Pages

Saturday, June 29, 2013

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့အ
တွက် ခြေလှမ်းတလှမ်းထပ်လှမ်းလိုက်ပြန်ပါပြီ။အဲဒါကတော့အရင်နှစ်ကဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို
 အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။ Instagram ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်
သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။ဒါဟာ တွစ်တာရဲ့ Vine Video Platform ကို တိုက်ရိုက် စိန်ခေါ်
လိုက်တာပါပဲ။

Facebook ပိုင်ရှင် မက် ဇက်ကာဘတ် နဲ့  Instagram ပူးတွဲတည်ထောင်သူ ကေဗင် စစ်စထရွန် တို့က ဒီအစီ
အစဉ်ကို ကာလီဖိုးနီးယား ရုံးချုပ်မှာ အတူတကွ ကြေညာခဲ့တာဖြစ်ပါတယ်။

Facebook ဟာ ၂ဝ၁၂ ဧပြီမှာ Instagram ကို ဒေါ်လာသန်းတစ်ထောင်နဲ့ ဝယ်ယူခဲ့တာပါ။

Instagram ဟာ သီးသန့် အနေဖြင့် ဆက်လက်ရပ်တည်နေပြီး လူကြိုက်များတဲ့ ဓာတ်ပုံ မီဒီယာ Application တခုဖြစ်ပါတယ်။စမတ်ဖုန်း နဲ့  သင်ပုန်းကွန်ပြူတာတို့မှာပဲ ဓာတ်ပုံတွေကို ထူးခြားတဲ့ အရောင်အသွေးစုံ
အောင် အချိန်တိုအတွင်းပြုပြင်နိုင်ပြီး မိတ်ဆွေ၊ သူငယ်ချင်းများနဲ့  ရှယ်နိုင်တာကြောင့် လူကြိုက်များလှတဲ့ Application ပါပဲ။

InstragramဟာFacebook ရဲ့မိုဘိုင်းကနေတဆင့်ရမယ့် ကြော်ငြာများအတွက်မဟာဗျုဟာ တခုဖြစ်ပြီးကုမ္မဏီ
တွေကတဆင့် ကြော်ငြာခ အမြတ်အစွန်း အများအပြား ရရှိနေတဲ့ Application ဖြစ်ပါတယ်။

အမေရိက မှာတော့ လူဦးရေ သန်းပေါင်း၆ဝ ခန့်ဟာဗီဒီယို တွေကို သူတို့ ရဲ့ မိုဘိုင်းဖုန်းကနေ တဆင့်ကြည့်
ခဲ့ကြတယ်လို့ သိရပြီး ဒီအရေအတွက်ဟာ ယခုနှစ်မှာတော့ ၇၅ သန်းအထိ တိုးတက်လာနိုင်ကြောင်း eMark
eter က သုတေသန ပြုရှာဖွေ တွေ့ ရှိထားပါတယ်။ဒီတော့ ... မိုဘိုင်းကြော်ငြာဈေးကွက်ကို အုပ်စိုးချင်နေတဲ့
Facebook ဟာ ခြေလှမ်းသွက်လျက်ရှိနေပါတယ်။

Facebook နဲ့  Instagram တို့ ဘာကြောင့် ဗီဒီယို အတိုလေးတွေကိုထည့်ဖို့ အရေးထားသလဲဆိုတာကို Forbes မဂ္ဂဇင်းက သုံးသပ်ထားတာက ဒီလိုပါ ...

ပထမ အချက်အနေနဲ့  ဗီဒီယိုတွေဟာ ဓာတ်ပုံတွေထက် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ဇာတ်လမ်းတခု
ပမာ ဆွဲဆောင်နိုင်တာကြောင့် ကြေငြာထည့်သူအများအပြားဟ ဗီဒီယိုကြေငြာတွေကိုထည့်ဖို့ ပိုပြီး စိတ်ဝင်
စားနိုင်တယ်၊

ဗီဒီယိုတွေဟာ မိုဘိုင်းဖုန်း၊သမားရိုးကျကွန်ပြူတာ၊သင်ပုန်းကွန်ပြူတာ ဘယ်မှာမဆို အလုပ်ကောင်းကောင်း
လုပ်ဆောင်နိုင်တာကြောင့် ဗီဒီယို ကြေငြာဈေးကွက်အတွက် မျက်စိကျစရာပါ။

ဒါ့အပြင် လွယ်ကူတဲ့ ဗီဒီယို ဖန်တီးသူတွေ များပြားလာနိုင်တာကြောင့် ဈေးကွက်မှာ အသေးစားကုမ္မဏီလုပ်
ငန်းတွေကို ပိုပြီး ဆွဲဆောင်လာနိုင်မှာပါလို့ ရှင်းပြသွားပါတယ်။

ကိုးကား။

http://www.forbes.com/sites/roberthof/2013/06/20/4-ways-video-on-instagram-could-supercharge-facebooks-advertising-growth/

http://in.reuters.com/article/2013/06/20/facebook-product-instagram-idINDEE95J0FL20130620
 
ဧရာဝတီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၉.၆.၂၀၁၃


0 comments:

Post a Comment