Pages

Friday, September 12, 2014

ယောင်္ကျားသရုပ်ဆောင်များ အသဲအသန် လိုအပ်နေတဲ့ ဂျပန်အပြာကားလောက


RangonNewsDaily:: September . 12 .2014
ရှီမီကန်ဟာ ဂျပန်လူကြီးဇာတ်ကားလောကတွင် ဘုရင်တပါးလို့ လူသိများသူဖြစ်တယ်။ သူဟာ ယနေ့အချိန်အထိ ၁၆နှစ်တာကာလအတွင်း အပြာကားပေါင်း ၇၀၀၀ ကျော်မှာ သရုပ်ဆောင်စွမ်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ ကြားသိတဲ့သူအနေနဲ့ သူ့ကို အလုပ် လုပ်လွန်းသူတယောက်လို့ ထင်မိမယ်။
ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အလုပ်လောကမှာ ယောင်္ကျားရှားပါမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့်လို့ သူက ပြောပါတယ်။

“လူကြီးဇတ်ကားလောကမှာ ယောင်္ကျာသရုပ်ဆောင်အရေအတွက် အားလုံးပေါင်းမှ အယောက် ၇၀ ကျော်လောက်ပဲ ရှိတယ်၊ အဲဒီအရေအတွက်က ဘန်ဂေါကျားအရေအတွက်ထက် နဲပါတယ်” လို့ ရှီမီကန်က သူ့ Twitter ပေါ်မှာ ရေးတယ်။

“အဲဒီအထဲမှာမှ ပုံမှန်သရုပ်ဆောင်နေတဲ့ ယောင်္ကျားအရေအတွက်ဆို အရမ်းနဲပါတယ်၊ အမျိုးသမီးတွေကျတော့ တစ်သောင်းလောက်ရှိတယ်၊ တလကို ကားပေါင်း လေးထောင်လောက်ထွက်နေတယ်၊ ယောင်္ကျားလုံးဝမလောက်ဘူးဗျာ” …
အဆိုပါကိန်းဂဏန်းများရဲ့ တိကျမှုကို အာမ မခံနိုင်ပေမယ့် ၂၀၁၂ခုနှစ်တုန်းက Livedoor News သတင်းဖော်ပြချက်အရ ဂျပန်နိုင်ငံရဲ့ အပြာကားလောကမှာ နှစ်စဉ် အမျိုးသမီးသရုပ်ဆောင်သစ် ၆၀၀၀ ရှိတယ်လို့ သိရတယ်။ အဲဒီသတင်းအချက်အလက်တွေကိုလည်း မျက်စိစုံမှိတ် ယုံကြည်၍လို့မရနိုင်သော်ငြား ဂျပန်နိုင်ငံမှာတော့ ယောင်္ကျားရှားပါမှုပြဿနာက တော်တော်ကြီးပါတယ်။


ဒီသရုပ်ဆာင်တွေပဲ ကားပေါင်းများစွာမှာ ပါဝင်ဖျော်ဖြေနေရတာပါ။ အခြားအပြားကား လောကထွန်းကားတဲ့ နိုင်ငံတွေမှာလဲ ဒီပြဿနာမျိုး ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ရှီမီကန်က အမျိုးသားတွေကို သူတို့လောကထဲ ၀င်လာဖို့ twitter ကတဆင့် တိုက်တွန်းရတာ ဖြစ်တယ်။
သူ့ရဲ့ (တွိ)ပို့စ်ကို လက်ဆင့်ကမ်းလိုက်ကြတာ အကြိမ် ၃၀၀၀ ကျော်ရှိပြီး ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသော အွန်လိုင်းဖိုရမ် 2ch ပေါ်မှာလည်း အင်တာနက်အသုံးပြုသူတွေ ၀င်ရောက်ဆွေးနွေးကြတယ်။


“လုပ်ခကတော့ ကားရိုက်သွားတဲ့ လမ်းစရိတ်လောက်ပဲရမှာပါ”


“ရှီမီကန်လို ကြွက်သားထောင်းထောင်းနေတဲ့သူထက် အသက်ကြီးကြီး ခပ်ဖိုင့်ဖိုင့်မျိုးကို ကြိုက်တာ”


“အမလေး၊ ဒီအလုပ်မျိုးက ငယ်ပါ အတော်နာမယ့်ပုံပဲ”


“ကင်မရာအဖွဲ့ ပတ်လည်ဝိုင်းနေတဲ့ကြားထဲက သရုပ်ဆောင်နိုင်တာ တော်လိုက်တာ”


“လူကြီးရုပ်ရှင်လောကမှာ မင်းသမီးတွေက ဘုရင်မ၊ အမျိုးသားတွေဟာ အရံလောက်ပါဗျာ”


“ယောင်္ကျားသရုပ်ဆောင်တွေဘ၀က တော်တော်ခက်ခဲမှာပဲ၊ သူတို့ကို လေစားရမယ်”


….. စသဖြင့် ဆွေးနွေးခန်း ဖွင့်ကြလေတယ်။


Brian Ashcraft ရဲ့ Japanese Porn Needs More Male Porn Star ကို ပြန်ဆိုသည်။

News Watch , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment