်တစ်ရက် အရမ်းများလာတော့ မနက် ၆ နာရီထ တန်းစီတာတောင် ၃ နာရီကျော် တန်းလိုက်ရတယ် ။ အချိန် ၃ နာရီ တန်းစီပြီး ဆီသုံးထောင်ဖိုးပဲ ထည့်ပေးတာ " ဟု ဆိုင်ကယ်စီတန်းသူတစ်ဦးက ပြောကြားသည် ။
"ဆီဆိုင်တွေက ကားတစ်စီးကို တစ်သောင်းဖိုး ၊ နှစ်သောင်းဖိုးပဲ ပေးတယ် ။ ဆိုင်တချို့ကတော့ သုံးသောင်းဖိုးအထိ ပေးတယ် ပြောတာပဲ ။ ဆိုင်ကယ်ကတော့ တစ်စီးကို သုံးထောင်ဖိုး ငါးထောင်ဖိုး ဆိုပြီး ဆီခွဲတန်းအပေါ်မူတည်ပြီး ပေးတာ ။ ဆီ သုံးထောင်ဖိုးရဖို့ နေ့တဝက်လောက်ထိ တန်းစီနေရတာ " ဟု မြို့ခံတစ်ဦးက ပြောကြားသည် ။
ယင်းသို့ စီတန်းစောင့်ဆိုင်းချိန်ကြာမြင့်ခြင်း ၊ စက်သုံးဆီပြတ်လပ်လာခြင်းများကြောင့် ပြင်ပဆီ ပေါက်ဈေးနှုန်းများမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည် ။
" အစပိုင်းကတော့ ရေသန့်ဘူးတစ်ဘူးကို ၄၀၀၀ ၊ ၄၅၀၀ ကျပ် လောက်ပဲ ရှိသေးတာ ။ နောက်တော့ ၅၀၀၀ ၊ ၆၀၀၀ ဆိုပြီး ရောင်းကြတယ် ။ မနေ့ကတော့ တစ်ဘူးကို ၉၀၀၀ တဲ့ ။ ဒါတောင် ရေသန့်ဘူး အပြည့်မပါဘူး ။ ဆိုင်ကယ်က ဆီ လုံးဝ ပြတ်သွားတာမို့ မထည့်မဖြစ်လို့ ၉၀၀၀ ပေးပြီး ထည့်ခဲ့ရတယ် ။ တချို့နေရာတွေဆို တစ်ဘူးကို တစ်သောင်အထိ ရောင်းနေတာလို့ ကြားရတယ် " ဟု အမရပူရ ကွက်သစ်ရပ် နေထိုင်သူတစ်ဦးက ပြောကြားသည် ။
NEWS
|
10:05 AM
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီးကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေ
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီး
ကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေ
သထုံ၊ ဩဂုတ် ၂
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီး
ကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေတယ်လို့ ဒေသပြည်သူများကပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်း၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်တံတား အမှတ် ၃/၁၃၄ တံတားသည် မိုင်းပေါက်ကွဲသဖြင့် ကျိုးကျသွားကြောင်း သိရှိရသည်။
လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် လတ်တလော ကားလမ်း ယာယီ ပိတ်ထားရပြီး ကားအသွားအလာများ ယာယီရပ်ဆိုင်းနေကြောင်း သိရှိရသည်။
"လောလောဆယ်တော့ ကားအသွားအလာတွေတော့ လုပ်မရတော့ဘူး။ ပတ်သွားလို့ရမယ့် ရွာအပြင် လမ်းကြောင်းကလည်း မိုးရွာတွေတော့ ဗွက်တွေနဲ့ ရေတွေနဲ့ဆိုတော့ သွားလာလို့မရသေးဘူး။ မြေဖို့ပြီး လမ်းပြန်ဆက်ပေးမလားတော့မသိသေးဘူး" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
NEWS
|
8:24 PM
မိုးရွာသွန်းမှု များပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်း နေသည့် ပဲခူးမြစ်ရေ မြင့်တက်ခဲ့မူကြောင့် တစ်ပတ်နီးပါးအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့
1 AUGUST 2024
မိုးရွာသွန်းမှု များပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်း နေသည့် ပဲခူးမြစ်ရေ မြင့်တက်ခဲ့မူကြောင့် တစ်ပတ်နီးပါးအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး ပဲခူးမြစ်ရေ အနည်းငယ်ပြန်ကျလာကြောင်းသိရသည်။
ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးရွာသွန်းမှု များလာပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။တစ်ပတ်နီးပါးကာလအတွင်း ရေကြီးရေ လျှံမှုကြောင့် သေဆုံးသူများတွင် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဓာတ်လိုက်မှုကြောင့် ဆယ် ကျော်သက်အရွယ် ကျောင်းသားတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သေဆုံးမှုများ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။
ရှစ်နှစ်အရွယ် ကလေးငယ်သည် ဆော့ ကစားနေစဉ် မြောင်းပေါက်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည့် ဆယ်ကျော်သက် အရွယ်ကျောင်းသားသည် စက်ဘီးစီးလာစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ကလေးလေးရော ကျောင်းသားလေး ရော တစ်ရက်တည်း ဆုံးတာပါ။ ကျောင်းသား က ဖုန်းအားသွင်းထားတာ သွားယူပြီး စက်ဘီး နဲ့ ပြန်လာတာပါ။ အဲဒီနားမှာ ရေကနည်း နည်းလေးပဲရှိတယ်။ အထက (၁) ကျောင်းရှေ့ နားမှာ ဓာတ်လိုက်ခံရတာပါ” ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောကြားသည်။
ထို့ပြင် ပဲခူးမြို့ပေါ်ရပ်ကွက်တွင် လူလတ် ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
အလားတူ ပဲခူးမြို့တွင် ရေကြီးရေလျှံမှု ကြောင့် ကျောင်းအချို့ကို ယာယီပိတ်ထားရပြီး ရေပြန်ကျချိန်တွင် ပိတ်ထားခဲ့ရသည့်ရက်များ အတွက် အစားထိုး ပြန်လည်ဖွင့်လှစ်ရန် ပဲခူး တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
ရေကြီးခဲ့သည့်နေရာအချို့မှာ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ ပင်စည်ရပ်ကွက် အတွင်း ကားလမ်းရေကျော်ခြင်း၊ ဘောနတ် ကြီးကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေးဂိတ် အနီး ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေခြင်းနှင့် ပဲခူးရပ်ကွက်အချို့၊ ဇိုင်းဂနိုင်ဘက်တို့ဖြစ် ကြောင်း သိရသည်။
“ရေကနည်းနည်းတော့ ပြန်ကျနေပြီ။ မိုးထပ်မရွာပါစေနဲ့ပဲ ဆုတောင်းရမယ်” ဟု ပဲခူးမြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြစ် ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေကျော်တွင် ရောက်ရှိနေပြီး လာမည့်တစ် ရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်ကြောင်း သိရသည်။
မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း သြဂုတ် ၃ ရက်တွင် ပဲခူး မြစ်ရေသည် စိုးရိမ်ရေမှတ်အောက်ပြန်ကျနိုင် သည်ဟု ခန့်မှန်းထားသည်။
NEWS
|
10:52 AM
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းရှိလားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက သိမ်းပိုက်
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းရှိ
လားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက သိမ်းပိုက်
လားရှိုး၊ ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းရှိ လားရှိုးလေယာဉ်ကွင်းကို MNDAA တပ်များက ဇူလိုင်လ ၃၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး ယမန်နေ့ညပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဧည့်ရိပ်သာအထိ ဝင်ရောက်လာပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
