BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရ


21.December.2025

မကွေးတိုင်း၊ အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ယောက်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း၊ စစ်အုပ်စုဘက်လည်း ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

‌ေ-သဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီတိုင်း PDF ဗျူဟာ ၂၉ နဲ့ Asho Chin Defense Force တို့ကဖြစ်ပြီး ၃ယောက်စီကျဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကဆို‌ပါတယ်။

"စစ်တပ်ဘက်က ကြိုတင်သတင်းရပြီး အင်အား ၂၀ လောက်နဲ့ ကင်းပုန်းဝပ်ပြီး စောင့်ပစ်တာလို့ပြောတယ်။ မြင့်ဦးရွာဆိုတာကလည်း ပြလို့ ရွာလို စစ်တပ်အားကောင်းတဲ့နေရာနဲ့နီးတော့ ပျူစောထီးအားကောင်းတယ်" လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

တော်လှန်ရေးပူးပေါင်း ၂ဖွဲ့ဟာ အာရက္ခတပ်တော် AA ထံကနေ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့ရင်း အောင်လံမြို့နယ်အတွင်းမှာ အခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီး လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- ဆုံးရှုံးသွားသည့်လက်နက်များ