Pages

Friday, August 2, 2024

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီးကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေ

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီး
ကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေ

သထုံ၊ ဩဂုတ် ၂ 

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကမာစိုင်ရွာအနီးရှိ သံကူကွန် ကရစ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျပြီး
ကားလမ်း ယာယီ ပိတ်ထားရကာ ကားအသွားအလာများ ယာယီရပ်ဆိုင်းနေတယ်လို့ ဒေသပြည်သူများကပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်း၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်တံတား အမှတ် ၃/၁၃၄ တံတားသည် မိုင်းပေါက်ကွဲသဖြင့် ကျိုးကျသွားကြောင်း သိရှိရသည်။ 

လက်ရှိတွင် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် လတ်တလော ကားလမ်း ယာယီ ပိတ်ထားရပြီး ကားအသွားအလာများ ယာယီရပ်ဆိုင်းနေကြောင်း  သိရှိရသည်။  
"လောလောဆယ်တော့ ကားအသွားအလာတွေတော့ လုပ်မရတော့ဘူး။ ပတ်သွားလို့ရမယ့် ရွာအပြင် လမ်းကြောင်းကလည်း မိုးရွာတွေတော့ ဗွက်တွေနဲ့ ရေတွေနဲ့ဆိုတော့ သွားလာလို့မရသေးဘူး။ မြေဖို့ပြီး လမ်းပြန်ဆက်ပေးမလားတော့မသိသေးဘူး" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

0 comments:

Post a Comment