လားရှိုးလေဆိပ်နှင့် လေယာဉ်ကွင်းကို ဇူလိုင်လ ၃၀ ရက်နေ့နှင့် ဇူလိုင်လ ၃၁ ရက်နေ့တို့တွင် ဆက်တိုက်သိမ်းပိုက်ပြီး လေယာဉ် ကွင်းအကျော် အားကစားကွင်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဧည့်ရိပ်သာအတွင်း ပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်များ ဝင်ရောက် လာခြင်းဖြစ် ကြောင်း သိရှိရသည်။
"အနီးကပ်တိုက်ပွဲတွေဖြစ်တယ်လို့ သိရတယ်။ မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဖွက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို ဆုတ်ခွာကြတယ်။ ဒီမနက်တော့ အခြေအနေအသေးစိတ် မသိရသေးဘူး။ မနေ့ညပိုင်းအထိကတော့ ရမခတိုင်းဧည့်ရိပ်သာထဲကို မြောက်ပိုင်း တပ်တွေအလုံးအရင်းနဲ့ဝင်လာတယ်လို့ သိရတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်ကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲအထိ တော်လှန်ရေး တပ်များရောက်ရှိနေပြီဖြစ်ပြီး ရမခအတွင်းတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းခြင်းနှင့် တိုက်ခိုက်သိမ်းပိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အသေးစိတ်အခြေအနေများကို သက်ဆိုင်ရာက ထုတ်ပြန် လိမ့်မည်ဖြစ်ကြောင်း၊ ရမခစစ်ဌာနချုပ်အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာမှုတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများ ဆက်တိုက် သိမ်းဆည်းရရှိမှုရှိကြောင်း ပြောဆိုသည်။
MNDAA တပ်များက ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး လားရှိုးမြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့ကာ အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်။
NEWS
|
7:09 PM
ပဲခူးရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းမှာ နေကြရတဲ့ ဝင်ငွေနည်းပြည်သူတွေ ထမင်းထုပ်နဲ့ သောက်ရေ မလုံလောက်လို့ အခက်အခဲ ကြုံတွေ့နေရ
July 31, 2024
ပဲခူးရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းမှာ နေကြရတဲ့ ဝင်ငွေနည်းပြည်သူတွေ ထမင်းထုပ်နဲ့ သောက်ရေ မလုံလောက်လို့ အခက်အခဲ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်တာအတွင်း ပဲခူးမြစ်ရေကြီးလာလို့ နေအိမ်တွေ ရေနစ်မြုပ်ကုန်ပြီး ကယ်ဆယ်ရေးစခန်းကို ရောက်လာကြရတဲ့ ပဲခူးမြို့နဲ့အနီးတဝိုက်က လက်လုပ်လက်စား ဒေသခံတွေမှာ ထမင်းထုပ်နဲ့ သောက်သုံးရေ မလုံလောက်တဲ့ အခက်အခဲ ဖြစ်နေကြပါတယ်။
ဇူလိုင် ၃၀ ရက်ညက မိသားစု ၅ ယောက်စာအတွက် ထမင်းတထုပ်ပဲ ရခဲ့တယ်လို့ ကျီးနီကန် ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ကျီးနီကန်ကယ်ဆယ်ရေးစခန်းမှာနေတာ။ အိုးလေးစုအပိုင်မှာနေတာ အိမ်တွေက မြုပ်သွားတော့။ မနေ့ကဆိုလို့ရှိရင် ညနေ ၄ နာရီကမှ ထမင်းတထုတ်ပဲရတယ်။ အိမ်ထောင်စုတစုကို တထုပ်ပဲ။ ကျနော့်မှာ မိသားစု ၅ ယောက်ရှိလည်း တထုပ်ပဲ။ ကိုယ့်ပိုက်ဆံရှိမှ အဆင်ပြေမယ်။ အခုရေတွေက ကြီးနေတော့ အလုပ်ကလည်း ပိတ်ထားတော့ စားဝတ်နေရေး အဆင်မပြေဘူး။ နေရာထိုင်ခင်းတွေကလည်း ပြည့်ကြပ်နေတယ်။ စားဝတ်နေရေးက အဆင်မပြေဘူး။ ကျနော် အခုထွက်လာတဲ့အချိန်ထိ ထမင်းထုပ် တထုပ်မှ မရဘူး။ ပိုက်ဆံမရှိလို့ နည်းနည်းပါးပါးသိကျွမ်းတဲ့သူဆီမှာ လိုက်ချေးကြည့်မယ်ဆိုပြီးထွက်လာတာ။ ကိုယ့်ပိုက်ဆံရှိမှ ချက်ပြုတ်ပြီးစားလို့ရမယ်။”
အခုနှစ် ပဲခူးရေကြီးရာမှာ ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိ ပဲခူးမြစ်ကူးတံတားအနီးနဲ့ ရွှေသာလျောင်း ဘုရားလမ်းဆုံအနီးမှာ မြစ်ရေအရှိန်နဲ့ ဖြတ်သန်းစီးဆင်းနေသလို လူတွေကလည်း ကြိုးတန်းတွေကို ဆွဲကိုင်ပြီး သက်စွန့်ဆံဖျားကူး သွားလာနေကြပါတယ်။ အရင်က ကားနဲ့သွားခဲ့တဲ့ လမ်းမကြီးတွေပေါ်မှာ ကူးတို့လှေတွေ ဖြတ်သန်းသွားလာနေပြီး ရေစီးအရှိန်ကြောင့် ဖြတ်သန်းသွားလာဖို့ အခက်အခဲရှိတဲ့သူတွေအား လှေတစီးကို ကျပ် ၅၀၀၀ သတ်မှတ်ပြီး လိုက်လံပို့ဆောင်ပေးနေကြပါတယ်။
မနှစ်ကလည်း ကြုံခဲ့ရတဲ့ ပဲခူးရေဘေးမှာ အလှူရှင်အများအပြားလာရောက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေနည်းပါးရတာက အလှူရှင်နဲ့ အကူညီလိုအပ်နေသူတွေကို တိုက်ရိုက်ပေးလှူတာကို စစ်ကောင်စီက တားမြစ်ထားတဲ့အတွက် အခက်အခဲတွေကို ပိုပြီးဖြစ်စေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတဦးက ပြောပါတယ်။
“မရဘူးဆိုတာက ကျနော်တို့က အခုအစ်မတို့က လှူချင်တယ်ဆိုရင် အစိုးရနဲ့တိုက်ရိုက်ချိတ်ပေးရ တယ်။ အစိုးရနဲ့တွေ့ဆုံပြီးတော့ ကျနော်တို့က ပြန်လှူရတယ်။ အရင်ပုံစံလို လှူချင်တိုင်း လှူလို့ အဆင်မပြေတော့ဘူး၊ အခက်အခဲတော့ဖြစ်တာပေါ့။”
ဒါကြောင့် တဦးချင်းကူညီထောက်ပံ့သူတွေအပြင် ပရဟိတအဖွဲ့လိုက် ကူညီထောက်ပံ့ လိုသူတွေ နည်းပါးလာပေမဲ့ အကူအညီကို မျှော်ကြသူတွေကလည်း ရေလွတ်ရာနေရာတွေမှာ လာရောက် စောင့်ဆိုင်းနေကြတာလည်း ရှိပါတယ်။
လတ်တလော ပဲခူးရေဘေးအတွက် လှူဒါန်းထားတဲ့ ထမင်းထုပ်တွေကို ပြန်လည်ဝေငှပုံနဲ့ ပတ်သက်ပြီး ရေဘေးဒုက္ခသည်တဦးက အခုလိုရှင်းပြပါတယ်။
“အုပ်စုက ကျနော်သိသလောက် အိုးလေးစုက ၁၊ ၂၊ ၃ ရှိတယ်။ ဇာဝနရှိတယ်။ ကြေးနီကန်ရှိတယ်။ အဲ့မှာရေမြုပ်တဲ့သူတွေ လာနေတာ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်လား မသိဘူး။ အဲ့ဒီမှာရှိတဲ့ ဥစ္စာမှာ ထမင်းထုပ်လာဝေတယ်။ လာလှူတဲ့အခါကျရင် လူဦးရေနဲ့ကြည့်လိုက်တယ်။ အိမ်ထောင်စုတစုကို တထုပ်ပေးမယ်ဆိုတော့ မလောက်တော့ မဲနှိုက်လိုက်တယ်။ ဒီလူကြီးအပိုင်က ပေါက်တယ်ဆိုရင် ဒီလူကြီးအပိုင်က အရင်ဝေ၊ သူ့အပိုင်က ပေါက်လို့ရှိရင် သူ့အပိုင်ကိုလှူ။ ၃ စုမှာ ပြတ်သွားတယ်ဆိုရင် ပြတ်တဲ့နေရာက ခဏစောင့် နောက်ထပ်ထမင်းထုပ်လာမှ ကျန်တဲ့လူက ထပ်ယူဆိုတော့ အိမ်ထောင်စုတစုမှာ ၅ ဦးရှိလည်း တထုပ်ပဲ ရမယ်။”
လတ်တလော ပဲခူးရေဘေးကြောင့် ဆက်သွယ်ရေးလမ်းတွေ ပြတ်တောက်နေသလို လိုင်းကား၊ ကုန်ကားနဲ့ စက်သုံးဆီ သယ်ဆောင်ရေး စတဲ့ မော်တော်ယာဉ်တွေက ရန်ကုန် -မန္တလေးလမ်းဟောင်းကို အသုံးမပြုနိုင်တော့ဘဲ ညောင်အင်းလမ်းခွဲကတဆင့် ပဲခူးစက်မှုဇုန် ဂိတ် ၃ လမ်းကို အသုံးပြုပြီး ပဲခူးမြို့ထဲကို ဝင်ရောက်ကြတာဖြစ်ပါတယ်။
အဲ့ဒီလို ကွေ့ပတ်သွားရတဲ့အတွက် ပဲခူး - ရန်ကုန်ကားခက ကျပ် ၁၀,၀၀၀ အထိ မြင့်တက်သွားသလို ပဲခူးဘူတာရုံမှာလည်း ရေတွေကြီးနေလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
ပဲခူးမြို့ပေါ်မှာ ရေဘေးကြောင့် ဈေးတွေ၊ ဆိုင်တွေ၊ အိမ်တွေပိတ်ထားရပြီး ရေက တရိပ်ရိပ်တက်လာနေတဲ့အပြင် မိုးကလည်း အဆက်မပြတ်ရွာသွန်းနေပါတယ်။ ပဲခူးမြို့ကြီးက မိုးရေတွေကြားမှာ ရေတွေတက်နေပေမဲ့ ကူညီကယ်ဆယ်မယ့်သူတွေ နည်းပါးလို့ တိတ်ဆိတ်လို့ နေပါတယ်။






